10/06/2023
𝐍𝐢𝐠𝐡𝐭𝐡𝐚𝐰𝐤𝐬
Artist: Edward Hopper
Type: Oil on canvas
Style / Movement: Social realism
Date painted: 1942
Current Location: Art Institute of Chicago
Nighthawks ကို 1942 ခုနှစ်တွင် ပန်းချီဆရာ Edward Hopper မှ ရေးဆွဲခဲ့ပါတယ်။
ညမှောင်ရီပျိုးချိန် New York မြို့ရှိ Greenwich Avenue လမ်းဆုံ Restaurant တစ်ခုမှာ လူ ၄ ယောက်ထိုင်နေသောပုံကို ကြီးမားသောမှန် တဖက်ခြမ်းမှ နေရာယူရေးဆွဲထားခြင်းဖြစ်ပါတယ်။
မှောင်မဲပြီး လူသူကင်းမဲ့နေသော မြို့ပြလမ်းမြင်ကွင်းကို Restaurant မှ ထွက်လာသော အလင်းရောင်က ပို၍လင်းလက်စေခြင်းဖြင့် ပန်းချီကားရဲ့ရသကို မြင်သာအောင်ဖော်ပြထားပါတယ်။
Hopper ရေးဆွဲသော ပန်းချီကားအများစုတွင် အစိမ်းရင့်နဲ့ အနီရင့် ဆန်ဆန် အရောင်စိုစိုများကို အသုံးပြုထားကြောင်း တွေ့ရပါတယ်။
ယခုပန်းချီကားတွင် ခေတ်သစ်မြို့ပြဘဝနှင့် ညဘက် လူသူကင်းမဲ့သော လမ်းမ၊ အလင်းအမှောင် သဘောတရားများနှင့် အထီးကျန်ဆန်မှုလက္ခဏာတွေကို ခံစားရမှာဖြစ်ပါတယ်။
ထိုပန်းချီကားကို Hopper ၏ ထင်ရှားကျော်ကြားသော လက်ရာအဖြစ် ဖော်ပြထားပြီး အမေရိကန်အနုပညာတွင် အသိအမှတ်ပြုခံရဆုံး ပန်းချီကားများထဲမှ တစ်ခုဖြစ်ပါတယ်။ ရေးဆွဲပြီးနောက် Chicago မြို့ရှိ Art Institute ကို ဒေါ်လာ ၃၀၀၀ ဖြင့် ရောင်းချခဲ့ပါတယ်။
Nighthawks was painted by artist Edward Hopper in 1942.
The picture of 4 people sitting in a restaurant on Greenwich Avenue in New York City at dusk is drawn from the side of a large mirror.
The dark and deserted urban street scene is made visible by the light coming from the restaurant, making the image of the painting visible.
In most of Hopper's paintings, we can see that dark green and red friendly colors are used.
In this painting, you will experience modern city life and a deserted road at night, the concepts of light and darkness and symptoms of loneliness.
The painting has been described as Hopper's masterpiece and is one of the most recognized paintings in American art. After painting, it was sold to the Art Institute of Chicago for $3,000.