ROI’s Food Journey

ROI’s Food Journey Plates and Landscapes☘️

25/08/2026

🐟ငါးကန်က လတ်လတ်ဆတ်ဆတ်ရလာတဲ့ ငါးကို ကင်စားရတာအရမ်းအရသာရှိ
🐟တခြားဘာဟင်းခတ်မှုန့်မှထည့်စရာမလိုဘူး
🐟ဆားနဲ့ငရုတ်ကောင်းဘဲလူးရင်တောင် ငါးအသားကချိုပြီး တထုပ်ထုပ်နဲ့စားကောင်းနေပြီ 🥰
🐟မာလာမှုန့်သုတ်ပြီးကင်စားလဲကောင်းနေတာဘဲ 😁

25/08/2026

🔆စားလို့ကောင်းတဲ့ဆိုင်လေး

📍မြေမြင့်လမ်းမကြီးဘေး၊ မြေမြင့်ဘူးဂါးရုံးရှေ့၊ မြစ်ဆုံဟိုတယ်အနားမှာရှိပါတယ်


#မုန့်ဟင်းခါး

25/08/2026

🥢တခါစားပြီးစွဲလမ်းသွားစေနိုင်တဲ့အမဲသားခေါက်ဆွဲဆိုင်
🥢ဆိုင်က မနက်ကနေတနေကုန်နီးပါးဖွင့်တယ်
🥢အချိုမှုန့်မသုံး၊ ပဲဆီစစ်စစ်သုံးတယ်
🥢သူ့ရဲ့ရေစိမ်ခေါက်ဆွဲက သေးသေးလေးနဲ့အရသာရှိ
🥢သူ့ရဲ့မျှစ်ချဉ်ကလဲ အသက်ဘဲ ဆိုင်ရှင်ကိုယ်တိုင်ပြန်ပြီးချက်ထားတာ အရမ်းကောင်းလွန်းလို့ မျှစ်ချဉ်သီးသန့်ဝယ်တဲ့သူတောင်ရှိသတဲ့
🥢ဆန်စီး၊ ရေစိမ် (၂)မျိုးဘဲရတယ်
🥢အစားများကြတာက ဆန်စီး/ရေစိမ် အသုပ်ထဲ ကြက်ဉ၊ ဝက်ခေါက်၊ မျှစ်ချဉ်ရောပြီး ချဉ်ချဉ်စပ်စပ်စားကြတာများတယ် အရသာအပေါ့အငန်ပြန်ပြောလို့ရတယ်
🥢စျေးလဲသက်သာတယ်
🥢ပွဲသေး၊ ပွဲကြီးရှိတယ် အစာနည်းသူတွေအတွက်ကတော့ ပွဲသေးဆိုရပြီ
🥢ကြက်ဉဆေးပေါင်းကတော့ စားရင်အနည်းဆုံး ၂လုံးဘဲ အရမ်းကြိုက်လို့ ဘယ်ချိန်စားစားပူပူလေးဖြစ်နေတာ အရမ်းသဘောကျ
🥢ဘယ်အချိန်သွားစားစား အရသာက ဒီတိုင်းဘဲ ထိန်းထားနိုင်တာလေးသဘောကျ
📍နောင်ရာလမ်းသွယ် (၁) စီတာပူရပ်ကွက်၊ Green Hill ရှိတဲ့လမ်းမှာ တခါးအပြာရောင်လေးနဲ့ဆိုင်ပါ

#အမဲသားခေါက်ဆွဲ

📍မြစ်ကြီးနား စျေး(၁)နားက ညနေမှဖွင့်ပေမဲ့ ကြိတ်ကြိတ်တိုး နာမည်ကြီးတဲ့ထမင်းကြော်ဆိုင်✨ဟင်းရည်ပူပူ ငရုတ်သီး၊ ကြက်သွန်ဖြူ fr...
24/08/2026

📍မြစ်ကြီးနား စျေး(၁)နားက ညနေမှဖွင့်ပေမဲ့ ကြိတ်ကြိတ်တိုး နာမည်ကြီးတဲ့ထမင်းကြော်ဆိုင်
✨ဟင်းရည်ပူပူ ငရုတ်သီး၊ ကြက်သွန်ဖြူ free ပေးထားတဲ့ဆိုင် 🤗

23/08/2026

ထမင်းလိပ် Mukbang 🥰
အိမ်မှာ လုပ်စားသမျှမငြီးမငြူစားသုံးပေးတဲ့ သူတွေရှိတော့ ဒီအဒေါ်က အစားအသောက် လုပ်ရကျိုးနပ် 😁

#ထမင်းလိပ်

random shot 😄
23/08/2026

random shot 😄

23/08/2026

☀️မနက်ခင်းစျေးက တိုဖူးနွေးချိုချိုပူပူလေး
☀️နောက်ကျလာတာနဲ့ အိုးလွတ်ဘဲကျန်မယ်
☀️အရသာလဲရှိ အာဟာရလဲရှိ မနက်စာတိုဖူးနွေး 🤗

#တိုဖူးနွေး

22/08/2026

အသီးတန်းကအချဉ်ပေါင်း

🌶️မြစ်ကြီးနားမှာ အစားအများဆုံးအစားအစာ
🌶️လူကြီး၊ လူငယ်၊ ကလေးကအစ မလွန်ဆန်နိုင်ကြဘူး
🌶️ ရှုးရှုးရှဲရှဲ ချဉ်ချဉ်စပ်စပ်နဲ့ ထိမိနေရော
🌶️သူငယ်ချင်းတွေနဲ့ တူတူစားရင် ပိုစားကောင်း စားတောင်မလောက် 😅
#အချဉ်ပေါင်း #မြစ်ကြီးနားအစားအစာ

22/08/2026

၁/တွေ ဒညင်းသီးစားခြင်း
🌳ဒညင်းသီးစေးစေး
🌳မုန်ညင်းဆီထဲ ကြက်သွန်ဖြူအပြားရိုက်ထည့် ဆားထည့်
တို့စားရင် အရသာအရမ်းရှိ
🌳ထမင်းလွတ် ဗိုက်ပြည့်အောင်စားတတ်ကြတယ် 😁

#ဒညင်းသီး

22/08/2026

🎣ငါးမျှားချိန်ပါလာတဲ့ ပုဇွန်ဆိတ်ကြီးကြီး🦐
ကြော်စားရမလား အိုးကပ်ဘဲချက်စားရမလား ဝေခွဲမရ😅

#ပုဇွန်ဆိတ်

Address

Kachin
Myitkyina

Alerts

Be the first to know and let us send you an email when ROI’s Food Journey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share