Yarn & Yi

Yarn & Yi Customizable yarn handicrafts
* home decoration items
* items of clothing

26/04/2023

စစ်ဘေးရှောင်တွေ ဘာလိုလဲ
ဘာကူရမလဲဆိုသူတွေအတွက်ပါ။

- #စားနပ်ရိက္ခာ စစ်ဘေးရှောင်အများစုက အလုပ်အကိုင်အခွင့်အလမ်း လုံးဝ ရှိမနေတာကြောင့် ဝင်ငွေမရှိကြပါဘူး။ နေ့စဉ် ရှင်သန် ရုန်းကန်နိုင်ရန်အတွက် စားနပ်ရိက္ခာများလိုအပ်နေပါတယ်။ အိမ်ထောင်စု တစ်စုလျှင် (၂) သောင်းကျပ်နှုန်းဖြင့် ကူညီနိုင်ပါတယ်။

- #သောက်သုံးရေ တောင်ပေါ်ဒေသဖြစ်ပြီး ရေရှားပါးမှုကြောင့် သောက်သုံးရေအခက်အခဲက နှစ်စဉ်ရင်ဆိုင်နေရပါတယ်။သောက်သုံးရေအတွက် ကားကြီးတစ်စီးတစ်ခေါက်စာလျှင် (၃) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။

- #အမိုးအကာ အိုးအိမ်များကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာနေရာမှာ ဖြစ်သလိုနေကြရပါတယ်။ တဲအိမ်များတည်ဆောက်နိုင်ရန်နှင့် ရေကန်၊ အိမ်သာများအတွက် အမိုးအကာပြုလုပ်ရန် မိုးကာစများ လိုပါတယ်။ မိုးကာတစ်စလျှင် (၃) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။

- #ဆေးဝါး စစ်ဖြစ်ပွားရာဒေသဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ဖို့က ပုံမှန်အခြေအနေထက် များစွာခက်ခဲနေတာပါ။ လမ်းပန်းဆက်သွယ်ရေးအနေအထားကြောင့် ဆေးရုံဆေးခန်းများကို သွားရောက်ပြသဖို့အတွက် ခက်ခဲလှတာကြောင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းများကို အားကိုးနေကြရပါတယ်။ ဆေးဝါးစားရိတ်အတွက် နည်းများမဆို ပါဝင်ပေးလို့ရပါတယ်။

#သင်ထောက်ကူပစ္စည်း ကြားကလကိုယ်ထူကိုယ်ထပညာရေးကျောင်းများကို စေတနာ့ဝန်ထမ်းအင်အားများဖြင့် စစ်ရှောင်စခန်းအများစုမှာ ဖွင့်လှစ်ထားရှိပါတယ်။ တက်ရောက်ပညာသင်ကြားနေသော စစ်ဘေးရှောင် ကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများအား တစ်ဦးလျှင် (၁) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။

#အာဟာရဒါန အာဟာရပြည့်ပြည့်ဝဝစားသုံးဖို့ဆိုတာ ရှင်သန်နေသူတိုင်းအတွက် လိုအပ်ချက်တစ်ခုပါ။ ကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင်စခန်းများရှိ သွေးချင်းများအား ထမင်းတစ်နပ်ကို အရသာရှိရှိ အာဟာရရှိရှိ စားသုံးနိုင်စေရန် အာဟာရဒါနအဖြစ် တစ်ဦးလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။

စစ်ရှောင်​ဒေသ တစ်ခုဖြစ်တဲ့ ကရင်နီ​ပြည်မှာ Clean Yangon မှ စစ်ဘေးရှောင်သွေးချင်းများရဲ့ လိုအပ်ချက်များကို လျော့နည်းအောင် ပြည်တွင်း/ပြည်က စေတနာရှင်များရဲ့ ပံ့ပိုးမှု၊ ဒေသခံအဖွဲ့အစည်းများရဲ့ ကူညီမှု၊ စေတနာ့ဝန်ထမ်းများရဲ့ အားထုတ်မှုတို့ဖြင့် အချိန်နှင့်တပြေးညီ ကြိုးစားကာ ဆောင်ရွက်လျှက်ရှိပါတယ်။

ပါဝင်ကူညီလိုပါက မက်ဆေ့မှတစ်ဆင့်မေးမြန်းစုံစမ်းနိုင်ပါတယ်။

#စစ်ဘေးရှောင်
#မျှဝေခြင်းသည်မေတ္တာ

01/04/2023

အမှတ်တရ‌လက်ဆောင် ပန်းစည်းလေးတွေ အမြဲလှပစွာ သိမ်းဆည်းထားနိုင်ဖို့ နည်းလမ်းကောင်းလေး 💐 Tulip ,Carnation ,Lavender 💐အမှတ်တရ...
24/01/2023

အမှတ်တရ‌လက်ဆောင် ပန်းစည်းလေးတွေ အမြဲလှပစွာ သိမ်းဆည်းထားနိုင်ဖို့ နည်းလမ်းကောင်းလေး
💐 Tulip ,Carnation ,Lavender 💐
အမှတ်တရပန်းစည်း order လက်ခံပါမယ်နော်
ပုံတိုင်းမှာဈေးနှုန်းရေးထားပါတယ်
ထုပ်ပိုးမှုမပါဘဲ ပန်းတွေချည်းပဲ မှာယူချင်ရင် ဈေးတမျိုးပြောင်းလို့ messengerမှာ ဈေးမေးပေးပါနော်

Valentine day မှ ပန်းစည်းပေးသင့်တာ မဟုတ်ပါဘူးနော် #မွေးနေ့ အမှတ်တရအတွက် ၊ #အထိမ်းအမှတ် တခုခုအတွက် ၊ #ဘုရားပန်း ကပ်လှုဖို့အတွက်လည်း handmade ပန်းစည်းလေးတွေက သင့်တော်ပါတယ်

🌷အားနည်းချက်‌တွေကတော့ 🌷

🌷ပန်းအစစ်လေးတွေလို မွှေးရနံ့မရှိပါဘူး
🌷Yarn&Yi မှာ ပန်း၃မျိုးပဲ ရနိုင်ပါတယ်
🌷order များများ မလုပ်ပေးနိုင်လို့ ချစ်သူများတဲ့သူတွေ မှာလို့မရပါဘူးနော် 😁

🌼အားသာချက်တွေ ကြွားပြောရမယ့်အလှည့်ပါ🌼

🌼 ပန်းအစစ်လေးတွေထက် ကြာရှည်ခံလို့ ပန်းစည်းလေး‌ဖြည်ပြီး ပန်းအိုးထဲ အလှထည့်ထားလည်း ရတယ်
🌼 ပန်းရနံ့အတွက် ကိုယ်ကြိုက်တဲ့ရေ‌မွှေးလေး ဆွတ်ထားလိုက်ရုံပဲ
🌼 Handmade ပန်းလေးတွေမလို့ ပန်းပွင့်မယ့်ရာသီကို စောင့်နေစရာမလိုဘဲ မှာယူလို့ရတယ်
🌼 အရောင်လည်း စိတ်ကြိုက်ရွေးလို့ရတယ်
🌼 ပန်းစည်းလက်ခံမယ့်သူဆီမရောက်ခင် နွမ်းသွားမှာ စိတ်ပူစရာမလိုဘူး ဘယ်အချိန်ကြည့်ကြည့် အမြဲလှနေမှာ

ပန်းတစ်မျိုးစီကို ကြိုက်တဲ့အရောင်လေးတွေ ရွေးမှာလို့ရသလို
ပုံမှာပြထားသလို အရောင်ရောထားတာ ဖြစ်စေ
ပန်း ၃မျိုး ရောပြီး ဖြစ်ဖြစ် မှာလို့ရပါတယ်
#တစ်ပွင့်တည်းပန်းစည်းလေး လည်း နမူနာစည်းပြထားပါတယ်

ကြာချိန် ၇ရက်ပါ
Pre order , half prepaid မှ oder confirm ပါနော်




#အမှတ်တရလက်ဆောင် #မွေးနေ့လက်ဆောင် #ပန်းစည်း

my idol my sushi 🍣Be yourself You are always our idol
12/01/2023

my idol my sushi 🍣

Be yourself
You are always our idol

08/10/2022

၈ရက် အောက်တိုဘာလ ၂၀၂၂ မှစ၍
crochet order လက်ခံခြင်း ခေတ္တရပ်နားထားပါမယ်ရှင့်

order ပြန်လက်ခံမယ့်အချိန်ကိုလည်း pageမှာ ​ကြိုတင်အသိပေးပါမယ်နော်
ဝင်ရောက်ကြည့်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်

16/09/2022
mini crossbody bag for cute girls
12/07/2022

mini crossbody bag for cute girls



👜 Elegant Navy blue Bag 👜အကွက်ဆန်း ဖော်ပြီးထိုးရပေမယ့် အမြင်မရိုင်းဘဲ လုံးဝကို elegant look လေး ပထမအိတ်လေးနဲ့စာရင်အိတ်ထိ...
18/06/2022

👜 Elegant Navy blue Bag 👜

အကွက်ဆန်း ဖော်ပြီးထိုးရပေမယ့်
အမြင်မရိုင်းဘဲ
လုံးဝကို elegant look လေး

ပထမအိတ်လေးနဲ့စာရင်
အိတ်ထိုးရတာ ပိုလက်ဝင်တယ်
အချိန်ပိုယူရတယ်
တအိတ်တမျိုးစီ လှနေလို့ တွဲရိုက်ထားတဲ့ပုံလေးပါ တင်ထားတယ်

ပုံစံကြည့်ထိုးချင်ရင်
ထိုးပြီးသား နမူနာပုံစံလေးပါ တင်ပေးထားပါတယ်

👜👜အရောင်စပ်တာလေးက ထူးခြားတဲ့အိတ်လေးမလို့ လှတယ်ဆိုပေမယ့် အချောလေးက လွယ်ထားလို့ ပိုလှသွားတယ်နော်    #ရုံးတက်ပဲသုံးသုံး  #အ...
18/06/2022

👜👜
အရောင်စပ်တာလေးက ထူးခြားတဲ့အိတ်လေးမလို့ လှတယ်ဆိုပေမယ့်
အချောလေးက လွယ်ထားလို့ ပိုလှသွားတယ်နော်

#ရုံးတက်ပဲသုံးသုံး #အပြင်သွားရင်ပဲလွယ်လွယ်
အကုန်အဆင်ပြေတဲ့ ​သပ်သပ်ရပ်ရပ် အိတ်ပုံစံလေး

အိတ်ပိုင်ရှင်အချောလေးရဲ့ စိတ်ကြိုက်ဒီဇိုင်းလေးကိုထိုးပေးထားတာပါ

အဲ့လိုပုံစံအိတ်လေးကြိုက်ရင် အစ်မဆီမှာ order မှာလို့ရပါပြီ

ကြာချိန် ၁၀ရက်
preorder, halfprepaid ပါ

👝 ရိုးရိုးရှင်းရှင်းဒီဇိုင်းနဲ့ အရမ်းလှတဲ့  #ပွဲတက်အိတ်လေး 👝အလှကြိုက်တဲ့ customer တွေကြောင့် အိတ်လှလှလေးတွေချည်းပဲ ထိုးပ...
14/04/2022

👝 ရိုးရိုးရှင်းရှင်းဒီဇိုင်းနဲ့ အရမ်းလှတဲ့ #ပွဲတက်အိတ်လေး 👝

အလှကြိုက်တဲ့ customer တွေကြောင့် အိတ်လှလှလေးတွေချည်းပဲ ထိုးပေးနေရတယ်
ကိုယ့်လူတွေ အကောင်းကြိုက်ချက်က 9+

ဒါမျိုးအိတ်လေးထိုးချင်တဲ့ ညီမလေးတွေအတွက် chart လေးနဲ့ နမူနာထိုးထားတာလေး comment မှာ တင်ထားပါတယ်


🎼 In...  Summer.... 🎼နွေရာသီကုန်ခါနီးမှ တင်ရတဲ့ baby top လေး လူကြီးဝတ်အတွက်ပါ ထိုးလို့ရပေမယ့် color ကစားချင်တယ် အရောင်တေ...
09/04/2022

🎼 In... Summer.... 🎼

နွေရာသီကုန်ခါနီးမှ တင်ရတဲ့ baby top လေး

လူကြီးဝတ်အတွက်ပါ ထိုးလို့ရပေမယ့်
color ကစားချင်တယ် အရောင်တောက်တောက်လေးတွေလည်း သုံးချင်လို့
baby top လေးတွေပဲ ထိုးဖြစ်တယ်

ဒါမျိုးလေး ထိုးချင်တဲ့သူတွေအတွက်
link ပါ https://youtu.be/QOGwmPuPdKI

designer ByKaterina Design ရဲ့ video ပါ
နားလည်လွယ်ပြီး ထိုးရတာလည်းလွယ် အချိန်တိုတိုနဲ့ resultတွေ့ရလို့ စမ်းထိုးကြည့်သင့်ပါတယ်လို့



အချိန်ခဏပဲပေးရတဲ့ beginner friendly pattern လေး 🍞 free pattern တင်ထားပါတယ် internet က ပုံတွေကို နမူနာကြည့်ပေမယ့် အစအဆုံး...
08/04/2022

အချိန်ခဏပဲပေးရတဲ့ beginner friendly pattern လေး 🍞 free pattern တင်ထားပါတယ်
internet က ပုံတွေကို နမူနာကြည့်ပေမယ့် အစအဆုံးကို်ယ့ဘာသာထိုးထားတာမို့လို့ သူများထိုးပြထားတာနဲ့ မတူတာရော တူတာရော ရှိနိုင်ပါတယ်

လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ပြီးသွားတဲ့ လေးမလို့ စမ်းထိုးကြည့်ချင်ရင်
ပေါင်မုန့်ချပ်coaster ထိုးနည်းကို ရေးထားတာရော ထိုးပြထားတဲ့videoရော ၂မျိုးလုံး free

🗒 written pattern🗒 လိုချင်တဲ့သူက 👇🏻👇🏻

Raverly မှာ https://ravel.me/bread-slice-coaster

Creative Fabrica မှာ https://www.creativefabrica.com/product/bread-slice-2/ref/1603721/
( CF ကလေ တကယ်က graphic designer တွေအတွက် special site ကိုယ်က ဝင်ယောင်ထားတာ 😁
CF မှာ free ရနုိင်တဲ့ font တွေ template တွေ တခြားအသုံးလိုနိုင်တာတွေလည်း ရှိလို့ ဝင်စပ်စုကြပါလို့)

ဒါက idea သေးသေးလေးတွေနဲ့ စိတ်ကူးရတိုင်း free pattern တင်ပေးမယ့်နေရာပါ အခုထိအပြီးသတ်မလုပ်ရသေးတာလေးတွေလည်း ရှိလို့ စောင့်ကြည့်နိုင်ပါတယ်လို့ 👇🏻👇🏻
https://yarnandyihandicrafts.wordpress.com/2022/03/26/bread-slice-coaster-crochet-pattern-%f0%9f%8d%9e/

🎬 video🎬 ကြည့်ပြီး လွယ်မလွယ် စမ်းကြည့်ချင်တဲ့သူက 👇🏻👇🏻
Youtube မှာ https://youtu.be/bZClBsPnMfw

video မှာက
coaster တိုင်းပုံတိုင်းနည်း လျှို့ဝှက်ချက် ကို သိသွားကြမှာမို့ 😄

#သိုးမွှေးcoaster တွေရဲ့ အားသာချက်က ကျကွဲတာမျိုး အက်ရာထင်လာတာမျိုးမဖြစ်နိုင်ဘဲ အကြိမ်ကြိမ်ပြန်လျှော်ပြီး အသုံးပြုနိုင်တာပဲ အဲ့တော့ ကိုယ့်အကြိုက်ဆုံးလေးတွေ ထိုးထားပြီးသုံးရင် ကြာရှည်အသုံးပြုလို့ရလို့ အချိန်ပေးပြီး ထိုးထားရတာ ( သို့)မှာဝယ်ထားရတာ ပိုတန်တယ်လို့ ခံစားရတယ်


Address

Thingangyun

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Yarn & Yi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yarn & Yi:

Share