ဝေဇယန္တာ ကျွန်းမင်း ကျွန်းနက်ဆင်းတုနှင့် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Yangon
  • ဝေဇယန္တာ ကျွန်းမင်း ကျွန်းနက်ဆင်းတုနှင့် နိဗ္ဗာန်ကုန်

ဝေဇယန္တာ ကျွန်းမင်း ကျွန်းနက်ဆင်းတုနှင့် နိဗ္ဗာန်ကုန် အနုပညာလက်ရာမြောက်သော ကြည်ညိုဖွယ် ကျွန်းနက်သားစစ်စစ် ဘုရားဆင်းတုတော်များကို ပူဇော်နိုင်ပါပြီ

နယ်မှမှာယူပူဇော်ထားသော  #သရက္ခံသား  #လာဘမုနိဆင်းတုတော် ၂ ဆူပင့်ဆောင်ပူဇော်သွားပါပြီ 🙏🏻🙏🏻🙏🏻 ပူဇော်ကြသူမိသားစုအားလုံး စိတ်...
03/09/2026

နယ်မှမှာယူပူဇော်ထားသော #သရက္ခံသား #လာဘမုနိဆင်းတုတော် ၂ ဆူပင့်ဆောင်ပူဇော်သွားပါပြီ 🙏🏻🙏🏻🙏🏻
ပူဇော်ကြသူမိသားစုအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပြီး စီးပွါးလာဘ်လာဘများ ဒီရေအလားတိုးတက်အောင်မြင်ကြပါစေခင်ဗျား 🙏🏻🙏🏻🙏🏻
#ဝေဇယန္တာ #ဘုရားဆင်းတု #ပန်းပု #သင်္ကန်းတိုက်

02/09/2026

လက်ရာမြောက် ပန်းပုဘုရားဆင်းတုတော်ပူဇော်လိုသူများအတွက် 🙏🏻🙏🏻🙏🏻
👉 ပိတောက်သားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၂ လက်မ ဓမ္မစကြာမုဒြာဆင်းတုတော်၊
👉 ကျွန်းသားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၈ လက်မ ရပ်တော်မူပုံတော် နှင့်
👉 သိဒ္ဓိဝင်ကျွန်းနက်သားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၃ လက်မ ရပ်တော်မူ ပုံတော်တို့ကို ပူဇော်စျေးအထူးသင့်တင့်စွာဖြင့်ပင့်ဆောင်ပူဇော်နိုင်ပါမယ်ခင်ဗျား…

📞 09895711213 သို့ဆက်သွယ်၍ဖြစ်စေ CB မှဖြစ်စေ၊ WaiZaYanTar website (သို့) Shwe AI channel များမှဖြစ်စေ မှာယူပူဇော်နိုင်ပါတယ်ခင်ဗျား။

သင်္ဃန်းကျွန်း ဝေဇယန္တာလမ်းမှာရှိတဲ့ ပြခန်းမှာ ကိုယ်တိုင်လာရောက်ပင့်ဆောင်နိုင်သလို အနယ်နယ်အရပ်ရပ်ကိုလည်း ပို့ဆောင်ပေးလျက်ရှိပါတယ်။

#ရပ်တော်မူ #ဘုရား #ဆင်းတုတော် #ဝေဇယန္တာ #ကျွန်းနက်

ဝေဇယန္တာရဲ့ ပရိသတ်ကြီးအတွက် အထူးသတင်းကောင်း... ✨အေးချမ်းလှတဲ့ မင်္ဂလာအလင်းတန်းတွေကြားကနေ ဘုရားဒါယကာ၊ ဒါယိကာမတို့ လက်အုပ်...
02/09/2026

ဝေဇယန္တာရဲ့ ပရိသတ်ကြီးအတွက် အထူးသတင်းကောင်း... ✨
အေးချမ်းလှတဲ့ မင်္ဂလာအလင်းတန်းတွေကြားကနေ ဘုရားဒါယကာ၊ ဒါယိကာမတို့ လက်အုပ်ချီမိုး ပူဇော်ရန် "ဝေဇယန္တာရဲ့ နောက်ထွက်လာမယ့် Product အသစ်" က ဘာများဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ပေးကြပါဦးနော်။ 🤔💭
💡 စဉ်းစားကြည့်ဖို့ HINT လေးတွေပေးပါမယ် -
၁။ ဘုရားစင်ရှေ့မှာ သပ္ပါယ်စွာ ပူဇော်ရတဲ့ လှူဖွယ်ဖြစ်ပါတယ်။
၂။ အလင်းရောင်၊ ရနံ့နှင့် အလှတရားကို တစ်ပြိုင်နက်တည်း ဆောင်ကြဉ်းပေးနိုင်ပါတယ်။
၃။ ဝေဇယန္တာရဲ့ အစဉ်အလာအတိုင်း အရည်အသွေးကောင်းတာကိုပဲထုတ်လုပ်ပေးထားပါတယ်။
အဖြေမှန်ကို မကြာမီအချိန်အတွင်းမှာ တရားဝင် မိတ်ဆက်ပေးသွားမှာမို့လို့...
👉 "ဘာပစ္စည်းလေး ဖြစ်မလဲ" ဆိုတာကို Comment မှာ ဝင်ရောက်ခန့်မှန်းခဲ့ကြပါဦးခင်ဗျာ။
(ခန့်မှန်းနိုင်သူတွေအတွက် သီးသန့် လက်ဆောင်တွေလည်း ရှိနိုင်တာမို့ အခုပဲ Comment ရေးခဲ့လိုက်တော့နော်! 👇)

#ဝေဇယန္တာ #ဘုရားဆင်းတုတော်နှင့်သင်္ကန်းတိုက်

အသင့်ပင့်ဆောင်နိုင်မည့် ဥာဏ်တော် ၁၂ လက်မ သိဒ္ဓိဝင်ကျွန်းနက်ဆင်းတုတော် 🙏အချိုးအစားကျနပြေပြစ်စွာထုဆစ်ထားတဲ့ လာဘ်ပေးရန်ကာ မ...
01/09/2026

အသင့်ပင့်ဆောင်နိုင်မည့် ဥာဏ်တော် ၁၂ လက်မ သိဒ္ဓိဝင်ကျွန်းနက်ဆင်းတုတော် 🙏
အချိုးအစားကျနပြေပြစ်စွာထုဆစ်ထားတဲ့ လာဘ်ပေးရန်ကာ မုဒြာဖြစ်ပြီး ကျွန်းနက်သားစစ်ကြောင်းလည်း ၁၀၀% အာမခံပါတယ်။ ဆင်းတုတော်ဝယ်ယူပင့်ဆောင်ပြီးနောက်ပိုင်း အကြောင်းတစုံတရာရှိခဲ့သော် အခမဲ့ပြင်ဆင် ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ် 🥰

နယ်မှပူဇော်လိုသောမိတ်ဆွေများအတွက်ကိုလည်း သေချာစွာထုပ်ပိုးပြီးပို့ဆောင်ပေးပါတယ်ခင်ဗျား။

Ph: 09895711213
ပြခန်းလိပ်စာ။ ။ အမှတ် ၃၉၁၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။

🙏🙏🙏 ကျွန်းနက်နှင့် သဒ္ဓိ ၅ ပါး 🙏🙏🙏 ကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
ကျွန်းနက်ရဲ့ ထူးခြားမှုတွေထဲက သိဒ္ဓိ(၅)မျိုးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးပါတယ်…
ကျွန်းနက်ဟာ -
(၁) သံဓာတ်ရှိတာကြောင့် ကာယသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၂) တန်ခိုးအာဏာနှင့် ကက်ကင်းမိတာကြောင့် ရာဇသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၃) နဂါးနှင့် ကက်ကင်းမိတာကြောင့် တေဇသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၄) ငွေနဝင်းမိတာကြောင့် ဓနသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၅) သံဓာတ်ဖြစ်တာကြောင့် သံလိုက်ဆွဲငင်အား ကိန်းဝပ်စေနိုင်တာကြောင့် ပီယသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း စတဲ့ သိဒ္ဓိ(၅)ပါး ကိန်းဝပ်နေပါတယ်
အထက်ပါ သိဒ္ဓိ(၅)ပါးထဲမှ အလိုရှိရာ တစ်မျိုးမျိုးကို ဇွဲလုံ့လကြီးစွာ ကြိုးစားအားထုတ်လျှင် ရရှိ ပိုင်ဆိုင်နိုင်ပါကြောင်းလည်း မေတ္တာထပ်လောင်း ပြောကြားလိုက်ရပါတယ် ခင်ဗျာ 🙏🏻

#ဝေဇယန္တာ
#ကျွန်းနက် #ဆင်းတုတော် #ဘုရား #လာဘ်ပေးရန်ကာ #အဘယလာဘ

အသင့်ပင့်ဆောင်နိုင်မည့် ရပ်တော်မူဘုရားဆင်းတုတော်များ 🙏🏻🙏🏻🙏🏻 ကျွန်းသားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၈ လက်မ ပုံတော် နှင့် သိဒ...
31/08/2026

အသင့်ပင့်ဆောင်နိုင်မည့် ရပ်တော်မူဘုရားဆင်းတုတော်များ 🙏🏻🙏🏻🙏🏻
ကျွန်းသားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၈ လက်မ ပုံတော် နှင့် သိဒ္ဓိဝင်ကျွန်းနက်သားဖြင့်ထုဆစ်ထားသော ဥာဏ်တော် ၁၃ လက်မ ပုံတော်တို့ကို ပူဇော်စျေးအထူးသင့်တင့်စွာဖြင့်ပင့်ဆောင်ပူဇော်နိုင်ပါမယ်ခင်ဗျား…
📞 09895711213 သို့ဆက်သွယ်၍ဖြစ်စေ CB မှဖြစ်စေ၊ WaiZaYanTar website (သို့) Shwe AI channel များမှဖြစ်စေ မှာယူပူဇော်နိုင်ပါတယ်ခင်ဗျား။
Website နှင့် Shwe AI channel links များကို comment မှာချပေးထားပါတယ်ခင်ဗျ 😍

သင်္ဃန်းကျွန်း ဝေဇယန္တာလမ်းမှာရှိတဲ့ ပြခန်းမှာ ကိုယ်တိုင်လာရောက်ပင့်ဆောင်နိုင်သလို အနယ်နယ်အရပ်ရပ်ကိုလည်း ပို့ဆောင်ပေးလျက်ရှိပါတယ်။

#ရပ်တော်မူ #ဘုရား #ဆင်းတုတော် #ဝေဇယန္တာ #ကျွန်းနက်

🙏🙏🙏 လာဘ်လာဘ ရွှင်လန်းစေကြောင်း ဆုမွန်ကောင်းတောင်းရင်း...နယ်က ဓမ္မမိတ်ဆွေတစ်ဦးရဲ့ Custom Order အဖြစ် အထူးထုဆစ်ပူဇော်ထားတဲ...
29/08/2026

🙏🙏🙏 လာဘ်လာဘ ရွှင်လန်းစေကြောင်း ဆုမွန်ကောင်းတောင်းရင်း...

နယ်က ဓမ္မမိတ်ဆွေတစ်ဦးရဲ့ Custom Order အဖြစ် အထူးထုဆစ်ပူဇော်ထားတဲ့ "လာဘ်ပေးရန်ကာ မုဒြာ" ဘုရားဆင်းတုတော်မြတ်ကို ကြည်ညိုသပ္ပာယ်စွာ မျှဝေပေးလိုက်ပါတယ်။
✨ ထူးခြားချက်များအနေနဲ့…
✅ မဟော်ဂနီသားစစ်စစ်: သစ်သားမာဖြစ်ပြီး ရေရှည်ခိုင်ခံ့တဲ့ မဟော်ဂနီအသားကို အသုံးပြုထားပါတယ်။
✅ မုဒြာတော်: လာဘ်လာဘတိုးပွားစေပြီး အန္တရာယ်ခပ်သိမ်းကို တားဆီးပေးတဲ့ "လာဘ်ပေးရန်ကာ မုဒြာ" ဟန်ပန်ဖြစ်ပါတယ်။
✅ တောင်ဝှေးတော်: ပုံတော်နှင့်လိုက်ဖက်ညီစွာ တောင်ဝှေးတော်ကိုပါ သေသပ်လှပစွာ ပုံဖေါ်ထည့်သွင်းပေးထားပါတယ်။
✅ လက်ရာ: အောက်ခြေပုလ္လင်တော်မှစ၍ ဆင်းတုတော်တစ်ဆူလုံးကို ကျွမ်းကျင်ပညာရှင်များက စိတ်တိုင်းကျ အသေးစိတ် လက်ရာမြောက်စွာ ထုဆစ်ထားတာဖြစ်ပါတယ်။
Order မှာယူပေးတဲ့အကိုကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

မိမိတို့ စိတ်တိုင်းကျ ပူဇော်လိုတဲ့ ဘုရားဆင်းတုတော်၊ ပလ္လင်တော်များကို အသားကောင်း၊ လက်ရာကောင်းကောင်းနဲ့ ပူဇော်လိုပါက ဝေဇယန္တာ သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။
📩 Page Messenger သို့မဟုတ် 📞 09895711213 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပြခန်းလိပ်စာ - ၃၉၁ ၊ ဝေဇယန္တာလမ်း (ပြည်သာယာမီးပွိုင့်အနီး) ၊ သင်္ဃန်းကျွန်း။

#ဝေဇယန္တာ #သစ်သားဘုရား #ဆင်းတုတော် #မဟော်ဂနီ #လာဘ်ပေးရန်ကာ #ဗုဒ္ဓရုပ်ပွားတော်

ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသော  #ပိတောက်သား  #ဓမ္မစကြာမုဒြာ ဆင်းတုတော်တစ်ဆူ အသင့်ပင့်ဆောင်နိုင်ပါမယ် 🙏🏻🙏🏻🙏🏻 ရှားရှားပါးပါ...
28/08/2026

ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသော #ပိတောက်သား #ဓမ္မစကြာမုဒြာ ဆင်းတုတော်တစ်ဆူ အသင့်ပင့်ဆောင်နိုင်ပါမယ် 🙏🏻🙏🏻🙏🏻
ရှားရှားပါးပါး တစ်ဆူသာရှိသော ဥာဏ်တော် ၁၂ လက်မ ပိတောက်သားဆင်းတုတော်ဖြစ်ပါတယ်။

ဓမ္မစကြာမုဒြာဟန်သည် ဘုရားရှင် သစ္စာလေးပါး တရားတော်ကို ကမ္ဘာလောကသို့ စတင်ချပြခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
လက်ချောင်းများဖြင့် စက်ဝိုင်းပုံစံ ပြုလုပ်ထားခြင်းမှာ အစမရှိ အဆုံးမရှိသော ဘုရားရှင်၏ ဉာဏ်ပညာတော်နှင့် သတ္တဝါဝေနေယျတို့အပေါ် ထားရှိသော ကရုဏာတော်ကို ဖော်ညွှန်းနေခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား၏တရားဦးဟောကြားဟန်ဖြစ်သည့်အလျောက် ပူဇော်သူတို့မှာ အဦးအစမွန်မြတ်ခါ ပူဇော်သည့်နေရာတွင်လည်း ကောင်းခြင်းအင်္ဂလာအဖြာဖြာနဲ့ပြည့်စုံစေမှာဖြစ်ပါတယ်… 🙏🏻
ပင့်ဆောင်ပူဇော်လိုပါက CB မှဖြစ်စေ 📞09895711213 သို့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်ခင်ဗျား 🙏🏻🙏🏻🙏🏻
ပြခန်း အမှတ် ၃၉၁ ၊ ဝေဇယန္တာလမ်း ( ပြည်သာယာမီးပွိုင့်အနီး )၊ သင်္ဃန်းကျွန်း။

#ဓမ္မစကြာ #မုဒြာ #ဘုရား #ဆင်းတုတော်

18/08/2026

ကျွန်းသား နဂါးရုံဘုရား အလှူလျှော့စျေး ၅ သောင်းကျပ်
Special Promotions #နဂါးရုံဘုရား #ဆင်းတုတော် #ပန်းပု

အထူးပန်းပုလက်ရာ နဂါး ၉ ကောင်ရုံဘုရား အသင့်ပင့်ဆောင်ပူဇော်နိုင်ပါပြီ 🙏သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အားရည်မှန်းပြီး ဝါရင်...
16/08/2026

အထူးပန်းပုလက်ရာ နဂါး ၉ ကောင်ရုံဘုရား အသင့်ပင့်ဆောင်ပူဇော်နိုင်ပါပြီ 🙏

သက်တော်ထင်ရှားမြတ်စွာဘုရားရှင်အားရည်မှန်းပြီး ဝါရင့်ပန်းပုဆရာကြီးများကနေ ကျွန်းသားဖြင့်ပုံဖေါ်ထုဆစ်ထားပြီး ဆေးမှုတ်ခြင်းမပြုဘဲ သဘာဝအရောင်အဆင်းအတိုင်းထားရှိပေးထားတဲ့ နဂါးရုံဆင်းတုတော်ကြီးဖြစ်ပါတယ် 🙏
အနုစိပ်လက်ရာပုံတော်ကြီးထုဆစ်ရန် သစ်အသားကောင်းရရှိတုန်းသာ ထုဆစ်ထုတ်လုပ်ပေးနိုင်တာဖြစ်လို့ အခုလိုအထူးလက်ရာ ပုံတော်ကို ပင့်ဆောင်ပူဇော်လိုသောမိတ်ဆွေများအနေဖြင့် ဆက်သွယ်ပေးပါခင်ဗျား။

နဂါးရုံဘုရားကိုမှ 🙏 အောက်ခြေမှထိပ်ဖျားအထိ ၃၁ လက်မရှိပြီး ဘုရားဥာဏ်တော်မှာ ၁၁ လက်မနီးပါး ရှိသည့်အတွက် ဆင်းတုတော်အားဖြင့်လည်း နဂါးရုံထဲမှာ ထည်ဝါမှုရှိပါတယ်။

ဆင်းတုတော်ပူဇော်လိုပါက
Page chatbox 💬 သို့မဟုတ်
Phone ☎️ 09895711213 , 09677991618 သို့
ဆက်သွယ် မှာယူပူဇော်နိုင်သလို

အမှတ် ၃၉၁၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းသို့လည်း လာရောက်ပင့်ဆောင်နိုင်ပါတယ်ခင်ဗျား 🙏🏻

မြတ်စွာဘုရားရှင် (၇) ရက်ပတ်လုံး ဖလသမာပတ်ကို ဈာန်ဝင်စားနေစဉ်မှာ ရာသီဥတုဒဏ်နှင့် အခြားအနှောက်အယှက်မရှိအောင် မုစလိန္ဒနဂါးမင်းက ရစ်ပတ်ပြီးပါးပျဉ်းမိုး ကာကွယ်ပေးနေတဲ့ ဟန်ကို ထုလုပ်ထားတဲ့ဆင်းတုတော်လည်းဖြစ်ပါတယ်။

မိမိတို့နေအိမ်တွေမှာ နဂါးရုံဆင်းတုတော်ပူဇော်ခြင်းဖြင့် အိမ်တွင်းအိမ်ပြင်ကို ဘေးရန်ကင်း၊ အေးချမ်းစေပြီး စီးပွားလာဘ်လာဘ တိုးတက်စေကာ
- မိုးကြီးသည်းထန် ရေလျှံဘေးမှ ကင်းလွတ်ခြင်း။
- လေမုန်တိုင်းဘေးတို့မှ လွတ်ကင်းခြင်း။
- မြွေစသည့် အဆိပ်ရှိသတ္တဝါဘေးမှ ကင်းလွတ်ခြင်း။
- နဂါးတို့၏ အကူအညီအစောင့်အရှောက် ခံရခြင်း။
- သမထစခန်း ထမြောက်ခြင်း။
- မကောင်းကြံသူတို့၏ တန်ပြန်အင်းအစီ အရင်၊ အောက်လမ်း အစီအရင်တို့ မိမိကို မစူးရှ၊ ထိခိုက်စေခြင်း။
- လောကီစနေဂြိုလ်ဆိုး၊ ဂြိုလ်ညံ့တို့မှ ကင်းလွတ်စေခြင်းစသည့်အကျိုးများ ရရှိနိုင်ပါတယ်။

#နဂါးရုံ #ဆင်းတုတော်
#ကျွန်းနက်နဂါးရုံဘုရား #နဂါးကိုးကောင် #ဝေဇယန္တာ #နဂါး၉ကောင်

မျက်နှာတော်ကြည်လင်ဝင်းပပြီး အင်မတန်ကိုသပ္ပါယ်လှသော မဟာမုနိကျွန်းနက်ဘုရားတစ်ဆူ အသင့်ပင့်ဆောင်နိုင်ပါမယ် 🙏 ဥာဏ်တော် ၁၈ လက်...
12/08/2026

မျက်နှာတော်ကြည်လင်ဝင်းပပြီး အင်မတန်ကိုသပ္ပါယ်လှသော မဟာမုနိကျွန်းနက်ဘုရားတစ်ဆူ အသင့်ပင့်ဆောင်နိုင်ပါမယ် 🙏
ဥာဏ်တော် ၁၈ လက်မရှိကာ ကြည်လင်ပြုံးရွှင်သောမျက်နှာတော်နှင့် နကင်းများ၊ မကိုဋ်များ နဲ့ ချပ်ဝတ်သင်္ကန်းတော်များကို အချိုးအစားကျနစွာအသေးစိတ်ပုံဖေါ်ထုလုပ်ထားတဲ့ အနုစိပ်လက်ရာ သိဒ္ဓိဝင်ကျွန်းနက် မဟာမုနိမုဒြာပုံတော်ကြီးဖြစ်လို့ အင်မတန်ကိုသပ္ပါယ်လှတဲ့ ပုံတော်ကောင်းတစ်ဆူဖြစ်ပါတယ် 🙏
တစ်ဆူသာရှိသော ယခုဆင်းတုတော်အား ပင့်ဆောင်ပူဇော်လိုပါက 09895711213 သို့ဆက်သွယ်ပေးပါခင်ဗျား။
ပြခန်း: ၃၉၁ ဝေဇယန္တာလမ်းမကြီး၊ သင်္ဃန်းကျွန်း သို့ကိုယ်တိုင်လာရောက်ဖူးမြော်ပင့်ဆောင်နိုင်သလို နယ်မှပူဇော်လိုသူများအတွက်လည်း သေချာစွာထုပ်ပိုးပြီး ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

🙏🙏🙏 ကျွန်းနက်နှင့် သဒ္ဓိ ၅ ပါး 🙏🙏🙏 ကိုလည်း ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
ကျွန်းနက်ရဲ့ ထူးခြားမှုတွေထဲက သိဒ္ဓိ(၅)မျိုးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးပါတယ်…
ကျွန်းနက်ဟာ -
(၁) သံဓာတ်ရှိတာကြောင့် ကာယသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၂) တန်ခိုးအာဏာနှင့် ကက်ကင်းမိတာကြောင့် ရာဇသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၃) နဂါးနှင့် ကက်ကင်းမိတာကြောင့် တေဇသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၄) ငွေနဝင်းမိတာကြောင့် ဓနသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း
(၅) သံဓာတ်ဖြစ်တာကြောင့် သံလိုက်ဆွဲငင်အား ကိန်းဝပ်စေနိုင်တာကြောင့် ပီယသိဒ္ဓိ ပေးစွမ်းနိုင်ခြင်း စတဲ့ သိဒ္ဓိ(၅)ပါး ကိန်းဝပ်နေပါတယ်
အထက်ပါ သိဒ္ဓိ(၅)ပါးထဲမှ အလိုရှိရာ တစ်မျိုးမျိုးကို ဇွဲလုံ့လကြီးစွာ ကြိုးစားအားထုတ်လျှင် ရရှိ ပိုင်ဆိုင်နိုင်ပါကြောင်းလည်း မေတ္တာထပ်လောင်း ပြောကြားလိုက်ရပါတယ် ခင်ဗျား…

#မဟာမုနိ #မဟာမြတ်မုနိ #ကျွန်းနက် #ဆင်းတုတော် #ဇဗ္ဗုပတိ

Address

Thinganjyun
Yangon

Telephone

+959250791618

Website

Alerts

Be the first to know and let us send you an email when ဝေဇယန္တာ ကျွန်းမင်း ကျွန်းနက်ဆင်းတုနှင့် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဝေဇယန္တာ ကျွန်းမင်း ကျွန်းနက်ဆင်းတုနှင့် နိဗ္ဗာန်ကုန်:

Shortcuts

Share