Nicolas Thant

Nicolas Thant Nicolas Thant ‘s personla page

Non-identity , Artist- Youth Activist
Contact - [email protected] Handmade Assiorsses

New gen is not waiting for hope , we are the hope Youth pride 2026  Photo - SEM
21/07/2026

New gen is not waiting for hope , we are the hope
Youth pride 2026

Photo - SEM

Pride 2026      ***rsofburma
30/06/2026

Pride 2026



***rsofburma

Q***r Demands Manifesto 2026 - Myanmar/Burmaကွီးရားတောင်းဆိုချက် ကြေညာစာတမ်း-၂၀၂၆ဒီနေ့၂၈ရက်နေ့တွင် စတုန်းဝေါတိုက်ပွဲစတင်...
28/06/2026

Q***r Demands Manifesto 2026 - Myanmar/Burma
ကွီးရားတောင်းဆိုချက် ကြေညာစာတမ်း-၂၀၂၆

ဒီနေ့၂၈ရက်နေ့တွင် စတုန်းဝေါတိုက်ပွဲစတင်ခဲ့သည်။ ဗမာပြည်တလွှား လိင်ဖြစ်တည်မှု၏လွတ်လပ်ခွင့်၊ တရားမျှတမှုတို့သည်ကား နွေဦးတော်လှန်ရေးနှင့်အတူဆက်လက် ကြိုးပမ်းလျက်ရှိသည်။ ဤကြေညာစာတမ်းအား အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများပါဝင်လက်မှတ်ရေးထိုးထားသည်။

Today, 28 June, marks the anniversary of the beginning of the Stonewall Uprising. Across Myanmar, the struggle for freedom of sexual orientation and gender identity, equality, and justice continues alongside the Spring Revolution.

Today, we proudly present the Q***r Demands Manifesto 2026, endorsed and signed by organizations and individuals united in the pursuit of a democratic, inclusive, and federal Myanmar where the rights and dignity of LGBTQIA+ people are fully recognized and protected.

Together, we continue our fight for freedom, justice, and equality, for everyone.

***rDemands2026 ***rRights ***rResistance ***rLiberation ***rsOfBurma

24/06/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

🕯️ Remembering Our Fallen Q***rs 🏳️‍🌈

စစ်အာဏာရှင်ကို တွန်းလှန်တော်လှန်ရုံသာမက ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်ပါ တော်လှန်နေရတဲ့ q***r မောင်နှမများစွာ ဒီတော်လှန်ရေးထဲမှာ ရှိနေပါတယ်။

ဒီနေ့မှာတော့ Artist နဲ့ Youth Activist တစ်ဦးဖြစ်တဲ့ Nicolas Thant (နီကိုးလက်စ်သန့်) ရဲ့ အမှတ်တရ စကားသံတစ်ခုကို မျှဝေလိုက်ပါတယ်။

"ငါသေသွားရင် ခရမ်းရောင်ဂါဝန်လှလှလေးပဲ ဝတ်ပေးနော်..."

ဒီစကားဟာ နီကိုးရဲ့ သူငယ်ချင်းတစ်ယောက်က သူမရဲ့ နောက်ဆုံးအချိန်တွေမှာ ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

ကိုယ့်ရဲ့ identity ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရခဲ့တဲ့သူတွေ၊ ဖြစ်တည်မှုကြောင့် တရားမျှတမှုမရဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေ၊ စစ်မြေပြင်တွေနဲ့ စစ်ရှောင်ဒေသတွေမှာ မတရားအသက်ဆုံးရှုံးသွားခဲ့ရတဲ့ q***r မောင်နှမတွေရဲ့ အသံတွေကို ကျွန်ုပ်တို့ မျက်ကွယ်မပြုသင့်ပါဘူး။

Pride Month ဟာ မတူကွဲပြားတဲ့ ဖြစ်တည်မှုတွေကို ဂုဏ်ပြုဖော်ပြတဲ့ လတစ်ခုဖြစ်သလို၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ သိမ်မွေ့သော ခုခံအားတို့ကို အမှတ်ရစေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုလလေးမှာ ဖြစ်တည်မှုနဲ့ တည်ရှိမှုကြောင့် အသက်ထက်ဆုံး ရဲရင့်ခဲ့ကြတဲ့ q***r ကြယ်ပွင့်များကို လေးစားစွာ ဂုဏ်ပြုအလေးပြုလိုက်ပါတယ်။

— Nicolas Thant
Artist, Youth Activist

🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ မောင်နှမများကို သတိတရ ဂုဏ်ပြုအောက်မေ့ကြပါစို့။

(English Version)

Not only are many q***r people resisting military dictatorship, they are also fighting for the right to exist as who they are.

Today, we share a reflection from Nicolas Thant, an artist and youth activist.

"If I die, please dress me in a beautiful purple gown."

These were words spoken by a friend during the final moments of her life.

As we create spaces for living q***r people to express themselves freely, we must not forget those who were denied justice because of who they were. We must remember q***r lives lost in interrogation centers, prisons, battlefields, displacement sites, and places we may never see.

Pride Month is a time to celebrate diverse identities, but it is also a testament to resilience and quiet resistance.

This Pride, we honor the q***r stars who were brave enough to live—and die—as themselves.

— Nicolas Thant
Artist, Youth Activist

Photo Credit to Lwint Lwint

🕯️ Remember Our Fallen Q***rs




Thanks HI 🤍
04/06/2026

Thanks HI 🤍

အနုပညာဖန်တီးမှုကတစ်ဆင့် ဖိနှိပ်ခံအမျိုးသမီးနဲ့ LGBTတွေရဲ့ အသံတွေကိုဖော်ထုတ်နေသူ

🔳 ခင်ဘုန်းမို့ // ၂၀၂၅ခုနှစ်၊ မေ ၆က သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြသည်။//

အရောင်အသွေးစုံလင်တဲ့ သိုးမွှေးချည်လုံးတွေကိုယ်စီနဲ့ အမျိုးသမီးစုဟာ အလုပ်များနေကြပါတယ်။ အမျိုးသမီး တွေရှေ့မှာတော့ ချည်ထိုးနည်းတွေ စနစ်တကျသင်ပြပေးနေတဲ့ လူငယ်တစ်ဦးလည်းရှိနေပါတယ်။ သူကတော့ Crochet (သိုးမွှေးထိုး) ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Nicolas Thant နီကိုးလက်စ်သန့်ပါ။

နီကိုးဟာကိုယ့်ကိုကိုယ် အမျိုးသားလို့ရော၊ အမျိုးသမီးလို့ပါ မခံယူထားဘဲ other gender (အခြားသော ဂျန်ဒါ) အဖြစ်ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဝါသနာပါခဲ့သူဖြစ်ကာ အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာလည်း ဒီဇိုင်းပညာတွေကိုလေ့လာခဲ့ပါတယ်။ ဝါသနာပါတဲ့ပညာရပ် တွေလေ့လာရင်း လူငယ်ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ တော်လှန်ရေးလှုပ် ရှားမှုတွေထဲ တတ်မြောက်ထားတဲ့ပညာရပ်နဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သလို သပိတ်တွေမှာပါဝင်ခဲ့ပါ တယ်။

Photo credit – Nicolas Thant
ဝါသနာပါတဲ့ သိုးမွှေးလက်မှုပညာဖန်တီးမှုတွေကတစ်ဆင့် တော်လှန်ရေးအတွက် ရန်ပုံငွေတွေရှာဖွေပေးနိုင်ခဲ့ပါ တယ်။

၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဝါသနာတူအမျိုးသမီးနှစ်ဦးနဲ့ အတူနွေဦးချည်ဆိုတဲ့ လုပ်ငန်းလေးစတင်ခဲ့ပါတယ်။ နွေဦး ချည်ဟာ သိုးမွှေးနဲ့ပြုလုပ်ထားတဲ့ အရုပ်လေးတွေ၊ အင်္ကျီ၊ ပုဝါစသဖြင့် အသုံးအဆောင်အမျိုးမျိုး ရောင်းချကာ ရရှိလာတဲ့ ဝင်ငွေတွေကို တော်လှန်ရေးအတွက် ထောက်ပံ့နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

နီကိုးဟာ အမျိုးသမီးတွေအနေနဲ့ ပြည်တွင်းကနေတော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးကို စတင်စဉ်းစားဖြစ်ခဲ့ပါတယ်။

အမျိုးသမီးတွေကိုယ်ပိုင်ဝင်ငွေနဲ့‌ထောက်ပံ့နိုင်ဖို့နဲ့ အမျိုးသမီးတွေရဲ့ လက်မှုပညာဖန်တီးမှုအခန်းကဏ္ဍတစ်ခု အနေနဲ့လည်း ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ နွေဦးချည်ကို စတင်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ နီကိုးကပြောပါတယ်။

နွေဦးချည်ကို ဖန်တီးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ကိုဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက အိမ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာတော့ ထိုင်းနယ်စပ်ကိုရောက်လာခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို ရောက်တဲ့အခါမှာတော့ အဲဒီမှာရှိတဲ့ CDM အမျိုးသမီးတွေ၊ နိုင်ကျဉ်းအမျိုးသမီးတွေ၊ အလွှာအသီးသီးကအမျိုးသမီးတွေကို သိုးမွှေးနဲ့ ဖန်တီးမှုသင်တန်းတွေ အခမဲ့သင်ကြားပေးခဲ့ပါတယ်။

Photo credit – Nicolas Thant
သင်တန်းတွေပြုလုပ်တဲ့အခါမှာ အမျိုးသမီးတွေရဲ့‌ တော်လှန်ရေးဘဝဖြတ်သန်းမှုတွေကို ကြားသိခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် တော်လှန်ရေးထဲမှာပါဝင်လာခဲ့ကြပါတယ်။ အဲဒီလို ပါဝင်လာရင်းနဲ့ တော်လှန်ရေးအဝန်းအဝိုင်းထဲမှာကို မတရားမှုတွေထပ်ပြီး ကျူးလွန်ခံနေရတာတွေ ကြားသိခဲ့ ရတယ်လို့ဆိုပါတယ်။

အကျဉ်းထောင်တွင်းမှာဆိုလည်း စကားလုံးနဲ့ဖော်ပြလို့မရနိုင်လောက်တဲ့အထိ ရက်စက်မှုတွေကို အမျိုးသမီး တွေကျူးလွန်ခံခဲ့ရတာတွေသိလာရပါတယ်။

ဒီအဖြစ်အပျက်တွေကို မြင်ရကြားရတဲ့အခါ အသိပညာပေးမှုလုပ်ဖို့လိုတယ်လို့ တွေးမိတဲ့အတွက် Crochet နဲ့ ဖက်ရှင်ကိုပေါင်းစပ်ကာ အမျိုးသမီးတွေရဲ့အသံ၊ LGBT တွေရဲ့ အသံတွေကို အနုပညာကတစ်ဆင့် ဖော်ထုတ်တင် ဆက်မှုပြုခဲ့ပါတယ်။

Women Life in Conflict (ပဋိပက္ခများအတွင်းက အမျိုးသမီးများရဲ့ ဘဝ) လို့ခေါ်တဲ့ ဖန်တီးမှုတစ်ခုကို နိုင်ကျဉ်း အမျိုးသမီးတွေ၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ကိုခံစားခဲ့ရတဲ့ အမျိုးသမီးတွေနဲ့အတူတူဖန်တီးခဲ့ပါတယ်။
“ဒီဖန်တီးတင်ဆက်မှုမှာ ကျနော် crochet ဒီဇိုင်နာတစ်ယောက်ရဲ့ ဖန်တီးတင်ဆက်မှုတစ်ခုသာမဟုတ်ဘဲ ‌model ရဲ့ performance အနုပညာတွေ make-up artist(အလှဖန်တီးသူ) ရဲ့ အလှအပတွေ ၊ ကင်မရာဆရာတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့အတူ တင်ဆက်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတရပ်လည်းဖြစ်ပါတယ်”လို့ နီကိုးကပြောပြပါ တယ်။

ဒါ့အပြင် တော်လှန်ရေးထဲက အမျိုးသမီးတွေရဲ့ မတရားအကြမ်းဖက်ခံရမှုတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို တက်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေပါတယ်။

အနုပညာဖန်တီးမှုတွေကို ဆောင်ရွက်နေရင်းနဲ့ တဖက်မှာလည်း အမျိုးသမီးတွေ၊ LGBT တွေရဲ့ အသံကိုစာရေး ခြင်းနဲ့ ဖော်ထုတ်ရေးသားတာတွေလည်း ပြုလုပ်နေပါတယ်။

ရာသီဥတုအေးတဲ့ အရပ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ နီကိုးဟာ အသက် (၈) နှစ် အရွယ်လောက်ကစပြီး အဖွား ဖြစ်သူထံက သိုးမွှေးလက်မှုပညာကို ရိုးရာနည်းစနစ်တွေနဲ့ သင်ယူခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလရောက်တဲ့အခါမှာတော့ နိုင်ငံတကာသင်ရိုးတွေကို သေချာလေ့လာဖြစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူကနိုင် ငံရေးအသိုင်းအဝိုင်းထဲက ဖြစ်တဲ့အတွက် နီကိုးထံမှာလူမျိုးစုတွေ၊ လူနည်းစုတွေရဲ့ အသံကိုဖော်ထုတ်ရမယ်ဆိုတဲ့ စိတ်ဆန္ဒက အမြဲကိန်းအောင်နေခဲ့ပါတယ်။

အလယ်တန်းအရွယ်လောက်ကတည်းက က‌လေးသူငယ်အရေးနဲ့ ပတ်သက်ပြီးကျောင်းမှာ ဟောပြောမှုတွေလုပ် တဲ့အတွက် ‌ကျောင်းအုပ်ကြီးတွေ၊ ကျောင်းကဆရာမတွေက ခေါ်ယူသတိပေးတာမျိုးတွေအထိ ကြုံတွေ့ခဲ့ရဖူးတယ်လို့ နီကိုးက သူ့ငယ်ဘဝအတွေ့အကြုံကို ပြောပြပါတယ်။

ကလေးဘဝရဲ့ အိပ်မက်ဖြစ်တဲ့ အနုပညာဖန်တီးမှုနဲ့ လူနည်းစုတွေဘက်ကရပ်တည်မှု၊ ဒီအရာနှစ်ခုရဲ့ တွန်းအားကြောင့်ပဲ အခုလိုအနုပညာဖန်တီးမှုတွေကို လုပ်ဆောင်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

Photo credit – Nicolas Thant
“LGBT right တွေ အော်မယ်ဆိုရင် သာမာန်ရှင်းရှင်းလေး စဉ်းစားကြည့်ရင်တောင် အမျိုးသားနဲ့ အမျိုးသမီးမှာ တောင် အမျိုးသမီးတွေကိုခွဲခြားနေသေးတယ်။ အမျိုးသမီးတွေကို တန်းတူညီမျှမှုမပေးနိုင်ဘူးဆိုရင် တခြားဂျန် ဒါဖြစ်တဲ့ LGBT တွေရဲ့ တန်းတူညီမျှမှုကလည်း ရောက်လာမှာမဟုတ်ဘူး။ အဲဒီတော့ အနီးစပ်ဆုံးဖြစ်တဲ့ အမျိုး သမီးတွေရဲ့ တန်းတူညီမျှမှု၊ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုကိုအသံထွက်နိုင်ခဲ့မယ်ဆိုရင် LGBT တွေရဲ့ right တွေလည်း တွဲပြီးပါလာမယ်လို့ယူဆတယ်။ ကိုယ်တိုင်က LGBT ဖြစ်တည်မှု၊ ကိုယ့်ရဲ့ LGBT right ကို ဖန်တီးချင်မှုကနေအခြေခံပြီးတော့ အနီးစပ်ဆုံးဖြစ်ပြီး အသံအကျယ်လောင်ဆုံးထွက်မယ့် အမျိုးသမီးအရေး တွေကိုလုပ်ဆောင်ဖြစ်ခဲ့တာပါ”လို့ အမျိုးသမီးအရေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖြစ်ခဲ့ပုံကိုရှင်းပြပါတယ်။

လက်ရှိ တော်လှန်ရေးလေးနှစ်တာကာလအတွင်းမှာ အာဏာရှင်စနစ်နဲ့ ဖိုဝါဒကြီးစိုးမှုတွေကို တော်လှန်နေရင်းနဲ့ တော်လှန်ရေးအသိုင်းအဝိုင်းထဲက သူတွေကိုယ်တိုင်က ဖိုဝါဒကြီးစိုးပြီးတော့ အမျိုးသမီးတွေ၊ LGBT တွေကို သူတို့ကိုယ်တိုင်က ဖိနှိပ်နှိမ့်ချဆက်ဆံနေတာတွေက အကြီးမားဆုံး စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရှေးရိုးစွဲအယူဝါဒတွေကို တွန်းလှန်နေရင်းနဲ့မှ တော်လှန်ရေးကာလထဲမှာပဲ ပြည်သူတွေကဖိုဝါဒကြီး စိုးမှု၊ ရှေးရိုးစွဲမှုတွေကို လက်ရှိအထိကိုအရိုးစွဲနေကြတုန်းဖြစ်တယ်။ အဲဒီအရာတွေကို တွန်းလှန်နေရတာ တော် လှန်ရေးအသိုင်းအဝိုင်းထဲက လူတွေကို awareness (ပညာပေး) လုပ်နေရတာက အကြီးမားဆုံးစိန်ခေါ်မှုဖြစ် တယ်”လို့ဆိုပါတယ်။

အာဏာမသိမ်းခင်ကာလတုန်းက‌လောက်တော့ အမျိုးသမီးတွေနဲ့ LGBT တွေကို ခွဲခြားဆက်ဆံမှုမရှိဘူးဆိုသော် လည်း စစ်မြေပြင်စခန်းတွေ၊ တော်လှန်ရေးအသိုင်းအဝိုင်း၊ ပညာရှင်အသိုင်းအဝိုင်းမဟုတ်တဲ့ သာမန်ပြည်သူ လူထုအလွှာထဲမှာတော့ ခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့ လိုအပ်နေတုန်းပဲလို့ နီကိုးကမှတ်ချက်ပြုပါတယ်။

“အခွင့်အရေးအော်နေတဲ့သူတွေကသာ ဒီဟာကို awareness ဖြစ်ပြီး ကျနော်တို့ကို respect ရှိတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာ ထိထိရောက်ရောက်ရှိဖို့လိုတယ်။ မြေပြင်မှာလည်းအမျိုးသမီးတွေနဲ့ LGBT တွေကို လေးစားမှု ရှိလာအောင်လုပ်ဖို့က အားလုံးအတွက်တာဝန်တွေထဲက တာဝန်၊ စိန်ခေါ်မှုတွေထဲက စိန်ခေါ်မှုလို့ မြင်ပါတယ်”လို့ နီကိုးကပြောပါတယ်။

ရှေ့ဆက်ပြီးတော့ သိုးမွှေးလက်မှုပညာဆိုတာဖက်ရှင်ဒီဇိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့အရာကို ဖော်ထုတ်ပြသဖို့ဖန်တီး မှုတွေလုပ်ဆောင်သွားမှာဖြစ်ပြီး အနုပညာတင်ဆက်မှုကနေလည်း အမျိုးသမီးတွေရဲ့အသံ၊ LGBT တွေရဲ့အသံ၊ လူနည်းစုတွေရဲ့ အသံတွေကို ဖန်တီးတင်ဆက်သွားဖို့ နီကိုးကဆုံးဖြတ်ထားပါတယ်။

ခွဲခြားဖိနှိပ်မှုတွေပပျောက်ဖို့အတွက် အမျိုးသမီးတွေ၊ LGBT တွေအနေနဲ့လည်း ကိုယ့်ကိုကိုယ် second gender လို့ ခံယူချက်တွေဖျောက်ဖို့၊ ကိုယ်တိုင်ရဲ့ ရပ်တည်မှု၊ ပြောဆိုမှု၊ နေထိုင်မှုတွေကို ကိုယ်တိုင်ကစတင်ပြောင်းလဲမှ သာလူမှုအသိုင်းအဝိုင်းက မြင်တဲ့အမြင်က ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ နီကိုးကမှတ်ချက်ပြုပါတယ်။

“အနာဂတ်လူ့အဖွဲ့အစည်းမှာ ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အ‌ရေးကိုတော်လှန်ရေးနဲ့အတူသိမ်းပိုက်ကြဖို့က LGBT တွေကိုယ်တိုင်၊ အမျိုးသမီးတွေကိုယ်တိုင်က ခံယူချက်တွေ၊ ခံစားချက်တွေကို ပြုပြင်ပြောင်းလဲမှသာ ကျနော်တို့ရဲ့ ဆိတ်သုန်းနေတဲ့ လူ့အခွင့်အရေးတိုက်ပွဲကြီးတစ်ခုက ကောင်းကောင်းမွန်မွန် ရွေ့မယ်လို့ထင်တယ်”လို့ နီကိုးကဆိုပါတယ်။

#လူ့အခွင့်အရေး #အနုပညာ

Pride Walk 2026(Eng Below) Dress - Nicolas Thant Pant - Kg Sett Lynn Face ,Painting - Ajit 📸Photo - Chiang Mai Pride , S...
26/05/2026

Pride Walk 2026
(Eng Below)

Dress - Nicolas Thant
Pant - Kg Sett Lynn
Face ,Painting - Ajit
📸Photo -
Chiang Mai Pride ,
Shwe Paw Mya Tin ,
Kg Kaung ,
A Sai

ကျွန်တော်တို့ ဒီလိုအချိန်မှာ အဝတ်စားတွေနဲ့ ကိုယ့်ရဲ့ ဂုဏ်ယူရတဲ့ ဖြစ်တည်မှုကို ပြသနေတဲ့ အချိန်မှာ ၊ ကျွန်တော့ သူငယ်ချင်းတွေကို မေ့ထားလို့မရခဲ့ပါဘူး ။
သူတို့မှာလည်း သူတို့ရဲ့ခံစားချက် ၊ဖြစ်တည်မှူကို ဖော်ထုတ်ပြသဖို့ ၊ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုဖို့ နေရာတစ်နေရာ ရှိသင့်ပါတယ် ။
ကျား နဲ့ မ မဟုတ်တာနဲ့ပဲ ခွဲခြားခံလာရတဲ့ ဝန်းကျင်တွေကနေ ၊ အာဏာရှင်ကို တွန်းလှန်ပုံကန်ကြတဲ့ အခါမှာလည်း သတ္တိအရှိဆုံးပါဝင်ခဲ့ကြပါတယ် ။
ဒီ ဖန်တီးလှုပ်ရှားတဲ့ အနုပညာတစ်ခုဟာ - စစ်အာဏာရှင်အောက်ကနေ ပုံစံမျိုးစုံနဲ့ အဖိနှိပ်ခံလာရတဲ့ သူငယ်ချင်းတွေရဲ့ ကြံကြံခံနိုင်စွမ်းကို ဂုဏ်ပြုတာလည်းဖြစ်သလို ၊ လိင်စိတ်ခံယူကွဲပြားသူတွေရဲ့ အခြေနေကိုထင်ဟပ်စေဖို့လည်း ရည်ရွယ်ခဲ့ပါတယ် ။

As many of you may already know, people in Myanmar are still losing their lives every single day. Since the military coup in 2021, the Burmese military has continued committing violence against civilians through airstrikes, unlawful arrests, and brutal oppression. Activists and people who speak out for their beliefs are still being imprisoned simply for raising their voices.

Under such an unjust system, LGBTIQA+ communities face even deeper discrimination and danger.

While many of us around the world celebrate our identities with pride, q***r people inside Myanmar are surviving under constant fear and life-threatening conditions. Through this honorable and well-known Chiang Mai Pride Walk, we had the chance to express the voices and realities of our friends from the LGBTIQA+ Myanmar community through art.

Being able to stand here and speak openly about q***r lives in Myanmar is itself a reflection of what an inclusive city can look like. I am deeply grateful to have had the opportunity to participate and raise awareness about the struggles, resilience, and existence of Myanmar’s q***r community.

Pride is not only celebration — for many of us, it is also Art-resistance, resilience,survival, and the courage to continue existing.

Special Thanks - Chiang Mai Pride
***r

+
?

17/05/2026
Free All Political Prisoners  🕊️🧿💙 ခံစားချက် နဲ့ ခံယူချက်ကြောင့် အနုပညာတစ်ခုဖန်တီးတာဟာ ပြစ်မှုမဟုတ်ပါဘူး ၊ အနုပညာရှင်တွေ...
16/04/2026

Free All Political Prisoners 🕊️🧿💙

ခံစားချက် နဲ့ ခံယူချက်ကြောင့် အနုပညာတစ်ခုဖန်တီးတာဟာ ပြစ်မှုမဟုတ်ပါဘူး ၊
အနုပညာရှင်တွေဟာလည်း ပြည်သူတွေပဲဖြစ်တာမလို့ နိုင်ငံရေးပုဒ်မတပ် မတရားအကျဉ်းချထားတဲ့ အနုပညာရှင်များကို အမြန်ဆုံးပြန်လည်လွှတ်မြောက်စေချင်ပါတယ် ။

မတရားပုဒ်မ များနဲ့အတူ နိုင်ငံရေးအကျဉ်းချခံရသူ များကို အမြန်ဆုံးပြန်လည် လွတ်မြောက်စေဖို့ Blue Shirt Movement - Myanmar မှာပါဝင်ရင်း အသံတစ်ခုဖြစ်ကြရအောင် ✊🏻

Shirt - May Oo Lwin
Photo - Ice Myat Noe




The Coup Years Exhibition In - Bangkok Art and Culture Center Photo - Artist Ngu Nway           ***r
07/04/2026

The Coup Years Exhibition

In - Bangkok Art and Culture Center
Photo - Artist Ngu Nway

***r

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nicolas Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nicolas Thant:

Shortcuts

Share