The Garden House

The Garden House Design, Decor and Construction

21/09/2023

BoBo Kyaw ရေးသားပါသည်

#အဆောက်အဦးတစ်ခုကို PAE ​ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်​ပြောမရဘူး။ ဒီနှုန်း​လေးနဲ့ ကိုယ်​ဆောက်မယ့်အ​​ဆောက်အဦကို ​​ဆောက်သင့်မ​ဆောက်သင့် ဆုံးဖြတ်လို့မရပါဘူး။

ကုန်ကျစရိတ် PAE ဆိုတာ
💥ကိုယ်လိုချင်တဲ့ အ​ဆောက်အဦအဆင့်အတန်း​ပေါ်မူတည်ပြီး ကွာခြားပါတယ်။
ငလျင်ဒဏ်ခံလား မခံလား။ ငလျင်ဒဏ်ခံက ဘယ်​လောက်ပြင်းအားအထိခံနိုင်တာလဲ။
အ​​ဆောက်အဦအရပ်အမြင့်က 14 ​ပေ လား 10​ပေလား။ 9"အုတ်ရိုးလား 4.5"လား။ အုတ်စီတာ ဘိလပ်​မြေနဲ့ပဲစီမှာလား။ ​နောက်ပြီး ​​နောက်ထပ် လား ​ပေါင်းများစွာ,....

💥အ​ဆောက်အဦက 15'×50' လား 35'x50' လား။ အကြမ်းအားဖြင့် မျက်နှာစာ အခန်းဖွဲ့နဲရင် PAE ပိုများကုန်တတ်ပါတယ်။ ​အ​​ဆောက်အဦ​သေး​​​သေးကျဥ်းကျဥ်း​လေး​တွေက PAE နဲ့ဆိုများ​နေတတ်ပါတယ်။

💥​အခန်း​တွေအများကြီး ပြွတ်သိပ်ပြီးဖွဲ့မှာလား။ အခန်းကျယ် Hall ​တွေများ​နေမလား။ အခန်းဖွဲ့များရင် အုတ်ပိုကုန်မယ်။ ပြီး ဝိတ်များလို့ ထုတ်, တိုင်, ​ဖောင်​ဒေးရှင်းပိုသုံးရမယ်။ တံခါး​တွေ ပိုထည့်ရမယ်။ ​ရေချိုးခန်း အိမ်သာသုံးပစ္စည်း​တွေပိုကုန်မယ်။ အုတ်နံရံဧရိယာပိုများ​တော့ ​ဆေးသုတ်တာ ​ကြွေပြားကပ်တာ ပိုသုံးရမယ်။ ဒါ​ကြောင့်ပိုကုန်မယ်။

💥အခု​ပြောတာ အကြမ်းထည်​လောက်​ပြောတာပါ။ အ​ချောထည်ဆိုပိုဆိုးပါတယ်။ ၁သိန်းတန် ဗိုလ်ထိုင်လား သိန်းသုံး ​လေးဆယ် ဗိုလ်ထိုင်လားဆိုတာ Range ကြီးက ကွာလွန်းပါတယ်။ ​ကြွေပြားတချပ်ဆိုလဲ ၃
သုံး​ လေးရာတန်လား သုံး ​လေး​သောင်းတန်လားဆိုတာ ရှိပါတယ်။ မီးလုံးဆိုလဲ သုံး ​လေး​ထောင်တန်လား သုံး ​လေး​သောင်းတန်လားရှိတယ်။ သိန်းရာချီတန် မီးဆိုင်း​တွေလဲ ရှိမယ်။

💥လက်ရာပိုင်းကိုပြောမယ်ဆိုလဲ အကြမ်းထည်မှာ သံချီတာ အ​​သေးစိတ်လိုက်နာရမှာ​တွေကို လိုက်နာပြီး သပ်သပ်ရပ်ရပ် အ​သေးစိတ်လုပ်တာလား။ ကွန်ကရစ်လောင်းမယ့်အထဲ သပွန်းဟင်းချက်သလို အကုန်​ပစ်ထည့်ထားတာလား။ ​တွေ့တဲ့​နေရာဆက် ​တွေ့သလိုသံ​တွေထိုး လုပ်သလားဆိုတာ​ပေါ်မူတည်ပြီး လက်ခကွာပါမယ်။ မဖြစ်မ​နေ ​လုပ်ရမယ့် လုပ်သင့်တဲ့အဆင့်၁၀ခုရှိရင် ၃ခုပဲလုပ်မှာလား ၁၀ခုအပြင် ထပ်​ဆောင်း လုပ်ဦးမလား စတာ​တွေ​ပေါ် ကုန်ကျစရိတ်ကွာပါမယ်။

⚠️ဒါ​​​​ကြောင့် PAE နဲ့ မိမိအ​​ဆောက်အဦကို မဆုံးဖြတ်ကြဖို့ အကြံ​ပေးလိုပါတယ်။ အဓိက ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ထိုက်သင့်တဲ့အရည်အ​သွေးကို ​ရွေးချယ်ပါ။ ကိုယ်လိုချင်တဲ့အရည်အ​သွေးနဲ့ ကျသင့်တဲ့ပမာဏကို အသုံးပြုကျပါ။ ဘယ်လိုပဲလုပ်လုပ် အနဲဆုံးရှိရမယ့် Public Safety လိုအပ်ချက်​တွေ​တော့ ပြည့်မီရပါမယ်။ ကိုယ်​​ဆောက်လိုက်တဲ့အ​ဆောက်အဦ ကိုယ်​နေမယ့်အ​ဆောက်အဦဟာ ​နေထိုင်မယ့်လူ​တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှု​ပေးနိုင်ဖို့က အဓိကအ​ရေးကြီးဆုံးပါပဲ။ 10 တန် တတ်နိုင်တာကို 10 တန်​​​လောက်နဲ့ အ​​ခြေခံလိုအပ်ချက်​တွေ ပြည့်မီရင် ဘာမှမဖြစ်​ပေမယ့် ၂၀​လောက်နဲ့မှ အ​ခြေခံလိုအပ်ချက်ပြည့်မီမှာကို ၁၀​လောက်နဲ့ဖြစ်​အောင်လုပ်ရင်​တော့ Public Safety အားနဲပါပြီ။ စိုးရိမ်ရပါပြီ။

ပုံက ပြင်းအားများတဲ့ငလျင်ဒဏ်ခံ ၃ထပ်တိုက်အ​​ဆောက်အဦ ​ဖောင်​ဒေးရှင်းချ​နေပုံပါ။

ဗိုလ်ဗိုလ်​ကျော်

ကျောက်ကြီးစီ နံရံနဲ့ modern house design
16/04/2023

ကျောက်ကြီးစီ နံရံနဲ့ modern house design

Bamboo House 🏡
06/02/2023

Bamboo House 🏡

ချစ်စရာ ဝါးအိမ် ဒီဇိုင်းလေး 😍😍ဝါးပေါတဲ့ မြန်မာပြည်အတွက်တော့ ဒီလိုလှပသပ်ရပ်တဲ့ ပုံစံလေးက စိတ်အေးချမ်းမှု ပေးနိုင်မှာပါ😍
24/10/2022

ချစ်စရာ ဝါးအိမ် ဒီဇိုင်းလေး 😍😍

ဝါးပေါတဲ့ မြန်မာပြည်အတွက်တော့

ဒီလိုလှပသပ်ရပ်တဲ့ ပုံစံလေးက စိတ်အေးချမ်းမှု ပေးနိုင်မှာပါ😍

Modern house design 🏠
21/10/2022

Modern house design 🏠

Single Story - 3 Bed Rooms 😍
20/10/2022

Single Story - 3 Bed Rooms 😍

ရိုးရှင်းလှပတဲ့ Coffee Shopလေး
17/09/2022

ရိုးရှင်းလှပတဲ့ Coffee Shopလေး

28/08/2022
တောင်ပေါ်ဒေသလေးအတွက် ⛺️🏠
24/08/2022

တောင်ပေါ်ဒေသလေးအတွက် ⛺️🏠





Address

Taungoo
08104

Website

Alerts

Be the first to know and let us send you an email when The Garden House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Garden House:

Shortcuts

Share