Aung Myay Construction and Decoration

Aung Myay Construction and Decoration Innovate Your Dream with Aung Myay

3 & Half Story Residential Building (~50'x50')Location: NorthDagonOne Stop Service (Drawing+Construction)Ground floor-bo...
11/03/2024

3 & Half Story Residential Building (~50'x50')
Location: NorthDagon
One Stop Service (Drawing+Construction)

Ground floor
-book shop
-car porch and driver room with bath & W.C
-dining room with kitchen
-common bath & W.C
First floor
-living room with a shrine room
-verandah with great view
-three bedrooms with each bath & W.C
Second floor
-two bedrooms with each bath & W.C.
-maid room and a store room.
-open wide terrace with BBQ place
-external stair (leads to the roof floor)
Roof Floor
-overhead water tank and solar panels
(eco-friendly)

Total Floor Area - ~3000 sft

Aung Myay Construction and Decoration
Office-09-977382870 / 09-5056095


Sealer ဆိုတာဘာလဲ.... ဘာကြောင့်သုတ်ရတာလဲSealer အကြောင်းကို ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ Sealer ဆိုတာ ဆေးသုတ်မယ့်မျက်နှာပြ...
06/01/2024

Sealer ဆိုတာဘာလဲ.... ဘာကြောင့်သုတ်ရတာလဲ

Sealer အကြောင်းကို ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။
Sealer ဆိုတာ ဆေးသုတ်မယ့်မျက်နှာပြင် Substrate နှင့် Topcoat ရဲ့ကြား Bonding Effect အဖြစ်ဆောင်ရွက်ပေးတဲ့ Layer တခုပါ။
Sealer ကိုသုံးစွဲခြင်းကြောင့်ငွေကြေးအနည်းငယ်ပိုကုန်ကျသော်လည်း ဆေးသားတာရှည်ခံခြင်း၊ အစွန်းအထင်းအညစ်အကြေးများကို ဖုံးအုပ်ပေးခြင်း၊ ဆံချည်မျှင်ကဲ့သို့ အက်ကြောင်းများကို ဖုံးအုပ်ပေးခြင်း ဆေးသားအရောင်တောက်ပခြင်း၊ကျင်းအရေအတွက် ပိုရရှိစေခြင်း(သာမန်မျက်နှာပြင်မှာဆေးသုတ်မယ်ဆို မျက်နှာပြင်က ဆေးသားစုပ်ယူခြင်းကြောင့် ဆေးပိုကုန်ကျနိုင်ပြီး Sealer သုံးခြင်းကြောင့် ဆေးသားမျက်နှာပြင်ဧရိယာ ပိုကျယ်ကျယ်ပြန့်ပြန့်သုံးလို့ရပါတယ်)၊ Moisture ရေငွေ့ နှင့် ဘိလပ်မြေဓာတုပစ္စည်းများကြောင့်ဖြစ်နိုင်မည့် Efflorescence ဆေးသားများတွန့်ခြင်း၊ အဖြူ​အစင်းကြောင်းများနှင့်ကွက်ခြင်းများကိုကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရှိခြင်းကြောင့် ကုန်ကျမယ့်ငွေထက် ပြန်ရရှိမယ့်အကျိုးကျေးဇူးပိုများပါတယ်။
Sealer ၂မျိုး၂စားရှိပါတယ်။ Water Base Sealer (ရေဆေး) နဲ့ Solvent Base Sealer (ဆီဆေး) တို့ဖြစ်ပါတယ်။
ကျနော်တို့မြန်မာပြည်ရာသီဥတုအနေနဲ့က သာမန်မျက်နှာပြင်အမျိုးအစားများအတွက် Water Base Sealer ကလုံလောက်ပြီး၊ Moisture များတဲ့ မျက်နှာပြင် (သို့မဟုတ်) Chalking များတဲ့မျက်နှာပြင်မျိုးအတွက်တော့ Solvent Base Sealer ကပိုပြီးသင့်တော်ပါတယ်။
ဆေးမသုတ်ခင် ဆီလာခံပေးဖို့လိုအပ်ပါတယ်

လူကြီးမင်းရဲ့ အိမ်မှာကောင်းမွန်တဲ့ဆေးသားရရှိဖို့ဆို
ဆီလာ (သို့) primer ခံဖို့မဖြစ်မနေလိုအပ်ပါတယ်

ဆီလာခံခြင်းကြောင့်
▪️အစိုဓာတ် ကိုကာကွယ်ပေးခြင်း
▪️alkali ခေါ် ထုံးဓာတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးခြင်း
▪️ဆေးသားဆွဲမြဲခြင်း စတဲ့အားသာချက်တွေ ရရှိမှာပဲဖြစ်ပါတယ်

နံရံကြမ်းကို ဆေးစမသုတ်ခင် အရင်ဆုံး

သန့်ရှင်းရေးလုပ် ခံဆေးချုပ်

ခံဆေးခြောက်သွေ့အောင်ထားပြီးမှ

ပတ်တီးရိုက် ကော်ပတ်တိုက် ခံဆေးပြန်ချုပ်ပြီးမှ ဆေးသုတ်ခြင်းက ဆေးနဲ့ပတ်တီးသားကို ပိုမို၍ ဆွဲကပ်အားကောင်းစေပါတယ် ခင်ဗျာ

ဆေးသုတ်ခြင်းမှာ ပစ္စည်းကွာလတီအရည်အသွေး ကောင်းဖို့လိုအပ်သလို

နည်းစနစ်မှန်ကန်ဖို့လည်း အဓိက လိုအပ်ပါတယ် ခင်ဗျာ။

လူကြီးမင်းတို့​၏ တန်ဖိုးရှိတဲ့အိမ်လေးတွေ အမြဲလှပနေဖို့
Aung Myay မှတာဝန်ယူပေးပါရစေ 🙏🙏🙏

အိမ်တလုံးရဲ့ အခေါ်အဝေါ်များcredit kyitharmyint
03/01/2024

အိမ်တလုံးရဲ့ အခေါ်အဝေါ်များ

credit kyitharmyint

Oki
31/12/2023

Oki

Two ways 🚻 😎
14/07/2023

Two ways 🚻 😎

🧱အုတ်ကိုရေလောင်းခြင်း🧱အုတ်ကိုရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိကအကြောင်းရင်းကြီး နှစ်ချက်ရှိတယ်။🧱ပထမတစ်ချက်တော့ အုတ်ရဲ့မျက...
09/07/2023

🧱အုတ်ကိုရေလောင်းခြင်း

🧱အုတ်ကိုရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိကအကြောင်းရင်းကြီး နှစ်ချက်ရှိတယ်။

🧱ပထမတစ်ချက်တော့ အုတ်ရဲ့မျက်နှာပြင်မှာ မြောက် များစွာ‌ သော ဖုန်တွေဟာ လုံးထွေးနေတတ်တယ် ။တစ်ခါတစ်ရံမှာ ညစ်ပတ်ပေကျံတာမျိုးတွေလည်း ရှိတတ်တယ်။

🧱တကယ်လို့များ အဲ့ဒီဖုန်တွေ ညစ်ပတ်ပေကျံတာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖယ်ရှားခြင်းမပြုဘူးဆိုရင် အုတ်နဲ့ မဆလာကြားမှာ စေးကပ်ခိုင်မြဲမှု တွဲကပ်မှုမရှိဘူး။

🧱 အကျိုးသက်ရောက် မှုကလည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ညစ်ပတ်ပေကျံနေတဲ့ အုတ်များကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ နံရံတွေဟာ တောင့်တင်းကြံ့ခိုင်မာမှုမရှိဘူး။ မလိုအပ်ဘဲနဲ့သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ ပစ္စည်းကုန်ပြီးတော့ အက်ရာတွေလဲပေါ်လာတတ်တယ်။

🧱နောက်ထပ်တစ်ချက်က အုတ်က မြေကြီးကိုဖုတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက ရေစုပ်ယူမှုအားကောင်းတယ်။

🧱ခြောက်သွေ့ပြီးတော့ ပွတဲ့အပေါက်ငယ်လေးတွေပါရှိတဲ့ အုတ်ချပ်တွေက မဆလာထဲမှာပါတဲ့ရေကို အလျှင်အမြန် စုပ်ယူသွားတယ်။

🧱ဒါကြောင့််မို့လို့ ဘိလပ်မြေအိပ်စက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ (water cement ratio ) ကျသွားတယ်။

🧱အဲ့ဒီအတွက်ကြောင့် ဘိလပ်မြေက သူဓာတ်ပြုရမည့်ဖြစ်စဥ် ၊ (Hydration) ဖြစ်စဥ် အနှောက်အယှက်ဖြစ်သွားပြီးတော့ သူက ကောင်းစွာဓာတ်မပြုနိုင်ဘူး။

🧱ပြီးတော့ သရိုးက အင်အားကျဆင်းလာတယ်။
🧱အဲ့ဒီအတွက်ကြောင့်မို့လို့ ကောင်းစွာဓာတ်ပြုနိုင်ဖို့အတွက် အစိုဓာတ် လုံလောက်စွာ သူ့မှာရှိဖို့လိုတယ်။

🧱ဒါ့ကြောင့်မို့လို့ အုတ်ကို ရေဝအောင်စိမ်ပြီးမှ မဆလာနဲ့ စီတဲ့လုပ်ငန်းကို လုပ်ဆောင်သင့်တယ်။

🧱အုတ်ရိုးအတွက် မဆလာဖျော်တဲ့အခါ ရေများလျှင်မဆလာကို ထိုးရကိုင်ရ လုပ်ကိုင်ရတာကောင်းတယ်။Workability ကောင်းတယ်။ဒါပေမယ်လို့ ရေကိုအများကြီးရောရလို့ ဘိလပ်မြေရဲ့ Strength ကို ကျစေတယ် ။
ပြီးတော့ သိပ်သည်းဆကိုလည်း လျှော့ကျစေတယ်။

🧱ဒါကြောင့်မို့လို့ Plaster ချောပြီးတဲ့အခါမှာ မျက်နှာပြင်မှာ အက်ရာလေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

🧱ပန်ရံလုပ်ငန်းအတွက် ကောင်မွန်တဲ့မဆလာ ရရှိဖို့တွက်ဆိုရင် ရေရဲ့အရည်အသွေးဟာလည်း အရေးတကြီးထည့်သွင်းစဥ်းစားရမည့်အချက်ထဲမှာ ပါရှိပါတယ်။

🌺Construction လုပ်ငန်းတွေမှာ အသုံးပြုမည့်ရေဟာ ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုရင် သူဟာ သန့်ရှင်းကြည်လင်တဲ့ရေ၊ အရသာသိသိသာသာ မရှိတဲ့ရေ၊ သဘာဝတိုင်းအားလုံးနည်းပါးဖြစ်တဲ့ရေကို အသုံးပြုရမယ်လို့ပြောထားပါတယ်။

🌺တကယ်လိုများ ကိုယ်က မဆလာဖျော်တဲ့ခါမှာပဲဖြစ်ဖြစ်၊ ကွန်ကရစ်ဖျော်တဲ့ခါမှာပဲဖြစ်ဖြစ် ေရကိုအသုံးမှုအတွက် ဒီရေဟာ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာကို စမ်းသပ်ဖို့တွက်ဆိုရင်တော့ Drinking Water သောက်လို့ရတဲ့ရေ နဲ့ နမူနာကုဗတုံးတစ်တုံး စမ်းပြီးဖျော်မယ်။

🧱ပြီးတော့ ကိုယ်တကယ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုမည့်ရေကိုယူပြီးတော့ နမူနာကုဗတုံးတစ်တုံးဖျော်မယ်။

🧱အဲ့ဒီ ကုဗတုံးနှစ်ခုကို ( ၇ ) ရက်နဲ (၂၈ ) ရက်ကြာတဲ့အခါမှာ အင်အားစမ်းသပ်မှုတွေလုပ်မယ်။သူတို့ရဲ့ psi စမ်းမယ် ။

🧱 သောက်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength နဲ့ ကိုယ် Site ထဲမှာသုံးမည့်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength ၊ ဒီနှစ်ခုကို နှိုင်းယှဥ့်တဲ့အခါမှာ သောက်ရေနဲ့ဖျော်ထားတဲ့ ကုဗတုံးရဲ့ Strength အတိုင်း အပြည့်မရရင်တောင်မှ သူ့ရဲ့ (၉၀ ) ရာခိုင်နှုန်းနီပါး strength ရ ရှိတဲ့ရေဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုလို့ရတဲ့ရေဖြစ်ပါတယ်။

Basic Knowledge

Crd:Daw Aye Aye Win

အိမ်‌သုတ်ဆေး တွက်နည်း~~~~~~~~~~~~~~~~~~အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံမျ...
04/07/2023

အိမ်‌သုတ်ဆေး တွက်နည်း
~~~~~~~~~~~~~~~~~~

အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်‌ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 ဖြစ်ပါသည်။

ဆေးသုတ်ရမည့် 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (𝟏𝟓) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည်‌ ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (𝟑𝟓𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 ရှိတဲ့အတွက် (𝟑𝟓𝟎) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (𝟎.𝟓) ထက်နည်းပါက ကွာတား (𝟐) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (𝟎.𝟓) ထက်များပါက (𝟏) ဂါလံ ဝယ်ရပါမည်။

𝟏𝟒 𝐱 𝟐𝟎 ပေအခန်း အမြင့် (𝟖) ပေ တံခါး (𝟐) ပေါက်၊ ပြူတင်းပေါက် (𝟐) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
𝐂𝐞𝐢𝐥𝐢𝐧𝐠 ၏ အလျား‌ပေ x အနံပေ = 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐀𝐫𝐞𝐚
𝟏𝟒 𝐱 𝟐𝟎 = 𝟐𝟖𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

𝐂𝐞𝐢𝐥𝐢𝐧𝐠 အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟐𝟖𝟎 ÷ 𝟑𝟓𝟎 = 𝟎.𝟖

ထိုအဖြေအရ 𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ လိုအပ်ပါမည်၊ (𝟐) ထပ်သုတ်လျင် (𝟐) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အ‌လျားပေကို ပေါင်းပါ။
𝟏𝟒 + 𝟐𝟎 + 𝟏𝟒 + 𝟐𝟎 = 𝟔𝟖 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
𝟔𝟖 𝐱 𝟖 = 𝟓𝟒𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (𝟏) ချပ်စီတိုင်း အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟐𝟎 𝐱 𝟐 = 𝟒𝟎)၊ ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟏𝟓 𝐱 𝟐 = 𝟑𝟎)
𝟓𝟒𝟒 - 𝟕𝟎 = 𝟒𝟕𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟒𝟕𝟒 ÷ 𝟑𝟓𝟎 = 𝟏.𝟒

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ (𝟐) ကွာတားနှင့် (𝟐) ထပ်သုတ်လျင် (𝟐) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
𝟐𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 = တံခါး (𝟏) ချပ်
တံခါးအရေအတွက်ကို (𝟐𝟎) ဖြင့် မြှောက်ပါ။
𝟐 𝐱 𝟐𝟎 = 𝟒𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ပြုတင်းပေါက် အရေအတွက်ကို (𝟕.𝟓) ဖြင့်မြှောက်ပါ။
𝟐 𝐱 𝟕.𝟓 = 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
𝟒𝟎 + 𝟏𝟓 = 𝟓𝟓

ပြီးလျှင် 𝟑𝟓𝟎 ဖြင့်စားပါ။
𝟓𝟒 ÷ 𝟑𝟓𝟎 = 𝟎.𝟏𝟔

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (𝟏) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (𝟐) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

“မြေ/တိုက်ခန်းဧရိယာ လွယ်ကူစွာတိုင်းနည်း နှင့် မြေဧကတွက်နည်း” လွယ်ကူစွာ မြေ/တိုက်ခန်းဧရိယာတိုင်းနည်း နှင့် မြေဧကတွက်နည်းလ...
03/07/2023

“မြေ/တိုက်ခန်းဧရိယာ လွယ်ကူစွာတိုင်းနည်း နှင့် မြေဧကတွက်နည်း”

လွယ်ကူစွာ မြေ/တိုက်ခန်းဧရိယာတိုင်းနည်း နှင့် မြေဧကတွက်နည်းလေးကို Knowledge Sharing အနေနဲ့ ပြောပြပေးချင်ပါတယ်။

ဒီတိုင်းတာနည်းလေးကို အသုံးပြုပြီး မိမိတို့ပိုင်မြေ/တိုက်ခန်း ၊ ဝယ်ယူမယ့် မြေ/တိုက်ခန်း များကို အလွယ်တကူတိုင်းတာနိုင်ပါတယ်။

အရင်ဆုံးဧက တွက်ယူရန် အဓိက မှတ်သားထားသင့်တဲ့ ဆက်သွယ်ချက်လေးကိုပြောပြပေးပါမယ်။

၁ဧက=၄၃၅၅၉.၈၆ စတုရန်းပေ

ဒါကြောင့်
၁ဧက=၄၃၅၆၀ စတုရန်းပေ ဟု သတ်မှတ်ကြပါတယ်

မိမိမြေကွက်၏ ပုံပန်း သဏ္ဍာန် နှင့် အတိုင်းအတာ ကိုကြည့်ပီး ဧက တွက်ယူနိုင်ပါတယ်။

(၁) မိမိမြေကွက်မှာ လေးနားညီ စတုရန်း ပုံဖြစ်ပါက

ဥပမာ-
ပေ ၁၀၀ ပတ်လည်မြေကွက် ဆိုလျှင်
(၁၀၀ ပေ × ၁၀၀ပေ) = ၁၀၀၀၀ စတုရန်းပေ
(၁၀၀ ပေ × ၁၀၀ပေ) ÷ ၄၃၅၆၀ = ၀.၂၂၉ ဧက

ပေ၄၀ ပတ်လည်မြေကွက်ဆိုလျှင်
(၄၀ပေ × ၄၀ပေ) = ၁၆၀၀ စတုရန်းပေ
(၄၀ပေ × ၄၀ပေ) ÷ ၄၃၅၆၀ = ၀.၀၃၆၇ ဧက

(၂) မိမိမြေကွက်မှာ နှစ်နားညီ ထောင့်မှန်စတုဂံ ပုံဖြစ်ပါက
(အလျား×အနံ) ÷ ၄၃၅၆၀ = ဧက

ဥပမာ-
၆၀ပေ × ၄၀ ပေ မြေကွက် ဆိုလျှင်
(၆၀ပေ × ၄၀ပေ) = ၂၄၀၀ စတုရန်းပေ
(၆၀ပေ × ၄၀ပေ) ÷ ၄၃၅၆၀ = ၀.၀၅၅ ဧက

၈၀ပေ × ၆၀ ပေ မြေကွက်လျှင်
(၈၀ပေ ×၆၀ပေ) =၂၄၀၀ စတုရန်းပေ
(၈၀ပေ×၆၀ပေ) ÷ ၄၃၅၆၀ = ၀.၁၁ ဧက

(၃) မိမိမြေကွက်မှာ နှစ်နားပြိုင် တြာပီဇီယမ် ပုံဖြစ်ပါက
[(ပြိုင်နားနှစ်ခုပေါင်း÷၂)×အမြင့်]÷၄၃၅၆၀=ဧက

ဥပမာ-
တိုသောအပြိုင်နား ၅၀ပေ ၊ ရှည်သော အပြိုင်နား ၈၀ပေ နှင့် ပြိုင်နား၂ခုကြားအကွာအဝေး ၆၀ပေ ရှိသော တြာပီဇီယမ်ပုံ မြေကွက်ဖြစ်လျှင်

[(၅၀+၈၀)÷၂)×၆၀]= ၃၉၀၀ စတုရန်းပေ
[(၅၀+၈၀)÷၂)×၆၀]÷၄၃၅၆၀= ၀.၀၈၉ဧက

(၄) မိမ်ိမြေကွက် မှာ စက်ပိုင်း ပုံရှိပါက

[(အချင်းဝက် × အချင်းဝက် ×၃.၁၄/)÷၄၃၅၆၀]= ဧက

ဥပမာ-
အချင်းပေ ၁၀၀ ရှိသော စက်ဝိုင်းပုံမြေကွက်ဆိုလျှင် အချင်းဝက်သည် ၅၀ပေ ဖြစ်သောကြောင့်

(၅၀ပေ×ပေ၅၀ပေ× ၃.၁၄၂)= ၇၈၅၅ စတုရန်းပေ
(၅၀ပေ×ပေ၅၀ပေ× ၃.၁၄၂)÷၄၃၅၆၀= ၀.၁၈ ဧက

(၃.၁၄၂ သည် စက်ဝိုင်း ဧရိယာတွက်ချက်ရာတွင် ထည့်သွင်းအသုံးပြုသော (ပိုင်) ဟု​ခေါ်သည့် ကိန်းသေ တစ်ခုဖြစ်ပါတယ်)

အခုပြောပြပေးသွားတဲ့ မြေကွက်ဧရိယာ ဧက တွက်နည်းကိုအသုံးပြုပြီး မြေကွက်ဝယ်တော့မည်ဖြစ်စေ အိမ်လှလှလေးဆောက်တော့မည့်သူဖြစ်စေ မိမိသိရှိလိုသော မြေကွက်၏ ဧရိယာအား အချိန်တိုအတွင်း အလွယ်တကူ တွက်ယူနိုင်ပါတယ်။



ကြွေပြားများ ဘာကြောင့် ကြွ/ ကျိုးပဲ့ရတာလဲ ?လူကြီးမင်းတို့၏နေအိမ်ကြမ်းခင်းမူလနေရာမှ ကပ်ထားသော ကြေပြားများကြွတက်လာခြင်းနှင...
02/07/2023

ကြွေပြားများ ဘာကြောင့် ကြွ/ ကျိုးပဲ့ရတာလဲ ?

လူကြီးမင်းတို့၏နေအိမ်ကြမ်းခင်းမူလနေရာမှ ကပ်ထားသော ကြေပြားများကြွတက်လာခြင်းနှင့် ကြွေပြားတခုနှင့် တခုကြားတွန်ကန်းမှုဖြစ်ပေါ်ခြင်းစသည်တို့ကြောင့် ကြွေပြားခုံးကျွကွာထွက်ခြင်းကို ဖြစ်ပေါ်စေသည်။ ထိုကဲသို့ဖြစ်ပေါ်သော ခြင်းကြောင့် လန်ကျိုုးသော ကြွေပြားပြဿနာမဆွဲဘဲလံတက်သောကြွေပြားပြဿနာ (သို့) ခုံးကျွကောက် ကြွေပြားပြဿမာဆိုပီး ခေါ်သွင်စပြုလာကြသည်။ကြွေပြားခုံးကျွခြင်းပြဿနာကိုကြွေပြား အမျိုးအစား
မျိုုးစုံတွင် တွေမြင်ရတတ်သည်။

ဥပမာ-ကြွေပြား,ပိုစီလင်းကြွေပြား အမျိုုးအစားနှင့် မြေသားကြွေပြားအမျိုးအစား။ကြွေပြားကပ်နေစဉ်အတွင်းစနစ်တကျ ဂရုစိုက်ခဲ့ပါက ထိုကဲသို့ပြဿနာ မဖြစ်ပွားနိုင်ပေ။ပီးပြည့်စုံပီး ကြွေပြားကပ်ထားသော အောက်ကြမ်းခင်းမှ ကြွေပြားများခုံးကြွြွာထွက်လာခြင်းမှာ အပူချိန်ပြောင်းလဲခြင်း၊ကြွေပြာကပ်သည့်နည်းစနစ် မှားယွင်းခြင်းနှင့် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများကြောင့်ပင် ဖြစ်သည်။

⚠ကြွေပြားလန်ထခြင်းကျွတ်ထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းပြချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။

✅အမှတ်စဉ် ၁။ ကြွေပြားကပ်ကော် အသုံးမပြုခြင်း။
ကြွေပြားများတပ်ဆင်ရာတွင် ကြွေပြားကပ်ကော် အသုံးမပြုပါကကြွေပြားများကွာထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

✅အမှတ်စဉ် ၂။ အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော် အသုံးပြုခြင်း။
ကြွေပြာကပ်ထားသော ကြမ်းခင်ကို နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်း နှင့် အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော်ကို အသုံးပြုမိခြင်းတို့ကြောင့် ကြွေပြားခုံးကျွလန်ကျိုးခြင်း စသည့် ပြဿနားများ ဖြစ်ပေါ်လာသည်။နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်းတို့ကြောင့် ကြွေပြားခုံးကျွမှု ဖြစ်ပေါ်လာပီး ကြွေပြားကပ်ကော် ဆွဲကပ်အားမကောင်းမွန်ခြင်းကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာများဖြစ်ပေါ်လာရသည်။

✅အမှတ်စဉ်၃။ မှားယွင်းသော ကြွေပြားတပ်ဆင်ခြင်းနည်းလမ်း အသုံးပြုခြင်း။
အရွယ်အစားကြီးကြွေပြား(သို့) ဆိုဒ်လွန် ကြွေပြားကြီးများတပ်ဆင်ရာတွင် ဘီသံလက်ဖြင့် ခင့်ကျင်းသည့် နည်းလမ်းသည်သာလျှင် ကြွေပြားမျက်နှာပြင် နှင့် ကြွေပြားကပ်ကော်ကြားကောင်းမွန်သော ဆွဲကပ်အားကို ရရှိစေသည်။ ကြွေပြားကပ်ပီးပါကလည်း သစ်သားတူ ရာဘာတူတို့ဖြင့် ညင်သာစွာ ထုရိုက်ခြင်သည်လည်း ကော်သားနှင့် ထိတွေစေရန်အထောက်အကူပြုပေးသည်။

✅အမှတ်စဉ်၄။သင့်တော်သော ကြွေပြားနှာလိုင်းမထားရှိခြင်း။
ကြွေပြားနှာလိုင်းမထားခြင်း (သို့) မှားယွင်းသော နှာလိုင်းကြားတုန်ခါမှု
မမှန်ကန်သောကြွေပြားကပ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကြွေပြားနှာလိုင်းကြား တုန်ခါမှုကြောင့်လဲကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာမျာ ဖြစ်ပေါ်နိုင်သည် ။

✅အမှတ်စဉ်၅။ကြွေပြားကပ်မည့် မျက်နှာပြင်ဧရိယာအား စနစ်တကျ သန့်ရှင်းရေးမပြုလုပ်ခြင်း
ကြွေပြားမကပ်မှီ ကွန်ကရစ်မျက်နှာပြင်အား သန့်ရှင်းရေစနစ်တကျ မပြုလုပ်သောကြောင့် ကောင်းမွန်သော ဆွဲကပ်အားကို မဖြစ်ပေါ်စေနိုင်ပေ။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာမျာ ဖြစ်ပေါ်လာရသည် ။

✅အမှတ်စဉ်၆။ ကွန်ကရစ် ကြမ်းခင်းမျက်နှာပြင်ကျုံ့ဆန့်မှုဖြစ်ပေါ်ခြင်း။
ကြွေပြားသည် ရေစိမ့်ဝင်နိုင်သောကုန်စည်ဖြစ်သည့်အားလျော်စွာ တခါတရံ ရေငွေအားလွန်စွာစုပ်မှုတို့ကြောင့် ကြွေပြားသား ဖောင်းပွခြင်းဖြစ်ပေါ်စေနိုင်သည်။ထိုသို့ ပြန့်ကားမှုဖြစ်ပေါ်ခြင်းကြောင့် ရေငွေဖိအားသည်တွန်းကန်ပီး ကြွေပြားအားကျွတ်ထွက်စေမှုကို ဖြစ်ပေါ်စေသည်။ထိုကြောင့်ကြွေပြားကွာထွက်စေခြင်း ပြဿနာ အစပြုလာသည်။ထိုဖြစ်စဉ်ကိုကြွေပြားကွာထွက်ခြင် ပြဿနာဟုခေါ်သည်။

✅အမှတ်စဉ်ရ။ အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှု မရှိခြင်း။
အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှုသည်လညး်ကြွေပြားကွာထွက်ခြင် ၏ အကြောင်းတရားတမျိုးပင်ဖြစ်ပါသည်။ လယ်ဗယ်မညီညာမှုသည် ကြွေပြားနှင့် ကြမး်ခင်းမျက်နှာပြင်ကြား ကြွေပြားကပ်ကော်သား (သို့) မဆလာသားတို့၏ ဆွဲအားကို တသတ်မတ်ထဲ မဖြစ်ပေါ်စေနိုင်ပေ။ထိုကြောင့်မကောင်းမွန်သော မညီညာသော ကြွေပြားကွာထွက်ခြင်းကို ဦးတည်ဖြစ်ပေါ်စေနိုင်ပါသည်။

✅အမှတ်စဉ်၈။ အဘယ်ကြောင့် ကြွေပြားကွာထွက်ခြင်းပြဿနာကို နှစ်အနည်းငယ်ကြာမှသာ ဖြစ်ပွားရသနည်း??
ကြွေပြားကွာထွက်ခြင်းပြဿနာဖြစ်ရခြင်း အဓိကအကြောင်းအရင်း၃ခုမှာ

၁။ဘိလပ်မြေသဲရော မဆလာဖြင့် အလွန်ထူသောမဆလာထု ဖြင့် ကြွေပြားကပ်ခင်းကျင်းခြင်းမှ အက်ကွဲကြောင်ဖြစ်ပေါ်ခြင်း။

၂။အရည်အသွေနိမ့်သော ကြွေပြားကပ်ကော် အသုံးပြုခြင်းတို့ကြောင့် ဆွဲကပ်အားနည်းပါမှုဖြစ်ပွားခြင်း။

၃။အခြားသော ကျယ်ပြန့်သော ပြန်ပ အားကြွေပြား ပေါ် သို့သက်ရောက်ခြင်း။(အပူ,အစိုဓါတ် စုပ်ယူမှုနှင့် အခြား)

ကြွေပြားဆွဲကပ်အားမကောင်းမွန်ပါကလညး်အလွန်တကူကွာထွက်နိုင်သည်။ကောင်းမွန်သောဆွဲကပ်အားရှိပြန်ပါကလည်း မှာယွန်းသောနှာကြောင်းလိုင်းသည် ကြွေပြားဆွဲကပ်အားယုတ်လျော့စေရန် တွနး်ကန်ပေးသည်။အတိုချုပ်ပြောမည်ဆိုပါက ကြွေပြားတပ်ဆင်းသည့် အခါတိုင်း သင့်တင့်

မျှတသော နှာလိုင်းအကျယ် ထားပေးရမည်။ကြွေပြားနှင့် မျက်နှာပြင် တွန်ကန်အားမဖြစ်ပေါ်စေရန် ကျုံးဆန့်မှုမဖြစ်ပေါ်စေသည်အထူး ဒီဇိုင်းများဖြင့် စနစ်တကျ ကပ်ခြင်းသည် ကြွေပြားများအားသက်တမ်းတခု ကြာမြင့်သည့်အထိ ကောင်းမွန်စွာ စေနေနိုင်မှာပဲဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့်အထက်ဖော်ပြပါ အကြောင်းအရာများသည် ကြွေပြားလန်ကျိုးခြင်း ကွာထွက်
ခြင်းတို့ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာ အချို့သာ ဖြစ်သည်။လူကြီးမင်းတို့အနေဖြင့် လုပ်သမားပိုင်းဆိုင်ရာအပိုင်းဖြစ်သည့် အသုံးပြုသည့် ကိရိယာ,ကြမ်းခင်းအခြေအနေ, အလုပ်သမားကျွမ်းကျင်မှု စသည့် အချက်အလက်များကို လဲ ထည့်သွင်းစဉ်းစားစေခြင်ပါသည်။

ထိုအရာအားလုံးကို စနစ် တကျလိုက်နာဆောင်ရွက်ပါက ကြွေပြားပိုင်ဆိုင်ရာ ပြဿနာများထပ်မံဖြစ်ပွားတော့မည် မဟုတ်ပေ။ထိုမှသာလျှင် လူကြီးမင်းတို၏ နေအိမ်အဆောက်အဦး တွင် ကြွေပြားပိုင်းဆိုင် ပြဿနာကင်းစင်စေနိုင်တော့မည်ဖြစ်ပါသည်။

လူကြီးမင်းတို့ရဲ့ တန်းဖိုးရှိတဲ့ အိမ်လေးတွေကို အလှဆင်ချင်တဲ့ခါ Aung Myay Team ကိုသတိရလိုက်ပါ။

သစ်သားမြို့တော် တည်ဆောက်မည့် ဆွီဒင်နိုင်ငံ----------------------------------------------------------------မြို့တစ်ခုလုံး...
27/06/2023

သစ်သားမြို့တော် တည်ဆောက်မည့် ဆွီဒင်နိုင်ငံ
----------------------------------------------------------------
မြို့တစ်ခုလုံးကို သစ်သားနဲ့ ဆောက်နိုင်ပါ့မလား။ ဆွီဒင်ကုမ္ပဏီတစ်ခုကတော့ ဆောက်နိုင်တယ်လို့ ပြောထားပါတယ်။

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ Atrium Ljungberg သည် စတော့ဟုမ်းတွင် ကမ္ဘာ့အကြီးဆုံးသစ်သားမြို့တော်ကို ဆောက်လုပ်ရန် အစီအစဉ်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကို 2025 တွင်စတင်မည်ဖြစ်ပြီး 2027 ခုနှစ်တွင်ပထမဆုံးသောအဆောက်အဦများတပ်ဆင်မယ်လို့ ဆိုထားပါတယ်။

၎င်းသည် Company ၏ ရည်မှန်းချက်ကြီးသော ပရောဂျက်တစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးတာဝန်ရှိသူက ဆိုထားပါတယ်။ ကုမ္ပဏီသည် "ရေရှည်တည်တံ့မှု၊ ဆန်းသစ်တီထွင်မှုနှင့် aesthetic ဖြစ်မှုတို့မှ " မှတစ်ဆင့် မြို့ပြလူနေမှုပုံစံအသစ်ကို အဓိပ္ပါယ်ဖွင့်ဆိုရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
------------------------------------------

ရေရှည်တည်တံ့မည့် မြို့ပြစီမံကိန်း
------------------------------
စီမံကိန်းသည် ဆွီဒင်မြို့ကြီးများ၏ ရင်ဆိုင်နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် သစ်သားကို အသုံးပြုထားသည်။ သစ်သားသည် သံမဏိနှင့် ကွန်ကရစ်တို့ထက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး သစ်သားတည်ဆောက်မှုကြောင့် pollutants ထွက်မှုသည်လည်း နည်းပါးသည်။ ဆောက်လုပ်မည့် သစ်သားများကို မီးဒဏ်ခံနိုင်ရည်ရှိစေအောင် ဆောက်ရွက်ထားမှာ ဖြစ်သောကြောင့် မြို့လုံးကျွတ်လောင်သည့် တောမီးများ မဖြစ်စေရန် အာမခံထားပါတယ်။

စတုရန်းမီတာ 250,000 ကျော်ကို ချဲ့ထွင်တည်ဆောက်မည် ဖြစ်ပြီး မြို့တော်တွင် ရုံးခန်းနေရာပေါင်း 7,000 နှင့် Sickla တွင် အိမ်ခြေ 2,000 ရှိမည်ဖြစ်သည်။ လုပ်ငန်းခွင်များနှင့် လူနေအိမ်များကြားတွင် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။

အဆောက်အဦများသည် ကမ္ဘာ့ CO2 ထုတ်လွှတ်မှု၏ 40 ရာခိုင်နှုန်းနီးပါးရှိသည်။ 2020 ခုနှစ်တွင် ဥရောပကော်မရှင်မှ စတင်လုပ်ဆောင်ခဲ့သည့် ဥရောပစိမ်းလန်းရေးသဘောတူညီချက်ကို အတွေ့အကြုံများသစ်နှင့် Update လုပ်ရန် New European Bauhaus က တွန်းအားပေးခဲ့ပါသည်။ သဘောတူညီချက်ဟောင်းများနှင့် အတွေးအခေါ်အဟောင်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စတော့ဟုမ်း သစ်သားမြို့တော်" ကို မိတ်ဆက်ပေးရတာ ဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်တော်တို့ company အတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုသာမက ဆွစ်လူမျိုးတို့ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းကိုပါ သက်သေထူပေးတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခုပါ" ဟု Atrium Ljungberg ၏ CEO Annica Ånäs က ပြောကြားခဲ့သည်။

"Stockholm Wood City သည် သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်သော အနာဂတ်အသစ်ကို ထင်ရှားစေသည်။ စတော့ဟုမ်းမြို့တွင် နေထိုင်သော အိမ်ငှားများသည် ဆန်းသစ်ပြီး Sustainable ဖြစ်သည့် အဆောက်အဦးဒီဇိုင်းနဲ့ Solutions များကို တောင်းဆိုနေကြပါတယ်။ ယခုတည်ဆောက်မယ့် သစ်သားမြို့တော်သည် ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်မည့် solutions များ၏ အစပြုမှု ဖြစ်လာမှာပါ" ဟု ဆိုထားသည်။

ထိုကဲ့သို့သော အကြောင်းပြချက်မျိုးနှင့်ပင်
စင်ကာပူနိုင်ငံ Nanyang Technological University (NTU) သည် အာရှတွင် အကြီးဆုံး သစ်သားအဆောက်အအုံ "Gaia" ကို တည်ဆောက်ခဲ့ပါတယ်။ "Gaia" အဆောက်အဦးသည် စတုရန်းမီတာ 43,500 ကျယ်ဝန်းသည်။

Credit- KR Tech

Address

Myanma Gone Yaung Street, Tamwe Township
Yangon
11211

Telephone

+959977382870

Website

Alerts

Be the first to know and let us send you an email when Aung Myay Construction and Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myay Construction and Decoration:

Share

Category