Wine Chit Painting Groups

Wine Chit Painting Groups ဆေးသုတ် ဆေးမှုတ် ရေဆေး၊ဆီဆေး၊ပေါလစ် ပရိဘောဂအရောင်တင်လုပ်ငန်း
09880499199
09940499199
09793160404

🪵✨ သစ်သားပရိဘောဂအ‌ဟောင်းတွေကို တောက်ပလှစေဖို့ လွယ်ကူတဲ့ နည်းလမ်းလေး! ✨🪵သစ်သားပရိဘောဂတွေ သစ်သစ်လေးလို တောက်ပနေအောင် တစ်ခု...
28/10/2025

🪵✨ သစ်သားပရိဘောဂအ‌ဟောင်းတွေကို တောက်ပလှစေဖို့ လွယ်ကူတဲ့ နည်းလမ်းလေး! ✨🪵

သစ်သားပရိဘောဂတွေ သစ်သစ်လေးလို တောက်ပနေအောင် တစ်ခုပဲ လုပ်ပါ — သန့်ရှင်း၊ ဆေးသုတ်၊ တောက်ပ! 😍

လုပ်ဆောင်ရမည့်အဆင့်များ👇
1️⃣ ပရိဘောဂကို သန့်ရှင်း‌ ရေးလုပ်ပါ။
2️⃣ နံပတ်ကြီးတဲ့ ကော်ပတ်သုံးပြီး လက် (သို့) စက်နဲ့သုံးပါ။ဥပမာ CC 240,280,320,360
3️⃣ မျက်နှာပြင်တစ်လျှောက် လုံးကို Windshield ဆေးကို Spray Gun (သို့) စုတ်တံနဲ့ သုတ်ပါ။
4️⃣လိုအပ်ပါက အချိန် 16 နာရီခြားပြီး နောက်တထပ် ထပ်မံသုတ်နိုင်ပါပြီ

အကြံပြုချက် 🪶

နှစ်နှစ်တကြိမ် သုတ်ပေးမယ်ဆိုရင် အတွင်းသစ်သားပရိ‌ဘောတွေတောင် နောက်တစ်ခါ တောက်လာမှာပါ။

အလွန်‌ဈေးများတဲ့ polish မသုံးချင်ရင်— နည်းနည်းနဲ့ လှပါတယ်။ 😄

သစ်သားအသားအရမ်းလှပြီး သဘာဝတောက်ပနေတာမြင်ရတာ တန်ဖိုးရှိနေတယ်။ 💫
မေးချင်တာရှိရင် comment ပေးလိုက်ပါ — သင့်ပရိဘောဂအမျိုးအစားအပေါ်မူတည်ပြီး polish အမျိုးအစားအကြံပြုပေးမယ်။ ❤️

#သစ်သားပရိဘောဂ

မိဘဆရာများနဲ့မိတ်ဆွေသူငယ်ချင်းများစိတ်၏ချမ်းသာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ
05/10/2025

မိဘဆရာများနဲ့မိတ်ဆွေသူငယ်ချင်းများစိတ်၏ချမ်းသာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေ

ဗုဒ္ဓနေ့မှာ အေးချမ်းသာယာရှိကြပါစေ
11/05/2025

ဗုဒ္ဓနေ့မှာ အေးချမ်းသာယာရှိကြပါစေ

ပေးထားတဲ့ဈေးနှုန်းနဲ့လက်ယာမတန်ဘူးထင်ရင်လုပ်ထားတာတွေအားလုံးလက်ခမယူတဲ့အပြင်သုံးထားတဲ့ဆေးဖိုးပါ ပြန်လျော်ပါမယ်။လက်ယာအာမခံနဲ...
02/05/2025

ပေးထားတဲ့ဈေးနှုန်းနဲ့လက်ယာမတန်ဘူးထင်ရင်
လုပ်ထားတာတွေအားလုံးလက်ခမယူတဲ့အပြင်
သုံးထားတဲ့ဆေးဖိုးပါ ပြန်လျော်ပါမယ်။
လက်ယာအာမခံနဲ့ လက်ခသီးသန့်ပဲလုပ်ပါတယ်။
ပစ္စည်း‌ဖိုးအိမ်ရှင်တာဝန်ယူရပါတယ်။
ဆေးပစ္စည်း အလေအလွင့်ဖြစ်ရင် နှစ်ဆပြန်လျော်ပါတယ်။
ပေါလစ်ဆေးဆိုရင် အာ့လိုအလျော်အစားရှိတယ်။
လက်ခဈေးနှုန်းကတော့ တန်တာပေးရင် တူတာ ပြန်ရပါမယ်။

Wine Chit

ပညာလိုချင်ရင် သင်ပေးမယ်ငွေလိုချင်ရင် ငွေပေးမယ်နှစ်ခုလုံးအတွက်ဆိုရင်တော့သင်တို့ကြိုးစားရလိမ့်မယ်Wine Chit
15/04/2025

ပညာလိုချင်ရင် သင်ပေးမယ်
ငွေလိုချင်ရင် ငွေပေးမယ်
နှစ်ခုလုံးအတွက်ဆိုရင်တော့
သင်တို့ကြိုးစားရလိမ့်မယ်

Wine Chit

ပတ်တီးရိုက်ရာတွင် ဆောင်ရန် ရှောင်ရန်အချက်များပတ်တီးကိုင်ရာမှာ နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ❔❔❔ဆောင်ရန် အခ...
23/09/2024

ပတ်တီးရိုက်ရာတွင် ဆောင်ရန် ရှောင်ရန်အချက်များ

ပတ်တီးကိုင်ရာမှာ နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ❔❔❔

ဆောင်ရန် အချက်များ

၊✅ပတ်တီးရိုက်သည့် နံရံများအား လေခိုခြင်းရှိ၊မရှိ အက်ကွဲကြောင်းရှိ၊မရှိ စစ်ဆေးခြင်း များပြုလုပ်၍ အက်ကွဲနံရံ များကို ပြုပြင်ပြီးမှ ပတ်တီးကို အသုံးပြုပေးရန်လိုအပ်ပါသည်။
✅ရေငွေ့တိုင်းတာစက် Protimeterဖြင့် တိုင်းတာပြီး နံရံအစိုဓါတ် 15% အောက်ရှိမှသာ အသုံးပြုရမည်။
✅အသုံးမပြုမီ မျက်နှာပြင်ရှိ သစ်ဆွေးစများ ၊ အမှိုက်များကို ဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်ရမည်။
✅ပတ်တီးကို သမအောင် Mixerဖြင့် မွေ၍ အသုံးပြုပေးရမည်။
✅ပတ်တီးမှုန့်နှင့် ရေရောစပ်မှုသည် ညွှန်ကြားချက်အချိုးအတိုင်းဖြစ်ရန် လိုအပ်ပါသည်။

ရှောင်ရန်၊သတိပြုရန် အချက်များ

✅မျက်နှာပြင်သည် လေခိုခြင်း၊ခြောက်သွေ့ခြင်း၊အစိုဓါတ်များနေခြင်းများ မဖြစ်စေရ
ရေရောစပ်မှု များလွန်းလျှင် ပူစီဖောင်းထတက်ခြင်း၊ ရေနည်းလွန်းလျင် လိတ်တက်ခြင်းများဖြစ်စေသဖြင့် အညွှန်းပါ ရေအချိုးအဆထက်ပိုမို အသုံးမပြုသင့်ပါ
✅ပထမကုတ်ကို ခြောက်သွေ့မှုမရှိဘဲ ဒုတိယကုတ်ကို မတင်ရပါ
✅မိုးရွာနေသော ရာသီဥတုတွင် အပြင်ဘက်တွင် ပတ်တီးရိုက်ခြင်းအသုံးမပြုရပါ၊ ပတ်တီးများအရည်ပျော်တက်ပါသည်။
✅အရမ်းခြောက်သွေ့သော မျက်နှာပြင်တွင် ပတ်တီးရိုက်ခြင်းမပြုရပါ၊ ပတ်တီးများလိတ်တက်ပါသည်၊ ရေဖြင့် သင့်သလို စိုစွတ်အောင် ပြင်ဆင်အသုံးပြုနိုင်ပါသည်။

အမှန်တရားကို သိတိုင်းလူတိုင်းကို ရှင်းပြလို့မရဘူးတချို့လူတွေက အမှန်တရားကို လိုချင်တာမဟုတ်ဘူးသူတို့မှန်တယ် ဆိုတာပဲ လိုချင...
01/09/2024

အမှန်တရားကို သိတိုင်း
လူတိုင်းကို ရှင်းပြလို့မရဘူး
တချို့လူတွေက အမှန်တရားကို
လိုချင်တာမဟုတ်ဘူး
သူတို့မှန်တယ် ဆိုတာပဲ လိုချင်ကြတာ။

ပါကေးကြမ်းခင်းအတွက် လိုက်ကာအနေနဲ့ သုံးတဲ့နေရာမှာ ဝင်းရှီးတို့ ယူရီသိန်းတို့ကို ပိုပြီးသုံးဖြစ်တာများတယ်။သူတို့ဟာ ကြာလေ အ...
29/08/2024

ပါကေးကြမ်းခင်းအတွက် လိုက်ကာအနေနဲ့ သုံးတဲ့နေရာမှာ
ဝင်းရှီးတို့ ယူရီသိန်းတို့ကို ပိုပြီးသုံးဖြစ်တာများတယ်။သူတို့ဟာ ကြာလေ အကြောတင်းလေပါ။ အပြောင်နဲ့အမှိန်ရွေးကြတဲ့အခါမှာ အပြောင်ဆိုရင် T4000 က အသုံးများကြပါတယ်။ ဝင်းရှီးမှာကြတော့ 720 အပြောင်နဲ့ 721 အမှိန်ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိတယ် 724 100% အမှိန်ကြတော့ သုံးသူနည်းတယ်။ ဝင်းရှီး အမှိန်ဆွဲတဲ့နေရာမှာ စုတ်ချက်တွေ ထောက်တဲ့ပြဿနာကြုံရတက်ပါတယ် ဒါဟာ အမှိန်ဆွဲတိုင်းကြုံရပါတယ် ၊အမှိန်နဲ့အပြောင် ယှဉ်တဲ့အခါမှာ အမှိန်က ပျစ်ပြီး အပြောင်ကကျဲပါတယ်။ ဒါကြောင့် အပြောင်က ဆွဲကောင်းပြီး အမှိန်က ဆွဲရတာ စီးပါတယ်၊ စုတ်ချက်ထောက်တဲ့ပြဿနာ ဖြေရှင်းတဲ့အခါမှာ ဆီလာသားမပြည့်ပဲဆွဲရင် စုတ်ချက်မထောက်ပါဘူး။ နောက်တနည်းက တော့ အမှိန်လိုက်ကာထဲ ကို အပြောင်လိုက်ကာ % အလိုက်ထည့်ပြီးဆွဲရင် ဆွဲလို့ကောင်းသွားမှာပါ။

အဆင်ပြေကြပါစေ

စေတနာကောင်းတိုင်း ကံကောင်းတာမဟုတ်ဘူး။စေတနာဆိုတာ ပါးစပ်က ပြောယုံနဲ့မရဘူးလို့ပြောချင်တာပါ။လုပ်ရတဲ့အရာတိုင်း ကျွမ်းကျင်ရမယ်...
28/08/2024

စေတနာကောင်းတိုင်း ကံကောင်းတာမဟုတ်ဘူး။
စေတနာဆိုတာ ပါးစပ်က ပြောယုံနဲ့မရဘူးလို့ပြောချင်တာပါ။
လုပ်ရတဲ့အရာတိုင်း ကျွမ်းကျင်ရမယ်။
ကျွမ်းကျင်ဖို့အတွက် လေ့လာရမယ်။
လေ့လာရင်းလည်း စဉ်မပျက်လိုပ်ကိုင်ရတယ်။
ကိုယ့်ထက် တက်သိနားလည်တဲ့ လူတွေဆီမှာ ဆည်းပူရမယ်။
ဘယ်ပညာမဆို လွယ်လွယ်မရဘူး။
သို့သော် ဘယ်ပညာမဆို
သင်ယူလို့ မတက်မြှောက်ဖူးဆိုတာ မရှိဘူး။
ကိုယ့်ရဲ့ လေ့လာသင်ယူမှု စွမ်းအားနဲ့ပဲသက်ဆိုင်တယ်။

INCHEM PRODUCTS PRICE LIST အင်ချမ်းရဲ့ဈေးနှုန်းတွေပါအချိန်နဲ့အမျှအပြောင်းလဲ ရှိနိုင်ပါတယ်
26/08/2024

INCHEM PRODUCTS PRICE LIST

အင်ချမ်းရဲ့ဈေးနှုန်းတွေပါ
အချိန်နဲ့အမျှအပြောင်းလဲ ရှိနိုင်ပါတယ်

Address

Naypyidaw

Telephone

+959880499199

Website

Alerts

Be the first to know and let us send you an email when Wine Chit Painting Groups posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wine Chit Painting Groups:

Share

Category