A for Art Online Gallery & Art Supplies

  • Home
  • A for Art Online Gallery & Art Supplies

A for Art Online Gallery & Art Supplies Digital artworks and beautiful paintings by talented artists are available for art lovers to buy on A for Art Gallery.

And soon, we will try to sell art supplies to artists in Myanmar at a reasonable price.

သဘာဝရဲ့အငွေ့အသက်တွေလွှမ်းမိုးနေသော ဆရာ 𝗛𝗹𝗮𝗶𝗻𝗴 𝗠𝘆𝗼𝗲 ရဲ့အနုပညာလက်ရာကောင်းများဖြစ်တဲ့ "တောင်သမန်ဦးပိန်က" "ကမ်းပါးကတဲ" "မင်း...
13/04/2022

သဘာဝရဲ့အငွေ့အသက်တွေလွှမ်းမိုးနေသော ဆရာ 𝗛𝗹𝗮𝗶𝗻𝗴 𝗠𝘆𝗼𝗲 ရဲ့အနုပညာလက်ရာကောင်းများဖြစ်တဲ့ "တောင်သမန်ဦးပိန်က" "ကမ်းပါးကတဲ" "မင်းကွန်းရေးချိုးဆိပ်" နှင့် "တောင်သမန်အင်းက" အစရှိသောပန်းချီကားများအား 𝗔 𝗳𝗼𝗿 𝗔𝗿𝘁 𝗢𝗻𝗹𝗶𝗻𝗲 𝗚𝗮𝗹𝗹𝗲𝗿𝘆 တွင် ပန်းချီချစ်သူများ မှာယူစုစောင်းရရှိနိုင်ပြီဖြစ်ပါတယ် 🙌🏻 ပန်းချီကား (၁) ချပ်မှာယူသူတိုင်းအတွက် Picture Glass Frame 🖼 ပါဝင်မှာဖြစ်ပါတယ်။

𝙑𝙚𝙩𝙚𝙧𝙖𝙣 𝘼𝙧𝙩𝙞𝙨𝙩 𝙏𝙝𝙖𝙣 𝙏𝙪𝙣 𝙎𝙤𝙚 (ဆရာသန်းထွန်းစိုး) ရဲ့ အနုပညာလက်ရာများဖြစ်တဲ့ "တိမ်သလ္လာနဲ့ဖောင်တော်ဦး" နှင့် "တောင်သမန်ဆည်း...
05/01/2022

𝙑𝙚𝙩𝙚𝙧𝙖𝙣 𝘼𝙧𝙩𝙞𝙨𝙩 𝙏𝙝𝙖𝙣 𝙏𝙪𝙣 𝙎𝙤𝙚 (ဆရာသန်းထွန်းစိုး) ရဲ့ အနုပညာလက်ရာများဖြစ်တဲ့ "တိမ်သလ္လာနဲ့ဖောင်တော်ဦး" နှင့် "တောင်သမန်ဆည်းဆာ" 𝗪𝗮𝘁𝗲𝗿𝗰𝗼𝗹𝗼𝗿 ပန်းချီကားများအား 𝗔 𝗳𝗼𝗿 𝗔𝗿𝘁 𝗢𝗻𝗹𝗶𝗻𝗲 𝗚𝗮𝗹𝗹𝗲𝗿𝘆 တွင် မှာယူရရှိနိုင်ပြီဖြစ်ပါတယ် 🙌🏻 ပန်းချီကား (၁) ချပ်မှာယူသူတိုင်းအတွက် Picture Glass Frame 🖼 ပါဝင်မှာဖြစ်ပြီး (၁) ချပ်နှင့်အထက်မှာယူသူတိုင်းအတွက် ပုံပါ Artist Easel Stand တစ်ခုပါဝင်မှာဖြစ်ပါတယ်။

"ဆရာ့ရဲ့ကိုယ်ရေးအကျဉ်း" ဖတ်ချင်ရင်တော့ အောက်က Link မှာ ဖတ်လို့ရပါတယ်။
https://www.facebook.com/104835772064836/posts/113143494567397/?d=n

𝙑𝙚𝙩𝙚𝙧𝙖𝙣 𝘼𝙧𝙩𝙞𝙨𝙩 𝙏𝙝𝙖𝙣 𝙏𝙪𝙣 𝙎𝙤𝙚 ရဲ့ 𝗪𝗮𝘁𝗲𝗿𝗰𝗼𝗹𝗼𝗿 အနုပညာလက်ရာများဖြစ်သော ပန်းချီကားများကို 𝙰𝚛𝚝 𝚕𝚘𝚟𝚎𝚛𝚜🧡များ collecting လုပ်နိုင်...
01/01/2022

𝙑𝙚𝙩𝙚𝙧𝙖𝙣 𝘼𝙧𝙩𝙞𝙨𝙩 𝙏𝙝𝙖𝙣 𝙏𝙪𝙣 𝙎𝙤𝙚 ရဲ့ 𝗪𝗮𝘁𝗲𝗿𝗰𝗼𝗹𝗼𝗿 အနုပညာလက်ရာများဖြစ်သော ပန်းချီကားများကို 𝙰𝚛𝚝 𝚕𝚘𝚟𝚎𝚛𝚜🧡များ collecting လုပ်နိုင်အရန်အတွက် 𝗔 𝗳𝗼𝗿 𝗔𝗿𝘁 𝗢𝗻𝗹𝗶𝗻𝗲 𝗚𝗮𝗹𝗹𝗲𝗿𝘆 မှ အောက်ပါနှုန်းထားများအတိုင်းဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ် 👨🏻‍🎨🙌🏻
ဆရာ့ရဲ့ ပန်းချီကားတစ်ချပ်ဝယ်ယူသူတိုင်းအတွက် ထည့်သွင်းဘောင်ပါဝင်မှာဖြစ်ပြီး ပန်းချီကားတစ်ချပ်နှင့်အထက်ဝယ်ယူသူများအတွက် ပုံပါ Artist Easel Stand 🎨 တစ်ခုလက်ဆောင်ပါဝင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ 🙌🏻👩‍🎨👨🏻‍🎨🧡
"ဖန်တီးရှင်ဆရာ့ရဲ့ကိုယ်ရေးအကျဉ်း"
ဆရာ့ရဲ့ အမည်ရင်းကတော့ သန်:ထွန်းစိုး(ကိုစိုး) ဖြစ်ပြီး ကလောင်အမည်ကတော့ ပန်းချီသန်းထွန်းစိုးဖြစ်ပါတယ်။ ဆရာ့ရဲ့ဖခင်ဟာ "ပုဂံမြို့သူ"၊ "ရေနံသာခင်ခင်ကြီး" အစရှိသဖြင့် ဂန္ဓာဝင်ဝတ္ထုကြီးများ​၏ဖန်တီးရှင် စာရေးဆရာကြီး ဦးသိန်းဆိုင်ဖြစ်ပြီး ကပ္ပိယ စုံထောက်ကြီး ဦးဖြူသီး ဇာတ်ကောင်ဝတ္ထုများဖြင့်နာမည်ကြီး စာရေးဆရာကြီး ဦးတင့်ဆန်း ရဲ့မြေးလဲဖြစ်ပါတယ်။ ဖခင်မှာဦးသိန်းဆိုင်နှင့် မိခင်​၏အမည်မှာဒေါ်ကြည်ကြည်စန်းဖြစ်ပြီး ဆရာ့အား၁၉၆၃ခုနှစ် ၃လပိုင်း၂၃ရက်တွင်မွေးဖွားခဲ့ပါတယ်။ ဆရာ့ရဲ့ပန်းချီ ပညာလက်ဦးဆရာကတော့ ဆရာကြီးဦးသောင်းဟန်ဖြစ်ပါတယ်။ ဆရာက စစ်ပြန်၊ မိုးဝေ၊ စာပေလုပ်သား၊ ရင်ခုန်ပွင့်၊ စာပေဂျာနယ်၊ မှုခင်းစုံလုံမလေး၊ ပန်းဝေသီ၊ အင်တာနေရှင်နယ် ဖေ့စ်နှင့် မဂ္ဂဇင်းများစွာသရုပ်ဖော်ပန်းချီများရေးသားခဲ့ပါတယ်။ ၁၉၈၄/၅/၆/၇/၈ ခုနှစ်ကာလတွေမှာလဲ ရုပ်ရှင်ကား၊ ဗွီဒီယိုကားများတွင် Title၊ ကြော်ညာ design များရေးသားခဲ့သူလဲဖြစ်ပါတယ်။ ကလေးသုတဂျာနယ်တွင် အယ်ဒီတာတွဲဖက်လုပ်ဆောင်ခဲ့စဉ်ကလဲ "ကာတွန်း စိုးထယ်ဆောက်" ကလောင်အမည်ဖြင့် ကလေးကဏ္ဌတွေကို စီစဉ်ခဲ့ပါသေးတယ်။ ၁၉၉၉ခုနှစ်မှ ၂၀၀၄အထိ သည်းထိတ်ရင်ဖို မဂ္ဂဇင်းတွင် အမှုဆောင်အယ်ဒီတာလဲလုပ်ခဲ့ပါတယ်။ စာရေးဆရာမ မခြူးပွင့်​၏ စာပေဆုရ "ပျောက်ဆုံးသွားသောနှင်းစက်များ သို့မဟုတ် နှင်းစက်ပုံပြင်" စာအုပ်မျာနှာဖုံးကိုလဲ ဆရာက မော်ဒန်ပန်းချီ ဆွဲပေးခဲ့ပါတယ်။ ယခုအခါမှာတော့ ဆရာဟာ ကလေးများနှင့်လူငယ်များအတွက် လေ့လာနိုင်စေရန်အလို့ငှာ ပန်းချီအခြေခံပညာများ သင်ကြားပို့ချမှုများကိုလဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆရာဟာ အနုပညာမြောက်သော ပန်းချီကားများကိုလဲဆက်လက်ရေးသားလျှက်ရှိပါတယ်။

Address

No. LB4, Moemakha Street, Malikha Garden Home, Thingangyun Tsp

11071

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 06:00
Sunday 09:00 - 06:00

Telephone

+959964728307

Website

Alerts

Be the first to know and let us send you an email when A for Art Online Gallery & Art Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A for Art Online Gallery & Art Supplies:

  • Want your business to be the top-listed Interior Service?

Share