YM Delights

YM Delights Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YM Delights, Kitchen/Cooking, Yangon.

အိမ်မှာပဲ အလွယ်တကူ ဖန်တီးလို့ရတဲ့ အရသာရှိတဲ့ မုန့်လုပ်နည်းလေးတွေနဲ့ အချိုပွဲဆန်းဆန်းလေးတွေကို အမြဲမျှဝေပေးနေပါတယ်။ ချိုမြိန်တဲ့ ပျော်ရွှင်မှုတွေကို YM Delights နဲ့အတူတူ ဖန်တီးကြည့်နိုင်ပါတယ်

Popcorn ဝါသနာအိုးတွေအတွက် သတင်းကောင်း! 😍 ဆိုင်မှာဝယ်စားရင် တစ်ထုပ်ကို ထောင်ဂဏန်းပေးနေရတဲ့ Caramel Popcorn ကို အိမ်မှာပဲ ...
21/02/2026

Popcorn ဝါသနာအိုးတွေအတွက် သတင်းကောင်း! 😍 ဆိုင်မှာဝယ်စားရင် တစ်ထုပ်ကို ထောင်ဂဏန်းပေးနေရတဲ့ Caramel Popcorn ကို အိမ်မှာပဲ ကျပ်ရာဂဏန်းလောက်နဲ့ စိတ်ကြိုက်လုပ်စားလို့ ရနေပါပြီ။

လုပ်ရတာကလည်း လွယ်လွန်းလို့ ကလေးတွေတောင် ဝိုင်းကူလို့ရတယ်နော်။❤️

နှစ်ယောက်စာအတွက် လိုအပ်တဲ့ပစ္စည်းများ -

ပြောင်းဖူးစေ့ -ထမင်းစားဇွန်း ၃ ဇွန်း (ပေါက်လာရင် နှစ်ယောက်စာအနေတော်ပါပဲ)

ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ

သကြား - ထမင်းစားဇွန်း ၃ ဇွန်း (အချိုကြိုက်ရင် ၄ ဇွန်း)

ဆား - အနည်းငယ် (အရသာလေးလေးပင်ပင် ဖြစ်စေဖို့)

ပြုလုပ်နည်းအဆင့်ဆင့် -

အရင်ဆုံး ပြောင်းဖူးစေ့တွေကို အိုးထဲမှာ အဖုံးအုပ်ပြီး ပေါက်အောင်အရင်လုပ်ပါ။

အိုးတစ်လုံးထဲမှာ သကြားနဲ့ ထောပတ်ကို ထည့်ပြီး သကြားလေးတွေ အရည်ပျော်ပြီး အညိုရောင် Caramel ရည်လေးဖြစ်လာတဲ့အထိ အပူပေးပါ။

ရလာတဲ့ Caramel ရည်လေးထဲကို ဆားလေးနည်းနည်းထည့်ပြီး မီးပိတ်လိုက်ပါ။

ပေါက်ထားတဲ့ Popcorn တွေပေါ်ကို Caramel ရည်လေးလောင်းချပြီး သမအောင် မွှေပေးလိုက်ရင် ရပါပြီ!

Extra tip💡👇

Caramel ရည်ရသွားတဲ့အချိန်မှာ မုန့်ဖုတ်ဆိုဒါ (Baking Soda) လေး အနည်းငယ် ထည့်မွှေလိုက်ပါ။ ဒါဆိုရင် Caramel က ပွတက်လာပြီး ပေါက်ပေါက် တွေပေါ်မှာ ပါးပါးကြည်ကြည်လေးနဲ့ ကပ်သွားမှာပါ။ သွားမှာလည်း လုံးဝမကပ်ဘဲ တကယ့်ကို ကြွပ်ကြွပ်ရွရွ ဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။ 🤫
မရှိရင်တော့ မထည့်လဲ အဆင်ပြေပါတယ်နော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YM Delights posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share