30/07/2026
ထိုင်းထီပေါက်ရင် ဘယ်လိုထုတ်မလဲ 🥰
၁- ဝယ်ယူခဲ့တဲ့ထီဆိုင်တွေမှာ လဲလှယ်ခြင်း
၂- ထီရုံးချုပ် (The Government Lottery Office ) သို့ အစိုးရဘဏ် တွေမှာ လဲလှယ်ခြင်း 🎫🇳🇱
၁။ ဝယ်ယူခဲ့တဲ့ဆိုင်တွေမှာ လဲလှယ်ခြင်း
ဘတ် ၂၀၀၀၀ ထက်မပိုသောဆုကြေးများကို တချို့ထီဆိုင်ကြီးတွေမှာ ထီလဲပေးသည်လို့ ရေးထားရင် သွားရောက် လဲလှယ်လို့ရပါတယ် ။ လွယ်ကူမြန်ဆန်သလို ပေါက်ကြေးဝန်ဆောင်ခအနေနဲ့ ၁%မှ ၂%အထိ ပေးရတတ်ပါတယ် ။ ထီထုတ်မဲ့သူ အနေနဲ့ ထီလက်မှတ်နဲ့အတူ ပတ်စ်ပို့ (သ်ို့) ပန်းရောင်ကတ် ပြသရပါတယ် ။
၂။ ထီရုံးချုပ် (The Government Lottery Office ) နှင့် အစိုးရဘဏ်များတွင် ထုတ်ယူခြင်း
ထီဆုကြီးများ ပေါက်ရင်(နွန်ထဘူရီ)မှာ ရှိတဲ့ The Government Lottery Office သို့ ကိုယ်တိုင်
သွားရောက်ထုတ်ယူလို့ရပါတယ်။
အစိုးရထီလက်မှတ်တွက် အခွန် /ဝန်ဆောင်ခအနေနဲ့ ၀.၅% နှုတ်ယူထားပါတယ်။
သို့မဟုတ် Krungthai Bank , GSB Bank , BAAC စတဲ့ ဘဏ်ခွဲတွေမှာ ထုတ်လို့ရပါတယ်။ ဝန်ဆောင်ခ၊အခွန် အတွက် ၁%အထိ နှုတ်ယူထားတတ်ပါတယ် ။
သက်တမ်း - ထီပေါက်သည့်နေ့မှစ၍ ၂ နှစ်အတွင်း ထုတ်ယူရပါမည်။(၂ နှစ်ကျော်ပါက အစိုးရမှ အလိုအလျောက်ပြန်လည်သိမ်းဆည်းသွားပါသည်)
ဘာဆုပေါက်ပေါက် ထီပေါက်ရင်တော့ မြန်မာပြည်အကောင့်ထဲသို့ အခွန် /ဝန်ဆောင်ခ ၂% နှုတ်အပြီး ကျန်ငွေကို ကာလပေါက်စျေးအတိုင်း တွက်ပြီး ကျပ်ငွေလွဲပေးပါတယ် ။