05/08/2020
🔔ကဲအခုတစ်ခေါက်မှာတော့ တိုင်းခြားလက်မှုပညာတွေအကြောင်း အများကြီး ဖော်ပြပေးပြီးသွားပြီဆိုတော့ မြန်မာ့ရိုးရာ လက်မှုပညာတစ်ခုဖြစ်တဲ့ ချိတ်လုံချည်အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်🇲🇲🇲🇲🇲🇲🗣🗣💞💞
English below⬇️
✏️မြန်မာလူမျိုးနဲ့ ချိတ်လုံချည်ဆိုတာ မစိမ်းပေမဲ့ ချိတ်လုံချည်အကြောင်း သေသေချာချာသိတဲ့သူ နည်းမယ်လို့ထင်ပါတယ်။
✏️မြန်မာဆိုရိုးစကားတစ်ခုဖြစ်တဲ့ “တောင်းမှာအကွတ်၊ လူမှာအဝတ်”ဆိုတဲ့ စကားအတိုင်း မြန်မာလူမျိုးတွေဟာ အချိန်အခါကိုလိုက်ပြီး အဝတ်အစားတွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။ ဒီလိုဝတ်ဆင်တဲ့အခါမှာ ချိတ်လုံချည်ဟာဆိုရင် မြန်မာတို့ အမြတ်တနိုး တန်ဖိုးထားဝတ်ဆင်တဲ့ အရာတစ်ခုပါ။
✏️ရှေးယခင်က ချိတ်ထဘီကို တော်ဝင်မိသားစုသာဝတ်ဆင်နိုင်ပြီး သာမန်ပြည်သူတွေ ဝတ်ဆင်ခွင့် မရခဲ့ပါဘူး။ မင်းမှုထမ်းတွေ၊ကုန်သည်တွေဟာဆိုရင် ဘုရင်မင်းမြတ်က ချိတ်လုံချည်ကို ပေးသနားမှ ဝတ်ဆင်ခွင့်ရပါတယ်။ သည်တော့ ချိတ်လုံချည်ကို တော်ဝင်ရိုးရာဝတ်စုံလို့ ပြောလို့ရပါတယ်။ဒါပေမဲ့ ရတနာပုံခေတ်နောက်ပိုင်းမှာတော့ ပြည်သူတွေလည်း ချိတ်လုံချည်ကို ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။
✏️ယခုအခါမှာဆိုရင် ချိတ်လုံချည်ကို ရှင်ပြုပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ ဘွဲ့နှင်းသဘင်အခမ်းအနားတွေ၊ပွဲလမ်းသဘင်တွေမှာ အမြတ်တနိုးနဲ့ အမျိုးသားရော အမျိုးသမီးပါဝတ်ဆင်ကြပါတယ်။
📍မြန်မာလူမျိုးတွေ ချိတ်လုံချည်ကို ဘာကြောင့် အမြတ်တနိုး ဝတ်ဆင်ကြပါသလဲ❓
✏️ချိတ်လုံချည်ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ကိုယ်ပိုင်အမှတ်အသားလို့ သဘောထားပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းချင်လို့ ဝတ်ဆင်ကြတယ်လို့ ထင်ပါတယ်။
📍ချိတ်လုံချည်ကို ဘယ်အချိန်က စတင်ဝတ်ဆင်ခဲ့ကြသလဲ❓
✏️ရှေးခေတ် မြန်မာတို့ရဲ့ အချိတ်အဆင်အကြောင်းကို လေ့လာကြည့်တဲ့အခါ အချိတ်အဆင်ကို ဟန်လင်းကြီးမြို့မှ တူးဖော်ရရှိတဲ့ ကျောက်ခေတ်သုံး အိုးခွက်များပေါ်မှာ စတင်တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပုဂံခေတ် အချိတ်အဆင်အကြောင်းကို လေ့လာကြည့်တဲ့ အခါမှာလည်း ပုဂံကျောက်စာတွေရဲ့ ကျွန်အမည်တွေမှာ “လက်ခြိတ်ကျွန်”ဆိုပြီး ရေးထိုးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အပယ်ရတနာလိုဏ်ဂူအတွင်း နံရံဆေးရေးပန်းချီမှာလည်း ကြိုးကြီးချိတ်ထဘီကို ဝတ်ဆင်ထားတဲ့ လက်နှစ်ဖက်နဲ့ တာရာဒေဝီပုံကို ထောက်ရှုခြင်းဖြင့် ပုဂံခေတ်ထဲက အချိတ်လုံချည် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အချိတ်ဆိုပြီး ပီပီပြင်ပြင် ပေါ်ပေါက်ခဲ့တာကတော့ ညောင်ရမ်းခေတ်(၁၅ရာစု)ကလို့ဆိုပါတယ်။ အဲ့အချိန်က ချိတ်လုံချည်ရက်လုပ်တဲ့အခါမှာ လက်နဲ့ရက်လုပ်ခဲ့ရပြီး ပိုးချည်၊ရွှေမျှင်တို့ကို အဓိကအသုံးပြုပြီး လှပတဲ့ ချိတ်လိုင်း၊အပွင့်ပုံတို့ကို ပုံဖော်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ချိတ်လုံချည်ကို တော်ဝင်မိသားစုသာ ဝတ်ဆင်နိုင်ခဲ့တာပါ။နောက်ပိုင်းမှာတော့ ရက်ကန်းကိုအသုံးပြုပြီး လှပတဲ့ ချိတ်ပုံစံအမျိုးမျိုး ပြုလုပ်ခဲ့ကြပါတယ်။ ရိုးရာချိတ်ဒီဇိုင်း ၅၂မျိုးရှိပြီး အသေးစိတ် လက်နဲ့ရက်လုပ်ရတဲ့အတွက် အရမ်းစျေးကြီးပါတယ်။ ဒီအထဲကမှ လွန်းတရာချိတ်၊ လွန်းရာကျော်ချိတ်၊ကြိုးကြီးချိတ်စတဲ့ချိတ်တွေဟာ နာမည်ကြီးတဲ့ ချိတ်ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ အခုခေတ်မှာတော့ ချိတ်ဒီဇိုင်း ၁၀မျိုးရှိတယ်လို့ ဆိုပါတယ်။
✏️ယခုအခါမှာတော့ ချည်နဲ့ပိုးနဲ့ ရောပြီး စက်နဲ့ရက်ထားတဲ့ ချိတ်လုံချည်တွေကို စျေးပေါပေါနဲ့ ဝယ်နိုင်ပေမဲ့ လက်နဲ့ရက်လုပ်တဲ့ ရိုးရာချိတ်လုံချည်တွေကတော့ စျေးကြီးပေမဲ့လည်း အမြတ်တနိုး ဝတ်ဆင်နေတုန်းပါပဲ။
📍လွန်းရာကျော်ချိတ်ဆိုတာဘာလဲ❓
✏️အချိတ်အထည်ဖြစ်ဖို့ လွန်းကလေးပေါင်း တစ်ရာကျော်နှစ်ရာနီးပါး လက်ဝင်စွာပြုလုပ်ရလို့ လွန်းရာကျော်ချိတ်လို့ ခေါ်တယ်လို့ ဆိုကြပါတယ်။
✏️ချိတ်လုံချည်တွေကို မန္တလေးတိုင်း၊အမရပူရမြို့မှာ အဓိကရက်လုပ်ပြီး မန္တလေး၊စစ်ကိုင်းမြို့တို့မှာလည်း ရက်လုပ်ပါတယ်။
✏️ကဲဒီတော့ မြန်မာလူမျိုးရှိနေသေးသရွေ့ ချိတ်လုံချည်တွေဟာ ရှိနေမှာပါ။ချိတ်လုံချည်ဆိုတာ မြန်မာတို့ရဲ့ နှလုံးသည်းပွတ်ဆိုရင်လည်းမမှားပါဘူး။ 💓💓💓
‼️ကဲနောက်ထပ်လည်း မြန်မာ့ရိုးရာလက်မှုပညာတွေနဲ့ ကမ္ဘာအနှံ့ကရိုးရာလက်မှုပညာအကြောင်းတွေကို မျှဝေပေးသွားမှာမို့ stay stanနော်💗
📌[English Version]
A Cheik Longyi is one of the traditional dresses of Myanmar. In Myanmar, people wear A Cheik Longyi in special occasions like weddings, graduation ceremonies, novitiation ceremonies and national gatherings. In Myanmar, not only females but also males wear A Cheik Longyi. So, for Myanmar people A Cheik Longyi is regarded an important aspect of national identity, representing tradition and practice of a thriving culture.
The researchers say, early A Cheik designs are look liked with the patterns on the cooking utensils that were found at Hanlin ancient city. According to Bagan stone inscriptions and mural paintings, there was A Cheik Longyi since Bagan era. In Nyungyan era(15th century), there were so many A Cheik designs and A Cheik Longyi became more and more famous. But, during this period, A Cheik was made with gold and silver threads and they were very expensive. So, it was used for royal costumes and ordinary people weren’t allowed to wear. There were 52 patterns traditional A Cheik designs and 10 patterns modern A Cheik designs. Nowadays, A Cheik workshops are mainly based in Amarapura, Sagaing and Mandalay in upper Myanmar.
For more informations, please like and follow my page💗
#ချိတ်လုံချည်