Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ

  • Home
  • Myanmar
  • Yangon
  • Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ

Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ Home decoration, curtain & blinds, rollers & vertical

ခန်းဆီးလိုက်ကာနဲ့ပတ်သက်ရင် "Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ" ကိုသာ သတိရလိုက်ပါ။

သင့်အိမ်၊ သင့်ရုံးခန်း၊ ဆိုင်ခန်း၊ ကျောင်း၊ ဆေးရုံ၊ မည်သည့်နေရာတွေမှာမဆို လိုက်ကာခန်းဆီးတွေတပ်ဆင်ဖို့လိုအပ်တယ်ဆိုရင် "Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ" က အသင့်ရှိနေပါတယ်။

အဆင်၊ ဒီဇိုင်းပေါင်း ရာနဲ့ချီပြီးရှိသည့်အတွက်၊ ကြိုက်နှစ်သက်ရာအဆင်ဒီဇိုင်းများကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ဝန်ဆောင်ပေးမှုအနေနဲ့ -



#ရန်ကုန်မြို့တွင်း #တိုင်းတာတပ်ဆင်ချုပ်လုပ်ခြင်းအခမဲ့ အပြင်
#အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီ။

စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်၊

Page Message ဖြစ်သည့် m.me/GoldenWorldCurtains ကိုနှိပ်၍ဖြစ်စေ၊


ဖုန်းနံပါတ် - 09770418675, 09255563270

တို့ကို ဆက်သွယ်၍ဖြစ်စေ၊

ဆိုင်ကို လူကိုယ်တိုင်လာရောက်ချင်တယ်ဆိုပါက၊

"Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ"

လိပ်စာ - အမှတ် - ၈၆၁(မြေညီ)၊ ဇာဂလမ်း(အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး Reviews or Recommended လေးတွေရေးပေးရန်။
https://fb.me/GoldenWorldCurtains/reviews


Google Map - https://goo.gl/maps/2wVweS3fdtVPH6UD9


Facebook - https://fb.me/GoldenWorldCurtains


#ရွှေကမ္ဘာ
#ခန်းဆီး
#လိုက်ကာ


#ရွှေကမ္ဘာခန်းဆီးလိုက်ကာ
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#ရွှေကမ္ဘာအဆင့်မြင့်ခန်းဆီးလိုက်ကာ
့်မြင့်ခန်းဆီးလိုက်ကာ

နှစ်ထပ်လိုက်ကာတပ်ဆင်ခြင်းရဲ့ အားသာချက်များ ✨=====================================================နှစ်လွှာပေါင်းမှ တစ်ရွက...
07/09/2026

နှစ်ထပ်လိုက်ကာတပ်ဆင်ခြင်းရဲ့ အားသာချက်များ ✨
=====================================================

နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးတွေလိုပဲ အလှနဲ့ အသုံးဝင်မှုကို ပေါင်းစပ်ပေးထားတာကတော့ "နှစ်ထပ်လိုက်ကာ" လေးတွေပဲ ဖြစ်ပါတယ်။ 😍

ဒါကြောင့်လည်း 𝐋𝐮𝐱𝐮𝐫𝐲 𝐕𝐢𝐛𝐞 အပြည့်ရစေတဲ့ 𝟓-𝐒𝐭𝐚𝐫 𝐇𝐨𝐭𝐞𝐥 တွေနဲ့ အဆင့်မြင့်အိမ်ရာတွေမှာ နှစ်ထပ်လိုက်ကာတွေကို အများဆုံး အသုံးပြုကြတာပေါ့ရှင်။

နှစ်ထပ်လိုက်ကာ တပ်ဆင်ခြင်းက 𝐏𝐫𝐞𝐦𝐢𝐮𝐦 ဆန်ရုံတင် မကပါဘူး…..

✨ မနက်ခင်း နေရောင်နွေးနွေးလေးကို ခံစားဖို့၊ ညဘက် လုံခြုံမှုအပြည့် အိပ်စက်အနားယူနိုင်ဖို့ တာဝန်ယူပေးတယ်။

✨ နေရောင်ဒဏ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာမို့ အိမ်တွင်းပရိဘောဂပစ္စည်းတွေ အရောင်လွင့်မှာ၊ ထိခိုက်ပျက်စီးမှာ စိတ်ပူစရာမလိုဘူး။

✨ ကိုယ်က အိမ်မှာနေရင်း အလုပ်လုပ်တာဆိုလည်း အခန်းပတ်ဝန်းကျင်ရဲ့ သေသပ်လှပမှုက ကိုယ့်စိတ်အကြည်ဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

✨ ဧည့်ခန်းလိုနေရာမျိုးမှာ နှစ်ထပ်လိုက်ကာ တပ်ဆင်တဲ့အခါ အိမ်ရဲ့ ခံ့ညားမှုနဲ့ အဆင့်အတန်းက ပိုမိုမြင့်တက်သွားတာပေါ့။

ဒီလို 𝐋𝐮𝐱𝐮𝐫𝐲 ဆန်ဆန် လှပတင့်တယ်စေတဲ့ နှစ်ထပ်လိုက်ကာလေးတွေနဲ့အတူ သင့်အိမ်ဂေဟာကို ပိုမိုပြည့်စုံ ခံ့ညားသွားစေဖို့ဆို…..

အတိုင်းအတာယူခြင်းမှစပြီး ချုပ်လုပ်တပ်ဆင်သည်အထိ အသေးစိတ် တာဝန်ယူပေးနေတဲ့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤩

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 𝟎𝟗 𝟕𝟕𝟎 𝟒𝟏𝟖 𝟔𝟕𝟓, 𝟎𝟗 𝟕𝟓𝟏 𝟔𝟕𝟕 𝟕𝟕𝟑

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

29/08/2026

𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှကြိုဆိုပါတယ်။ဒီနေ့မှာတော့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာတပ်ဆင်ပေးခဲ့တဲ့ premium လိုက်ကာလေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။ ခုတပ်ဆင်ထားတာလေးကတော့ နေရောင်ခြည်ကို (50%) ကာကွယ်ပေးပြီး နေအိမ်ရဲ့ လှပမှုကို ပိုမိုတောက်ပစေကာ လိုက်ဖက်စေတဲ့ Code no 11 # ရွှေရောင်လိုက်ကာလေးဘဲ ဖြစ်ပါတယ် ။

ချုပ်လုပ်မှုစနစ်ကျပြီးအရည်အသွေး ကောင်းမွန်တဲ့ အတွက် ရေရှည်မှာ အသုံးခံပြီး အိမ်ခန်းနံရံတွေနဲ့ လိုက်ဖက်မှုရှိအောင် အလှဆုံး ချုပ်လုပ်တပ်ဆင်ပေးထားပါတယ် ။

ယုံကြည်အပ်နှံပေးတဲ့ customer ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလိုမျိုး လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်တို့မှာလည်း လိုက်ဖက်ညီပြီး လှပတဲ့ လိုက်ကာလေးတွေတပ်ဆင်ချင်တယ်ဆိုရင်တော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ရဲ့ အဆင့်မြင့် ခန်းဆီးလိုက်ကာတွေကိုသာ စိတ်ချယုံကြည် ရွေးချယ်မှာယူနိုင်ပါပြီရှင်။ 😍

(မှတ်ချက် - တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။)

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

တက်ကြွပြီး တာဝန်ယူစိတ်ရှိသည့် ဝန်ထမ်းကောင်းများ အမြန်ခေါ်ယူခြင်း 📢အခြေခံလစာ ၆ သိန်းအပြင် ကြိုးစားရင်ကြိုးစားသလို 𝐎𝐓 ကြေး...
25/08/2026

တက်ကြွပြီး တာဝန်ယူစိတ်ရှိသည့် ဝန်ထမ်းကောင်းများ အမြန်ခေါ်ယူခြင်း 📢

အခြေခံလစာ ၆ သိန်းအပြင် ကြိုးစားရင်ကြိုးစားသလို 𝐎𝐓 ကြေးပါ ရရှိနိုင်မယ်ဆို စိတ်ဝင်စားလား။ ❓

𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ခန်းဆီးလိုက်ကာမှ အောက်ပါ ရာထူးနေရာတွေ ခေါ်ယူနေပါတယ်ရှင်။ 🤗

✅ တိုင်းတာတပ်ဆင်အတွက် ကျွမ်းကျင် အမျိုးသား ( ၇ ) ဦး

💸 လစာနှင့် ခံစားခွင့်များ

🔹 အခြေခံလစာ ၆၀၀,၀၀၀ ကျပ် ( 𝐎𝐓 သီးသန့်ရရှိမည် )

🔹 အလုပ်ချိန် မနက် ၉:၀၀ မှ ညနေ ၅:၀၀ ထိ

🔹 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 ထောက်ပံ့ပေးထားပါသည်

🔹 တစ်ပတ်လျှင် (၁) ရက် နားရက်ရရှိပါမည်

📌 လိုအပ်သောအရည်အချင်းများ

💠 အသက် (၃၅) နှစ်အောက် အမျိုးသား ဖြစ်ရမည်။

💠 ဆယ်တန်းအောင် (သို့မဟုတ်) ဘွဲ့ရရှိထားသူ ဖြစ်ရမည်။

💠 အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသား ကြိုးစားသူ ဖြစ်ရမည်။

💠 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 နှင့် စိတ်ရှည်စွာ ပြောဆိုရှင်းပြနိုင်ပြီး ဝန်ဆောင်မှုကောင်း ပေးနိုင်သူ ဖြစ်ရမည်။

💠 အဖွဲ့အစည်းနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(တိုင်းတာ တပ်ဆင်မှု အတွေ့အကြုံ မရှိပါကလည်း စနစ်တကျ သင်တန်းပေးသွားမည် ဖြစ်ပါသည်။)

✅ အရောင်းစာရေး အမျိုးသမီး (၃) ဦး

💸 လစာနှင့် ခံစားခွင့်များ

🔹 အခြေခံလစာ ၆၀၀,၀၀၀ ကျပ် ( 𝐎𝐓 သီးသန့်ရရှိမည် )

🔹 အလုပ်ချိန် မနက် ၉:၀၀ မှ ညနေ ၅:၀၀ ထိ

🔹 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐀𝐥𝐥𝐨𝐰𝐚𝐧𝐜𝐞 ထောက်ပံ့ပေးထားပါသည်

🔹 တစ်ပတ်လျှင် (၁) ရက် နားရက်ရရှိပါမည်

📌 လိုအပ်သောအရည်အချင်းများ

💠 အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။

💠 ဆယ်တန်းအောင် (သို့မဟုတ်) ဘွဲ့ရရှိထားသူ ဖြစ်ရမည်။

💠 အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသား ကြိုးစားသူ ဖြစ်ရမည်။

💠 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 နှင့် စိတ်ရှည်စွာ ပြောဆိုရှင်းပြနိုင်ပြီး ဝန်ဆောင်မှုကောင်း ပေးနိုင်သူ ဖြစ်ရမည်။

💠 အဖွဲ့အစည်းနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

💠 သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

💠 ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရမည်။

စိတ်ဝင်စားလို့ လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ပါ 𝐕𝐢𝐛𝐞𝐫 ဖုန်းနံပါတ်မှဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင်။

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 𝟎𝟗 𝟕𝟕𝟎 𝟒𝟏𝟖 𝟔𝟕𝟓, 𝟎𝟗 𝟕𝟓𝟏 𝟔𝟕𝟕 𝟕𝟕𝟑

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ #𝐇𝐢𝐫𝐢𝐧𝐠

သပ်သပ်ရပ်ရပ်တပ်ဆင်ထားတဲ့ လိုက်ကာလေးပေါ် မတော်တဆ အစွန်းအထင်းဖြစ်စေမိတဲ့အခါ “ငါ့လိုက်ကာလေးတော့ သွားပါပြီ” ဆိုတဲ့အတွေးနဲ့ အ...
23/08/2026

သပ်သပ်ရပ်ရပ်တပ်ဆင်ထားတဲ့ လိုက်ကာလေးပေါ် မတော်တဆ အစွန်းအထင်းဖြစ်စေမိတဲ့အခါ “ငါ့လိုက်ကာလေးတော့ သွားပါပြီ” ဆိုတဲ့အတွေးနဲ့ အသည်းကွဲရတယ်ဟုတ်။ 😩

လိုက်ကာတစ်ခုလုံး ဖြုတ်လျှော်ဖို့ဆိုတာလည်း အဲလောက်မလွယ်ကူသလို ခဏခဏ လျှော်ပြန်ရင်လည်း လိုက်ကာ အထည်သားလေး ပျက်စီးမှုမြန်မယ် မဟုတ်လား။

ဒါပေမဲ့ စိတ်မပူပါနဲ့……

အစွန်းအထင်းတွေအတွက် အိမ်တွင်းမှာတင် လျှပ်တပြက် ဖြေရှင်းနိုင်မဲ့ လျှို့ဝှက်ချက်လေးတွေကို 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 က ပြောပြပေးပါ့မယ်။ 🥰

ပထမဆုံး အစွန်းအထင်းဖြစ်ခဲ့ရင် စိတ်ညစ်ညစ်နဲ့ ဂျောင်ထိုးမထားလိုက်ပါနဲ့။ အစွန်းအထင်းဖြစ်ဖြစ်ချင်း သန့်စင်တာက အထိရောက်ဆုံးဖြစ်တာမို့ ဘာပဲပေပေ အရင်ဆုံး တစ်ရှူးလေးနဲ့ ဖိသုတ်လေး သုတ်ပေးပါနော်။

✅ ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းရည် စတဲ့ စွန်းထင်းမှုတွေအတွက်ဆို ရေနွေးလေးထဲကို အပျော့စားဆပ်ပြာရေလေး ရောစပ်ပြီးနောက် ဂွမ်း ဒါမှမဟုတ် နူးညံ့တဲ့အဝတ်စလေးနဲ့ ပေတဲ့နေရာကို အသာအယာ တို့သုတ်ပေးပါ။ ပြီးမှ ရေစွတ်ထားတဲ့ အဝတ်သန့်လေးနဲ့ တစ်ထပ်ပြန်သန့်ရှင်းပါ။

✅ ဆီစွန်းထင်းမှုဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် ပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ဆီပေသွားတဲ့ နေရာမှာ ဆိုဒါ ဒါမှမဟုတ် ပေါင်ဒါမှုန့်လေးကို ၁၅ မိနစ်လောက် ဖြူးထားပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနည်းလမ်းအတိုင်း အပျော့စားဆပ်ပြာလေးကို ရေဖျော်ပြီး အရင်သန့်ရှင်း။ နောက်မှ အဝတ်သန့်လေးနဲ့ အချောသတ်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

✅ မင်ရည် ဒါမှမဟုတ် ရောင်စုံခြယ်ဖယောင်းလို အစွန်းအထင်းဖြစ်ခဲ့ရင်တော့ 𝐑𝐮𝐛𝐛𝐢𝐧𝐠 𝐀𝐥𝐜𝐨𝐡𝐨𝐥 (သို့မဟုတ်) ရေမွှေးအနည်းငယ်ကို ဂွမ်းစမှာတို့ပြီး အစွန်းပေါ် သုတ်ပေးမယ်ဆို အလွယ်တကူ ပြောင်စင်သွားစေနိုင်ပါတယ်။

တကယ်လို့ အစွန်းအထင်းဖယ်ရှားရင်း လိုက်ကာလေးကိုလည်း တစ်ခါတည်း 𝐃𝐞𝐞𝐩 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 လုပ်လိုက်ချင်တယ်ဆိုရင်တော့ လိုက်ကာအမျိုးအစားအလိုက် လျှော်ဖွတ်နည်းအတိုင်း ဂရုစိုက်လုပ်ဆောင်ဖို့ မမေ့နဲ့နော်။

တကယ်လို့ ကိုယ့်အတွက် အကျိုးရှိတယ်ဆို အစွန်းအထင်းတွေအတွက် အိမ်ရှင်မတို့ စိတ်မညစ်ရလေအောင် အချင်းချင်းလက်တို့ မျှဝေပေးပါဦးနော်။

သန့်ရှင်းသပ်ရပ်တဲ့ အိမ်ဂေဟာလေးနဲ့အတူ ကံကောင်းခြင်း လာဘ်လာဘတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 𝟎𝟗 𝟕𝟕𝟎 𝟒𝟏𝟖 𝟔𝟕𝟓, 𝟎𝟗 𝟕𝟓𝟏 𝟔𝟕𝟕 𝟕𝟕𝟑

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ ပျက်စီးမှုမရှိစေဖို့ သတိပြုရမည့် အချက်များ ✨ခန်းဆီးလိုက်ကာဆိုတာ အိမ်ရဲ့အလှအပနဲ့ သန့်ရှင်းမှု...
07/08/2026

လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ ပျက်စီးမှုမရှိစေဖို့ သတိပြုရမည့် အချက်များ ✨

ခန်းဆီးလိုက်ကာဆိုတာ အိမ်ရဲ့အလှအပနဲ့ သန့်ရှင်းမှုကို ဖော်ပြနေတဲ့ အဓိကအရာတစ်ခုဖြစ်တာကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ နည်းလမ်းနဲ့ လျှော်ဖွတ်မိရင်တော့ လိုက်ကာရဲ့ အရည်အသွေးနဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်နော်။

ဒါကြောင့်မို့လို့ လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ အထည်သားမပျက်စီးဘဲ ရေရှည်သစ်လွင်လှပနေစေဖို့ မဖြစ်မနေ သတိပြုရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 👇

✅ အထည်သား အမျိုးအစားကို စစ်ဆေးပါ

လိုက်ကာတိုင်းကို အဝတ်လျှော်သလို အကုန်ရောလျှော်လို့ မရပါဘူး။ အထူးသဖြင့်
ပိုးထည် သို့မဟုတ် ဇာ အထည်သားတွေကို လျှော်စက်ထဲထည့်လျှော်မိရင် အထည်ကျုံ့ခြင်း၊ ပုံစံပျက်ခြင်းများ ဖြစ်စေနိုင်တာကြောင့် Dry Clean သာ ပြုလုပ်ပေးသင့်ပါတယ်။

Cotton နှင့် Polyester အထည်သားများကိုတော့ ရေအေးနဲ့ အသာအယာ လျှော်ဖွတ်နိုင်ပါတယ်။

✅ လိုက်ကာချိတ်နှင့် ကွင်းများကို ဖြုတ်ပါ

မလျှော်ခင် လိုက်ကာမှာ တပ်ဆင်ထားတဲ့ သံချိတ်၊ ပလတ်စတစ်ချိတ် ဒါမှမဟုတ် Metal Ring တွေကို အရင်ဆုံး ဖြုတ်ထားရပါမယ်။

မဖြုတ်ဘဲ လျှော်စက်ထဲ ထည့်လိုက်မယ်ဆို အထည်သားကို ပျက်စီးစေနိုင်သလို လျှော်စက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်ရှင်။

✅ ခပ်ပြင်းပြင်း အဝတ်လျှော်ဆပ်ပြာနဲ့ အရောင်ချွတ်ဆေးများကို ရှောင်ပါ

အားပြင်းတဲ့ အရောင်ချွတ်ဆေးတွေက လိုက်ကာရဲ့ အရောင်ကို ပျက်စီးစေပြီး အထည်သားကို ဆန့်လွယ်၊ ကျုံ့လွယ် ပျက်စီးစေပါတယ်။

ဒါကြောင့် သာမန် အဝတ်လျှော်ဆပ်ပြာရည် ကိုသာ အသုံးပြုသင့်ပါတယ်။

✅ နေရောင်ခြည်ဒဏ် တိုက်ရိုက်ထိတွေ့ပြီး လှန်းခြင်းမှ ရှောင်ကြဉ်ပါ

လိုက်ကာတွေကို လှန်းတဲ့အခါ နေရောင်ခြည် တိုက်ရိုက်ရတဲ့ နေရာထက် လေဝင်လေထွက်ကောင်းပြီး အရိပ်အောက်မှာသာ သဘာဝအတိုင်း အခြောက်ခံတာ အကောင်းဆုံးပါ။

ပြင်းထန်တဲ့ နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းက အရောင်ပြယ်လွယ်ပြီး အထည်သား ကိုကြွပ်ဆတ်သွားစေနိုင်ပါတယ်။

✅ မီးပူတိုက်ရာတွင် အပူချိန် ထိန်းညှိပါ

လိုက်ကာ မီးပူတိုက်တော့မယ်ဆိုရင် အထည်သားအလိုက် အပူချိန်ကို စနစ်တကျ ချိန်ညှိရပါမည်။

အထည်သား ပျက်စီးမှုမရှိစေဖို့ လိုက်ကာရဲ့ အနောက်ဘက်ခြမ်းမှ စတင် မီးပူတိုက်ပေးခြင်း သို့မဟုတ် Steam Iron ကို အသုံးပြုပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

💡 လိုက်ကာများကို ရေရှည်သစ်လွင်လှပစေချင်ရင်တော့ အထည်သားအမျိုးအစားအလိုက် မှန်ကန်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများကို အသုံးပြုဖို့ မမေ့ပါနဲ့နော်။ 😉

လိုက်ကာအမျိုးအစားအလိုက် ကွဲပြားသွားတဲ့ သန့်ရှင်း‌ရေးလုပ်ပုံတွေကို ဒီ Link လေးမှာ လေ့လာနိုင်ပါတယ်ရှင်။ 👇

https://www.facebook.com/share/p/1EX5mmRfgf/

မိမိအိမ်ဂေဟာနဲ့ ကိုက်ညီပြီး အရည်အသွေးမြင့်မားကာ ရေရှည်အသုံးခံမဲ့ ခန်းဆီးလိုက်ကာ ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် လှပစေချင်တယ်ဆိုရင်တော့ Golden World ခန်းဆီးလိုက်ကာ ကို အခုပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ။ 🤝❤️

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင်က တရားဦးဖြစ်သော "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတ...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင်က တရားဦးဖြစ်သော "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်လှသော "ဓမ္မစကြာအခါတော်နေ့" ဖြစ်ပါတယ်။ 🌸

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ဝါဆိုလပြည့်နေ့မြတ်အခါသမယမှာ ရွှေမြန်မာအပေါင်းနှင့်တကွ Golden World ၏ ချစ်လှစွာသော Customer မိသားစုဝင်များအားလုံး.....

✨ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံနိုင်ကြပါစေ။

✨ ပူပင်သောကဟူသမျှ ကင်းဝေးပြီး အေးမြသော မေတ္တာရိပ်အောက်ဝယ် အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

✨ မိမိတို့၏ အိမ်ဂေဟာလေးများတွင်လည်း ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရားများနှင့်အတူ နွေးထွေးအေးချမ်းသည့် သုခဘုံလေးများ ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း Golden World ခန်းဆီးလိုက်ကာ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါရစေရှင်။ 🙏🌻

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

14/07/2026

📍 သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ

လူကြီးမင်းတို့ရဲ့ နေအိမ်ကို ပိုမိုခေတ်မီပြီး အဆင့်မြင့်တဲ့ အသွင်အပြင်ရရှိစေဖို့ UV 100% ကာကွယ်ပေးသော ချည်သားအထူ လိုက်ကာ နှင့် Zebra Blinds ကို စိတ်တိုင်းကျ တပ်ဆင်ပေးခဲ့ပါသည်။

အေးဆေးတည်ငြိမ်တဲ့ ခဲရောင်က အိမ်အတွင်းပိုင်း Furniture တွေနဲ့ လိုက်ဖက်ညီပြီး နွေးထွေးသပ်ရပ်တဲ့ Luxury Atmosphere ကို ဖန်တီးပေးပါတယ်။

✔️ UV 100% ကာကွယ်မှု
✔️ နေအပူလျှော့ချပေးခြင်း
✔️ Privacy အပြည့်အဝ ရရှိခြင်း
✔️ Modern & Elegant Interior Design

အရည်အသွေးကောင်းမွန်တဲ့ လိုက်ကာတစ်စုံက အိမ်ရဲ့အလှတရားကို ပိုမိုပြည့်စုံစေပါတယ်။

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ တာမွေမြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ Classic...
10/07/2026

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ တာမွေမြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ Classic ပိုးချည်သား ရွှေရောင်လိုက်ကာကို အချောသတ်တပ်ဆင်ပေးခဲ့တဲ့ ပုံလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင် 🤗

Customer ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ Design လေးဖြစ်ပြီး တပ်ဆင်ပြီးတဲ့နောက် အလွန်နှစ်သက်ကျေနပ်တယ် ဆိုတဲ့ စကားသံက Golden World အတွက် ပီတိခွန်အားဖြစ်ရပါတယ်။ 😍

⚜ ရွှေရောင်အသွင်ရဲ့ နူးညံ့တဲ့အရောင်အသွေးနဲ့ Classic Fabric ပေါင်းစပ်မှုက ဧည့်ခန်း၊ အိပ်ခန်းနဲ့ ရုံးခန်းတိုင်းကို နွေးထွေးပြီး အဆင့်မြင့်တဲ့ အိမ်အလှဆင်ပုံစံတစ်ခုအဖြစ် ပြောင်းလဲပေးတယ်။

☀️ UV 70% အထိ ကာကွယ်ပေးနိုင်ပြီး သဘာဝအလင်းရောင်ကို နူးညံ့စွာ ထိန်းညှိပေးတာကြောင့် လှပမှုနဲ့ အသုံးဝင်မှုကို တစ်ပြိုင်တည်း ရရှိနိုင်တဲ့ ရွေးချယ်မှုလေးပါပဲနော်။ 🥰

အခုလိုမျိုး လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်တို့မှာလည်း လိုက်ဖက်ညီပြီး လှပတဲ့ လိုက်ကာလေးတွေတပ်ဆင်ချင်တယ်ဆိုရင်တော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ရဲ့ အဆင့်မြင့် ခန်းဆီးလိုက်ကာတွေကိုသာ စိတ်ချယုံကြည် ရွေးချယ်မှာယူနိုင်ပါပြီရှင်။ 😍

(မှတ်ချက် - တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။)

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

Address

အမှတ်-၈၆၁(မြေညီ)၊ ဇာဂလမ်း(အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်။
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share