ARU Gems and Jewellery shop

ARU Gems and Jewellery shop 💎I love Jewellery and Jewellery loves me
I'm a money magnet 🧲

ပစ္စည်းရောက်သွားရင်သဘောကျကြတာများပါတယ်ရှင် Aru ကိုယ်တိုင် ဂျေးများတတ်လို့ ပစ္စည်းကိုတကယ်လှတာဘဲရွေးရောင်းတာမို့ customer ...
07/09/2026

ပစ္စည်းရောက်သွားရင်သဘောကျကြတာများပါတယ်ရှင် Aru ကိုယ်တိုင် ဂျေးများတတ်လို့ ပစ္စည်းကိုတကယ်လှတာဘဲရွေးရောင်းတာမို့ customer လက်ထဲရောက်ရင်လည်းကြိုက်ကြပါတယ် 🌱✨💚

07/09/2026

ကျောက်စိမ်းအစစ်အသားကောင်းလေးပါရှင် labစစ်ကဒ်လေးလည်းပါပါမယ်ရှင် ဒါလေးက Aruကိုယ်တိုင် ကျောက်သွေးခုံးမှာသွားပြီးဆိုဒ်သေချာပြန်ညှိအချောသတ်လုပ်ခိုင်းထားတဲ့ကွင်းလေးပါ ဆိုဒ်၅၈ပါရှင်
Price -600000ပါရှင်
ကျောက်စိမ်းအစစ်မှဝတ်ချင်သူများအသားကောင်းကြိုက်သူများအတွက်ပါရှင်

ဒီဟာလေးတွေကလေ ချွမ်နုနုလေးနဲ့ လက်သန်းစွပ်လေးကအရည်လေးနဲ့နော် ဆိုဒ်က 1.6/ 1.4ပါရှင်ချွမ်အနုလေးကအရောင်တော်တော်လေးနုပါတယ်နေရ...
07/09/2026

ဒီဟာလေးတွေကလေ ချွမ်နုနုလေးနဲ့
လက်သန်းစွပ်လေးကအရည်လေးနဲ့နော်
ဆိုဒ်က 1.6/ 1.4ပါရှင်
ချွမ်အနုလေးကအရောင်တော်တော်လေးနုပါတယ်နေရောင်အောက်နဲ့မီးရောင်အောက်မှာတော့ခရမ်းဖောက်ပါတယ်
ချွမ်လေးက ၃၅၀၀၀နဲ့ဘဲယူပါရှင့် သူကတစ်ကွင်းလုံးချွမ်မဟုတ်ဘဲတစ်ခြမ်းကချွမ် တစ်ခြမ်းကပဲစိမ်းပါ
လက်သန်းကအရည်ကွင်းလေးက ၆၅၀၀၀ပါရှင်

Customer ပြန်ပို့တဲ့ပုံလေး ချစ်စရာလေး😭💛🌱လက်လေးနဲ့လိုက်ဖက်နေရော Aruဝတ်ပြလို့လှနေတာမဟုတ်ဘူးနော် ပစ္စည်းကတကယ်လှနေတာမို့ ပို...
05/09/2026

Customer ပြန်ပို့တဲ့ပုံလေး ချစ်စရာလေး😭💛🌱
လက်လေးနဲ့လိုက်ဖက်နေရော
Aruဝတ်ပြလို့လှနေတာမဟုတ်ဘူးနော် ပစ္စည်းကတကယ်လှနေတာမို့ ပိုင်ရှင်ဆီရောက်လဲတအားလိုက်ဖက်နေတာ
ပလွန်လက်ကောက်လေးတွေလာဝယ်လို့ရပါသေးတယ်ရှင်

04/09/2026

Customer နဲ့complainမရှိဘူးလားဆို ရှိပါတယ် ၁၀ယောက်မှာ၁ယောက်၂ယောက်ကတော့ အဆင်မပြေတာရှိတာပေါ့နော်
သူများအကုန်နီးပါးတည့်တဲ့ပစ္စည်းတောင်ကိုယ်နဲ့ကျမှမတည့်တာမျိုးရှိတတ်တာဘဲ
Aruမှာလည်း complain တက်တဲ့ customer တွေရှိပါတယ် ဘယ်လိုဖြေရှင်းလဲ ဘာကြောင့် ပြဿနာကြီးကြီးမားမားမဖြစ်လဲဆို

Aru ကပြဿနာတက်ရတာမကြိုက်ပါဘူး
Energy ကုန်လို့ပါ
အဲ့တော့ တာဝန်ယူသင့်တယ်ထင်ရင်တာဝန်ယူလိုက်ပါတယ် အဆင်ပြေအောင်ညှိပါတယ်

လာဝယ်တဲ့ customer တွေမှာလည်းကြမ်းတမ်းရိုင်းစိုင်းတာတွေတစ်ယောက်မှမပါတာမို့ စကားပြောရတာအဆင်ပြေပါတယ် အကုန်လုံးဟာ ရတနာကိုချစ်လို့လာဝယ်တာမို့ ရန်ဖြစ်အချိန်ကုန်ခံနေကြမယ့်သူတွေမဟုတ်လ်ု့ညှိနှိုင်းလို့စကားပြောလို့ရပါတယ် အဲ့လိုနဲ့ပြဿနာကြီးမသွားအောင်ထိန်းလို့ရတာပါ

ကိုယ်ပေါ်မှာဘာမှဝတ်ရတာမကြိုက်ဘူးဒါပေမယ့်ကျောက်စိမ်းဆောင်ကြည့်ချင်တယ်ဆိုတဲ့အမအတွက်ပါ ဒါလေးကအိတ်မှာချိတ်တာမျိုးကားမှာချိတ်...
03/09/2026

ကိုယ်ပေါ်မှာဘာမှဝတ်ရတာမကြိုက်ဘူးဒါပေမယ့်ကျောက်စိမ်းဆောင်ကြည့်ချင်တယ်ဆိုတဲ့အမအတွက်ပါ ဒါလေးကအိတ်မှာချိတ်တာမျိုးကားမှာချိတ်တာမျိုးလေးလုပ်လို့ရတယ်ရှင့် ကိုယ်အမြဲကိုင်နေကြအိတ်မှာချိတ်ထားမလို့ပါတဲ့ရှင်
ပြည့်ပပို့မယ့်အမှာလေးတစ်ခုပေါ့နော် ဒါလေးက၄၅၀၀၀ကစရှိပါမယ်ရှင့် ပုံထဲက၆၅၀၀၀ပါရှင့်

Customer တစ်ယောက်၏အားပေးကြမ်းပုံ🥹❤️လက်ထဲဝတ်ထားတာအဲ့ဒါAruဆီကကွင်းတွေပါအဲ့အမက လက်စွပ်အမြဲအားပေးနေကြcustomer အမပါ အဲ့ဒါကြော...
03/09/2026

Customer တစ်ယောက်၏အားပေးကြမ်းပုံ🥹❤️
လက်ထဲဝတ်ထားတာအဲ့ဒါAruဆီကကွင်းတွေပါ
အဲ့အမက လက်စွပ်အမြဲအားပေးနေကြcustomer အမပါ

အဲ့ဒါကြောင့်ကျောက်တွေဝယ်မိရင်စွဲလမ်းစေတယ်လို့နော်

ဘယ်မှာမှမရနိုင်တဲ့ 1.4cm sizeလေးရပါမယ်နော်“လက်သန်းမှာ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်ရခြင်းအဓိပ္ပါယ်လေးကတော့ အခွင့်အလမ်းကောင်းမ...
03/09/2026

ဘယ်မှာမှမရနိုင်တဲ့ 1.4cm sizeလေးရပါမယ်နော်

“လက်သန်းမှာ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်ရခြင်းအဓိပ္ပါယ်လေးကတော့ အခွင့်အလမ်းကောင်းများရရှိခြင်းနဲ့ ဘေးအန္တရာယ်ကင်းဝေးခြင်းပါ”

တစ်ကွင်း၃၀၀၀၀-၃၅၀၀၀ထဲကပါရှင် ကျောက်သားလေးကောင်းပြီး အရမ်းလှတာမို့ သေးပေမယ့်အထင်သေးလို့မရတဲ့ကွင်းလေးတွေပါရှင်

ပြန်ရှဲပေးတာ လက်ချောင်းအလိုက်ဝတ်ရတဲ့အဓိပ္ပါယ်တွေရှိပါတယ်
02/09/2026

ပြန်ရှဲပေးတာ လက်ချောင်းအလိုက်ဝတ်ရတဲ့အဓိပ္ပါယ်တွေရှိပါတယ်

✨ မောင်းကွင်း ကျောက်စိမ်းလက်စွပ်ရဲ့ ဆန်းကြယ်သော အဓိပ္ပာယ်နှင့် ဝတ်ဆင်ပုံများ ✨

ကျောက်စိမ်း မောင်းကွင်းလက်စွပ် (Jade Ring) ဆိုတာ ရိုးရှင်းဆန်းသစ်ပြီး ဂန္ထဝင်ဆန်တဲ့ ရတနာတစ်ခုဖြစ်ပါတယ်။ အရှေ့တိုင်း အယူအဆမှာ အလွန်မင်္ဂလာရှိပြီး လေးနက်တဲ့ သင်္ကေတတွေ ပါဝင်နေပါတယ်။
မောင်းကွင်းလက်စွပ်ရဲ့ အဓိက အဓိပ္ပာယ်တွေနဲ့ ဘယ်သူတွေ ဝတ်ဆင်သင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော် 👇

💚 ၁။ မောင်းကွင်း လက်စွပ်၏ သီးသန့် အဓိပ္ပာယ်များ
"Ping An" (အေးချမ်းဘေးကင်းခြင်း)
အစအဆုံးမရှိ တစ်ဆက်တည်း အဝိုင်းပုံသဏ္ဌာန် ဖြစ်တာကြောင့် ဘဝလမ်းကြောင်းမှာ အနှောင့်အယှက်မရှိ ဘေးကင်းအေးချမ်းစေပါတယ်။
ပြည့်စုံခြင်းနှင့် ထာဝရ မေတ္တာ: ဘာမှ ရောနှောမထားတဲ့ ကျောက်စိမ်းသီးသန့် မောင်းကွင်းဟာ ဥစ္စာဓန မယိုစိမ့်ဘဲ ပြည့်စုံခြင်းနဲ့ ထာဝရ သစ္စာမြဲမြံခြင်းကို ဖော်ဆောင်ပါတယ်။
ဩဇာတိက္ခမနှင့် အာဏာ: ရှေးခေတ် မင်းညီမင်းသားများနှင့် မင်းစိုးရာဇာများ အဆင့်အတန်းနှင့် ခိုင်မာမှုကို ပြသရန် သီးသန့် ဝတ်ဆင်ခဲ့ကြတဲ့ လက်စွပ်ပုံစံ ဖြစ်ပါတယ်။

💚 ၂။ ဘယ်လိုလူတွေ အထူးဝတ်ဆင်သင့်သလဲ
စီးပွားရေး လုပ်ကိုင်သူများ: လာဘ်လာဘ ရရှိစေရန်၊ စီးပွားရေး စီမံခန့်ခွဲရာတွင် စိတ်အေးချမ်းစွာ ဆုံးဖြတ်နိုင်စေရန်နှင့် ငွေကြေး မယိုစိမ့်စေရန်။
စိတ်ဖိစီးမှု များသူများ: ကျောက်စိမ်း၏ အေးမြသော စွမ်းအင်က ဒေါသနှင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကို ငြိမ်သက်စေရန်။
ဂန္ထဝင်ဆန်ဆန် ရိုးရှင်းသည့် အလှကို ကြိုက်နှစ်သက်သူများ: ရွှေ/ငွေ ကွပ်ထားခြင်းမရှိဘဲ သဘာဝကျောက်စိမ်း၏ အလှစိမ်းစိမ်းကို သီးသန့် ဝတ်ဆင်ချင်
သူများ။

💡 ဝတ်ဆင်သည့် လက်ချောင်းအလိုက် သင်္ကေတများ
လက်မ: ဩဇာတိက္ခမ၊ အာဏာနှင့် ခေါင်းဆောင်မှု။

လက်ညှိုး: တိုးတက်ခြင်းနှင့် စီးပွားရေး အောင်မြင်မှု။

လက်လယ်: ဥစ္စာဓန ထိန်းသိမ်းနိုင်ခြင်းနှင့် စိတ်ငြိမ်းချမ်းမှု။

လက်သူကြွယ်: ထာဝရ ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေး သာယာမှု။

လက်သန်း: အခွင့်အလမ်းကောင်းများ ရရှိခြင်းနှင့် ဘေးအန္တရာယ် ကင်းဝေးခြင်း။

⚠️ သတိပြုရန် အချက်:
ကျောက်စိမ်း မောင်းကွင်းသည် သဘာဝအတိုင်း တစ်ဆက်တည်း ပြုလုပ်ထားခြင်း ဖြစ်သဖြင့် ကြမ်းတမ်းသော ခွန်အားသုံးရသည့်လုပ်ငန်းများ လုပ်ကိုင်ချိန် သို့မဟုတ် ဓာတုပစ္စည်းများနှင့် ထိတွေ့မည့် အချိန်များတွင် ချွတ်ထားပေးခြင်းဖြင့် ကျောက်စိမ်း၏ အလှကို ထာဝရ ထိန်းသိမ်းနိုင်ပါတယ်။

✨ သဘာဝ A Grade ကျောက်စိမ်းစစ်စစ် မောင်းကွင်းလေးတွေကိုမှ မြတ်နိုးသူများအတွက် Aru gems and Jewellery shopမှာ ရွေးချယ်ဝယ်ယူလို့ရပါပြီရှင်✨

လို့ရပါတယ်ရှင်

Copyကူးယူခွင့်မပြုပါ

ဒါလေးတွေက customer တွေကိုပို့လိုက်တဲ့ကွင်းလေးတွေပါ Aru ဆီကလက်စွပ်လေးတွေလှတာပြချင်လို့ရှင် ပစ္စည်းထုတ်တိုင်းပုံမရိုက်မိတာ...
02/09/2026

ဒါလေးတွေက customer တွေကိုပို့လိုက်တဲ့ကွင်းလေးတွေပါ Aru ဆီကလက်စွပ်လေးတွေလှတာပြချင်လို့ရှင်
ပစ္စည်းထုတ်တိုင်းပုံမရိုက်မိတာ အဲ့ဒါကြောင့်ပို့လိုက်ပြီးရင်ပုံမရိုက်ထားမိတာ ဒါလေးကအမိအရ သတိရလို့ရိုက်ထားတာလေး

Address

Myanmar (Burma)
Thingangyun

Telephone

+959268507346

Website

Alerts

Be the first to know and let us send you an email when ARU Gems and Jewellery shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ARU Gems and Jewellery shop:

Shortcuts

Share