Loom & Look

Directions

Loom & Look သင့်ရဲ့ နေ့စဉ်ဘဝထဲကို လက်မှုအနုပညာရဲ့ အလှတရားတွေ ယူဆောင်လာပေးဖို့ Loom & Look 👀 က အမြဲရှိနေမှာပါ။ 🌿🤎
Handmade with love and knots.

ဒီနေ့သူငယ်ချင်းနဲ့ ခဏထွက်တွေ့ဖြစ်လိုက်တယ်။ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ထိုင်ရင်း အကြောင်းအမျိုးမျိုး၊ အရင်အမှတ်တရဟောင်းတွေ၊...
15/10/2026

ဒီနေ့သူငယ်ချင်းနဲ့ ခဏထွက်တွေ့ဖြစ်လိုက်
တယ်။ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ထိုင်
ရင်း အကြောင်းအမျိုးမျိုး၊ အရင်
အမှတ်တရဟောင်းတွေ၊ ရယ်စရာတွေပြော
ဖြစ်ကြတာပေါ့။ အိမ်ပြန်ရောက်တော့
ရင်ထဲမှာ ဘယ်လိုမှန်းမသိဘူး…
အတော်လေး ပေါ့ပါးသွားသလို ခံစားရတယ်။

တခါတလေကျရင်လေ… နေ့စဉ်
လုပ်ငန်းဆောင်တာတွေ၊ တာဝန်ဝတ္တရား
တွေကြားမှာ ပိတ်မိနေသလိုဖြစ်နေတဲ့
အချိန်တွေမှာ "သူငယ်ချင်းတွေနဲ့ အပြင်
ထွက်ဆုံဖြစ်တာ" ဟာ စိတ်အတွက်
အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။🫶🏻

👯‍♀️သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဆုံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကတော့—

💓စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတယ် (Stress Relief):
ရင်ထဲမှာ ရှိနေတဲ့ အလုပ်ရှုပ်တာတွေ၊
ပင်ပန်းတာတွေကို သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်ရုံနဲ့တင် တဝက်လောက်
ပျောက်သွားသလို ဖြစ်စေပါတယ်။

💓အားအသစ်တွေ ပြန်ဖြည့်ပေးတယ် (Energy Booster):
ရယ်မောပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေက
နေ့စဉ်လုပ်ရိုးလုပ်စဉ် (Routine) ရဲ့ ငြီးငွေ့
စရာတွေကို ဖယ်ရှားပေးပြီး စိတ်ဓာတ်တွေ
ကို တက်ကြွလာစေပါတယ်။

💓ကိုယ့်ကိုယ်ကိုယ် ပြန်လည်
ချိတ်ဆက်ပေးတယ်:
မိသားစုနဲ့ တာဝန်တွေကြားမှာ ပျောက်ဆုံး
နေတတ်တဲ့ "ကိုယ့်ရဲ့ တစ်စိတ်တစ်ပိုင်း" ကို
ဒီလိုအချိန်မျိုးမှာ ပြန်တွေ့ရတတ်ပါတယ်။

ဒါကြောင့် ကိုယ့်အတွက် "Me Time" လေး
တစ်ခုကို ဖန်တီးဖို့ ဝန်မလေးပါနဲ့။ တခါတ
လေ ကိုယ့်အတွက် ကိုယ် အချိန်ပေးတာ၊
ကိုယ့်ကို ရယ်မောစေမယ့်သူတွေနဲ့ အတူရှိနေတာဟာ အလွန်တရာကို တန်ဖိုးရှိပါ
တယ်။

ယူတို့ရော… ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို
ဖြေဖျောက်ပေးမယ့် သူငယ်ချင်းနဲ့
အတူ ကော်ဖီသောက်ဖို့ အစီအစဉ် ရှိပြီလား? ☕️💛





“အိမ်ထောင်ရေးမှာ 'ငါနားလည်ပါတယ်' ဆိုတဲ့ စကားတစ်ခွန်းထက် ပိုစွမ်းတဲ့ လျှို့ဝှက်စကားလုံး ရှိတယ်ဆိုတာ သင်သိပါသလား..."အိမ်ထေ...
11/10/2026

“အိမ်ထောင်ရေးမှာ 'ငါနားလည်ပါတယ်' ဆိုတဲ့ စကားတစ်ခွန်းထက် ပိုစွမ်းတဲ့ လျှို့ဝှက်စကားလုံး ရှိတယ်ဆိုတာ သင်သိပါသလား..."

အိမ်ထောင်တစ်ခုမှာ မကြာခဏ ရန်ဖြစ်ရတာဟာ ချစ်ခြင်းမေတ္တာ မရှိလို့ မဟုတ်ပါဘူး။ ပြောဆိုဆက်ဆံပုံ လွဲမှားနေလို့ပါ။ လင်မယားကြား စကားပြောဆိုမှု အဆင်ပြေစေမယ့် ရိုးရှင်းပေမယ့် ထိရောက်တဲ့ အချက် (၃) ချက်ကတော့ -

၁ . "မင်းကြောင့်" မသုံးဘဲ "ငါ့ခံစားချက်
က" လို့ ပြောင်းပြောပါ:

“မင်း ငါ့ကို ဂရုမစိုက်ဘူး" လို့ စွပ်စွဲ။
မယ့်အစား "အခုလိုမျိုး ဆိုရင် ငါ
အထီးကျန်သလို ခံစားရတယ်" လို့
ပြောတာက တစ်ဖက်လူရဲ့ ခံစစ်
ပြင်ဆင်မှုကို လျှော့ချပေးပါတယ်။

၂ . အနိုင်ရဖို့ထက် နားလည်ဖို့
နားထောင်ပါ:

စကားပြောနေစဉ်မှာ ပြန်ခုခံဖို့ မစဉ်းစား
ပါနဲ့။ သူ မပြောခင် အဆုံးထိ စိတ်ရှည်
ရှည်နဲ့ နားထောင်ပေးပါ။

၃ . ကျေးဇူးတင်စကားကို အလေ့အကျင့်
လုပ်ပါ:

သေးငယ်တဲ့ ကူညီမှုလေးတွေအတွက်
ပင် "ကျေးဇူးပါ" ဆိုတဲ့ စကားလေးက
စိတ်ဓာတ်ကို အများကြီး နွေးထွေးစေ
ပါတယ်။




11/10/2026

အပတ်စဉ်ကုသိုလ် 🙏
မြင်တွေ့ရသူအပေါင်း ကုသိုလ်ထပ်တူရကြပါစေ 🙏




#ကုသိုလ်

ချစ်သူငယ်ချင်းလေးရဲ့ order 😍Loom & Look ရဲ့ Macrame wall hanging လေးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း လ...
10/10/2026

ချစ်သူငယ်ချင်းလေးရဲ့ order 😍

Loom & Look ရဲ့ Macrame wall hanging လေးကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း လိုအပ်တာရှိရင် ထပ်မံအားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒီ wall hanging လေးရောက်ရှိသွားတဲ့အိမ်လေးက Happy and joyful home လေးဖြစ်ပါစေရှင်။ 🏠






10/10/2026

ကိုယ့်ရဲ့ VIP customer ရဲ့ တောင်းဆိုမှုကြောင့်
၁ ရက်အတွင်းအပြီးထိုး
ရမယ့် home sweet home wall hanging လေး 🏡
ပြီးတော့မယ်နော် ကာကာလေးရေ 🤭🤣






07/10/2026

သီချင်းဟောင်းတွေရဲ့ ဆန်းကြယ်မှုက...
သံစဉ်တင်မကဘူး၊ အဲဒီတုန်းက ခံစားချက်နဲ့ အမှတ်တရတွေကိုပါ နားထဲ ပြန်ထည့်ပေးလိုက်တာပါပဲ။ 🎧🕊️
အချိန်တွေ ဘယ်လောက်ပဲ ကုန်သွားပါစေ၊
သီချင်းတစ်ပုဒ်ကို ပြန်ဖွင့်လိုက်တာနဲ့ အတိတ်ရဲ့ အခိုက်အတန့်လေးထဲ ပြန်ရောက်သွားတတ်မြဲ။



06/10/2026

စစ်မှန်သော အောင်မြင်မှုနဲ့ စိတ်အေးချမ်းမှု

ဘဝမှာ ငွေရှာတဲ့အခါ ရိုးသားပြီး ကောင်းမွန်တဲ့ နည်းလမ်းတွေကိုပဲ အမြဲတမ်း ရွေးချယ်ပါ။ ကြိုးစားပါ၊ စိတ်ရှည်ပါ၊ မိမိရဲ့ မူဝါဒနဲ့ တန်ဖိုးတွေကို မစွန့်လွှတ်ပါနဲ့။
မကောင်းတဲ့ နည်းလမ်းတွေကနေ မြန်မြန်ဆန်ဆန် ရလာတဲ့ ငွေကြေးဟာ ကြာရှည် မခံပါဘူး။ ရိုးရိုးသားသား ကြိုးစားလို့ ရလာတဲ့ ငွေကသာ စိုးရိမ်ကြောက်ရွံ့မှု မရှိဘဲ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တာပါ။
အချိန်နည်းနည်း ယူရကောင်း ယူရနိုင်ပေမဲ့ ဒါဟာ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ နှေးကွေးပါစေဦးတော့... အမြဲတမ်း မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ပါ။
အခြားသူများအပေါ် သမာသမတ်ကျကျ ဆက်ဆံပါ။ ကိုယ့်လက်က သန့်ရှင်းပြီး ကိုယ့်စိတ်က ဂုဏ်ယူနေနိုင်တဲ့အခါ ရရှိလာတဲ့ အောင်မြင်မှုဟာ အလှပဆုံးပါပဲ။ 🌟


05/10/2026

ခံစားလွယ်တတ်တယ်
ကိုယ်အားငယ်တတ်တယ်….
🫶🏻



04/10/2026

ဒီနေ့ မြတ်စွာဘုရားအား
အိမ်ချက် ကြက်ဆီထမင်းဖြင့် နေ့ဆွမ်းကပ်လှူပါသည်။
မြင်တွေ့သူအပေါင်း ကုသိုလ် ထပ်တူရကြပါစေ 🙏




#ကုသိုလ်
#တရားအဆုံးအမ

02/10/2026

LDRS တွေအတွက် …. 🎵🎼🎶🎧




Address

MingalarTaung Nyunt
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Loom & Look posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category