Easy Cookware

Call Directions Contact the business

Easy Cookware မိတ်ဆွေတို့အတွက်
ပေးရသောဈေးထက် သာလွန်ကောင်းမွန်သော ပစ္စည်းများသာရောင်းပါသည်။

29/09/2026

✨ဆရာမကြီးအကြံပြုပြောကြားသည့်သက်ရှည် ကျန်းမာချင်တယ် ဆိုရင်-

-အစာ လျှော့စားပါ။
-စားတဲ့ ပမာဏကို လျှော့ပါ။
-မလိုအပ်တဲ့ အရသာရှိအောင် ထည့်တဲ့ အပိုတွေ မသုံးသင့်ပါ။
-ရိုးရိုးရေပဲ သောက်ပါ။
-အိပ်ရေး ဝအောင် အိပ်ပါ။
-လမ်းလျှောက်ပါ၊ ကိုယ်လက်လှုပ်ရှားပါ။
-Vegetable oil, Soy bean oil, Corn oil, Canola oil ​တွေကို မီးပြင်းပြင်းဖြင့် ချက်ခြင်းကို ရှောင်ပါ။
-အသား၊ ကြက်ဥ ပိုစားပါ
-အဆီ စားပါ။
-Carbohydrates ဓာတ်ကို လျှော့နိုင်သမျှ လျှော့ပါ။
-နေရောင်ခြည် တစ်နေ့ ကို ၁၅ မိနစ် နာရီဝက် လောက်အထိ ခံပါ။
-မြေဓာတ် ယူပါ။
-အပြင် အစားအသောက်များ လျှော့နိုင်သမျှ လျှော့ပါ။ အိမ်မှာ ချက်စားပါ။
-ချဉ်ဖတ်စားတဲ့ အကျင့် လုပ်ပေးပါ။
-အိမ်လုပ် ဒိန်ချဉ် အကောင်းဆုံး ဖြစ်ပါတယ်။ ဒိန်ချဉ်လုပ်တဲ့အခါ Probiotics ဖောက်ထည့်ပါ။
-Vitamin D3 5000 IU မှန်မှန်သောက်ပါ၊ Vitamin K 2 နဲ့ တွဲ သောက် ပါ။
-ကျောက်ပွင့် စားတတ်အောင် လေ့ကျင့်ပါ။
-အသီးစားတဲ့ ပမာဏကို လျော့ပါ။
-တတ်နိုင်တယ် ဆိုရင် လိုအပ်တဲ့ ဗီတာမင်နဲ့ အကူဓာတ်စာများကို မှီဝဲပါ။ (Magnesium, Zinc, Probiotic, B complex, Fish Oil, Coq10)
-ယောနိသောမနသိကာရ (အကောင်းမြင်ဝါဒ နဲ့ နှလုံးသွင်းခြင်း) ရှိရင် စိတ်အေးချမ်းမယ်။
-အစားနည်းတဲ့သူဟာ အသက်ရှည်တတ်ပါတယ်။

စားတဲ့ အစာကို ခန္ဓာကိုယ်က စွမ်းအင်ထုတ်တဲ့ အခါ (Krebs Citric Acid Cycle ) မှာ စွမ်းအင်တွေ ထွက်လာတာနဲ့ အမျှ ဥပါဒ်ပေးမဲ့ free radicals တွေလည်း ထွက်လာလို့ ဖြစ်ပါတယ်၊ ဆေးကျောင်းတုန်းက သင်ထားတဲ့ အခြေခံ ဖြစ်ပါတယ်။

Free radical တွေ များလေ ခန္ဓာကိုယ် ​ရောင်ကိုင်းလေ ဖြစ်ပါတယ်။

များများစားလေ ခန္ဓာကိုယ်ယောင်ကိုင်းဖို့ လမ်းများလေလေ ဖြစ်ပါတယ်။

လူတွေ အများကြီး စားနေကြတာဟာလည်း များသောအားဖြင့် ရသတဏှာကြောင့် ဖြစ်ပါတယ်။ ရသတဏှာသည် သံသရာ၌ ဆင်းရဲအပေါင်းကို ဖြစ်စေတတ်သောကြောင့် နိကနတ္တိ​ဘေး ဘေးမည်၏။ (ဝိသုဒ္ဓိမဂ် အာဟာရေ ပဋိက္ကူလ သညာ)

အစာစားတဲ့အခါ မမက်မော၊ မတွေဝေဘဲ အလိုရှိ သော အကျိုးကိုသာ ဥာဏ်နဲ့ယှဉ်ပြီး စားရမှာ ဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
# Credit To A Better Health

18/09/2026

သိပ်သဘောကျရတဲ့ စာရေးဆရာမပါအေ😊

မနက်က စားပွဲခုံအံဆွဲကို အမေရှင်းလင်းရေးလုပ်ရင်း ဘုရားပုံလေးကို တွေ့သွားတော့ ရာဇဝင် တကျော့ပြန်လာပြန်တယ် ။

ဒီဘုရားကို အဖွားရဲ့အဖွားက လှူဒါန်းခဲ့တာပါ ။

အမျိုးဇယားရွတ်ကြည့်ရသလောက် ကိုယ်တွေနဲ့ဆို ဘီတော်မယ်ထင်ပါရဲ့ ။

ဝါးခယ်မတဖက်ကမ်းမှာရှိတဲ့ ရွာသစ်ဆိုတဲ့ရွာလေးရဲ့ ရွာလယ်ဓမ္မာရုံထဲမှာ တည်ထား လှူဒါန်းခဲ့တာပါ ။

ဟိုးတုန်းကတော့ ဓမ္မာရုံကော ဘုရားကော ရေသိမ်တွေကော ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပေမဲ့ အဆင့်ဆင့်ပြောင်းလဲလာတဲ့ အလှူရှင်တွေကြား ဘုရားဆင်းတုကတော့ မူလအတိုင်းကျန်ခဲ့ပါတယ် ။

လွန်ခဲ့သော ၁၅နှစ်လောက်က ရွာကျောင်းဆရာတော်နဲ့တိုင်ပင်ပြီး ကျန်ရှိနေတဲ့ဘုရားကို အမေနဲ့အဖေက ပလ္လင်တွေဘာတွေတည်ပြီး လှူဒါန်းကုသိုလ်ယူခဲ့ကြတယ် ။

အဲ့ဒီအချိန် ညီအစ်မတွေကလည်း ဘုရားမှာ ကျောက်စိမ်းပန်းအိုး၂လုံးနဲ့ ပန်းအိုးထိုးဖို့ နှင်းဆီပန်းခြောက်အဝါလေးတွေဝယ်ပြီးလှူဒါန်းခဲ့တယ် ။

ဘုရားအပေါ်မှာ မျက်နှာကျက်အဖြစ် ဖဲသားအဝါစကြီးကို အတွန့်အဖတ်တွေနဲ့ ကိုယ်တိုင်ချုပ်ပြီး ကျောင်းကထိန်ပွဲကျင်းပတဲ့အချိန်မှာ မျက်နှာကျက်အဖြစ် လှူဒါန်းကုသိုလ် ယူဖြစ်ခဲ့တယ် ။

ဒါတွေဟာ ကြာခဲ့ပါပြီ ။​

ဒါပေမဲ့ ဒီနေ့ အမေက အဲ့ဒီဘုရားပုံကို ပြန်တွေ့ပြီး ကိုယ့်ကို

" ကြက်မှာ အရိုး လူမှာ အမျိုးဆိုသလို ကိုယ့်ရဲ့ မျိုးရိုးဆိုတာ မတိမ်ကော မပျောက်ကွယ်သွားစေဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း " တွေ အမျိုးဋီကာချီပြီး သြဝါဒတွေမိန့်ကြားတော့တာ ။

ဒါနဲ့ပဲ ကိုယ်လည်း ဂွင်ဝင်လာတုန်း

" အမေ !!!!

ကြက်မှာ အရိုး လူမှာ အမျိုးဆိုပေမဲ့
အမေနဲ့ အဖေကလည်း တဦးတည်းသားနဲ့သမီး ယူကြတာ ။

ဟော !!!!

အမေမွေးထားတဲ့ သမီးတို့ ညီအစ်မ ၄ယောက်ကိုကြည့်ပြန်တော့လည်း တယောက်ပဲ အိမ်ထောင်ကျတယ် ။

အိမ်ထောင်ကျတဲ့တယောက်ကလည်း သားသမီးက မရှိ ။

အဲ့ဒါ သမီးတို့လက်ထက်မှာ မိဘဘိုးဘွား မျိုးရိုးကို ဆက်ပြီး ထိမ်းသိမ်းမဲ့သူမရှ်ိတော့ပဲ ကမ္ဘာဦးကဒိုင်နိုဆောတွေလိုပဲ သမီးတို့တဆက်ပြီးရင် မျိုးတုံး ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးကြီး ဖြစ်နေနိုင်တယ် အမေရယ် ။

အဲ့ဒါကြောင့် ကြက်မှာအရိုး လူမှာ အမျိုးဆိုတာကြီး မတိမ်ကော မပပျောက်ဖို့ အမေ့အနေနဲ့ မိဘတို့ဝတ္တရားရှိသည်အတ်ိုင်း ဆောင်ရွက်ဖို့ လိုနေပြီ " လို့ ပြောတော့

" ဟဲ့
ညည်းကို ဘယ်သူက တားနေလို့လဲ ။
ကြိုက်တဲ့သူရှိရင် ငါက မိဘတို့ဝတ္တရားရှိသည်အတိုင်း မလုပ်ပေးပဲ နေမလား ။
ခေါ်လာခဲ့ " တဲ့

သြော် အမေ အမေ !!!!!!!

ခုများတော့ လေသံက အထက်စီးနင်း နိုင်လိုက်တာ ။

ငယ်ငယ်အရွယ်တုန်းကတော့ လင်မယူနဲ့ အပျိုကြီးပဲလုပ်ပါ သမီးရယ်ဆိုပြီး ဆုံးမခဲ့တာ အမေမဟုတ်သလိုပဲ😏😏

ဒီအရွယ်ဆို လင်မရတော့ဘူးများ အထင်စမောနေလားပဲ😏😏😏

" ကြက်မှာအရိုး လူမှာအမျိုး မဟုတ်ပဲ
ဒီရက် ဂယက်ထနေတဲ့ ဟို အန်တီမတ်မတ်ကြီးလို•••••

လူမှာအချစ် ကြက်မှာအမြစ် " ဆိုပြီး အစင်လေးတွေ ခေါ်လိုက်ရ

ဟွန်းးးးးးးးးးး

ယဥ်ယဥ် ( ရွှေခယ်မြေ )

🚨ဆရာဝန်တွေဆီ ရောက်လာတဲ့ ကျောက်ကပ်လူနာ အများစုဟာ "ကျွန်တော်/ကျွန်မ ဘာမှမဖြစ်ဘဲနဲ့ ရုတ်တရက်ကြီး ကျောက်ကပ်ပျက်သွားတာပါ" လို...
16/08/2026

🚨ဆရာဝန်တွေဆီ ရောက်လာတဲ့ ကျောက်ကပ်လူနာ အများစုဟာ "ကျွန်တော်/ကျွန်မ ဘာမှမဖြစ်ဘဲနဲ့ ရုတ်တရက်ကြီး ကျောက်ကပ်ပျက်သွားတာပါ" လို့ ပြောလေ့ရှိကြပါတယ်။
တကယ်တော့ ကျောက်ကပ်ဟာ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတဲ့အထိ ဘာလက္ခဏာမှ မပြဘဲ ငြိမ်နေတတ်တဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုပါ။ သင့်ရဲ့ နေ့စဉ်လူနေမှုဘဝမှာ သတိမထားမိဘဲ ပြုလုပ်နေတဲ့ ဒီအမူအကျင့် ၅ ခုဟာ သင့်ကျောက်ကပ်ကို တဖြည်းဖြည်းချင်း ဖျက်ဆီးနေတာ ဖြစ်နိုင်ပါတယ်။
၁။ ရောဂါတစ်ခုခုဖြစ်တာနဲ့ ဆေးဆိုင်ပြေးပြီး အကိုက်အခဲပျောက်ဆေး ဝယ်သောက်ခြင်း
ခေါင်းနည်းနည်းကိုက်တာ၊ ကြွက်သားနည်းနည်းနာတာနဲ့ အကိုက်အခဲပျောက်ဆေး အပျင်းစားတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ သောက်လေ့ရှိပါသလား❓
အကိုက်အခဲပျောက်ဆေးတွေကို ပုံမှန်ရေရှည်သောက်သုံးခြင်းဟာ ကျောက်ကပ်ဆီသွားတဲ့ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး ကျောက်ကပ်ဆဲလ်တွေကို တိုက်ရိုက်ပျက်စီးစေပါတယ်။
၂။ ရေငတ်မှ ရေသောက်ခြင်း (သို့) ရေဆာတာကို အချိုရည်ဖြင့် အစားထိုးခြင်း
"ရေငတ်တယ်" ဆိုတဲ့ ခံစားချက်ရလာတာကိုက သင့်ခန္ဓာကိုယ်မှာ ရေဓာတ် စတင်ခမ်းခြောက်နေပြီဆိုတဲ့ သင်္ကေတပါ။
ရေနည်းရင် ကျောက်ကပ်က အဆိပ်အတောက်တွေကို ထိရောက်စွာ မစွန့်ထုတ်နိုင်တော့ဘဲ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ပိုးဝင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရေအစား အချိုရည်၊ ကော်ဖီနဲ့ ဘီယာတွေကို အစားထိုးသောက်သုံးခြင်းက ကျောက်ကပ်ကို ပိုမိုဝန်ပိစေပါတယ်။
၃။ အငန်နှင့် ပြုပြင်ဖန်တီးထားသော အစားအစာ (Processed Food) များ ကြိုက်နှစ်သက်ခြင်း
အသင့်စား ခေါက်ဆွဲခြောက်၊ အာလူးကြော်နှင့် စည်သွပ်ဗူး စတာတွေမှာ ဆိုဒီယမ် (ဆား) ဓာတ် အလွန်အမင်း ပါဝင်ပါတယ်။
ဆားဓာတ်လွန်ကဲခြင်းက သွေးတိုးစေပြီး ကျောက်ကပ်အတွင်းရှိ သွေးကြောသေးသေးလေးတွေကို ပျက်စီးစေပါတယ်။ ဒါ့အပြင် Processed food တွေမှာပါတဲ့ ဖော့စဖရပ်စ် (Phosphorus) ဓာတ်ဟာလည်း ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်စေပါတယ်။
၄။ ဆီးခဏခဏ အောင့်ထားခြင်း
အလုပ်ရှုပ်လို့၊ ကားပိတ်လို့ ဒါမှမဟုတ် ဂိမ်းဆော့/ဇာတ်လမ်းကြည့်နေလို့ဆိုပြီး ဆီးသွားချင်တာကို အောင့်ထားလေ့ရှိပါသလား❓
ဆီးခဏခဏ အောင့်ခြင်းဟာ ဆီးအိမ်တွင်း ဘက်တီးရီးယား ပေါက်ဖွားမှုကို မြင့်တက်စေပြီး ဆီးလမ်းကြောင်းမှတစ်ဆင့် ကျောက်ကပ်ဆီ ပိုးကူးစက်မှု (Kidney Infection) အထိ ဖြစ်ပွားစေနိုင်ပါတယ်။
၅။ အသားဓာတ် (Protein) အလွန်အမင်း စားသုံးခြင်း
ကြွက်သားတက်ချင်လို့ သို့မဟုတ် Diet လုပ်ချင်လို့ အသား/Protein Shake တွေကို အမြောက်အမြား စားသုံးပြီး ရေကို လုံလောက်အောင် မသောက်ဘူးဆိုရင် ကျောက်ကပ်အတွက် အရမ်းအန္တရာယ်များပါတယ်။ Protein ချေဖျက်ရာကထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့ ကျောက်ကပ်က ပုံမှန်ထက် ပိုမိုအလုပ်လုပ်ရတာကြောင့် ရေရှည်မှာ ကျောက်ကပ် လုပ်ဆောင်ချက် ပျက်ယွင်းလာနိုင်ပါတယ်။
📢နဂိုအတိုင်း ပြန်မရနိုင်တဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် ဒီနေ့ကစပြီး သင့်အမူအကျင့်တွေကို စတင်ပြောင်းလဲလိုက်ပါ။
သင်ရော ဒီထဲက ဘယ်အချက်တွေလုပ်မိနေလဲ မန့်မှာပြောပြခဲ့နော်❗
သင့်ပတ်ဝန်းကျင်မှာ ဒီလိုအမူအကျင့်ရှိတဲ့ ချစ်ခင်ရသူတွေရှိရင် သူတို့ကျန်းမာရေးအတွက် ဒီပိုစ့်လေးကို Share လုပ်ပြီး သတိပေးလိုက်ပါဦး။❤️
#ကျန်းမာရေးဗဟုသုတ #ကျောက်ကပ်

23/05/2026

ဗိုက်ဆာနေတော့လည်းးး😅

16/04/2026

💦💦နှစ်သစ်မင်္ဂလာဆုတောင်း💦💦

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်
မြန်မာနှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး၊ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ သင်္ကြန်ရေနဲ့အတူ မျောပါသွားခဲ့ပြီး နှစ်သစ်မှာ အေးချမ်းသာယာတဲ့ ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။🙏✨

✨ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ပြီး၊ လုပ်ငန်းကိုင်ငန်းတွေလည်း အောင်မြင်ပါစေ။ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ နှစ်သစ်အခါသမယကို လျှောက်လှမ်းနိုင်ပါစေ။🙏✨

မြန်မာနှစ်သစ်ကူးအခါသမယမှာ ဘေးဘ
ယာဝေးကွာပြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး အေးအေးချမ်းချမ်းနဲ့ လိုရာဆန္ဒတွေ ပြည့်ဝပါစေ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။🙏✨😍

04/04/2026

ငါပါလန့်သွားတယ်😁

20/02/2026

ချစ်စရာလေး😻

15/02/2026

ပြောပြအုံးမယ်..

မနက်က..
ထမင်းကြော်နဲ့ စားဖို့း..
လမ်းထိပ်ထွက်ပြီး ပဲပြုတ် ဝယ်တာ..

လမ်းထိပ်ရောက်တော့..
ပဲပြုတ်သည်က..
ခုမှ တောင်း ချခါစ..
ပြင်တုန်းဆင်တုန်း..

အဲ့ဒါနဲ့..

" အစ်မ ပဲပြုတ် ၁၀၀၀ ဖိုး ပေးပါ''..

" အေးအေး..''

ပဲပြုတ်သည်က..
" အေးအေး''..ဆိုပြီး..
ပဲပြုတ်ထည့်ဖို့..အိတ် လိုက်ရှာတာ..

" ဟယ်...အိတ်တွေ ကျန်ခဲ့ပြီ..''

ပဲပြုတ်သည်..
ပဲပြုတ် ထည့်ဖို့ အိတ် ပါမလာဘူး😁

ကျနော်ကလည်း..
အမြန် လိုချင်တာ..
မလုံးက စက်ရုံကို ၇ နာရီ သွားရတာကိုး..

အဲ့မှာ..
ပဲပြုတ်သည်ကလည်း..
အိတ် မရှိတော့..ဘာနဲ့ ထည့်ပေးရမှန်းမသိ..
အိတ်အဟောင်းလေးများ
တွေ့လိုတွေ့ငြား ခြင်းတောင်းတွေထဲ လှန်လှော ရှာနေတုန်း..

ငချွန် ဆိုတဲ့ ကျုပ်က.
ကိုယ့်အကျင့်အတိုင်း
ရွှတ်နောက်နောက်နဲ့..
လက်ဝါးလေး နှစ်ဖက် ဖြန့်ပြီး

" အိတ် မရှိရင်လည်း..လက်ခုပ်ထဲ ထည့်ပေးလိုက်လေ အစ်မ''..လို့.ဆိုပြီး...စ လိုက်တာ..

ငိုးမ..
ပဲပြုတ်သည်..

" အေးအေး..အဲ့လိုပဲ ယူသွားနော် မောင်လေး ''..ဆိုပြီး..

ပဲပြုတ်ပူပူကြီးကို..
တကယ်ကြီး ခပ်ထည့်ပေးတာဗျာ..😂

လက်ကို.. ပြန်ရုတ်ချိန် မရဘူး..😁

ပဲပြုတ်တွေက လက်ထဲ အပုံလိုက်ကြီး.. ရောက်လာတာ..😂

" အား..ပူတယ် ပူတယ်..''

ကျုပ်မှာ..
လက်ကြီး နှစ်ဖက် ဆန့်တန်းပြီး..
" ပူတယ် ပူတယ် '' နဲ့ ဘာလုပ်ရမှန်း မသိဘူး..😁

ပဲပြုတ်တောင်းထဲ ပြန်ထည့်ဖို့
လုပ်တာကို..
စျေးသည်က..

" ဟယ်..မင်းလက်ထဲက ဟာကြ ပြန်မထည့်နဲ့လေ..'' တဲ့😁

" ဟာ..အာ့ဆို..ဘယ်လိုလုပ်မလဲ။ ပူတယ် ဗျ။လုပ်အုံး..''

"အော်....မင်းပဲ လက်ထဲ ထည့် ဆိုလို့..ထည့်တာလေ။ နေအုံး..မင်းပုဆိုး ကပုံစထဲ ထည့်လိုက်။အစ်မ ဖြန့်ပေးမယ်..''

ပဲပြုတ်သည်က..
ခပ်မြန်မြန်ပဲ..ပဲပြုတ်ထည့်ရအောင်
ကျုပ်ပုဆိုး ကပုံစ ကို လှမ်းဆွဲတာ....

" ဟဲ့...အမလေး''

" ဟာ...''

ဖလူးမ...
နဂိုကမှ ပုဆိုးက ခါးမမြဲပါဘူးဆို
ဇွတ်ဆွဲတာ..
ကျွတ်ပြီပေါ့..😂

" အစ်မကဗျာ...''

မရဘူး..
ဒါတော့..မရဘူး..
လက်ထဲက..ပဲပြုတ်တွေ သွန်ချပြီး
ပုဆိုးကို အမြန်ကောက်ဝတ်လိုက်ရတာ..😂

တော်သေးတယ်..
အောက်ခံ
အသေးလေး ပါပေလို့..😁

😂😂😂😂😂

အဲ့ဒါနဲ့
ပဲပြုတ်လည်း..မဝယ်ခဲ့ရပါဘူးဗျာ

ပဲပြုတ်သည်လည်း..
အားနာပြီး ပိုက်ဆံ မယူလိုက်ပါဘူး..

တကယ်ဗျာ..
ကိုယ့်ထက် ရွတ်တဲ့သူနဲ့မှ
လာတိုးရတယ်လို့..😂😂

😂😂😂😂

#လူချွန်တော်


🪶

မနက်ကစျေးသွားတော့ ဝယ်နေကြ ကြက်သားရောင်းတဲ့အစ်မက ဘဲငန်းသားရတယ်ဆိုပြီး လှမ်းခေါ်ရောင်းတယ် ။    စျေးကွဲချိန်ဖြစ်နေတာနဲ့ ဆို...
01/02/2026

မနက်ကစျေးသွားတော့ ဝယ်နေကြ ကြက်သားရောင်းတဲ့အစ်မက ဘဲငန်းသားရတယ်ဆိုပြီး လှမ်းခေါ်ရောင်းတယ် ။

စျေးကွဲချိန်ဖြစ်နေတာနဲ့ ဆိုင်ရှင်အစ်မက ၄သောင်းစျေးနဲ့ယူ ပိုထည့်ပေးမယ်ဆိုလို့ ဝယ်လိုက်ပါမယ်ဆိုပြီး ၃၀သား ယူလိုက်တယ် ။

အချိုနှပ်မယ်စိတ်ကူးနဲ့ ၄တုံးပဲ တုန်းခိုင်းလိုက်တယ် ။

အိမ်ရောက်တော့ ဂျင်း ကြက်သွန်ဖြူ ငရုတ်ကောင်းထုထောင်း အရည်ညှစ် တရုတ်ငံပြာရည်လေးထည့် နယ်ဖတ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားပြီး တချက်ကျော်လောက်မှ ထုတ်ချက်လိုက်တယ် ။

ဘဲက ခပ်ရင့်ရင့်ဘဲမလို့ ရေထည့်လိုက် ချက်လိုက်နဲ့ အပိုးကျိုးအောင် အတော်ကြာကြာချက်ရတယ် ။

နူးကာနီးမှာမှ ကြက်သွန်နီအလုံးလိုက် ထည့်ပြီး မီးအေးအေးလေးနဲ့နှပ်ထားလိုက်တယ် ။

ဆီပြန်လာလေ အနံ့ကမွှေးလာလေလေ ပေါ့ ။

အနေတော်မယ်ထင်တဲ့အချိန် အသားလေးဖဲ့မြည်းတော့ အတော်လေး ဂွတ်ရှယ်နေပြီမလို့ မီးကို အောက်ဆုံးနီးပါးထိ ချထားလိုက်တယ် ။

အဲ့ဒီအချိန်မှာ အိမ်ရှေ့က စျေးဝယ်သူကအော်တော့ ခွေးတွေက အတင်းဟောင်တာနဲ့ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်ပြီး စျေးဆင်းရောင်းရတယ် ။

ဝယ်သူကဝါးတွေ ရွေးပြီး ဆိုက်ကားခေါ်လာမယ်စောင့်ပေးပါဆိုတာနဲ့ထိုင်စောင့်လိုက်တာ နာရီဝက်လောက်ကြာသွားကော ။

ကိစ္စပြီးလို့ အိမ်ပေါ်တက်တော့ ဘဲသားအိုးပေါ်အုပ်ထားတဲ့ စလောင်းက သမံတလင်းမှာ ။

အိုးထဲ အပြေးအလွှားကြည့်လိုက်တော့ အသေးဆုံး နံရိုးကပ်အတုံးလေး တတုံးပဲ ကျန်တော့တယ် ။

ကိုယ်ချစ်လို့ အလိုလိုက်ထားတဲ့ဟာတွေ သမသွားတာဆိုတော့ ဘယ်သူ့ ဒေါသထွက်ရမှန်းမသိဘူး ။

ကံကြမ္မာကိုက ••••••

ဘယ်လောက်ပဲ အချိန်ပေးပြီး ပြင်ပြင် စားရကာနီးပြီဆိုရင် ကြားဖြတ် အုပ်အုပ်ခံရတာများ ။

အိုးထဲက ဘဲ တောင် ပါသွားရတဲ့ ဘဝ😭😭😭😭

ယဥ်ယဥ် ( ရွှေခယ်မြေ )

13/01/2026

ချစ်စရာလေးကွယ်🥰

Address

Yangon
11041

Telephone

+959420015484

Website

Alerts

Be the first to know and let us send you an email when Easy Cookware posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Cookware:

Shortcuts

Share