12/06/2026
အရင် Post မှာ CCT က အိမ်တစ်လုံးရဲ့ Luxury Vibe ကို ဘယ်လောက်လွှမ်းမိုးထားသလဲ ဆိုတာ ပြောပြခဲ့ပြီးပါပြီ။
ဒီတစ်ခါမှာတော့ CCT ကို သိပ္ပံနည်းကျ ဘယ်လိုသတ်မှတ်လဲဆိုတာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်ရအောင်။
CCT ကို Kelvin (K) Scale နဲ့ တိုင်းတာပါတယ်။ ဒီစံနှုန်းဟာ လင်းမပြန်တဲ့ အနက်ရောင်အရာဝတ္ထု Black-body Radiator ကို အပူပေးလိုက်တဲ့အခါ အပူချိန်ပြောင်းလဲမှုအလိုက် ထွက်ပေါ်လာတဲ့ Light Spectrum ပြောင်းလဲမှု သီအိုရီပေါ်မှာ အခြေခံထားတာပါ။
Technical အရ CCT Range တွေကို အခုလို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
2700K ကနေ 3000K အထိကို Warm White လို့ ခေါ်ပြီး Black-body ကို အပူချိန် နည်းနည်းလောက်ပေးလိုက်တဲ့အခါ ထွက်လာတဲ့ အလင်းဖြစ်ပါတယ်။ Electromagnetic Spectrum မှာ အနီရောင်နဲ့ အဝါရောင် Wavelengths တွေ ပိုမိုပါဝင်ပါတာကြောင့် လူရဲ့ အာရုံကြောကို ပြေလျော့စေပြီး ဇိမ်ခံအိမ်ရာတွေနဲ့ High-end ဟိုတယ်တွေမှာ Ambient Lighting အဖြစ် အဓိက အသုံးပြုကြပါတယ်။
4000K ကိုတော့ Natural (ဝါ) Neutral White ဖြစ်ပြီး အပူချိန်ကို ပထမထက် အနည်းငယ် ပိုမြှင့်လိုက်တဲ့အခါ အလင်းလှိုင်းတွေ မျှတလာတာကြောင့် မျက်စိအတွက် အကောင်းနဲ့ အကြည်လင်ဆုံး High Visual Acuity အခြေအနေကို ရောက်ရှိလာပါတယ်။ အရာဝတ္ထုတွေရဲ့ မူလအရောင်ကို အမှန်ကန်ဆုံး ပြသပေးနိုင်တဲ့အတွက် အလုပ်ခန်းတွေ၊ Gallery တွေနဲ့ Task Lighting နေရာတွေမှာ အများဆုံး မြင်တွေ့ရတက်ပါတယ်။
5000K ကနေ 6500K အထိကတော့ Daylight ပါ။ ဒါဟာ Black-body ရဲ့ အပူချိန် အမြင့်ဆုံးအခြေအနေဖြစ်ပြီး Shorter Wavelengths တွေ လွှမ်းမိုးလာပါတယ်။ ဒီ CCT ဟာ နေ့ခင်းဘက် နေရောင်ခြည်နဲ့ အနီးစပ်ဆုံးဖြစ်တာကြောင့် လူရဲ့ Circadian Rhythm အရ Melatonin ထွက်ရှိမှုကို ဟန့်တားပေးနိုင်တဲ့အတွက် နိုးကြားတက်ကြွစေပါတယ်။ ဒါကြောင့် အိပ်ခန်းတွေမှာ လုံးဝ မသုံးသင့် ပါဘူး။
High-end Lighting လောကမှာ တကယ်တမ်း စံနှုန်းမီတဲ့ Lighting Products တွေကို ထုတ်လုပ်တဲ့အခါ CCT အတိအကျရဖို့ Chromaticity Diagram ပေါ်မှာ အခြေခံတွက်ချက်ပြီး "LED Binning Process" ကို အသေအချာ လုပ်ဆောင်ရပါတယ်။
Lumos Lite ရဲ့ Lighting Products တွေဟာ ဒီလိုအဆင့်မြင့် Binning Technology ကို အသုံးပြုထားပြီး CCT တန်ဖိုးတွေကို အတိကျဆုံးဖြစ်အောင် ထုတ်လုပ်ထားတာကြောင့် Lighting Design တွေကို စိတ်ကူးထဲကအတိုင်း Technical ကျကျ ပြီးပြည့်စုံစွာ ဖန်တီးပေးနိုင်ပါတယ်။
📞Hotline: 09 400 200 808
📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905
📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။