Hera - Handmade Accessories

Hera - Handmade Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hera - Handmade Accessories, Arts & Crafts Store, Htu par yone Street Takata, Yagon.

တော်ဝင်နန်းတွင်းတွေထဲကစလို့ ယနေ့ခေတ် ဖက်ရှင်တွေအထိ ဘယ်တော့မှ မရိုးသွားတဲ့ ထာဝရပုလဲအလှတရား... 👑🦪✨Hera ရဲ့ ကိုယ်ပိုင်ဒီဇို...
05/09/2026

တော်ဝင်နန်းတွင်းတွေထဲကစလို့ ယနေ့ခေတ် ဖက်ရှင်တွေအထိ ဘယ်တော့မှ မရိုးသွားတဲ့ ထာဝရပုလဲအလှတရား... 👑🦪✨

Hera ရဲ့ ကိုယ်ပိုင်ဒီဇိုင်း လေးဖြစ်ပီးတော့ ကမာပုလဲလေးတွေကို size စုံ သီပေးထားပါတယ်💎🤍

ကမာပုလဲဆိုတာ... 🦪✨
တကယ့်သဘာဝ ကမာခွံအစစ်တွေကို အခြေခံပြီး ခေတ်မီနည်းပညာတွေနဲ့ ပြန်လည်ဆန်းသစ်ဖန်တီးထားတဲ့ အရည်အသွေးမြင့် ပုလဲအစစ် အမျိုးအစားတစ်ခုပါပဲ။

ဘယ်လိုဖြစ်တည်လာပြီး ဘယ်လိုလုပ်ထားလဲ... 🤍
ပထမဆုံးအနေနဲ့ သဘာဝကမာခွံအစစ်တွေကို သေသေချာချာ ရွေးချယ်ပြီး ညက်နေအောင် အထပ်ထပ်ကြိတ်ချေပြီးမှ ပုလဲမှုန်လေးတွေရအောင် ဖန်တီးပါတယ်။ ပြီးတဲ့အခါကျတော့ အဲ့ဒီပုလဲအမှုန်လေးတွေကို ကောက်တင်ပြီး အလွှာလိုက်၊ အထပ်လိုက် အထပ်ထပ် ပြန်လည်လောင်းဖန်တီးထားတာ ဖြစ်ပါတယ်။

အရည်အသွေးနဲ့ တာရှည်ခံမှု... 💎💯
အခုလို အထပ်ထပ် အလွှာလိုက် လောင်းထားတဲ့အတွက်ကြောင့် သာမန်အတုတွေလို အရောင်ကွာသွားတာမျိုး၊ အဖက်ကွာထွက်သွားတာမျိုး လုံးဝမရှိပါဘူး။ သဘာဝအတိုင်း တောက်ပြောင်နေပြီး အသားပေါ်မှာ တပ်လိုက်တဲ့အခါ တော်ဝင်ဆန်ဆန်နဲ့ ဣန္ဒြေရရ လှပနေစေပါတယ်။ ✨

စျေးနှုန်းလည်း သက်သာ၊ မွေးနေ့ပဲဖြစ်ဖြစ် ပွဲတက်တွေမှာပဲဖြစ်ဖြစ် လိုက်ဖက်ဆုံးဖြစ်တဲ့ ဒီဇိုင်းလေးမို့ မရှိမဖြစ် ဆောင်ထားသင့်တယ်။ 🛍️🥂
စိတ်ဝင်စားရင် အခုပဲ DM ကနေ လာခဲ့ပေးနော်! 💌✨

ဒီတစ်ပတ်ရဲ့ handmade jewelryသင်တန်းလေးကတော့ တကယ်ပျော်စရာကောင်းပြီး အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်နော်။ 💖Class 1 နဲ့ C...
05/09/2026

ဒီတစ်ပတ်ရဲ့ handmade jewelryသင်တန်းလေးကတော့ တကယ်ပျော်စရာကောင်းပြီး အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်နော်။ 💖

Class 1 နဲ့ Class 2 က ကျွန်မတို့ရဲ့ သင်တန်းသူလေးတွေ စိတ်ရှည်လက်ရှည်နဲ့ ဖန်တီးထားတဲ့ လှပတဲ့လက်ရာလေးတွေကို ကြည့်ရတာ ရင်ထဲမှာ အရမ်းပီတိဖြစ်ရပါတယ်။ ✨

ဒီလက်ရာလေးတွေထဲမှာလေ ဘယ်သူ့လက်ရာလေးက ကိုယ့်အကြိုက်ဆုံးနဲ့ အလှဆုံးဖြစ်မလဲဆိုတာ comment မှာ ment ခဲ့ကြပါဦးနော်။ 🥰

ဒါမျိုးလေးတွေ ကိုယ်တိုင်ဖန်တီးတတ်ချင်တယ်၊ ဝါသနာပါလို့ လေ့လာချင်တယ်ဆိုရင်တော့ Hera တို့ဆီမှာ လက်မှုပညာ သင်တန်းလေးတွေ လာတက်လို့ရပါပြီရှင်။ 🧵💍

အခုသင်တန်းကတော့ လက်မှုပညာတွေထဲကမှ လူကြိုက်များပြီး စိတ်ဝင်စားစရာကောင်းတဲ့ Handmade Jewelry သင်တန်းပဲ ဖြစ်ပါတယ်။
သင်တန်းမှာဆိုရင် အခြေခံ plier ကိုင်နည်းကစလို့ wire ပတ်နည်းတွေအထိ အကုန်လုံး ကိုယ်တိုင် ကျွမ်းကျင်သွားတဲ့အထိ တစ်ဆင့်ချင်းစီ သေချာလေး သင်ကြားပေးပါတယ်။ 👩‍🏫

သင်တန်းကြေးကတော့ ၂၅၀,၀၀၀ ကျပ် (နှစ်သိန်းခွဲ) ဖြစ်ပြီး ဒီထဲမှာ သင်တန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ အားလုံးကို သင်တန်းမှာ အပြည့်အစုံ ထားရှိပေးထားပါတယ်။ ✂️💎

ပြီးတော့ အိမ်ပြန်လို့ရှိရင်လည်း ကိုယ်တိုင် လေ့ကျင့်ပြီးသား ပစ္စည်းလေးတွေကို လက်ဆောင်အနေနဲ့ အိမ်ပါ ထည့်ပေးလိုက်ဦးမှာပါ။ 🎁

လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့နဲ့ စက်တင်ဘာ ၁၉ ရက်နေ့တွေမှာဆိုရင် အတန်းသစ်လေးတွေ ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်လို့ နေရာမလပ်ရအောင် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြပါတော့နော်။ 🗓️🏃‍♀️

05/09/2026

လက်မှုပညာတွေအများကြီးထဲကမှ Handmade jewelry လေးတွေကို ကိုယ်တိုင်ဖန်တီးပြီး တစ်လကို သိန်းရာချီ ဝင်ငွေရှာနိုင်မယ့် ပညာရပ်တစ်ခုကို အချိန်တိုအတွင်း စတင်သင်ယူချင်ပါသလား။ ✨

ဒီနေ့သင်တန်းလေးမှာဆိုရင် နယ်ပယ်အသီးသီးကစီးပွားရေးလုပ်ငန်းရှင် အစ်မတွေ ကိုယ်တိုင် သေချာအချိန်ပေးပြီး လာရောက်တက်ရောက်နေကြတာ ဖြစ်ပါတယ်။ သင်တန်းသူ အစ်မတွေ အကုန်လုံးကလည်း Plier ကို တစ်ခါမှ မကိုင်ဖူးကြတဲ့အပြင်၊ handmade နဲ့ လုံးဝကို စိမ်းနေကြတဲ့ သူတွေချည်းပါပဲ။

ဒါပေမဲ့ သင်တန်းသူ တစ်ယောက်ချင်းစီရဲ့ fashion အမြင်၊ အတွေးအခေါ်နဲ့ လုပ်ချင်တဲ့ design တွေအပေါ်မူတည်ပြီး ကိုယ်သွားချင်တဲ့လမ်းကြောင်းအတိုင်း သင်ရိုးနဲ့ညှိပြီး သေချာလေး ညွှန်ပြသင်ကြားပေးပါတယ်။💯💯

ဒီသင်တန်းမှာ အသုံးပြုတဲ့ ပစ္စည်းတွေအတွက်လည်း လုံးဝ စိတ်မပူရပါဘူး။ အရည်အသွေးမြင့် 18k gold plated material လေးတွေ၊ ပုလဲစစ် နဲ့ ကျောက်စိမ်းလေးတွေနဲ့ချည်း သီးသန့်တွဲဖက်ပြီး ဖန်တီးပေးထားတာဖြစ်လို့ လိုအပ်တာတွေကို စိတ်ကြိုက်ရွေးချယ် ယူသုံးလို့ရပါတယ်။

🎉လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့ နဲ့ ၁၉ ရက်နေ့တွေမှာ အတန်းသစ်တွေ ထပ်မံဖွင့်လှစ်မှာ ဖြစ်ပါတယ်။🎉

💰 သင်တန်းကြေး - ၂ သိန်းခွဲကျပ်

သင်တန်းကြေးထဲမှာ Online Class Free Account နဲ့ပါဝင်ခွင့်ရမယ့်အပြင်၊ သင်တန်းမှာ ကိုယ်တိုင်လေ့ကျင့်ဖန်တီးထားတဲ့ တန်ဖိုး ၁ သိန်းခွဲကျော်ရှိတဲ့ 18k gold plated ပစ္စည်းများ၊ ပုလဲစစ်၊ ကျောက်စိမ်းတွေနဲ့ တွဲစပ်ဖန်တီးထားတဲ့ ကိုယ်ပိုင်လက်ရာလေးတွေကို အိမ်ပြန်လက်ဆောင်အနေနဲ့ပါ တစ်ခါတည်း ထည့်သွင်းပေးလိုက်ဦးမှာပါ။

သင်တန်းလေး ပြီးဆုံးသွားတဲ့အခါမှာတော့ ပလာယာကို တစ်ခါမှ မကိုင်ဖူးကြတဲ့ အစ်မတွေတောင်မှ plier guide rules တွေကို နားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်သွားကြပါပြီ။ အကုန်လုံးလည်း ကိုယ်တိုင် စိတ်တိုင်းကျ လက်ရာလှလှလေးတွေကို ဖန်တီးနိုင်သွားကြပြီး အရမ်းကို ပျော်ရွှင်နေကြပါပြီ။

တစ်ရက်တည်းနဲ့ အတတ်သင်ပေးတဲ့ အတန်းလေးဖြစ်တဲ့အတွက် မတတ်မှာကို လုံးဝ စိတ်မပူပါနဲ့နော်။ ဝါသနာကို အရင်းအနှီးပြုပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုပါ အစကနေစလို့ အခိုင်အမာ တည်ထောင်ချင်သူတွေအတွက် Hera Handmade ရဲ့ လက်ဝတ်ရတနာဖန်တီးမှု သင်တန်းကို အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါရှင်။ 🤍

ရိုးရိုးရှင်းရှင်းလေးနဲ့ စတိုင်ကျနေတာကြိုက်တဲ့သူတွေအတွက် ပျိုမေတို့ရေ... 🤍ဒါလေးက ပုလဲပွါးအစစ်လေးနဲ့ Golden Chain လေး တွဲ...
03/09/2026

ရိုးရိုးရှင်းရှင်းလေးနဲ့ စတိုင်ကျနေတာကြိုက်တဲ့သူတွေအတွက် ပျိုမေတို့ရေ... 🤍

ဒါလေးက ပုလဲပွါးအစစ်လေးနဲ့ Golden Chain လေး တွဲထားတာပါ။ ပုံမှန်ပုလဲဝိုင်းတွေလိုမဟုတ်ဘဲ ပုလဲပွါးပုံစံလေးက ပိုပြီး Trend ဖြစ်ပြီး ချစ်ဖို့ကောင်းတယ်နော်။ လည်တိုင်မှာဆွဲလိုက်ရင် အေးချမ်းပြီး ပြီးပြည့်စုံတဲ့ Look လေး ထွက်လာစေပါတယ်။
နေ့စဉ်ရုံးသွား၊ ကျောင်းသွားတက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ညစာစားပွဲတွေ၊ မိတ်ဆုံပွဲလေးတွေသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဒီဆွဲကြိုးလေးတစ်ကုံးတည်းနဲ့ လုံလောက်ပါတယ်။ Casual ဝတ်စုံလေးတွေနဲ့ရော၊ Dress လေးတွေနဲ့ပါ အရမ်းလိုက်ဖက်ပါတယ်။

ဈေးနှုန်းလေးကလည်း 35,000 ကျပ်တည်းနဲ့ အရည်အသွေးကောင်းကောင်း ပုလဲပွါးအစစ်ကို ရမှာမို့လို့ တန်မှတန်ပဲနော်။ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ကိုယ် ဆုချတာပဲဖြစ်ဖြစ် လက်မလွှတ်သင့်တဲ့ Item လေးပါ။

တကယ်လှတဲ့ဟာလေးမို့ ပစ္စည်းလေးတွေ အများကြီးမပါဘူးနော်။ လိုချင်ရင်တော့ လက်မြန်မြန်လေးနဲ့ မှာထားလိုက်တော့နော် ✨

03/09/2026

September လအတွက် Handmade Jewelry Class လေးတွေ Join မယ့်သူတွေအတွက် အတန်းသစ်လေးတွေ စာရင်းလက်ခံနေပါပြီရှင် ✨

ဒီတစ်ခေါက် Sep လ လာမယ့် ၁၃ ရက်နေ့မှာ Group Class အတန်းသစ် group classစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၂၅၀,၀၀၀ ကျပ် ဖြစ်ပြီး သင်ထောက်ကူပစ္စည်းအားလုံးကို အစုံအလင် ထားရှိပေးမှာမို့ ဘာမှထပ်ပြင်ဆင်စရာမလိုဘဲ လက်ဗလာနဲ့ လာရုံပါပဲနော်။✨✨✨

သင်တန်းပြီးသွားရင်တော့ ကိုယ်တိုင် Premium Handmade Jewelry လှလှလေးတွေကို လက်ရာသေသပ်စွာနဲ့ စိတ်ကြိုက်ဖန်တီးနိုင်သည်အထိ အာမခံချက်နဲ့ သေချာသင်ကြားပေးသွားမှာပါ။ ဆရာနဲ့ တပည့်လိုမျိုး မဟုတ်ဘဲ ဘေးကနေ သူငယ်ချင်းတစ်ယောက်လို၊ ညီအစ်မလို နွေးနွေးထွေးထွေးနဲ့ ပေါ့ပေါ့ပါးပါးလေး သင်ပေးမှာဖြစ်လို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ပါတယ်။ သင်တန်းချိန်တွေမှာလည်း စိတ်အေးချမ်းပြီး ဖန်တီးရတာ ပိုအာရုံစိုက်လို့ကောင်းအောင် Relaxing music လေးတွေ ဖွင့်ပေးထားဦးမှာမို့ စိတ်ဖိစီးမှုတွေကင်ကင်းနဲ့ ဖန်တီးခွင့်ရမှာပါနော် 🤍

သင်ကြားပေးမယ့်အကြောင်းအရာတွေကတော့ -

• အခြေခံ Plier ကိုင်တွယ်ပုံကအစ
• Pin လေးတွေကို လှပသေသပ်အောင် နည်းစနစ်မှန်ကန်စွာ ကွေးနည်း
• အခြေခံWire ပတ်နည်းစနစ်များ
•လက်ပတ်ကြိုး/ ဆွဲကြိုးတွေကို နည်းလမ်းမှန်ကန်စွာသီနည်း
•Only Me ကြိုးပြုလုပ်နည်းများ

ဒါတွေကို Hera ကိုယ်တိုင် သေချာဆန်းစစ်ပြီး နားလည်လွယ်အောင် ထုတ်ထားတဲ့ သင်ရိုးတွေနဲ့ တစ်ဆင့်ချင်းစီ သင်ပြပေးမှာပါ။ သင်တန်းသူ တစ်ယောက်ချင်းစီရဲ့ လုပ်ချင်တဲ့ Design ပေါ်မူတည်ပြီး Individual လည်း Focus လုပ်ပေးတာမို့ သင်တန်းပြီးရင် ကိုယ်ပိုင် Design အသစ်အဆန်းတွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်သွားမှာ အသေအချာပါပဲ ✨

တကယ်လို့ အပြင်မှာ လာတက်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ အဝေးကနေ သင်ချင်သူတွေအတွက် Online Class လည်း စီစဉ်ထားပေးပြီး သင်တန်းကြေးကတော့ ၆ သောင်းကျပ် ပါရှင်။ ဒါ့အပြင် တစ်ယောက်တည်း အေးအေးဆေးဆေး သေသေချာချာ သင်ယူချင်သူတွေအတွက် One by One Class လေးတွေလည်း သီးသန့်ရှိသေးလို့ ကိုယ်နဲ့အဆင်ပြေမယ့် Class လေးကို ရွေးချယ်နိုင်ပါတယ်နော် ခုပဲ Page Messenger ကနေ ဆက်သွယ်
စုံစမ်းနိုင်ပါပြီရှင် 🥰

✨ Minimalist & Chic Layered Lariat Necklace လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။ပုံမှန်ဆွဲကြိုးတွေနဲ့မတူဘဲ သဘာဝရဲ့ အလှကို အ...
31/08/2026

✨ Minimalist & Chic Layered Lariat Necklace လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင့်။
ပုံမှန်ဆွဲကြိုးတွေနဲ့မတူဘဲ သဘာဝရဲ့ အလှကို အပြည့်အဝခံစားရစေမယ့် Natural Baroque Pearl (ပုလဲပွါးအစစ်) လေးတွေနဲ့ ဖန်တီးထားတဲ့ new design လေးပါ။

ဒီဇိုင်းပိုင်းအနေနဲ့ အပေါ်ကနေ လည်တိုင်ကို သေသေသပ်သပ်လေး ပတ်ဝိုင်းနေတဲ့ Choker Layer တစ်ထပ်နဲ့ အောက်ဘက်ကို ကျဆင်းလာပြီး ရေစီးကြောင်းလေးလို လှပနေတဲ့ Lariat (Y-shape) Design ကို ပေါင်းစပ်ပေးထားပါတယ်။

အသေးစိတ်လေးတွေကတော့—
Material Quality: နေ့စဥ်ဝတ်ဆင်လို့ရအောင် အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ လက်ရာမြောက်လက်လုပ် (Handmade) ဖန်တီးထားတာဖြစ်လို့ တာရှည်ခံပြီး လှနေစေပါတယ်။

Pearly Touch: တုပလို့မရတဲ့ သဘာဝအတိုင်း ထူးခြားတဲ့ ပုံစံရှိတဲ့ Natural Baroque Pearls (ပုလဲပွါးအစစ်) ကြီးကြီးနှစ်လုံးကို အောက်ဘက်မှာ တွဲလဲကျနေအောင် စီစဥ်ပေးထားပါတယ်။

Styling: Blazer တွေနဲ့ တွဲဝတ်ရင် Professional ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိသလို၊ V-neck အဝတ်အစားတွေ ဒါမှမဟုတ် Casual Look လေးတွေနဲ့လည်း Sophisticated ဖြစ်တဲ့ ဖက်ရှင်မျိုးကို ဖန်တီးပေးနိုင်ပါတယ်။

ကိုယ့်အတွက်ပဲဝတ်ဝတ်၊ အထူးခြားဆုံး လက်ဆောင်လေးပဲပေးပေး လုံးဝကို တန်မယ့် Design အသစ်လေးပါ။ ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုးစလုံး ရရှိနိုင်ပါတယ်ရှင့်။ ✨

✨ Timeless Elegance & Versatile Luxury ✨သင့်ရဲ့ နေ့စဉ်ဖက်ရှင်နဲ့ အထူးပွဲတွေအတွက် Luxury ဆန်ဆန် ဆွဲကြိုးဒီဇိုင်းအသစ်လေး မ...
31/08/2026

✨ Timeless Elegance & Versatile Luxury ✨
သင့်ရဲ့ နေ့စဉ်ဖက်ရှင်နဲ့ အထူးပွဲတွေအတွက် Luxury ဆန်ဆန် ဆွဲကြိုးဒီဇိုင်းအသစ်လေး မိတ်ဆက်ပေးလိုက်ပါတယ်။

💎 Design & Features:
Flexible Pearl: ပုလဲလေးကို အဖြုတ်တပ်လုပ်လို့ရပြီး မိမိစိတ်ကြိုက် ပုလဲအရောင်များကို လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Custom Materials: ဆွဲကြိုးနှင့် Locket နှစ်မျိုးစလုံးကို မိမိနှစ်သက်ရာ ရွှေ သို့မဟုတ် ငွေ ဖြင့် ဖန်တီးနိုင်ပါတယ်။

Exquisite Details: စိန်စီဒီဇိုင်းဆန်းလေးနဲ့ ပုလဲရဲ့ ရောင်စဥ်လက်ရာက ဇိမ်ခံဆန်ဆန်နဲ့ ခံ့ညားမှုကို အပြည့်အဝ ပေးစွမ်းပါတယ်။
ကိုယ်ပိုင်စတိုင်လ်အလိုက် လှပပြည့်စုံမှုကို ဖန်တီးဖို့ ယခုပဲ မှာယူလိုက်ပါရှင့်။ 🤍✨

31/08/2026

“One-on-one နဲ့ Group class ဘာတွေကွာလဲဟင်?” ✨Messenger မှာ ခဏခဏမေးကြတဲ့ မေးခွန်းလေးအတွက် ဒီဗီဒီယိုလေးမှာ အသေးစိတ် ဖြေပေးထားပါတယ်ရှင် 💖

သင်ပေးမယ့် ပညာရပ်ပိုင်းဆိုင်ရာနဲ့ အရည်အသွေးကတော့ ဘယ်တန်းဖြစ်ဖြစ် အတူတူပါပဲနော်။

💖 Group Class:
စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာ ဖွင့်ဖြစ်တာများပါတယ်။ဝါသနာတူ သူငယ်ချင်းတွေနဲ့အတူ ပျော်”ပါးပါး၊ ရယ်ရယ်မောမောနဲ့ ဖန်တီးချင်သူတွေအတွက် အသင့်တော်ဆုံးပါ ✨

💖 One-on-one Class:
ကြားရက်တွေမှာဖြစ်ဖြစ် ကိုယ့်အားတဲ့အချိန်နဲ့ သီးသန့်ညှိလို့ရပါတယ်။တစ်ယောက်တည်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် သေချာသင်ယူချင်သူတွေအတွက် ဖြစ်ပြီး၊ ကိုယ်တိုင်လုပ်ချင်တဲ့ စီးပွားရေးအကြံဉာဏ်တွေအတွက်ပါ သေချာ တိုင်ပင်ဆွေးနွေးပေးပါတယ်ရှင် 🤝

ကိုယ့်အတွက် ဘယ်ဟာက ပိုအဆင်ပြေမလဲဆိုတာ တွက်ကြည့်ပြီး Page Messenger ကနေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော် 💌

ဒီတစ်ပတ်ရဲ့ Class 1 (22ရက်နေ့) နဲ့ Class 2 (23ရက်နေ့) လက်ရာလေးတွေထဲက ဘယ်သူ့လက်ရာလေးကို သဘောကျလဲရှင့် ✨💖သူတို့လေးတွေ တစ်ခ...
28/08/2026

ဒီတစ်ပတ်ရဲ့ Class 1 (22ရက်နေ့) နဲ့ Class 2 (23ရက်နေ့) လက်ရာလေးတွေထဲက ဘယ်သူ့လက်ရာလေးကို သဘောကျလဲရှင့် ✨💖

သူတို့လေးတွေ တစ်ခုချင်းစီကို စိတ်ရှည်လက်ရှည်သေချာဖန်တီးထားကြတာ ဆိုတော့ လှနေလိုက်တာနော် 🥰လှပမှုတွေအပြင် ကိုယ်တိုင်ဖန်တီးလိုစိတ်ရှိသူတွေအတွက် စက်တင်ဘာလမှာ Heraနဲ့အတူ လက်တွေ့သင်ယူလို့ရမယ့် အတန်းသစ်တွေ ထပ်မံဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ် ရှင့် -

✨ September Batch များ
13 . 9 . 2026
19 . 9 . 2026

နေရာလေးတွေက ကန့်သတ်ထားတာဖြစ်လို့လက်မှုပညာလေးတွေကို ကိုယ်တိုင်ဖန်တီးချင်သူများနဲ့ စိတ်ဝင်စားလို့ အသေးစိတ်သိချင်သူများ Page Messenger ကနေ အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင့် 💌

28/08/2026

💎 ဈေးကွက်မှာ တန်ဖိုးရှိတဲ့ Handmade Jewelry များကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ်ပိုင်စီးပွားရေး စတင်ကြရအောင် 💎

Hera ရဲ့ One Day Class မှာ အိမ်မှာနေရင်း တစ်နိုင်တစ်ပိုင် Trend အဖြစ်ဆုံး၊ ဈေးကွက်ထဲ အရောင်းရဆုံး Design တွေကို ကိုယ်တိုင်ကိုယ်ကျ အစအဆုံး ဖန်တီးတတ်သွားစေဖို့ အာမခံပြီး သင်ကြားပေးနေပါပြီ။🤍✨

အခုဆိုရင် Heraရဲ့ သင်တန်းသူတွေ ကိုယ်တိုင်လည်း ကိုယ်ပိုင်ဆိုင်လေးတွေနဲ့ လုပ်ငန်းတွေကို အောင်မြင်စွာ ဖွင့်လှစ်နေကြပါပြီရှင်။

✨ သင်တန်းမှာ ဘာတွေသင်ပေးမလဲ?

• လူတစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ Design၊ ဖက်ရှင်မြင်ပုံ မတူတာမို့ တစ်ဦးချင်းအသေးစိတ် သေချာညှိနှိုင်းသင်ကြားပေးခြင်း

• Plier ကိုင်နည်းမှစ၍ Hera ရဲ့ အတွေ့အကြုံအားလုံးကို အစားမချန်ဘဲ လက်တွေ့သင်ကြားပေးခြင်း

• လိုအပ်တဲ့ပစ္စည်းများကို တစ်နေရာတည်းတွင် လက်လီလက်ကား ဝယ်ယူနိုင်ရန် စီစဉ်ပေးထားခြင်း

🗓 လာမည့် အတန်းသစ်ရက်များ - စက်တင်ဘာ ၁၃ ရက် နှင့် ၁၉ ရက်

📍 သင်တန်းနေရာ - ထူပါရုံ ၉လမ်းအရှေ့
သာကေတ ရန်ကုန်။

💵 သင်တန်းကြေး - ၂ သိန်းခွဲ (လေ့ကျင့်ရန် ပစ္စည်းအားလုံး အသင့်ပါပြီး၊ ဘာမှယူလာစရာမလိုပါ)

🎁 အထူးလက်ဆောင်များ
သင်တန်းမှာ ကိုယ်တိုင်လေ့ကျင့်ဖန်တီးထားတဲ့ ၁၅၀၀၀၀ကျော်တန်ဖိုးရှိ ပုလဲအစစ်၊ ကျောက်အစစ် Design များကို လက်ဆောင်ပြန်ယူသွားနိုင်ခြင်း
Online Class ကိုပါ အခမဲ့ တက်ရောက်ခွင့်ရရှိခြင်း
ကိုယ်ပိုင်စီးပွားရေးလေး စတင်ချင်သူများအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးမို့ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါတော့ရှင် 👇

📲 ဆက်သွယ်ရန် - 09422655501 or chat box
#ကိုယ်ပိုင်စီးပွားရေး

Address

Htu Par Yone Street Takata
Yagon

Telephone

+959422655501

Website

Alerts

Be the first to know and let us send you an email when Hera - Handmade Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share