25/08/2025
ခုနောက်ပိုင်း ကုန်ကြမ်း အဝင်ရှားပြီး handmade ဈေးကွက်ကြီးလာတာကြောင့် လူသစ်တွေလည်း အတော်များများ တွေ့လာရတယ် သုံးလေးငါးယောက်လောက်ရှိပြီ ကျနော်ဆီကို အကို ကုန်ချောပဲရောင်းတာလားဗျ ကုန်ကြမ်းရောရောင်းလား လာလာမေးကြတယ် ကျနော် ကုန်ချောပဲရောင်းပါတယ် ဆိုပြီး ကုန်ကြမ်းရောင်းနိုင်တဲ့ အကိုတွေဆီ အမြဲလမ်းညွှန်ပေးပါတယ် ဟုတ်ပါတယ် ကျနော်ကိုယ်တိုင်လည်း ကုန်ကြမ်းကိုတော့ ရတဲ့ဆီက အဆင်ပြေသလိုဝယ်ပြီး ကုန်ချောပြန်လုပ်နေတာပါဗျ ထားပါအာ့တွေ ခုပြောချင်တာက handmade ဈေးကွက်က ကျနော် စဝင်တုန်းကနဲ့ကြည့်ရင် အများကြီး ကြီးလာနေပါပြီ crafter တစ်ယောက်နဲ့တစ်ယောက် လက်တွဲခေါ်ဖို့ပါကိုယ်တိုင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ပညာဒါနလေးတွေလုပ်ပေးနေတာပါ သိလိုတာလေးတွေရှိရင် လာရောက်မေးနိုင်ပါတယ် ကျနော်တတ်သလောက် ပြန်ဖြေကြားပေးပါမယ်ဗျ နောက်ပိုင်းမှာလည်း short video တွေနဲ့ knowledge sharing လေးတွေလုပ်ပေးသွားပါမယ်ဗျ