ဦးပြားအညာမြေပဲဆုံဆီသန့်

ဦးပြားအညာမြေပဲဆုံဆီသန့် ဆီကြောင့်ဖြစ်တဲ့ရောဂါကင်းဝေးဖို့ ဦ

🥜🥜🥜မြေပဲဆီ ဘယ်လောက်အထားခံပါသလဲ။                      မြေပဲဆီဟာ သက်တမ်းအားဖြင့် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ လူကြီ...
07/09/2022

🥜🥜🥜မြေပဲဆီ ဘယ်လောက်အထားခံပါသလဲ။
မြေပဲဆီဟာ သက်တမ်းအားဖြင့် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ လူကြီးမင်းဟာ ဆီကို သိုလှောင်ပြီး သုံးစွဲသူဆိုရင် လုံလုံခြုံခြုံပိတ်ပြီး သုံးမယ်ဆိုရင် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ ပုံမှန်အားဖြင့် ဆီတွေရဲ့ သက်တမ်းဟာ ၂ နှစ်ရှိပြီး မလုံခြုံတဲ့ ထုတ်ပိုးမှုတွေ၊ လေနဲ့ထိတွေ့မှုတွေကြောင့် သက်တမ်းတဖြည်းဖြည်းလျော့နိုင်ပါတယ်။
ဦးပြားမိသားစုက ထုတ်လုပ်တဲ့ မြေပဲ ဆုံဆီတွေဟာ လတ်ဆတ်တဲ့အပြင် ထုပ်ပိုးမှုကလည်း စနစ်တကျရှိတဲ့အတွက် ဆီ သက်တမ်းကို အပြည့်အဝ သုံးစွဲနိုင်မှာပါ။ ဆီကို လှောင်ပြီး သုံးဖို့ ပိဿာချိန် များများဝယ်ဖို့လိုပြီဆိုရင် ဦးပြားမိသားစုသဘာဝမြေပဲဆုံဆီကို သတိရလိုက်ပါ။👍👍👍👍💪

ကျန်းမာရေးအတွက် စားသုံးဆီအစာအာဟာရများတွင် အဆီဓာတ်ဟူ၍ ပါဝင်သကဲ့သို့ အစာများချက်ပြုတ်ရာတွင်လည်း စားသုံးဆီသည်မပါမဖြစ်သော အစ...
16/07/2022

ကျန်းမာရေးအတွက် စားသုံးဆီ
အစာအာဟာရများတွင် အဆီဓာတ်ဟူ၍ ပါဝင်သကဲ့သို့ အစာများချက်ပြုတ်ရာတွင်လည်း စားသုံးဆီသည်မပါမဖြစ်သော အစာတစ်ခုဖြစ်သည်။ နေ့စဉ်စားသုံးနေကျ အစာအာဟာရများမှ ရရှိသော ကယ်လိုရီစွမ်းအင်များမှာ အဆီမှ ၂၅-၃၅ ရာခိုင်နှုန်း၊
ကာဘိုဟိုက်ဒြိတ်မှ ၅၀-၇၀ ရာခိုင်နှုန်း၊ ပရိုတင်းဓာတ်မှ ၁၀-၁၅ ရာခိုင်နှုန်း ရရှိပါသည်။
သွေးထဲရှိ ကိုလက်စတရော ၅၀ရာခိုင်နှုန်းခန့်သည် လူတို့၏ ခန္ဓာကိုယ်တွင် တည်ဆောက်နိုင်ပြီး ၅၀ ရာခိုင်နှုန်းကသာလျှင် အစားအစာမှရရှိပါသည်။
"အဆီများကိုလျှော့စားပါ။ အဆီဓာတ်နည်းသော အစာများကိုသာ စားသင့်သည်" စသည့်လမ်းညွှန်မှုများ နှင့်အတူ စာသုံးမည့်အဆီ အမျိုးအစားမှန်ကန်စွာ ရွေးချယ်တတ်ရန်မှာ ပိုမိုအရေးကြီးပေသည်။စားသုံးဆီများတွင် Unsaturated fatty acid (မပြည့်ဝဆီ ခေါ် ကောင်းသော အဆီ) နှင့် Saturated fatty acid (ပြည့်ဝဆီ ခေါ် မကောင်းသော အဆီ) ဟူ၍ရှိသည်။ ဟင်းသီးဟင်းရွက်များမှ ရရှိသော မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ သစ်ဆိမ့်ဆီ၊ နေကြာဆီတို့သည် ကိုလက်စထရော မပါဝင်သော ကောင်းသော အဆီများဖြစ်ကြသည်။
ကိုလက်စထရော ပါဝင်သော မကောင်းသောအဆီများကို တိရစ္ဆာန်အဆီများဖြစ်သော အမဲဆီ၊ ဝက်ဆီ၊ ထောပတ်၊ မလိုင်မထုတ်ရသေးသော နွားနို့၊ ဒိန်ခဲ၊ ရေခဲမုန့်၊
ကြက်ငှက်တို့၏ အရေခွံများနှင့် ကြက်ဥအနှစ်များတွင် တွေ့ရှိရသည့်အပြင် အုန်းနို့၊ အုန်းဆီနှင့် စားအုန်းဆီတို့တွင်လည်း များစွာပါဝင်ကြောင်း တွေ့ရှိရပါသည်။
မကောင်းသောအဆီ ပြည့်ဝဆီများ စားသုံးမှုကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ နှင့် အဝလွန်ရောဂါတို့ ဖြစ်ပွားစေသည်။ ကောင်းသောအဆီများ စားသုံးခြင်းသည် လူတို့လိုအပ်သော စွမ်းအင်ကို ထုတ်ပေးခြင်း၊ စိတ်အတက်အကျ
ဖိစီးမှုကို ခံနိုင်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်နှင့် စွမ်းရည်တိုးတက်ခြင်း၊ မျက်စိအမြင်အားကောင်းခြင်း၊ အရေပြား၊ဆံပင်၊ လက်သည်း၊ ခြေသည်းတို့ကို စိုပြေချောမွေ့စေခြင်း၊ ကင်ဆာနှင့် ဆီးချိုရောဂါ ဖြစ်ပွားမှု နည်းစေခြင်း၊ နှလုံးသွေးကြောရောဂါဖြစ်ပွားမှု ကျဆင်းစေခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းများ ရောင်ရမ်းမှုကို ကျစေခြင်း၊ အနာကျက်စေခြင်း၊ အရိုးပါးခြင်းကို ကာကွယ်ခြင်း၊ အိပ်ပျော်ခြင်း၊
အသည်းနှင့်ကျောက်ကပ် လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေခြင်းတို့ကို ဖြစ်စေပါသည်။
ကိုလက်စထရော (Cholesterol)
အဆီအခဲများစားသုံးမှု သည် လိုအပ်သည်ထက်ပိုနေပါက ကိုလက်စထရော အနှစ်များသည် သွေးကြောများ၏ အတွင်းနံရံများတွင် တွယ်ကပ်ထားပြီး ချေဖျက်ရန်ခက်ခဲသော အခဲ(Plaque) များ ဖြစ်ပေါ်စေသဖြင့် သွေးကြောလေးများကို
ကျဉ်းမြောင်းစေပြီး သွေးသွားလာမှုကို နှေးစေ၊ ပိတ်စေကာ
သွေးကြောမာခြင်း(Artherosclerosis) ဖြစ်စေသည်။
ထိုဖြစ်စဉ်သည် နှလုံးကြွက်သားများအား အာဟာရပေးသောသွေးကြော (Coronary arteries) များတွင် အထူးသဖြင့် ဖြစ်ပေါ်တတ်ပြီး သွေးကြောငယ်များမှ နှလုံးအတွက် သယ်ဆောင်လာသော အောက်ဆီဂျင်နှင့် အာဟာရများ တဖြည်းဖြည်း လျော့ကျ ပြတ်တောက်လာသောအခါ နှလုံးကြွက်သားများ နာကျင်မှုကို ဖြစ်စေပြီး နှလုံးအောင့်ခြင်း (Angina)ကို ခံစားရပါသည်။ ထို့ပြင် အဆီခဲ (Plaque) များ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး
အခြားသွေးကြောများတွင် သွားရောက်ပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးနာကျင်ခြင်း၊ နှလုံးခုန်ရပ်၍ ရုတ်တရက် သေဆုံးခြင်းများ ဖြစ်ပွားတတ်ပါသည်။
သိပ်သည်းဆနည်းသော လိုင်ပိုပရိုတိန်း (Low Density Lipoprotein, LDL)
LDL များသွေးထဲတွင်များနေပါက နှလုံးသွေးကြောများတွင် စုပုံ၍ သွေးကြောမာခြင်း၊
သွေးကြောပိတ်ခြင်းများ ဖြစ်နိုင်သောကြောင့် မကောင်းသော အဆီ(Bad Cholesterol) ဟုခေါ်ဆိုကြသည်။
သိပ်သည်းဆများသော လိုင်ပိုပရိုတိန်း (High Density Cholesterol)
HDL သည် သွေးထဲမှ ကိုလက်စထရောများကို လျော့နည်းစေသဖြင့် ကောင်းသော အဆီ (Good Cholesterol) ဟုဆိုကြသည်။ သို့ဖြစ်၍ LDL များပြီး HDL နည်းလျှင် သွေးကြောမာ၊ သွေးကြောပိတ်နှင့် နှလုံးရောဂါ (Heart attack) များ ပိုမို ဖြစ်နိုင်ခြေရှိပါသည်။
ပြောင်းလဲဆီ (Trans Fat)
ပြောင်းလဲဆီသည် အဆီများတွင် အဆိုးဆုံး၊ အန္တရာယ်အများဆုံးနှင့် ကျန်းမာရေး ထိခိုက်မှုအရှိဆုံး အဆီဖြစ်သည်။ ထိုအဆီသည် ဟင်းရွက်ဆီနှင့် အခြားဆီများအား
အခဲဖြစ်စေခြင်း၊ ထပ်တလဲလဲ အပူပေးခြင်းကြောင့် ဓာတ်ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး Trans Fat ဟုခေါ်သော အဆီ (ပြောင်းလဲဆီ) အဖြစ်ပေါ်ထွက်လာသည်။
Trans fat မှာ ခဲအောင် ပြုလုပ်ထားသော အဆီများ၊ အစာများကို မကြာခဏ အပူပေး၍ ကြော်လှော်ပြီးသား အဆီများ၊ အပူပြင်းစွာပေးထားသော အဆီများထဲတွင် နှစ်၍ကြော်ခြင်း (ဥပမာ- အာလူးချောင်းကြော်၊ ကြက်ကြော်) တို့တွင် အများဆုံး ပါဝင်ကြောင်း
တွေ့ရှိရသည်။
Trans fat များသည် LDL နှင့် Triglyceride ကို များစေပြီး HDL ကို ကျဆင်းစေခြင်းဖြင့် ရောဂါများ ဖြစ်ပွားစေနိုင်သောကြောင့် စားသုံးရန်မသင့်ပေ။
ငါးအဆီနှင့် ကျန်းမာရေး
ငါးအဆီတွင် Alpha-linolenic acid (Omega-3) ပါဝင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျော့နည်းစေကြောင်း တွေ့ရှိရပါသည်။ ငါးအဆီသည် သွေးတွင်းရှိဆဲလ်များ၊
သွေးကြောများအတွင်း တွယ်ကပ်မှုမရှိစေရန်နှင့် သွေးခဲများမဖြစ်ပေါ်စေရန် ဟန့်တားပေးသဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါသည်။
သို့ဖြစ်၍ ငါးများ (သို့မဟုတ်) ပင်လယ်စာများကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားသုံးသင့်ပေသည်။ အချုပ်အားဖြင့်ဆိုရသော် အဆီများအားလုံးကို
ရှောင်ရန်မလိုဘဲ ကောင်းသော အဆီဖြစ်သည့် မပြည့်ဝဆီ များကို တနေ့ လိုအပ်သော ပမာဏထက် မကျော်လွန်စေဘဲ စားသုံးနိုင်ပါသည်။
အသက်အရွယ်မရွေး အထူးသဖြင့် ကလေးများပါ အပါအဝင် အသင့်ပြင်ဆင်ရောင်းချသော အစားအစာများဖြစ်သည့် ဝက်အူချောင်း၊ ကြက်အူချောင်း၊ အသားညှပ်ပေါင်မုန့်၊ အစာသွပ်ပေါင်မုန့်၊ အာလူးကြော်၊ ကြက်ကြော်စသော အစားအစာများကို ရှောင်ကြဉ်သင့်ကြောင်း စေတနာထား၍ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။
Credit: ပါမောက္ခ ဒေါက်တာပိုင်စိုး (ကျန်းမာရေး ပညာပေး ဆောင်းပါးပေါင်းချုပ်)
By Dr. Pearl (7887 Healthcare Call Center)
https://www.healthcare.com.mm/%E1%80%A1.../3470/postdetail

မြေပဲဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများမြေပဲကိုလှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုးပြုလုပ်ပြီး စားသု...
19/06/2022

မြေပဲဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
မြေပဲကိုလှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုးပြုလုပ်ပြီး စားသုံးနိုင်တဲ့အပြင် မြေပဲကနေ ဆီထုတ်ပြီးလည်း ဟင်းချက်ဆီအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ မြေပဲဆီက အဝါရောင်ရှိပြီး အနံ့သင်းပျံ့ကာ ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။
• မြေပဲဆီမှာ စွမ်းအင်အများအပြား ပါဝင်ပါတယ်။ မြေပဲဆီ ၁၀ဝ ဂရမ်ဟာ ၈၈၄ ကယ်လိုရီ ပါဝင်ပါတယ်။
• မြေပဲဆီမှာပါဝင်တဲ့ အဆီဓာတ်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုးအစားရှိပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) မြေပဲဆီဟာ ပြည့်ဝဆီပါဝင်မှုနည်းပြီး ကိုလက်စထရော ကင်းဝေးပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဟင်းချက်ဆီတစ်မျိုးထဲမှာ ပါဝင်နေပါတယ်။
(၂) ဟင်းသီးဟင်းရွက်ဆီဖြစ်တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အပင်ထွက် စတီရောပါဝင်မှုကြောင့် အူလမ်းကြောင်းထဲ ကိုလက်စထရောစုပ်ယူမှုကို ဟန့်တားပေးကာ ကိုလက်စရော ပမာဏကို ၁၀-၁၅ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။
(၃) မြေပဲဆီမှာ ကယ်လိုရီပါဝင်မှု မြင့်မားပါတယ်။ ဒါပေမဲ့ မိုနိုမပြည့်ဝဆီ ပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ကိုလက်စထရောကို တိုးစေပါတယ်။ လေ့လာမှုအရ မိုနိုမပြည့်ဝဆီပါဝင်တဲ့ မြေထဲပင်လယ်ဒေသအစာတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။
(၄) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ရက်စ်ဗာရထရော ပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ နာ့ဗ်ကြောထိခိုက်မှုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဗိုင်းရပ်စ်/ ဖန်းဂတ်စ်ပိုးဝင်တာ တို့မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။
(၅) လေ့လာမှုတွေအရ မြေပဲဆီမှာ ပါဝင်တဲ့ ရက်စ်ဗာရထရောဟာ သွေးကြောထဲက မော်လီကျူးဖြစ်စဉ်ကို ပြောင်းလဲပေးတဲ့အတွက် လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးကြောကျဉ်းစေတဲ့ ဟော်မုန်းရဲ့လုပ်ဆောင်မှုကို ကျစေပြီး သွေးကြောကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေလို့ဖြစ်ပါတယ်။
(၆) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ဗီတာမင်အီးအလုံအလောက် ပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အစွမ်းထက် အဆီပျော် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်ပေးကာ ဆဲလ်အမြှေးပါးခိုင်ခံ့မှုနဲ့ အရေပြားတင်းအား ကောင်းမွန်မှုတို့ကို ထိန်းသိမ်းပေးပါတယ်။
(၇) မြေပဲဆီက ဟင်းသီးဟင်းရွက် အရင်းအမြစ်ဖြစ်တာကြောင့် အပူချိန်မြင့်မြင့်ပေးပြီး ချက်ပြုတ် ကြော်လှော်နိုင်ပါတယ်။
Credit : မူရင်းရေးသူ

🥜🥜🥜အဝါရောင်ရှိပြီး အနံ့မွှေးတဲ့ မြေပဲဆီဟာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မြေပဲကို ကြော်စား၊ ပြုတ်စားကြတဲ့အပြင် မြေပဲကိ...
15/05/2022

🥜🥜🥜အဝါရောင်ရှိပြီး အနံ့မွှေးတဲ့ မြေပဲဆီဟာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မြေပဲကို ကြော်စား၊ ပြုတ်စားကြတဲ့အပြင် မြေပဲကို ကြိတ်ပြီး ဆီအဖြစ်လည်း စားသုံးကြပါတယ်။ မြေပဲဆီမှာ ဗီတာမင်အေ၊ ဗီတာမင်ဒီနဲ့ ဗီတာမင်အီးတို့ ပါ၀င်တဲ့အပြင် ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အာဟာရဓါတ်တွေ ပါ၀င်ပါတယ်။
မြေပဲဆီမှာ (Monounsaturated fats) များစွာ ပါ၀င်တာကြောင့် သွေးဖိအားကို လျော့နည်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာဖြစ်တဲ့ အစာအိမ်ကို ကောင်းမွန်စေတဲ့အပြင် ၀မ်းချုပ်ခြင်းနဲ့ အစာခြေဖျက်မှုဆိုင်ရာ လမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ မြေပဲဆီမှာ ပါ၀င်တဲ့ (LINOLEIC acid) ပါ၀င်တာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေနဲ့ သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်မှုကို အထောက်အကူပြုပါတယ်။ ပရိုတင်းဓါတ်တွေဟာ ခန္ဓာကိုယ်ကို ကြံံခိုင်စေပြီး ကြွက်သားတွေ သန်မာစေပါတယ်။ မြေပဲဆီဟာ အရိုးအဆစ်တွေ နာကျင်ခြင်းကိုသက်သာပျောက်ကင်းစေပါတယ်။ မြေပဲဆီမှာ ကယ်လိုရီ ပါ၀င်မှု မြင့်မားပါတယ်။ မိုနိုမပြည့်၀ဆီတွေ ပါ၀င်ခြင်းဟာ ကောင်းမွန်တဲ့ ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး ဆိုးရွားတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေတာကြောင့် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေနဲ့ ရုတ်တရက် လေဖြတ်ခြင်းရောဂါတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ (insulin) မြင့်တက်စေဖို့ လိုအပ်တာကြောင့် မြေပဲဆီကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ မြေပဲဆီမှာ ပါ၀င်တဲ့ ( Insulin) ဟာ သွေးတွင်းသကြားဓါတ်တွေ ပုံမှန်ဖြစ်စေဖို့အတွက် သွေးတွင်းသကြားဓါတ်ကို ထ်ိန်းညှိပေးပါတယ်။
ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ မြေပဲဆီကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ဆီကြောင့်ဖြစ်တဲ့ ရောဂါတွေကို လျော့နည်းစေပြီး ကျန်းမာရေး ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

💪💪“ လူတစ်ယောက်ကျန်းမာစေရန် စားသုံးဆီများ၏ အခန်းကဏ္ဍမှာ အထူးပင်အရေးပါလှပါသည်။ သဘာ၀မှရရှိသော အရည်အသွေး မှန်ကန်ကောင်းမွန်သည...
14/05/2022

💪💪“ လူတစ်ယောက်ကျန်းမာစေရန် စားသုံးဆီများ၏ အခန်းကဏ္ဍမှာ အထူးပင်အရေးပါလှပါသည်။ သဘာ၀မှရရှိသော အရည်အသွေး မှန်ကန်ကောင်းမွန်သည့် ဆီဖြစ်ပါမှ အန္တရာယ်ကင်း၍ ကျန်းမာြခင်းကို ပိုင်ဆိုင်နိူင်မည်ဖြစ်သည် ။ မိမိနှင့်အသင့်တော်ဆုံးဖြစ်မည့် စားသုံးဆီအမျိူးအစားကိုရွေးချယ် စားသောက်ရန်အလွန် အရေးကြီးသည်။ 👍👍
🥜🥜ထိုကဲ့သို့ မိတ်ဆွေတို့၏ ကျန်းမာရေးအတွက် အလွန်အရေးပါလှသော စားသုံးဆီအတွက် ကျွန်တော်များ ဦးပြားမိသားစုအညာသဘာဝမြေပဲဆုံဆီမှ သဘာဝမြေဩဇာများဖြစ်သော နွားချေး ၊ ဆိတ်ချေး ၊ ကြက်ချေးများကိုသာအဓိကအသုံးပြု၍စိုက်ပျိူးထားသော မြေပဲများကို သစ်သားဆုံဖြင့် ကိုယ်တိုင် ကြိတ်ခွဲရောင်းချခြင်းဖြစ်၍ မိတ်ဆွေတို့၏ ကျန်းမာရေးအတွက် သင့်တင့်မျှတသော ဈေးနှုံးများဖြင့် ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိူင်ကြောင်းသတင်းကောင်းပါးအပ်လိုက်ရပါတယ်ခင်ဗျာ။
💪💪 ဆီကြောင့်ဖြစ်တဲ့ရောဂါကင်းဝေးဖို့ ဦးပြားမြေပဲဆုံဆီကိုသုံးကြစို့ 👍👍👍👍

🥜🥜မြေပဲဆီ ဘယ်လောက်အထားခံပါသလဲ။                      မြေပဲဆီဟာ သက်တမ်းအားဖြင့် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ လူကြီး...
13/05/2022

🥜🥜မြေပဲဆီ ဘယ်လောက်အထားခံပါသလဲ။
မြေပဲဆီဟာ သက်တမ်းအားဖြင့် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ လူကြီးမင်းဟာ ဆီကို သိုလှောင်ပြီး သုံးစွဲသူဆိုရင် လုံလုံခြုံခြုံပိတ်ပြီး သုံးမယ်ဆိုရင် ၁ နှစ်ကနေ ၃ နှစ်အတွင်း အထားခံပါတယ်။ ပုံမှန်အားဖြင့် ဆီတွေရဲ့ သက်တမ်းဟာ ၂ နှစ်ရှိပြီး မလုံခြုံတဲ့ ထုတ်ပိုးမှုတွေ၊ လေနဲ့ထိတွေ့မှုတွေကြောင့် သက်တမ်းတဖြည်းဖြည်းလျော့နိုင်ပါတယ်။
ဦးပြားမိသားစုက ထုတ်လုပ်တဲ့ မြေပဲ ဆုံဆီတွေဟာ လတ်ဆတ်တဲ့အပြင် ထုပ်ပိုးမှုကလည်း စနစ်တကျရှိတဲ့အတွက် ဆီ သက်တမ်းကို အပြည့်အဝ သုံးစွဲနိုင်မှာပါ။ ဆီကို လှောင်ပြီး သုံးဖို့ ပိဿာချိန် များများဝယ်ဖို့လိုပြီဆိုရင် ဦးပြားမိသားစုသဘာဝမြေပဲဆုံဆီကို သတိရလိုက်ပါ။👍👍👍👍

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား================================        🥜🥜ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Poi...
12/05/2022

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား
================================
🥜🥜ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…
မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်၀င်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံး၀ မခဲတာမျိုး မဟုတ်ဘဲ ...
မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါ၀င်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …
သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါ၀င်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံး၀ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …
♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံး၀ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။
ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ

🥜🥜စားသုံးဆီရွေးချယ်မှုမှန်ကန်ဖို့က ကျန်မားရေးအတွက်ဘယ်လောက်အထိအရေးကြီးလဲ 💪💪        (၁) စားသုံးဆီများတွင် အခြေခံအားဖြင့် က...
11/05/2022

🥜🥜စားသုံးဆီရွေးချယ်မှုမှန်ကန်ဖို့က ကျန်မားရေးအတွက်ဘယ်လောက်အထိအရေးကြီးလဲ 💪💪
(၁) စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိူင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျှော၍ စားသုံးသင့်သည့် ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ သုံးမျိူးရှိသည်။
(၂) မပြည့်ဝဆီသင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေပြီး မကောင်းသောအဆီဓာတ်များအား လျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့် အမျိုးအစား (၂) ဆီချိုရောဂါစသည့် မကူးစက်နိူင်သည့်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ (ဥပမာ - မြေပဲဆီ ၊ နှမ်းဆီ ၊ နေကြာဆီ ၊ ငါးမှရသော ဆီများ )
(၃) ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်း အဆီဓာတ်များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း ၊ အသည်းအဆီဖုံးခြင်း ၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိူင်ပါသည်။ (ဥပမာ - စားအုန်းဆီ ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ)
(၄) အသွင်းပြောင်းဆီသည် အစားအသောက်များ ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသော ဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီများကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓာက်ကိုကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါ ရောဂါများအပြင် အမျိူးအစား(၂) ဆီးချိူရောဂါကို ပို၍ ဖြစ်ပွားစေနိူင်ပြီး နောက်ဆက်တွဲဆိုးကျိူးများစွာ ခံစားရနိူင်ပါသည်။ ( ဥပမာ - အသင့်စား အစားအစာများ ဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည်တို့တွင် ပါဝင်သည့်ဆီ )
ပြည့်ဝဆီများကို တက်နိူင်သမျှလျှော့စား၍ အသွင်းပြောင်းဆီများ စားသုံးခြင်းကို လုံးဝ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
ရင်းမြစ် - ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

မြေပဲဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများမြေပဲကိုလှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုးပြုလုပ်ပြီး စားသုံ...
10/05/2022

မြေပဲဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများ
မြေပဲကိုလှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုးပြုလုပ်ပြီး စားသုံးနိုင်တဲ့အပြင် မြေပဲကနေ ဆီထုတ်ပြီးလည်း ဟင်းချက်ဆီအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ မြေပဲဆီက အဝါရောင်ရှိပြီး အနံ့သင်းပျံ့ကာ ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။
• မြေပဲဆီမှာ စွမ်းအင်အများအပြား ပါဝင်ပါတယ်။ မြေပဲဆီ ၁၀ဝ ဂရမ်ဟာ ၈၈၄ ကယ်လိုရီ ပါဝင်ပါတယ်။
• မြေပဲဆီမှာပါဝင်တဲ့ အဆီဓာတ်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုးအစားရှိပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) မြေပဲဆီဟာ ပြည့်ဝဆီပါဝင်မှုနည်းပြီး ကိုလက်စထရော ကင်းဝေးပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဟင်းချက်ဆီတစ်မျိုးထဲမှာ ပါဝင်နေပါတယ်။
(၂) ဟင်းသီးဟင်းရွက်ဆီဖြစ်တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အပင်ထွက် စတီရောပါဝင်မှုကြောင့် အူလမ်းကြောင်းထဲ ကိုလက်စထရောစုပ်ယူမှုကို ဟန့်တားပေးကာ ကိုလက်စရော ပမာဏကို ၁၀-၁၅ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။
(၃) မြေပဲဆီမှာ ကယ်လိုရီပါဝင်မှု မြင့်မားပါတယ်။ ဒါပေမဲ့ မိုနိုမပြည့်ဝဆီ ပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ကိုလက်စထရောကို တိုးစေပါတယ်။ လေ့လာမှုအရ မိုနိုမပြည့်ဝဆီပါဝင်တဲ့ မြေထဲပင်လယ်ဒေသအစာတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။
(၄) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ရက်စ်ဗာရထရော ပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ နာ့ဗ်ကြောထိခိုက်မှုရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဗိုင်းရပ်စ်/ ဖန်းဂတ်စ်ပိုးဝင်တာ တို့မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။
(၅) လေ့လာမှုတွေအရ မြေပဲဆီမှာ ပါဝင်တဲ့ ရက်စ်ဗာရထရောဟာ သွေးကြောထဲက မော်လီကျူးဖြစ်စဉ်ကို ပြောင်းလဲပေးတဲ့အတွက် လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးကြောကျဉ်းစေတဲ့ ဟော်မုန်းရဲ့လုပ်ဆောင်မှုကို ကျစေပြီး သွေးကြောကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေလို့ဖြစ်ပါတယ်။
(၆) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ဗီတာမင်အီးအလုံအလောက် ပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အစွမ်းထက် အဆီပျော် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်ပေးကာ ဆဲလ်အမြှေးပါးခိုင်ခံ့မှုနဲ့ အရေပြားတင်းအား ကောင်းမွန်မှုတို့ကို ထိန်းသိမ်းပေးပါတယ်။
(၇) မြေပဲဆီက ဟင်းသီးဟင်းရွက် အရင်းအမြစ်ဖြစ်တာကြောင့် အပူချိန်မြင့်မြင့်ပေးပြီး ချက်ပြုတ် ကြော်လှော်နိုင်ပါတယ်။

🥜🥜ဟင်းချက်ဆီအမျိုးမျိူး    👍နှမ်းဆီ🥰🥰                      နှမ်းဆီဆိုတာ အာရှသားတွေ အသုံးများတဲ့ ဟင်းချက်ဆီ တစ်ခုပါ။ နှမ်...
08/05/2022

🥜🥜ဟင်းချက်ဆီအမျိုးမျိူး
👍နှမ်းဆီ🥰🥰
နှမ်းဆီဆိုတာ အာရှသားတွေ အသုံးများတဲ့ ဟင်းချက်ဆီ တစ်ခုပါ။ နှမ်းဆီမှာပါတဲ့ မွှေးတဲ့ရနံ့လေးကြောင့် တို့ဟူး၊ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ကြော်စားဖို့အတွက် အလိုက်ဖက်ဆုံး ဆီတစ်မျိုးပါ။ နှမ်းဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ဆီတစ်မျိုးပါ။💪💪💪💪💪
🌿🌿သံလွင်ဆီ
မပြည့်ဝဆီ ၇၅ ရာခိုင်နှုန်းပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံတွေထဲမှာ သံလွင်ဆီက မပါမဖြစ်ပါ ။ လေ့လာချက်တွေအရ သံလွင်ဆီဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို ကောင်းစေပြီး သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပါတယ်။ တစ်ခုရှိတာက အပူဒဏ်ကို သိပ်မခံနိုင်တဲ့အတွက်ကြောင့် ဟင်းချက်မယ့်အစား အသုပ်သုပ်ဖို့အတွက် သံလွင်ဆီကို ပိုသုံးသင့်ပါတယ်။
💪💪💪💪💪

Address

San Yaedwin Street.
Sanchaung
11111

Alerts

Be the first to know and let us send you an email when ဦးပြားအညာမြေပဲဆုံဆီသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဦးပြားအညာမြေပဲဆုံဆီသန့်:

Share