Shwe Sin - ရွှေဆင် ကျွန်းပါကေး

  • Home
  • Myanmar
  • Yangon
  • Shwe Sin - ရွှေဆင် ကျွန်းပါကေး

Shwe Sin - ရွှေဆင် ကျွန်းပါကေး ရွှေဆင် (ကျွန်းတံခါး၊ ကျည်းဘောင်၊ ပါကေး| ရှာထိုး၊ နံဘေး၊ စကာတင်၊ သစ်အချောထည်ရောင်း၀ယ်ရေး)

Shwe Sin ကျွန်းပါကေး မှာ လာရောက် လေ့လာကြတဲ့ Customer တွေအနေနဲ့ အဓိက စုံစမ်းလေ့ရှိတာက ကျွန်မတို့ Shwe Sin ကျွန်းပါကေး ရဲ့...
28/05/2024

Shwe Sin ကျွန်းပါကေး မှာ လာရောက် လေ့လာကြတဲ့ Customer တွေအနေနဲ့ အဓိက စုံစမ်းလေ့ရှိတာက ကျွန်မတို့ Shwe Sin ကျွန်းပါကေး ရဲ့ Flooring Service team ရဲ့ ဝန်ဆောင်မှုအကြောင်းပါ။

📌 ဒါက ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ? 💭

✅ ပါကေးခင်းတဲ့အခါမှာ ကော်ကပ်တဲ့ နေရာက အခရာပါ။ 💁
ပါကေး ဘယ်လိုပဲ ကောင်းကောင်း ကော်ကပ်တဲ့ နေရာမှာ လိုအပ်ချက်ရှိသွားရင် မျက်နှာပြင် မလှတော့တာ၊ ချွန်ထွက်တာ၊ ပါကေးတွေ ဟ ကုန်တာ စတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ 😬

🏅 ‘Shwe Sin ကျွန်းပါကေး’ မှာကတော့ အတွေ့အကြုံတွေ အများကြီး ရှိတဲ့ Flooring Service team ကိုယ်တိုင် အိမ်တိုင်ရာရောက် ခင်းပေးတာ ဖြစ်တဲ့အတွက် ဒီလို ပြဿနာတွေက သင့်အနေနဲ့ ထည့်စဉ်းစားစရာ လုံးဝ မလိုဘူးလို့ အာမခံနိုင်ပါတယ်ရှင်။ 🆗 👷

ကျွန်မတို့ ‘Shwe Sin ကျွန်းပါကေး’ ရဲ့ Flooring Service team က ကွာလတီစိတ်ချရတဲ့ ပစ္စည်းကောင်းတွေကိုပဲ ပင်တိုင်အသုံးပြုတာဖြစ်တဲ့အတွက် သင့်ကြမ်းခင်းရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ပူစရာ မလိုတော့ပါဘူးနော်။ 🍀

👉 ‘Shwe Sin ကျွန်းပါကေး’ ရဲ့ Flooring Service နဲ့အတူ ပါကေးအပြီးအစီးခင်းကျင်းမယ်ဆိုရင်တော့..
🪵 TOA T-4000, BHI, ATM A-9000 စတဲ့ အရည်အသွေးမြင့် ကြမ်းခင်းသုံးပစ္စည်းများကိုသာ အသုံးပြုပေးခြင်း
🪵 အရည်အသွေးမြင့် ကြမ်းခင်းသုံးပစ္စည်းများကို အသုံးပြု၍ ပါကေးတုံးများကပ်ပေးခြင်း
🪵 ကော်ပတ်တိုက်ပေးခြင်း (Sanding)
🪵 ပေါလစ်တင်ပေးခြင်း ( Polish/ Coating 2 ကြိမ်သာ, ထပ်တိုး coating ပြုလုပ်ခြင်းများအတွက် ဝန်ဆောင်ခ သီးသန့်ကောက်ခံသွားပါမည်။ )
🪵 ပါကေးအပြီးအစီးခင်းပေးခြင်း
🪵 စကာတင် (Skirting Installation) စတဲ့ ဝန်ဆောင်မှုတွေ တစ်ခါတည်း ပါဝင်မှာဖြစ်ပြီး
သင့်အနေနဲ့ လှည့်ကြည့်စရာ မလိုအောင် ဆောင်ရွက်ပေးသွားမဲ့ Well-experienced and well-trained service team ကိုယ်တိုင် လာရောက်ဆောင်ရွက်ပေးမှာပါ။ 🎊

ပျော်စရာကောင်းပြီး တင့်တယ်တဲ့ အိမ်ကလေးတစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုရင် ‘ရွှေဆင်-ကျွန်းပါကေး’ ကို ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံပါပဲ။ ☎️

🏭 ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ်: 09 50 74 740
📭 ဆိုင်ဖွင့်ချိန်: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

#ရွှေဆင်ကျွန်းပါကေး

မင်္ဂလာရှိတဲ့ ကဆုန်လပြည့်နေ့ အချိန်အခါ ဖြစ်ပါစေလို့ ရွှေဆင်-မြန်မာရဲ့ မိတ်ဆွေများအားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။ ဆိုင်...
22/05/2024

မင်္ဂလာရှိတဲ့ ကဆုန်လပြည့်နေ့ အချိန်အခါ ဖြစ်ပါစေလို့ ရွှေဆင်-မြန်မာရဲ့ မိတ်ဆွေများအားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 50 74 740

#ရွှေဆင် #ပါကေး

📢 ပါကေးကောင်းတစ်ခုဖြစ်လာဖို့ ဒီအဆင့်က အရေးကြီးတယ်။ 🪓ရွှေဆင်-မြန်မာ ကနေ ပါကေးတွေမှာ ပါဝင်တဲ့ Moisture Level နဲ့ ဒီ Moistu...
18/05/2024

📢 ပါကေးကောင်းတစ်ခုဖြစ်လာဖို့ ဒီအဆင့်က အရေးကြီးတယ်။ 🪓

ရွှေဆင်-မြန်မာ ကနေ ပါကေးတွေမှာ ပါဝင်တဲ့ Moisture Level နဲ့ ဒီ Moisture Level ရဲ့ အရေးပါပုံတွေကို မျှဝေခဲ့ပြီးပါပြီ။ အကယ်၍ မဖတ်ရသေးရင်တော့ ဒီကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 💁
https://www.facebook.com/shwesinteaks/posts/pfbid0N6qLWuFLcrDr5sP85DV9Sa6WZULHa85MTBUkUDQuMDob3LWfQcpBr96iN5qTQtb6l

သင့်အနေနဲ့ ပါကေးဝယ်ယူတဲ့အခါ ရွေးချယ်မှု မမှားအောင်လို့ ဒီနေ့မှာတော့ ရိုးရိုး သစ်ပင်ကနေ အရည်အသွေးမြင့် ပါကေးကောင်းတစ်တုံးဖြစ်လာဖို့ Moisture Level ကို ဘယ်လို ထိန်းညှိရလဲဆိုတာကို ပြောပြပေးသွားပါမယ်။

Moisture Level ကို ထိန်းညှိဖို့ဆိုရင် သစ်သားထဲက စိုထိုင်းစကို အခြောက်ခံဖို့အတွက် သစ်ကို ပြင်ဆင်ရပါတယ်။ 💁

ဒီလိုလုပ်တဲ့အခါမှာ

✔️ Air Drying Method 🪵
စက်ပစ္စည်းအကူအညီတွေ မပါဝင်ဘဲနဲ့ သဘာဝအတိုင်း အခြောက်ခံတဲ့ နည်းလမ်း။
(ဒီနည်းနဲ့ဆိုရင် အချိန်က နှစ်နဲ့ချီကြာတတ်တဲ့အပြင် Moisture Level ကိုလည်း သိသိသာသာလျော့သွားစေမှာ မဟုတ်ပါဘူး။)

✔️ Dehumidifier နဲ့ ပေါင်းတဲ့ နည်းလမ်း 🪵
လေလုံတဲ့ အခန်းတစ်ခုခုမှာ သစ်သား၊ Dehumidifier နဲ့ လေကို Ventilate လုပ်ပေးတဲ့ ကိရိယာလေးကိုပဲ သုံးပြီး အခြောက်ခံတဲ့ နည်းလမ်း။
(Ventilation Tool လေးက အခန်းထဲကလေတွေကို လှည့်ပတ်နိုင်အောင် လုပ်ပေးနေမဲ့ အချိန်မှာ Dehumidifier က သစ်သားထဲက စိုထိုင်းမှုတွေကို စုပ်ယူသွားပါတယ်။ ကြာချိန်ကတော့ အခြောက်ခံချင်တဲ့ သစ်ရဲ့ အရွယ်အစားနဲ့ အမျိုးအစားပေါ်ကို မူတည်ပြီး လအလိုက် ကြာတတ်ပါတယ်။)

✔️ Kiln ထဲ ထည့်ပေါင်းတဲ့ နည်းလမ်း 🪵
Kiln ဆိုတာကတော့ သစ်သားကို မာကျောကျစ်လစ်အောင်လုပ်တာ၊ အခြောက်ခံတာ စတဲ့ လုပ်ငန်းစဉ်တွေအတွက် လုံလောက်တဲ့ အပူချိန်ကို ထုတ်ပေးနိုင်ဖို့ စီမံထားတဲ့ Oven လို အမျိုးအစားတစ်ခုပါ။ Kiln Drying Method ကလည်း သစ်အမျိုးအစားနဲ့ အထူအပေါ်ကို မူတည်ပြီးတော့ ကြာချိန်ကွဲပြားနိုင်ပါတယ်။ ဒီနည်းလမ်းက ကြာချိန်အနည်းဆုံးနဲ့ သစ်ကို အကောင်းဆုံးအနေအထားတစ်ခုကို ရောက်စေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းနဲ့ ပေါင်းထားတဲ့ ပါကေးတွေကို “စက်ပေါင်းသား” လို့ခေါ်ပြီး ဈေးကွက်ထဲမှာလည်း အကြိုက်တွေ့ကြတာက ဒီပါကေးအမျိုးအစားကိုပါပဲ။

📌 ရွှေဆင်-မြန်မာ ရဲ့ ပါကေးတွေကိုတော့ Kiln Drying Method နဲ့ အခြောက်ခံတာဖြစ်ပြီး ပါကေးရဲ့ moisture level အကောင်းဆုံး၊ အငြိမ်ဆုံးရောက်တဲ့အထိ အချိန်ယူ ပေါင်းပေးပါတယ်။ 🏅

ရွှေဆင်-မြန်မာ က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 50 74 740
ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။.

🏭 ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
☎️ ဖုန်းနံပါတ်: 09 50 74 740
📭 ဆိုင်ဖွင့်ချိန်: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

#ရွှေဆင်

မြန်မာ့ကျွန်းသစ်က ဒီလိုအချက်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး သစ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ 💁✔️ ထည်ဝါတယ်။✔️ ကြံ့ခိ...
30/04/2024

မြန်မာ့ကျွန်းသစ်က ဒီလိုအချက်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး သစ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ 💁

✔️ ထည်ဝါတယ်။
✔️ ကြံ့ခိုင်မှုအားကောင်းတယ်။
✔️ ကြာရှည်ခံတယ်။

ဒီလို ကျွန်းသစ်အမျိုးအစားကို ပါကေးကြမ်းခင်းအဖြစ် အသွင်ပြောင်းလိုက်မယ်ဆိုရင်.. 🤔

🤩 ထိန်းသိမ်းရတာ လွယ်ကူတယ်။

🤩 စိုထိုင်းစကြောင့် မှိုတက်တာကနေ အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိတယ်။

🤩 ချောမွေ့တဲ့ မျက်နှာပြင်ရှိတယ်။

🤩 အချိန်ကြာလေ ပိုလှလေလေဆိုတဲ့ ဂုဏ်သတ္တိရှိတယ်။

🤩 ထည်ဝါတဲ့ အသွင်အပြင်နဲ့ ခမ်းနားတယ်။

စတဲ့ အချက်တွေကိုပါ အပိုထပ်ပေါင်းအနေနဲ့ ရရှိမှာပါ။

ဒါကြောင့် ပါကေးခင်းတော့မယ်ဆိုရင် Investment တစ်ခုလို့တောင် သတ်မှတ်လို့ ရနိုင်တဲ့ ကျွန်းပါကေးအမျိုးအစားကိုသာ ခင်းဖို့ တိုက်တွန်းချင်ပါတယ်နော်။ 🙂

ရွှေဆင် မြန်မာ မှာကတော့ စက်ပေါင်းသားဖြစ်ပြီး အရည်အသွေးပိုင်းအရ အပြည့်အဝ စိတ်ချရတဲ့ ကျွန်းပါကေးတွေကို အဓိကထား ရောင်းချပေးလျက်ရှိပါတယ်။

Shwe Sinက မှာယူတဲ့အခါမှာ

✅ ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး နယ်မြို့များကို ကားဂိတ်အရောက် ပစ္စည်းချပေးပါတယ်။

✅ တဆင့်ပြန်လည်ရောင်းချလိုသူများအတွက် ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက Messenger သို့မဟုတ် tel:095074740 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 50 74 740

#ရွှေဆင် #ကျွန်းပါကေး

💦 သင်္ကြန်နှစ်ကူးကာလ ပြီးတဲ့နောက်မှာ ကျွန်မတို့ ရွှေဆင် မိသားစုရဲ့ ပါကေး အရောင်းပြခန်းလည်း ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်...
29/04/2024

💦 သင်္ကြန်နှစ်ကူးကာလ ပြီးတဲ့နောက်မှာ ကျွန်မတို့ ရွှေဆင် မိသားစုရဲ့ ပါကေး အရောင်းပြခန်းလည်း ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သတင်းပါးပါရစေ။ 🪵

မိတ်ဟောင်း၊ မိတ်သစ်များအနေနဲ့ လူကိုယ်တိုင် လာရောက် လေ့လာစုံစမ်းလိုရင်လည်း အောက်ပါ လိပ်စာအတိုင်း လာရောက် လေ့လာနိုင်ပါပြီရှင်။ 😄

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 50 74 740
#ရွှေဆင် #ကျွန်းပါကေး

🌿 💦 မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းချိန်မှာ ကျွန်မတို့ ရွှေဆင်မိသားစုရဲ့ ဖောက်သည် မိတ်...
13/04/2024

🌿 💦 မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းချိန်မှာ ကျွန်မတို့ ရွှေဆင်မိသားစုရဲ့ ဖောက်သည် မိတ်ဟောင်း၊ မိတ်သစ်များအနေနဲ့ စိတ်၊ ကိုယ် ချမ်းသာပြီး လုပ်ငန်းကိစ္စတွေမှာလည်း အစစ အဆင်ပြေဖို့ ဆုတောင်းပေးလိုက်ရပါတယ်။ 🌿 💦

သင်္ကြန်ကာလမှာ ကျွန်မတို့ ရွှေဆင် ပါကေးအရောင်းဆိုင်ကို ခေတ္တပိတ်ထားပြီး ၂၂ ရက် ဧပြီမှသာ ပြန်လည်ဖွင့်လှစ်မှာဖြစ်တဲ့အကြောင်းလည်း ကြေငြာလိုက်ပါတယ်ရှင့်။ 📢

ရွှေဆင်မြန်မာရဲ့ Customer တွေအတွက် ကျွန်းပါကေး၊ ရှာထိုးပါကေး၊ တံခါးနဲ့ ကျည်းဘောင်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ လက်ရာ၊ အရည်အသွေးတွေနဲ့ ရောင်းချပေးသွားနိုင်ဖို့ ရွှေဆင် မိသားစုက အမြဲ ကြိုးစားနေပါဦးမယ်။ 😍

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ်: 09 507 4740

#ရွှေဆင် #ကျွန်းပါကေး

⭐ သင့် ပါကေးကြမ်းခင်းတွေက သင့်ကို ဒီလိုနည်းလမ်းတွေနဲ့ အကျိုးပြုနေပါတယ်။ 🤩Luxury ဆန်ပြီး ထည်ဝါတဲ့ အသွင်အပြင်ကို ပေးတယ်။ ✨...
12/04/2024

⭐ သင့် ပါကေးကြမ်းခင်းတွေက သင့်ကို ဒီလိုနည်းလမ်းတွေနဲ့ အကျိုးပြုနေပါတယ်။ 🤩

Luxury ဆန်ပြီး ထည်ဝါတဲ့ အသွင်အပြင်ကို ပေးတယ်။ ✨

ကြံ့ခိုင်မှုရှိပြီး ကြာရှည်ခံတယ်။ ✨

ထိန်းသိမ်းရ လွယ်ကူတယ်။ ✨

ပြုပြင်စရိတ် နည်းပါးတယ်။ ✨

ပြန်ရောင်းတဲ့အခါမှာ မျက်နှာပန်းလှပြီး ဈေးကောင်း ရတယ်။ ✨

အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးတက်လာတယ်။ ✨

အိမ်ရဲ့ လေထုကို သန့်စင်စေတယ်။ ✨

ပါကေးကြမ်းခင်းတွေက သင့်အိမ်ရဲ့ ဂုဏ်ရှိန်ကို တင့်တယ်စေတဲ့အပြင် သင့်ရဲ့ ကျန်းမာရေးနဲ့ စိတ်ကြည်လင်မှုအတွက်ပါ ဂရုစိုက်ပေးပါတယ်။

ဒါကြောင့် သင့်ရဲ့ ဆောက်လက်စ အိမ်ကလေးအတွက်ပဲဖြစ်ဖြစ်၊ လက်ရှိအိမ်ကလေးကို ပြန်လည်မွမ်းမံဖို့ စဉ်းစားနေတာပဲဖြစ်ဖြစ် သစ်သားကို အခြေပြုတဲ့ ကြမ်းခင်းတွေကို ရွေးချယ်လိုက်ဖို့ စိတ်ကူးမလွဲနဲ့ဦးနော်။ 🙅

ရွှေဆင် မြန်မာ မှာကတော့ အရည်အသွေးပိုင်းအရ အပြည့်အဝ စိတ်ချရတဲ့ စက်ပေါင်း ကျွန်း/ ပျဉ်းကတိုး ပါကေးတွေကို ရောင်းချပေးနေပါတယ်။ 💁

Shwe Sinက မှာယူတဲ့အခါမှာ
✅ ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး နယ်မြို့များကို ကားဂိတ်အရောက် ပစ္စည်းချပေးပါတယ်။
✅ တဆင့်ပြန်လည်ရောင်းချလိုသူများအတွက် ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက Messenger သို့မဟုတ် tel:095074740 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 50 74 740

#ရွှေဆင် #ကျွန်းပါကေး

ရွှေဆင် မြန်မာ ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ဖောက်သည်များ၊ ဈေးဝယ်သူများ အားလုံး၂၀၂၃ အကုန် ၂၀၂၄ အကူးအပြောင်း နှစ်သစ်ကာလမှာ လုပ်...
31/12/2023

ရွှေဆင် မြန်မာ ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ဖောက်သည်များ၊ ဈေးဝယ်သူများ အားလုံး

၂၀၂၃ အကုန် ၂၀၂၄ အကူးအပြောင်း နှစ်သစ်ကာလမှာ လုပ်ငန်းဆောင်တာများ အောင်မြင်ပြီး

ကိုယ်ရော၊ စိတ်ပါ ကျန်းမာစေဖို့
ရွှေဆင် မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။ 🤩

ရွှေဆင်မြန်မာရဲ့ Customer တွေအတွက် ကျွန်းပါကေး၊ ရှာထိုးပါကေး၊ တံခါးနဲ့ ကျည်းဘောင်တွေကိုလည်း ပိုမိုကောင်းမွန်တဲ့ လက်ရာ၊ အရည်အသွေးတွေနဲ့ ရောင်းချပေးသွားနိုင်ဖို့ ရွှေဆင် မိသားစုက အမြဲ ကြိုးစားနေပါဦးမယ်။ 😍

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ်: 09 50 74 740

#ရွှေဆင် #ကျွန်းပါကေး

ပါကေးနဲ့ Moisture Level အကြောင်း သိကောင်းစရာ 🌊ပါကေးတုံးရယ်လို့ ဖြစ်မလာခင်က ပါကေးဆိုတာ သစ်ပင်တစ်ပင်ဖြစ်ခဲ့တာမို့ သစ်သားထု...
19/12/2023

ပါကေးနဲ့ Moisture Level အကြောင်း သိကောင်းစရာ 🌊

ပါကေးတုံးရယ်လို့ ဖြစ်မလာခင်က ပါကေးဆိုတာ သစ်ပင်တစ်ပင်ဖြစ်ခဲ့တာမို့ သစ်သားထုံးစံသဘာဝအတိုင်း လေထုထဲမှာ ရှိတဲ့ စိုထိုင်းစကို စုပ်ယူနိုင်တဲ့ သတ္တိရှိပါတယ်။

ဒါက ဘာဖြစ်စေလဲဆိုတော့ ပတ်ဝန်းကျင် လေထုရဲ့ စိုထိုင်းစအပေါ်မူတည်ပြီး သစ်သားက ပွလာတာ၊ ကျုံ့လာတာတွေ ဖြစ်တတ်ပါတယ်။ ❗
မြင်သာတဲ့ သဘောတစ်ခုကို ပြောရမယ်ဆိုရင် ပူတဲ့အခါ ကျုံ့သွားပြီး ရာသီဥတု အေးတဲ့အခါမှာ ပိတ်ရ၊ ဖွင့်ရခက်တဲ့ သစ်သားတံခါးပါ။ ဒီလိုတံခါးတွေကို မြင်ဖူးတယ်ဆိုရင် ပါကေးရဲ့ သဘောကိုလည်း ခန့်မှန်းလို့ ရလောက်မယ်လို့ ထင်ပါတယ်။ 💁

ရာသီဥတုအပေါ်မှီခိုပြီး သင့်အိမ်မှာ ခင်းထားတဲ့ ပါကေးကြမ်းခင်းက ကျုံ့လိုက်၊ ပွလိုက်ဖြစ်မယ်ဆိုရင်…
❌ ကြမ်းခင်းတွေက ရုပ်ဆိုးလာတာ
❌ အခင်း မျက်နှာပြင်မညီညာတော့တာ
❌ တစ်ခုနဲ့တစ်ခုကြား ဟ, လာတာ
❌ မှိုလိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ 😬

ဒီလိုတွေ မဖြစ်ရအောင်ဆိုရင် ပါကေးရဲ့ Standard Moisture Level က သစ်သားအလိုက် ကွာခြားနိုင်ပြီး အကောင်းဆုံးအဖြစ် ယေဘုယျ သတ်မှတ်ထားတာကတော့ 9% to 13% အထိ ဖြစ်ပါတယ်။ 💁

ဒီလောက်ဆိုရင်တော့ Moisture Level က ဘာကြောင့် ပါကေးတွေမှာ အရေးကြီးရလဲဆိုတာကို သိသွားလောက်ပြီလို့ ထင်ပါတယ်။

ရွှေဆင် မြန်မာကတော့ Moisture Level ကောင်းတဲ့ စက်ပေါင်း မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

Shwe Sin က မှာယူတဲ့အခါမှာ
✅ ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး နယ်မြို့များကို ကားဂိတ်အရောက် ပစ္စည်းချပေးပါတယ်။
✅ တဆင့်ပြန်လည်ရောင်းချလိုသူများအတွက် ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးပါတယ်ရှင့်။
အသေးစိတ်သိရှိလိုပါက Messenger သို့မဟုတ် tel:095074740 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်။ 😊

ဆိုင်လိပ်စာ: အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 50 74 740
#ရွှေဆင် #ကျွန်းပါကေး

Address

အမှတ်၂၃၅ ( ကိုးနဝင်း စေတီ ဘေး )၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595074740

Website

Alerts

Be the first to know and let us send you an email when Shwe Sin - ရွှေဆင် ကျွန်းပါကေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share