29/05/2026
အသားဟင်းမပါဘဲထမင်းမြိန်ပြီးထပ်တလဲလဲစား
ချင်လောက်အောင် အရသာရှိတဲ့ခရမ်းသီးငါးပိအစပ်
ချက်ကိုအတူတူချက်စားကြရအောင်။ ပါဝင်ပစ္စည်း
တွေက ခရမ်းသီး (၃)လုံး၊ ကြက်သွန်နီအကြီး(၃)လုံး၊
ရွှေအုံ လုံးချောလုံးသန့်မြေပဲဆီ၊ ပုဇွန်ခြောက်မှုန့်
ထမင်းစားဇွန်း(၂)ဇွန်းစာ၊ ငါးပိ ထမင်းစားဇွန်း(၁)
ဝက်စာ၊ ငရုတ်သီးစိမ်း၊ ဆား၊ အရသာမှုန့်၊ အရောင်
တင်မှုန့်တို့ ဖြစ်ပါတယ်။
💁♀️ခရမ်းသီးတွေကိုရေသေချာဆေးပြီး (၄)ခြမ်းခြမ်း
ထားပါ။ ခရမ်းသီးထဲ အရသာဝင်စေဖို့ ဆား၊ အရသာ
မှုန့်၊ အရောင်တင်မှုန့်(၁)ဇွန်းထည့်ပြီး(၁၅) မိနစ်နှပ်ပါ။
💁♀️အရသာရှိတဲ့ဟင်းအနှစ်ချက်ဖို့အတွက် ကြက်သွန်
နီကိုလှီးပါ။ ငရုတ်သီးစိမ်းကိုထောင်းခြင်း သို့မဟုတ်
ကြိတ်ခြင်းပြုလုပ်ပါ။ အိုးကိုအပူပေးပြီး 🥜ရွှေအုံ
လုံးချောလုံးသန့်မြေပဲဆီကိုထည့်ပါ။ ဒါမှမြေပဲနံ့သင်း
နေပြီး ခံတွင်းတွေ့သွားစေမှာပါနော်။ ဆီပူပြီဆိုရင်
လှီးထားတဲ့ ကြက်သွန်နီကိုထည့်ပြီးအရောင်တင်
မှုန့်(၂)ဇွန်း၊ ငါးပိထမင်းစားဇွန်း (၁)ဝက်စာထည့်ပြီး
ဆီသတ်ပါ။ ငါးပိနံ့လေးသင်းလာရင်ပုဇွန်ခြောက်နဲ့
ထောင်းထားတဲ့ ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။
💁♀️အနှစ်က အနံ့လေးတော်တော်မွှေးလာပြီဆိုရင်
တော့ အရသာနှပ်ထားတဲ့ ခရမ်းသီးတွေကိုထည့်ပေး
ပါ။ အရသာအတွက်လိုအပ်ရင် ဆားနဲ့ အရသာမှုန့်တို့
ကိုထည့်နိုင်ပါတယ်။ ပြီးရင်တော့ ရေကိုဖန်ခွက်တစ်
ခွက် စာထည့်ပြီးအဖုံးအုပ်ထားပေးပါ။ ခရမ်းသီးတွေ
နူးအိပြီးရေခမ်းတော့မယ်ဆိုရင် အရသာမြည်းစမ်း
ပြီးအဆင်ပြေပြီဆိုရင်တော့သုံးဆောင်နိုင်ပါပြီရှင်။
#ရွှေအုံ #လုံးချောလုံးသန့်မြေပဲဆီ
#လုံးချောလုံးသန့်မြေပဲဆံမှသာထုတ်လုပ်ထားသည်။