01/03/2025
အမှိုက်စို နဲ့ အမှိုက်ခြောက် ရောပစ်နေတုန်းလား ❗
ပွင့်လင်းရာသီမို့ ပတ်ဝန်းကျင်အလှကိုခံစားပါမယ်ဆိုမှ
ညနေတိုင်းအမှိုက်မီးရှို့တဲ့မီးခိုးငွေ့တွေရှူနေရတာ ပင်ပန်းလှပါပြီ 🤧
အမှိုက်အကုန်လုံးက မီးရှို့ဖျက်ဆီးစရာမလိုပါဘူး။
သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်တဲ့ မီးဖိုချောင်ထွက် အစားအသောက်တွေ၊ သစ်ရွက်ခြောက်တွေကို ဒီလိုမျိုးမြေဆွေးကန်လေးလုပ်ပြီး သဘာဝမြေဆွေးကို ကိုယ်တိုင်လုပ်လို့ရပါတယ်။
Oo Yin မှာတော့ ဒီလိုလေးလွယ်လွယ်ကူကူလုပ်ထားလိုက်တာ အမှိုက်စိုတွေလည်း သူ့နည်းသူ့ဟန်နဲ့ဆွေးမြေ့ပျက်စီးသွားတယ်။ အမှိုက်ခြောက်ကလည်း သူ့ချည်းပစ်ရတော့ အနံ့နံတာမရှိတော့ပါဘူး။
Oo Yin လိုပဲ အမှိုက်ပြဿနာကိုဖြေရှင်းကြရအောင် 💪