29/02/2024
Leap year 2024 🥳 အမှတ်တရ
၅ နှစ်တာ ကာလအတွင်း ပထမဆုံး ကိုယ်ထင်ပြပါပြီရှင်...
တကယ်ပြချင်တာက ကိုယ်ပိုင် pattern နဲ့ ဖန်တီးထားတဲ့ floral crown လေးပါ 🥰 နာမည်ကိုလည်း Rose Queen လို့ပဲ ပေးထားပါတယ်။
နှင်းဆီအပွင့်ကြီး 5 ပွင့် ၊ အဖူး 6 ပွင့် နဲ့ သစ်ရွက် ၂တန်း သဘာဝကျကျ ပတ်ခွေထားတဲ့ ပုံစံလေး ဖြစ်အောင် wire ခွေပြီး ပတ်ထိုးထားတာလေးပေါ့။ လက်တန်းထိုးတာပေမယ့် ပြန်ပြင်ရတာမရှိဘဲ စိတ်တိုင်းကျတဲ့ပုံစံလေးထွက်လာလို့ ကြည်နူးရသေးတယ်။ အခြေနေပေးရင် Tutorial လေးရိုက်ပြီး sharing လုပ်ပေးပါမယ်နော် ။ လောလောဆယ် လိုက်ထိုးချင်ရင်တော့ messenger ကနေလာမေးလို့ရပါတယ်။ စာရိုက်ရပျင်းလို့ voice message နဲ့ရှင်းပြပေးမယ်နော် 😁
ထိုးပြီးသားလေးပဲ လိုချင်တယ်ဆိုရင်တော့ လာဝယ်လို့ရပါတယ်။ တခြားအပွင့်၊ အရောင်လေးတွေနဲ့လည်း customized လုပ်ပေးမှာမို့ pre-order တင်ပေးပါနော်။ ဈေးနှုန်းကတော့ 15,000 ~20,000 ဝန်းကျင်၊ ကြာချိန်ကတော့ 2~3 weeks ဖြစ်ပါမယ်ရှင့်။
ပုံမှာ မြင်ရတဲ့ Rose Queen floral crown လေးတော့ Normal Price 17,000 အစား Sale Price 15,000 အပြင် mini rose ring လေး တစ်ကွင်းပါ လက်ဆောင်ထည့်ပေးပါမယ်ရှင့်။ ဒါ့အပြင် March 3, 2024 အထိ order အားလုံးကို အိမ်အရောက်ပို့ရတဲ့ မြို့တိုင်းအတွက် delivery free / အိမ်အရောက်ပို့မရတဲ့ မြို့များအတွက် ဂိတ်ချခ free နဲ့ ပို့ဆောင်ပေးဦးမှာပါရှင့်
Handmade လေးတွေကိုကော၊ လူကိုပါ ချစ်ခင်အားပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်လျှက် 🌹