Htae Wah-ထည်ဝါ နိဗ္ဗာန်ကုန်

Htae Wah-ထည်ဝါ နိဗ္ဗာန်ကုန် နိဗ္ဗာန်ကုန်နှင့်ဂမ္ဘီရပစ္စည်းများ အရောင်းပြခန်း

"သင့်စိတ်နှလုံးကို ဓမ္မရိပ်မှာ ခေတ္တအနားပေးလိုက်ပါ"‎‎လူသားတိုင်းဟာ နေ့စဉ်ဘဝရဲ့ တာဝန်ဝတ္တရားတွေကြားမှာ စိတ်ရောကိုယ်ပါ ပင်...
15/05/2026

"သင့်စိတ်နှလုံးကို ဓမ္မရိပ်မှာ ခေတ္တအနားပေးလိုက်ပါ"

‎လူသားတိုင်းဟာ နေ့စဉ်ဘဝရဲ့ တာဝန်ဝတ္တရားတွေကြားမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်တတ်ကြပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ မြတ်စွာဘုရားရှင်ရဲ့ လမ်းညွှန်ချက် တရားတော်တွေဟာ ပူလောင်မှုတွေကို ငြိမ်းအေးစေတဲ့ ရေစင်တစ်ပေါက်လိုပါပဲ။

‎"နတ္ထိ သန္တိပရံ သုခံ - ငြိမ်းချမ်းမှုထက် သာလွန်သော ချမ်းသာမည်သည် မရှိ" ဆိုတဲ့အတိုင်း စိတ်ရဲ့ငြိမ်းချမ်းမှုဟာ ဘဝမှာ အရေးကြီးဆုံးဖြစ်ပါတယ်။ မိမိရဲ့ အိမ်ဦးခန်းမှာ တင့်တယ်သပ္ပာယ်တဲ့ ဆင်းတုတော်တစ်ဆူကို ကြည်ညိုရင်း ဓမ္မရဲ့အနှစ်သာရကို ခံစားခြင်းက သင့်ရဲ့နေ့ရက်တွေကို ပိုမိုထည်ဝါစေမှာပါ။

‎"ထည်ဝါ" မှ မျှဝေပေးလိုက်တဲ့ ဒီတရားဓမ္မစာသားလေးက ဓမ္မမိတ်ဆွေတို့ရဲ့စိတ်ကို တစ်ခဏတာဖြစ်စေ အေးချမ်းမှုပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

#ထည်ဝါ #ဓမ္မ #နတ္ထိသန္တိပရံသုခံ #နိဗ္ဗာန်ကုန် #ရန်ကုန်မြို့

12/05/2026

‎ခမ်းနားမှုအပြည့်နဲ့ လာရောက်သူအပေါင်း စိတ်ချမ်းသာမှုအပြည့်ရစေမယ့် "ထည်ဝါ" နိဗ္ဗာန်ကုန်ပြခန်း‌✨

"ထည်ဝါ" ဆိုတဲ့ နာမည်နဲ့အညီ လူကြီးမင်းတို့အတွက် စိတ်တိုင်းကျတဲ့ ရွေးချယ်မှုဖြစ်စေဖို့ ပစ္စည်းတွေအဆင်သင့်ဖြစ်အောင် အကောင်းဆုံးပြင်ဆင်ထားပါတယ်ခင်ဗျာ🙏

‎ဆိုင်ထဲကိုဝင်လိုက်တာနဲ့ စိတ်အေးချမ်းမှုရှိစေမယ့် ဆိုင်အပြင်အဆင်၊ ပစ္စည်းတွေကို စနစ်တကျနဲ့ စုံစုံလင်လင် ရွေးချယ်နိုင်အောင် ခင်းကျင်းပြသထားတဲ့ ပုံစံလေးတွေကို ဒီ Video လေးထဲမှာ မြင်တွေ့ရမှာပါ✨

‎တစ်ခေါက်ရောက်ရုံနဲ့တင် စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ အရည်အသွေးပိုင်းရော၊ ဝန်ဆောင်မှုပိုင်းမှာပါ အသေးစိတ် ဂရုစိုက်ပေးထားပါတယ်✨

‎အခု Video လေးထဲကအတိုင်း လှပသပ်ရပ်တဲ့ နိဗ္ဗာန်ကုန်ပစ္စည်းအသစ်တွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက် လာရောက်ရွေးချယ်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ...

‎🏠ထည်ဝါနိဗ္ဗာန်ကုန် ဆိုင်လိပ်စာ: အမှတ် (၁၄)၊ ကျိုက္ကဆံဘုရားလမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

‎☎️ ထည်ဝါနိဗ္ဗာန်ကုန် ဆိုင်ဖုန်းနံပါတ်:
‎𝟎𝟗 𝟗𝟒𝟎 𝟐𝟎 𝟒𝟒 𝟖𝟖

‎ #ထည်ဝါနိဗ္ဗာန်ကုန်အရောင်းပြခန်း #နိဗ္ဗာန်ကုန်ပစ္စည်းအမျိုးမျိုးဖြန့်ချိရေး #အလှူဒါန #ပရိက္ခရာပစ္စည်း #ရန်ကုန်မြို့ #ဆိုင်အခင်းအကျင်း

🕯️"မြစကြာဒေါက်တာဇော်ဇော် ကိုယ်တိုင်စီရင်ထုတ်လုပ်အပ်သော ရှင်သီ၀လိဒီပံ နှင့်  ဂဏဒီပံအလင်းတိုင်"🕯️🕯️ရှင်သီ၀လိ - ဘက်စုံလဲသုံ...
11/05/2026

🕯️"မြစကြာဒေါက်တာဇော်ဇော် ကိုယ်တိုင်စီရင်ထုတ်လုပ်အပ်သော ရှင်သီ၀လိဒီပံ နှင့် ဂဏဒီပံအလင်းတိုင်"🕯️

🕯️ရှင်သီ၀လိ - ဘက်စုံလဲသုံးလို့ရတဲ့အပြင် ဈေးခန်း၊ဆိုင်ခန်း အရောင်သမားတွေ လာဘ်လာဘရွှင်လန်းစေရန်အဓိကထားသုံးလို့ရပါတယ်ခင်ဗျ🙏🏻

🕯️‎ဂဏဒီပံ ဝိဇ္ဇာမဟိဒ္ဓိစေဂိုဏ်း စမများပါ၀င်တဲ့အတွက် ဘက်စုံသုံးလို့ရသည့်အပြင် အတိုက်အခိုက်၊အနှောင့်အယှက်၊ပယောဂများနေသူတွေအတွက် အဓိကထားသုံးလို့ရပါတယ်ခင်ဗျာ🙏🏻

‎🏠ထည်ဝါနိဗ္ဗာန်ကုန် ဆိုင်လိပ်စာ: အမှတ် (၁၄)၊ ကျိုက္ကဆံဘုရားလမ်း၊ ဆ/က ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

‎☎️ ထည်ဝါနိဗ္ဗာန်ကုန် ဆိုင်ဖုန်းနံပါတ်:
‎𝟎𝟗 𝟗𝟒𝟎 𝟐𝟎 𝟒𝟒 𝟖𝟖

‎ #ထည်ဝါနိဗ္ဗာန်ကုန်နှင့်ဂမ္ဘီရပစ္စည်းအရောင်းပြခန်း
#ကျန်းမာချမ်းသာကြပါစေ 🌿🙏🏻🙏🏻🙏🏻🌿

မိတ်ဆွေတို့ရဲ့အလှူစိတ်ကူးလေးကို ပြော‌ပေးခဲ့ကြပါဦးလားခင်ဗျာ...🙋 #ထည်ဝါ  #နိဗ္ဗာန်ကုန်ပစ္စည်း  #အလှူဒါန  #နှစ်သစ်မင်္ဂလာ
09/05/2026

မိတ်ဆွေတို့ရဲ့အလှူစိတ်ကူးလေးကို ပြော‌ပေးခဲ့ကြပါဦးလားခင်ဗျာ...🙋

#ထည်ဝါ #နိဗ္ဗာန်ကုန်ပစ္စည်း #အလှူဒါန #နှစ်သစ်မင်္ဂလာ

1.5.2026 မှ 15.5.2026 ထိ(၇)ရက်သား၊သမီးများ အတွက် လတစ်၀က်စာ ကံကြမ္မာနိမိတ်🔮 #ထည်‌ဝါနိဗ္ဗာန်ကုန်နှင့်ဂမ္ဘီရပစ္စည်းအရောင်းပ...
03/05/2026

1.5.2026 မှ 15.5.2026 ထိ

(၇)ရက်သား၊သမီးများ အတွက် လတစ်၀က်စာ ကံကြမ္မာနိမိတ်🔮

#ထည်‌ဝါနိဗ္ဗာန်ကုန်နှင့်ဂမ္ဘီရပစ္စည်းအရောင်းပြခန်း
#ကျန်းမာချမ်းသာကြပါစေ 🌿🙏🏻🙏🏻🙏🏻🌿

နှစ်သစ်ကုသိုလ်ကို "ထည်ဝါ" နဲ့အတူ စိတ်အေးချမ်းသာစွာ ပြင်ဆင်စို့...🙏🪷နှစ်သစ်ရဲ့ အစပြုခြင်းမှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ မင...
02/05/2026

နှစ်သစ်ကုသိုလ်ကို "ထည်ဝါ" နဲ့အတူ စိတ်အေးချမ်းသာစွာ ပြင်ဆင်စို့...🙏🪷

နှစ်သစ်ရဲ့ အစပြုခြင်းမှာ ကုသိုလ်ကောင်းမှုတွေနဲ့အတူ မင်္ဂလာရှိစွာ ဖြတ်သန်းချင်သူတွေအတွက်...

အလှူအတန်းပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းအတွက် ပရိက္ခရာပစ္စည်းလှူဒါန်းဖို့ပဲဖြစ်ဖြစ် စိတ်တိုင်းကျပြီး ပြည့်စုံတဲ့အလှူတစ်ခုဖြစ်စေဖို့ "ထည်ဝါ" မှာ အစုံအလင် ရရှိနိုင်ပါတယ်ခင်ဗျာ...

သင်္ကန်း၊ သပိတ် အစရှိတဲ့ အခြေခံပရိက္ခရာပစ္စည်းတွေကအစ အလှူတော်အတွက် လိုအပ်တာမှန်သမျှ တစ်နေရာတည်းကနေ ဝယ်ယူရရှိနိုင်ပါတယ်🙏

အရည်အသွေးပ်ိုင်းမှာလည်း ၁၀၀% စိတ်ချရတဲ့အတွက် အလှူပြုသူတိုင်း စိတ်ချမ်းသာစေမှာ အမှန်ပါပဲခင်ဗျာ...

နှစ်သစ်ကုသိုလ် အလှူပြုဖို့ "ထည်ဝါ" ကိုသာ မှာယူကြပါစို့လား..🙏

#ထည်ဝါ #နှစ်သစ်ကုသိုလ် #အလှူအတန်း #နိဗ္ဗာန်ကုန်ပြခန်း #ရန်ကုန်မြို့ #ပရိက္ခရာ

‎ကိုယ့်ရဲ့နေအိမ်ကို ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ အိမ်လေးအဖြစ် ဖန်တီးချင်ပါသလား 🤗‎‎"အိမ်"ဆိုတာ နေစရာတစ်ခုအပြင် မိသားစုစီး...
01/05/2026

‎ကိုယ့်ရဲ့နေအိမ်ကို ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ အိမ်လေးအဖြစ် ဖန်တီးချင်ပါသလား 🤗

‎"အိမ်"ဆိုတာ နေစရာတစ်ခုအပြင် မိသားစုစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေနဲ့ဆိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်..

‎ဒီလိုမျိုးအားလုံးနဲ့သက်ဆိုင်တဲ့ အိမ်လေးတစ်လုံးကို ကျက်သရေမင်္ဂလာနဲ့ ပြီးပြည့်စုံဖို့အတွက် ကျွန်တော်တို့"ထည်ဝါ" ကနေ အေးချမ်းခြင်း၊ လာဘ်ရွှင်ခြင်းတွေ ခေါ်ဆောင်လာပေးမယ့် အစီအရင်ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်.🪷

ကံပွင့်၊ ဉာဏ်ပွင့်စေမယ့် အစီအရင်ပစ္စည်း‌တွေဟာဆိုရင် မြစကြာ Collection ကနေထုတ်လုပ်ထားပြီး-

✔︎ ‎ငွေကြေးစီးဆင်းမှု ကောင်းမွန်စေတယ်။
✔︎ လုပ်ငန်းခွင်မှာ အခွင့်အလမ်းကောင်းများ ရရှိဖို့ အထောက်အကူပြုတယ်။
✔︎ ‎အိမ်တွင်းပတ်ဝန်းကျင်ကို ကြည်လင်အေးမြစေတယ်။

ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့နေအိမ်ကို ကောင်းခြင်းတွေနဲ့ ပြည့်စုံစေဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ "ထည်ဝါ" ရဲ့အစီအရင်ပစ္စည်းလေးတွေကို လာရောက်မှာယူလိုက်တော့နော်...🪷✨

#ထည်ဝါ #အစီအရင်ပစ္စည်းများ #မြစကြာ #နိဗ္ဗာန်ကုန် #ကံပွင့် #ဉာဏ်ပွင့် #ရန်ကုန်မြို့

"ထည်ဝါ"နဲ့အတူ အမွန်မြတ်ဆုံးသော ကုသိုလ်အလှူကို ဆင်နွှဲပါ ✨🙏သင်္ကန်းဆိုတာ ရဟန်းသံဃာတော်တွေအတွက် အဝတ်အထည်ဆိုတာထက် ပိုပါတယ်။...
28/04/2026

"ထည်ဝါ"နဲ့အတူ အမွန်မြတ်ဆုံးသော ကုသိုလ်အလှူကို ဆင်နွှဲပါ ✨🙏

သင်္ကန်းဆိုတာ ရဟန်းသံဃာတော်တွေအတွက် အဝတ်အထည်ဆိုတာထက် ပိုပါတယ်။ ဒါဟာ မြတ်စွာဘုရားရှင်ရဲ့ သာသနာ့အလံတော်ဖြစ်သလို၊ လှူဒါန်းသူရဲ့ သန့်စင်တဲ့ သဒ္ဓါတရားကို ဖော်ပြတဲ့ အမြင့်မြတ်ဆုံး ပူဇော်ပစ္စည်းလည်းဖြစ်ပါတယ်။

ဒီလိုမွန်မြတ်တဲ့ အလှူကို ပြုလုပ်တဲ့အခါ အလှူရှင်ရဲ့ စေတနာအတိုင်း အကောင်းဆုံးဖြစ်စေဖို့ "ထည်ဝါ" က အထူးဂရုစိုက် ပြင်ဆင်ပေးထားပါတယ် ☸

သံဃာတော်တွေ သီတင်းသုံးရာမှာ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်သောင့်သက်သာ ရှိစေဖို့အတွက် အေးမြနူးညံ့တဲ့ အဆင့်မြင့်ပိတ်သားများကိုသာ အထူးရွေးချယ်အသုံးပြုထားပါတယ်။

အရောင်အသွေးအပိုင်းမှာလည်း ဘုရားဟော ဝိနည်းတော်နဲ့အညီဖြစ်စေဖို့ စနစ်တကျ စီမံထားလို့ ကြည်ညိုသပ္ပာယ်မှု အပြည့်ရှိနေစေမှာပါ။

ချုပ်ရိုးချုပ်သား သေသပ်ခိုင်ခံ့တာကြောင့် ကြာရှည်အသုံးခံပြီး လှူဒါန်းရတဲ့ အလှူရှင်ရော၊ ခံယူတော်မူတဲ့ အရှင်သူမြတ်များပါ စိတ်ချမ်းမြေ့ ပီတိဖြစ်စေမှာ အမှန်ပါပဲ 😇

ဒါကြောင့် ကိုယ်တိုင်လှူဖို့ဖြစ်ဖြစ်၊ မိဘဘိုးဘွားတွေအတွက် ရည်မှန်းလှူဒါန်းတာပဲဖြစ်ဖြစ် ထည်ဝါကိုသာ သတိရလိုက်ပါခင်ဗျာ။

#ထည်ဝါ #သင်္ကန်းပရိက္ခရာ #အလှူတော် #သာသနာ့အလံတော် #သဒ္ဓါတရား #ကုသိုလ်အထူး

ကျွန်တော်တို့ထည်ဝါဆ်ိုင် မိသားစုအလှူလေးနဲ့ ငွေဆောင်Trip လေး ရှိလို့  27.4.2026 ကနေ 1.5.2026 ထိပိတ်ပါမယ်ခင်ဗျ 🥰🙏🏻2.5.2026...
26/04/2026

ကျွန်တော်တို့ထည်ဝါဆ်ိုင် မိသားစုအလှူလေးနဲ့ ငွေဆောင်Trip လေး ရှိလို့ 27.4.2026 ကနေ 1.5.2026 ထိပိတ်ပါမယ်ခင်ဗျ 🥰🙏🏻

2.5.2026 တွင် ပုံမှန်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး onlineမှ စာတွေကိုလည်းပြန်လည်ဖြေကြားပေးသွားပါမယ်ခင်ဗျာ 🥰🙏🏻

#ထည်ဝါနိဗ္ဗာန်ကုန်နှင့်ဂမ္ဘီရပစ္စည်းအရောင်းပြခန်း
#ကျန်းမာချမ်းသာကြပါစေ 🌿🙏🏻🙏🏻🙏🏻🌿

‎📿ပူပင်သောကကင်းလို့ စိတ်အေးချမ်းမှုကို အစပြုချင်ပါသလား❓‎‎ကျွန်တော်တို့လို လောကီလူတွေဆိုတာ ရုန်းကန်နေရတဲ့ လောကဓံတွေကြားမှ...
25/04/2026

‎📿ပူပင်သောကကင်းလို့ စိတ်အေးချမ်းမှုကို အစပြုချင်ပါသလား❓

‎ကျွန်တော်တို့လို လောကီလူတွေဆိုတာ ရုန်းကန်နေရတဲ့ လောကဓံတွေကြားမှာ စိတ်အပူတွေ များလာတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ အပြင်ပန်းက ရှုပ်ထွေးမှုတွေကို ခဏမေ့ထားပြီး ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။

‎ဒီလိုမျိုးအပူသောကတွေကနေ သက်သာစေဖို့ဆိုရင် တိတ်ဆိတ်တဲ့ ညနေခင်းတစ်ခုမှာပဲဖြစ်ဖြစ်၊ မနက်ခင်း အာရုံတက်ချိန်မှာပဲဖြစ်ဖြစ် လက်ထဲမှာ ပုတီးတစ်ကုံးကိုင်ပြီး ပုတီးစိတ်ခြင်းဖြင့် စိတ်အမောတွေကို သက်သာစေပါတယ်။

‎ဒါကြောင့်လည်း ကျွန်တော်တို့ "ထည်ဝါ" ကနေ ပုတီးတစ်ကုံးချင်းစီကို အဆင့်အတန်းရှိရှိနဲ့ စိတ်အေးချမ်းမှုရဲ့ အဖော်မွန်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပုတီးအမျိုးမျိုးကို ဖန်တီးရောင်းချပေးနေပြီပဲဖြစ်ပါတယ်။

‎"ထည်ဝါ" ဆိုတဲ့ နာမည်အတိုင်းပဲ ပုတီးအမျိုးမျိုးတိုင်းဟာလည်း မြင်လိုက်ရုံနဲ့ တင့်တယ်လှပတဲ့ ဒီဇိုင်းမျိုးဖြစ်လို့ မိမိအတွက်ပဲဖြစ်ဖြစ်၊ ကျေးဇူးကြီးမားတဲ့ လူကြီးမိဘတွေကို ပေးကမ်းကန်တော့ဖို့ပဲဖြစ်ဖြစ် အလွန်တန်ဖိုးရှိပါတယ်📿

‎နောက်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုတောက်ပြောင်ပြီး အဆင့်အတန်းရှိနေစေမယ့် ကုန်ကြမ်းကောင်းတွေကိုသာ အသုံးပြုထားတဲ့ အရည်အသွေးမြင့် ပုတီးကုံးတွေပဲဖြစ်ပါတယ်📿

‎စိတ်အေးချမ်းခြင်းဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ လက်ထဲက ပုတီးတစ်ကုံးကနေလည်း စတင်နိုင်ပါတယ်။ ဒါ‌ကြောင့် နေ့စဉ်ဘဝရဲ့ မောပန်းမှုတွေကို ဓမ္မရဲ့ အအေးဓာတ်နဲ့ ကုစားဖို့ ကျွန်တော်တို့ "ထည်ဝါ" ရဲ့ ပုတီးတော်တွေနဲ့အတူ အဖော်ပြုလိုက်ကြပါစို့ခင်ဗျာ...✨🧘

‎ #ထည်ဝါ #စိတ်အေးချမ်းခြင်း #ပုတီး #ဓမ္မ #နိဗ္ဗာန်ကုန် #ရန်ကုန်မြို့ #ပုတီအမျိုးမျိုး

‎နိဗ္ဗာန်ကုန်ပစ္စည်းအတွက်ဆို အမြဲစိတ်ချရစေမယ့်‌ တစ်ခု‌တည်းသောနေရာ "ထည်ဝါ"🎉‎ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အစဉ်ထာဝရ...
22/04/2026

‎နိဗ္ဗာန်ကုန်ပစ္စည်းအတွက်ဆို အမြဲစိတ်ချရစေမယ့်‌ တစ်ခု‌တည်းသောနေရာ "ထည်ဝါ"🎉

ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အစဉ်ထာဝရ ဦးထိပ်ပန်ဆင်ထားကြတဲ့ သူတော်စင်အပေါင်းတို့အတွက် ကြည်ညိုသပ္ပာယ်မှု အစုစုတို့တည်ရှိရာ "ထည်ဝါ" မှ ကြိုဆိုလိုက်ပါတယ်။

‎လူသားတစ်ဦးရဲ့ ဘဝခရီးလမ်းအတွက် ရတနာသုံးပါးရဲ့ အရိပ်အာဝါသကို ခိုလှုံရခြင်းဟာ အေးချမ်းမှုအစစ်အမှန်ကို ရရှိစေသကဲ့သို့၊ မိမိတို့ရဲ့ ကုသိုလ်ကောင်းမှု အစုစုကို ဖော်ဆောင်ရာမှာလည်း စိတ်တိုင်းကျ ပြည့်စုံမှုရှိနေစေရန် အထူးအရေးကြီးလှပါတယ်...

‎ဒါကြောင့် "ထည်ဝါ" ကနေ အလှူဒါနပြုလိုသူများအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်အသုံးပြုလိုသူများအတွက်သော်လည်းကောင်း အကောင်းဆုံးသော အရည်အသွေးတွေနဲ့ ဖန်တီးထားတဲ့ နိဗ္ဗာန်ကုန်ပစ္စည်းတွေကို စုစည်းရောင်းချပေးနေတာပဲဖြစ်ပါတယ်...

‎"ထည်ဝါ" နိဗ္ဗာန်ကုန်အရောင်းပြခန်းမှာဆိုရင် -

‎🪷သပ္ပာယ်ကြည်ညိုဖွယ်ရာ ဘုရားဆင်းတုတော်များ။
‎🪷သံဃာတော်များအတွက် အရည်အသွေးမြင့် သင်္ကန်းတော်များ။
‎🪷ဓမ္မမိတ်ဆွေများအတွက် ပုတီးနှင့် အသုံးအဆောင်များ။
‎🪷စီးပွားရေး၊ ကျန်းမာရေး၊ မိသားစုအရေးအတွက် အသုံးပြုနိုင်တဲ့ အစီအရင်ပစ္စည်းများ စတဲ့ ပစ္စည်းတွေကို တစ်နေရာတည်းကနေ ဝယ်ယူရရှ်ိနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ..

‎မိမိတို့ရဲ့ ဘဝခရီးလမ်းကို ရတနာသုံးပါးရဲ့ အရိပ်အောက်မှာ အေးချမ်းစွာ ဖြတ်သန်းရင်း ထည်ဝါခန့်ညားတဲ့ အလှူဒါနများကို ဖန်တီးချင်တယ်ဆိုရင် "ထည်ဝါ" သို့ ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ...

‎ #ထည်ဝါ #ရတနာသုံးပါး #သင်္ကန်း #ဘုရားဆင်းတုတော် #အလှူတော် #နိဗ္ဗာန်ကုန်

Address

No14/Sa Ka Ward , Kyike Ka San Pagoda Road/Thingangyun Township
Yangon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959940204488

Website

Alerts

Be the first to know and let us send you an email when Htae Wah-ထည်ဝါ နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htae Wah-ထည်ဝါ နိဗ္ဗာန်ကုန်:

Share