18/05/2024
ပထမဆုံးအနေနဲ့ Sanding အကြောင်းကို ပြောရမယ်ဆိုရင်
ပါကေးရဲ့ မျက်နှာပြင်ကို ချောမွေ့အောင် Sandpaper နဲ့ တိုက်တာမို့လို့ Sanding လို့ ခေါ်တာပါ။ 💡
Sanding လုပ်ပေးလိုက်ရင် ကြမ်းပြင်၊ မျက်နှာကြက်၊ နံရံတွေပဲဖြစ်ဖြစ် ပရိဘောဂတွေပဲ ဖြစ်ဖြစ် မျက်နှာပြင်က ချောမွေ့သွားပြီးတော့ ဖုထုစ်တာ၊ သစ်သားစ ထွက်နေတာတွေ မရှိတော့ဘူးပေါ့နော်။ မြန်မာလိုဆိုရင်တော့ ကော်ပတ်တိုက်တယ်၊ ကော်ပတ်စားတယ် ခေါ်ကြပါတယ်။ 💁
ဆိုတော့ ပါကေးခင်းရင်းရော ကော်ပတ်စားဖို့ ဘာလို့လိုတာလဲ? 🤔
ခုနပြောခဲ့သလိုပါပဲ။
ကြမ်းခင်းမှာ ဖုနေတာ၊ မသပ်မရပ်ဖြစ်နေတဲ့ နေရာတွေ မှန်သမျှကို ကော်ပတ်စားပြီး ဖျောက်ပစ်ရမှာပါ။ 💁
Sanding လုပ်တဲ့အခါမှာ စက်နဲ့ရော၊ လက်နဲ့ပါ လုပ်လေ့ရှိကြပါတယ်။ ပါကေး အမျိုးအစားနဲ့ ဒီဇိုင်းဖော်ထားတဲ့ အကွက်အပေါ်မူတည်ပြီး ပြုလုပ်ပုံအဆင့်ဆင့်က ကွာခြားသွားတတ်တယ်။ များသောအားဖြင့်တော့ Direction မျိုးစုံသွားလို့ရဲ့ Orbital sander ကို သုံးကြပါတယ်။ 🪵
ပါကေးတစ်ခုလုံးကို ကော်ပတ်တိုက်ပြီးတာနဲ့ မျက်နှာပြင်ပေါ်မှာ ကျန်နေတဲ့ ဖုန်နဲ့ အမှုန်အစတွေကို သေချာ ဖယ်ရပါမယ်။ ဒီနေရာမှာတော့ တံမြက်စည်းနဲ့ လှည်းတာဖြစ်ဖြစ်၊ ဖုန်စုပ်စက်နဲ့ ဖယ်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပြီးတော့ နောက်တစ်ဆင့်ကျရင် ရေစိုအဝတ်လေးသုံးပြီး ကျန်နေတဲ့ ဖုန်တွေကို ဖယ်ပေးရပါမယ်။ 💁
ပါကေးတုံး တစ်ခုနဲ့ တစ်ခုကြားမှာ ဟ, နေတာတွေ ရှိရင် ဒီအဆင့်မှာ ကပ်ပေးတာ၊ ဖြည့်ပေးတာတွေ တစ်ခါတည်း လုပ်ရမှာဖြစ်ပါတယ်။ ဖြည့်လိုက်တဲ့ Filler တွေက ပိုနေရင် ကြမ်းခင်းမျက်နှာပြင် မို့မောက်နေမှာဖြစ်လို့ ပိုနေတဲ့ နေရာတွေကိုလည်း ကော်ပတ်နဲ့ လိုက်ညှိပေးရပါဦးမယ်။ 🙋
ပြီးသွားတာနဲ့ အပေါ်ကနေ Coating ဆေးလိုက်ပြီးတာနဲ့ သင့်ကြမ်းခင်းက Ready to be walked on ဖြစ်သွားပါပြီ။ Coating က ပြောင်လက်နေလေလေ၊ ကြမ်းခင်းကလည်း ပိုလှလေလေ ဖြစ်တဲ့အတွက် Floors & Doors by Tekku flooring service team ကတော့ Sanding Procedure ပြီးတာနဲ့ TOA T-4000 နဲ့ BHI Products တွေကိုပဲ သုံးပါတယ်လို့ ကြော်ငြာလိုက်ပါတယ်နော်။ 😎
Coating တွေအတွက်ဆိုရင်တော့ Service မှာ Polish/ Coating 2 ကြိမ်ပါဝင်ပြီး အကယ်၍ Customer ဘက်က ထပ်တိုး coating ပြုလုပ်ချင်တယ်ဆိုရင်တော့ Floors & Doors by Tekku ဘက်ကနေ ဝန်ဆောင်ခ ထပ်မံကောက်ခံပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 🙋
ဒါကြောင့် Parquet Quality ကောင်းပြီး Flooring Service စိတ်ချရတဲ့ ပါကေးဆိုင်ကောင်းကောင်းကို ရှာနေတယ်ဆိုရင်တော့ Floors & Doors by Tekku မှာ ကျွန်းပါကေးတွေကို EXPORT Quality, Grade A+ Quality, Grade A Quality စသည်ဖြင့် အရည်အသွေး အမျိုးအစား ၃ ခုအထိ ရွေးချယ်ပြီး ဝယ်ယူလို့ ရပါတယ်။
လူကိုယ်တိုင် လာရောက်ကြည့်ရှုချင်ရင်လည်း Floors & Doors by Tekku ရဲ့ Showroom ကို လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ 🙇
လိပ်စာ - E32, May Kha Housing, Lay Daunt Kan Road, Thingangyun Township, Yangon, MM
ဖုန်းနံပါတ်: 09 880 261 613
Opening Hours: မနက် (၈:၃၀) နာရီ မှ ညနေ (၅) နာရီ။
Opening Days: Mon - Sat
#ကျွန်းပါကေး