Dehome Deco' & Furniture

Dehome Deco' & Furniture Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dehome Deco' & Furniture, Home decor, No. 15, Arthawka Street, Tarmwe Township, Yangon.

မြန်မာ့နှစ်ဆန်း (၁) ရက်နေ့မှစ၍ ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုမေတ္တာပို့သအပ်ပ...
17/04/2026

မြန်မာ့နှစ်ဆန်း (၁) ရက်နေ့မှစ၍ ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုမေတ္တာပို့သအပ်ပါသည်။

"အိမ်ဆိုတာ သင့်ရဲ့ စိတ်ကူးယဉ်မှုတွေ အသက်ဝင်နေတဲ့ နေရာတစ်ခုပါ။"တစ်နေကုန်ပင်ပန်းပြီး အိမ်ပြန်လာတဲ့အခါ... ရှုပ်ပွပြီး အစီအစ...
30/03/2026

"အိမ်ဆိုတာ သင့်ရဲ့ စိတ်ကူးယဉ်မှုတွေ အသက်ဝင်နေတဲ့ နေရာတစ်ခုပါ။"

တစ်နေကုန်ပင်ပန်းပြီး အိမ်ပြန်လာတဲ့အခါ... ရှုပ်ပွပြီး အစီအစဉ်မကျတဲ့ မြင်ကွင်းတွေက "အမောမပြေဘဲ ဒေါတွေ" ဖြစ်နေစေပြီလား ?

မိတ်ဆွေရဲ့အိမ်ကို ပြင်ဆင်တယ်ဆိုတာဟာ မိတ်ဆွေရဲ့အနာဂတ်နေ့ရက်တိုင်းအတွက် ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်။

အနားယူတဲ့နေရာဟာ သက်တောင့်သက်သာရှိမှသာ မိတ်ဆွေတို့ရဲ့နေ့ရက်တိုင်းကို အင်အားအပြည့်နဲ့ ဖြတ်ကျော်နိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာပါ။

"ဟုတ်ပါပြီ ... ဒါပေမယ့်" ဆိုပြီး အချိန်ဆွဲနေမိတာ ဘယ်လောက်ကြာပြီလဲ ?
"ကိုယ့်အိမ်ကို တခြားသူလက်ထဲ အပ်ရမှာ စိတ်မချဘူး" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ကျွန်တော်တို့ရဲ့ စေ့စပ်သေချာတဲ့ လက်ရာ တွေနဲ့ အစားထိုးပေးပါရစေ။

"ကိုယ့်အိမ်လို သဘောထားပြီး လုပ်ပေးမယ်" ဆိုတဲ့ ကတိကို Dehomeက လက်တွေ့ Project Management စနစ်နဲ့ သက်သေပြပါတယ်။

ဒီ Project လေးကတော့ မြောက်ဒဂုံမှာ Dehome ကတာဝန်ယူ ဆောင်ရွက်ပေးခဲ့တဲ့ Renovation Project လေးပဲဖြစ်ပါတယ်။

အချိန်တိကျမှုနဲ့ လက်ရာသေသပ်မှုကြားမှာ မိတ်ဆွေတို့ ဘာကိုမှ ရွေးချယ်စရာမလိုဘူး... နှလုံးသားရော၊ ဦးနှောက်ပါ ကျေနပ်စေရမယ် လို့ အာမခံပါတယ်။

အိမ်အသစ်တစ်လုံးရဲ့ အရသာကို အိမ်အသစ်ဝယ်စရာမလိုဘဲ ခံစားလိုက်ပါ။ ကျွန်တော်တို့ဆီမှာ မြန်ဆန်၊ စိတ်ချ၊ ယုံကြည်ရ တဲ့ ဝန်ဆောင်မှုက အဓိကပါပဲ။

🎁 Special Bonus:
အခုပဲ ဆက်သွယ်လိုက်ရင် Free Site Survey နဲ့အတူ Design Fees 50% Off (ဧပြီ ၁၀ ထိ) ရရှိမှာနော်!

Messenger ကဖြစ်စေ ဖုန်းကဖြစ်စေ အခုပဲ ဆက်သွယ်လိုက်ပါ။
📞 09 945636656, 09 450007797

24/03/2026

ပြောပြီးရင် Sorry လုပ်လို့မရ

တာမွေက Cosmetics ဆိုင်လေးကို ၁၀ရက် နဲ့ ဘယ်လိုပြင်ဆင်ပေးထားလဲ ?

#အိမ်တွင်းအလှဆင်လုပ်ငန်း

23/03/2026

Client at 1st Meeting - ၁၀ရက်လောက်နဲ့အပြီးလုပ်ပေးနော်
Dehome - ဂင်ချားနား …

Copyright Disclaimer: I do not own the rights to the music used in this video. All credits go to the rightful owners. This video is for [Entertainment/Educational/Inspirational] purposes only. No copyright infringement intended.

#အိမ်တွင်းအလှဆင်လုပ်ငန်း

ဟင်းချက်ရတာ ဝါသနာပါပေမဲ့ မီးဖိုချောင်ထဲဝင်တိုင်း ပစ္စည်းတွေ ရှုပ်ပွနေလို့ စိတ်ညစ်နေရပြီလား?ပန်းကန်တွေ ဘယ်နားထားရမှန်းမသိ...
16/03/2026

ဟင်းချက်ရတာ ဝါသနာပါပေမဲ့ မီးဖိုချောင်ထဲဝင်တိုင်း ပစ္စည်းတွေ ရှုပ်ပွနေလို့ စိတ်ညစ်နေရပြီလား?

ပန်းကန်တွေ ဘယ်နားထားရမှန်းမသိ၊ အံဆွဲဖွင့်လိုက်တိုင်း တဒုန်းဒုန်းနဲ့ အသံမြည်ပြီး ပစ္စည်းတွေ ထိခိုက်မှာ စိုးရိမ်နေရတဲ့ အခိုက်အတန့်တွေက သင့်ရဲ့ ဟင်းချက်ရတဲ့ ပျော်ရွှင်မှုကို လျှော့ချနေပါတယ်။

ပြင်တော့ပြင်ချင်ပါရဲ့ ... သတ်မှတ်ရက်အတိုင်းမပြီးဘဲ အချိန်ဆွဲခံရမှာကိုရော ကြောက်နေမိလား?

ဒီပြဿနာတွေကို Dehome က အခုလို အပြတ်ရှင်းပေးလိုက်ပါပြီ။ ✨

Dehome က မကြာသေးခင်ကမှ အပ်နှံခဲ့တဲ့ ဒီ Kitchen Cabinet Project လေးမှာဆိုရင် -

✅ အကြမ်းခံမှုအတွက်: 17mm Blockboard (2 Face Color) ကို အသုံးပြုထားလို့ ရေရှည်အတွက် စိတ်ချရပါတယ်။

✅ သက်သောင့်သက်သာရှိမှုအတွက်: တဒုန်းဒုန်းအသံတွေ မကြားရတော့မယ့် Soft Closing Hinges နဲ့ Soft Closing Drawers တွေကို ထည့်သွင်းပေးထားပါတယ်။

✅ သပ်ရပ်မှုအတွက်: ပန်းကန်တွေ စနစ်တကျထားဖို့ Plate Tray လေးလည်း အသင့်ပါဝင်ပါတယ်။

Dehome မှာ အလှအပတင်မကဘဲ "စိတ်အေးချမ်းမှု (Peace of Mind)" ကိုပါ ရောင်းချပေးတာဖြစ်လို့ သတ်မှတ်ရက်ထက် နောက်ကျမှာကို လုံးဝပူစရာမလိုပါဘူး။ Dehome က မိတ်ဆွေတို့ရဲ့ အိမ်မက်ကို အချိန်နဲ့တစ်ပြေးညီ အသက်သွင်းပေးဖို့ အသင့်ရှိနေပါတယ်။

သင့်ရဲ့ မီးဖိုချောင်ကို ပိုကောင်းမွန်တဲ့ Lifestyle တစ်ခုအဖြစ် ပြောင်းလဲဖို့ အခုပဲ Dehome နဲ့ တိုင်ပင်လိုက်ပါ!

📞 Consultation ရယူရန် - 09945636656, 09450007797

12/03/2026

Kitchen Cabinets

🍳 မီးဖိုဆောင်ကို Upgrade လုပ်ဖို့ စဉ်းစားနေပြီလား? ဒါဆိုရင် ဒီ (၃) ချက်ကို အရင်ဖတ်ကြည့်ပါ! ✨အိမ်တစ်အိမ်ရဲ့ "နှလုံးသား" လ...
12/03/2026

🍳 မီးဖိုဆောင်ကို Upgrade လုပ်ဖို့ စဉ်းစားနေပြီလား? ဒါဆိုရင် ဒီ (၃) ချက်ကို အရင်ဖတ်ကြည့်ပါ! ✨
အိမ်တစ်အိမ်ရဲ့ "နှလုံးသား" လို့ တင်စားကြတဲ့ မီးဖိုဆောင်ဟာ အစားအသောက်တွေ ချက်ပြုတ်ရာနေရာတင်မကဘဲ မိသားစုတွေ ပျော်ပျော်ပါးပါး ဆုံဆည်းရာနေရာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Dehome ကနေ သင်တို့ရဲ့ မီးဖိုဆောင်ကို ပိုမိုခေတ်မီပြီး အဆင့်မြင့်သွားစေဖို့ အချက် (၃) ချက်နဲ့ လမ်းညွှန်ပေးလိုက်ပါတယ်... 👇

💡 ၁။ ဘာကြောင့် မီးဖိုဆောင်ကို Upgrade လုပ်သင့်တာလဲ?
အလှအပအတွက်တင် မဟုတ်ဘဲ နေ့စဉ်လူနေမှုဘဝကို မြှင့်တင်ဖို့အတွက်ပါ။

Workflow ကောင်းမွန်စေဖို့: ပစ္စည်းတွေ စနစ်တကျ ရှိနေရင် ဟင်းချက်ရတာ ပိုမြန်ပြီး ပင်ပန်းမှု သက်သာစေပါတယ်။

သန့်ရှင်းရေး လွယ်ကူစေဖို့: ခေတ်မီတဲ့ Material တွေက အစွန်းအထင်း ခံနိုင်ရည်ရှိပြီး သန့်ရှင်းရတာ အရမ်းလွယ်ကူပါတယ်။

အိမ်ရဲ့ တန်ဖိုးကို တိုးစေဖို့: စနစ်ကျပြီး လှပတဲ့ Kitchen တစ်ခုဟာ သင့်အိမ်ရဲ့ ကာလပေါက်ဈေး တန်ဖိုးကို သိသိသာသာ မြင့်တက်စေပါတယ်။

✨ ၂။ Upgrade လုပ်တဲ့အခါ ဘာတွေကို အဓိက ထည့်သွင်းစဉ်းစားမလဲ?

Professional ကျတဲ့ မီးဖိုဆောင်တစ်ခုမှာ ဒီအချက်တွေ ပါဝင်ရပါမယ်။

Smart Storage (Kitchen Cabinets): နေရာလွတ် မကျန်အောင် အပေါ်၊ အောက် Cabinet တွေကို သေသပ်စွာ တည်ဆောက်ပြီး Organizer လေးတွေ ထည့်သွင်းရပါမယ်။

Premium Countertops: အပူဒဏ်နဲ့ ဓားဒဏ်ခံနိုင်တဲ့ Granite, Quartz သို့မဟုတ် စကျင်ကျောက် မျက်နှာပြင်တွေက ကြာရှည်ခံသလို ကြည့်ရတာလည်း Luxury ဆန်စေပါတယ်။

Proper Lighting: ဟင်းချက်တဲ့ နေရာမှာ အလင်းရောင် အလုံအလောက်ရှိဖို့ Cabinet အောက်ခြေမှာ LED Strip မီးလေးတွေ တပ်ဆင်ခြင်းက အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

🛠️ ၃။ ဘယ်လိုမျိုး စနစ်တကျ စတင်မလဲ?
Dehome က အကြံပေးချင်တဲ့ အဆင့် (၄) ဆင့်ကတော့...

Work Triangle ကို အသုံးချပါ: ရေဆေးကန်၊ မီးဖိုနဲ့ ရေခဲသေတ္တာတို့ကို တြိဂံပုံစံ စနစ်တကျ နေရာချခြင်းက အလုပ်တွင်ကျယ်စေတဲ့ လျှို့ဝှက်ချက်ပါ။

Vertical Space ကို မေ့မထားပါနဲ့: နံရံကပ်စင် (Open Shelves) တွေနဲ့ နံရံနေရာလွတ်တွေကို အကျိုးရှိရှိ အသုံးချပါ။

Hardware ပစ္စည်းတွေ လဲလှယ်ပါ: Cabinet လက်ကိုင် (Handles) လေးတွေနဲ့ ရေဘုံဘိုင်ခေါင်းလေးတွေကို ခေတ်မီတဲ့ Gold သို့မဟုတ် Matte Black ပုံစံလေးတွေ ပြောင်းလဲရုံနဲ့တင် သိသာတဲ့ ပြောင်းလဲမှုကို ရစေမှာပါ။

Professional အကူအညီ ရယူပါ: သင့်အိမ်ရဲ့ Space နဲ့ အကိုက်ညီဆုံးဖြစ်မယ့် Interior Design ကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး စနစ်တကျ ပုံဖော်ပါ။

🏠 သင့်အိမ်ရဲ့ မီးဖိုဆောင်ကို အကောင်းဆုံး Design ၊ အရည်အသွေးမြင့် Furniture တွေနဲ့ Upgrade လုပ်ချင်တယ်ဆိုရင်တော့ Dehome Interior Decoration and Furniture ရှိနေပါပြီ။

စိတ်ကူးထဲက မီးဖိုဆောင်လေးကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ဆီမှာ အခမဲ့ (Free Consultation) ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 👋

📩 Messenger ကနေ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။

📞 09945636656, 09450007797

📍 No.13, Nattchaung 1st Street, Tamwe Township, Yangon.

11/03/2026

မှာယူထားတဲ့ ကြွေပြား/ကျောက်ပြားတွေ လာပို့တဲ့အခါ ဘာတွေစစ်ဆေးရမလဲ ?

#အိမ်တွင်းအလှဆင်လုပ်ငန်း

'နောက်လ' ဆိုတာ ဘယ်တော့မှ ရောက်မလာနိုင်တဲ့ ကတိတစ်ခုလို့ ထင်နေပြီလား ? ⏳အိမ်ပြင်တဲ့အခါ "နောက်တစ်ပတ်ဆို ပြီးပါပြီ" ကနေ "နော...
10/03/2026

'နောက်လ' ဆိုတာ ဘယ်တော့မှ ရောက်မလာနိုင်တဲ့ ကတိတစ်ခုလို့ ထင်နေပြီလား ? ⏳

အိမ်ပြင်တဲ့အခါ "နောက်တစ်ပတ်ဆို ပြီးပါပြီ" ကနေ "နောက်လမှ သော့အပ်ပါ့မယ်" ဆိုတဲ့ အဆုံးမသတ်နိုင်တဲ့ စောင့်ဆိုင်းခြင်းတွေကို မိတ်ဆွေတို့ ကိုယ်တိုင်မကြုံဖူးရင်တောင် မကြာခဏ ကြားဖူးကြမယ်ထင်ပါတယ်။

ဒါပေမဲ့ Dehome အတွက်တော့ ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခုဆိုတာ ဖောက်ဖျက်လို့မရတဲ့ 'ကတိသစ္စာ' တစ်ခုပါ။

ဘာကြောင့်လဲဆိုတော့ Dehome Company Limited က အလှအပတစ်ခုတည်းကို ရောင်းတာမဟုတ်ဘဲ "စိတ်အေးချမ်းမှု (Peace of Mind)" ကိုပါ ရောင်းတာပါ။ 🤝✨

တိကျတဲ့ Project Management နဲ့ ပစ္စည်းမှာတာကစလို့ သန့်ရှင်းရေးလုပ်ငန်းအဆုံး တစ်ရက်မှ မလွဲချော်အောင် စနစ်တကျ ထိန်းကျောင်းထားတာဖြစ်လို့

သတ်မှတ်ထားတဲ့ ရက်ချိန်းထက် နောက်ကျတယ်ဆိုတာကျွန်တော်တို့ဆီမှာ မဖြစ်စေရဘူးလို့ အပြည့်အဝအာမခံပါတယ်

"မြန်တော့ မြန်တယ်... လက်ရာရော သေသပ်ရဲ့လား?" 🧐
ဒီမေးခွန်းအတွက် အဖြေကိုတော့ ကျွန်တော်တို့ရဲ့ Portfolio တွေမှာ သက်သေပြထားပါတယ်။

ဒီ Project လေးကတော့ လမ်းမတော်မြို့နယ် Lanthit Avenue မှာ ပြီးစီးအပ်နှံခဲ့ပြီးဖြစ်တဲ့ Decoration Project လေးပဲဖြစ်ပါတယ်။

သင့်ရဲ့ အိမ်မက်အိမ်လေးကို အချိန်ဆွဲခြင်းမရှိဘဲ၊ စိတ်ညစ်စရာမလိုဘဲ အမြန်ဆုံး ပိုင်ဆိုင်ချင်ပြီလား? 🔑✨
အချိန်ကို ရွှေလိုတန်ဖိုးထားတဲ့ Dehome နဲ့ အခုပဲ လက်တွဲလိုက်ပါ။

📞 Consultation ရယူရန် -
09945636656, 09450007797

🏠 Dehome Company Limited

"ကျွန်တော်တို့က မိတ်တွေတို့ရဲ့အိမ်မက်ကို အချိန်နဲ့တစ်ပြေးညီ အသက်သွင်းပေးဖို့ အသင့်ရှိနေပါတယ်"

#အိမ်တွင်းအလှဆင်လုပ်ငန်း

အရည်အသွေးကို ကျွန်တော်တို့ ပိုတန်ဖိုးထားပါတယ်Interior Project တစ်ခုကို စတင်ပြီဆိုရင် အိမ်ရှင်တိုင်းမှာ စိုးရိမ်စိတ်လေးတွ...
24/01/2026

အရည်အသွေးကို ကျွန်တော်တို့ ပိုတန်ဖိုးထားပါတယ်

Interior Project တစ်ခုကို စတင်ပြီဆိုရင် အိမ်ရှင်တိုင်းမှာ စိုးရိမ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ "Design အတိုင်း ထွက်လာပါ့မလား" ၊ "သုံးတဲ့ပစ္စည်းတွေကရော စိတ်ချရပါ့မလား" ဆိုတဲ့ မေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကတော့ ကျွန်တော်တို့ရဲ့ Active ဖြစ်နေတဲ့ Site ပုံရိပ်များ ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရန်ကုန်မြို့ရဲ့ နေရာ (၃) ခုမှာ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်အခြေအနေတွေကို တင်ဆက်ပေးလိုက်ပါတယ်။

🔨 1. Lanthit Avenue (လမ်းသစ်ရိပ်သာ)
ဒီ Project မှာတော့
-မျက်နှာကျက်လုပ်ငန်း,
-မီးလုပ်ငန်း,
-နံရံဆေးသုတ်ခြင်းလုပ်ငန်း,
-မီးဖိုဆောင် Cabinet,
-ကြမ်းခင်းလုပ်ငန်း,
-လိုက်ကာတပ်ဆင်ခြင်းလုပ်ငန်း
တို့ ကို အဓိကထား လုပ်ဆောင်နေပါတယ်။ ၁ လက်မ ရဲ့ စိတ်ပိုင်းလေးတောင် အလွဲအချော်မရှိစေဖို့ Site မှာ အနုစိတ် တိုင်းတာစစ်ဆေးနေပါတယ်။ Interior ဆိုတာ တိကျမှုရှိမှသာ ပြီးစီးတဲ့အခါ သပ်ရပ်လှပတာပါ။

🔨 2. Thdatana Street, Tamwe (သုဒဿနလမ်း၊ တာမွေမြို့နယ်)
ဒီ Site မှာတော့ Carpentry Work ဖြစ်တဲ့ မီးဖိုဆောင် Cabinet တပ်ဆင်ခြင်းလုပ်ငန်းကိုစတင်နေပါပြီ။ ကျွန်တော်တို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုချင်းစီဟာ အရည်အသွေးပြည့်မီတဲ့ Material တွေကိုပဲ သုံးစွဲထားပါတယ်။ အပေါ်ယံအလှတင်မကဘဲ အတွင်းပိုင်း ကြံ့ခိုင်မှုကိုပါ ကျွန်တော်တို့ အာမခံပါတယ်။

🔨 3. Star City Thanlyin (Zone 😎
နောက်ဆုံး တစ်ခုကတော့ Star City မှာပဲဖြစ်ပါတယ်။Client စိတ်တိုင်းကျ Color လေးတွေကို ရွေးချယ်ပြီး 17mm Blockboard, Plywood နဲ့ HPL (Formica & Perform) finished အသုံးပြုပေးထားတဲ့ Furniture Projectဖြစ်ပါတယ်။
-TV Console Unit
-Dry Kitchen Cabinet
-Wardrobe

🛡️ ကျွန်တော်တို့ရဲ့ ကတိကဝတ် (Commitment)

No Hidden Cost: သတ်မှတ် Budget အတွင်းမှာ အကောင်းဆုံး Quality ရအောင် ဖန်တီးပေးပါတယ်။

Expert Team: အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားများဖြင့်သာ စနစ်တကျ လုပ်ဆောင်ပါတယ်။

Project Timeline: သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးဖို့အတွက် ရာနှုန်းပြည့်အာမခံပေးပါတယ်။

မိတ်ဆွေတို့ပေးအပ်တဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့ တန်ဖိုးအထားရဆုံးအရာတစ်ခုဖြစ်ပါတယ်

အသေးစိတ် ဆွေးနွေးတိုင်ပင်ရန် -

☎️Hot Line: 09945636656, 09450007797
📍Address: No.13, Natchaung 1st Street, Tamwe Township, Yangon.

"ခြေလှမ်းတိုင်းမှာ ပျော်ရွှင်မှုတွေ ခံစားရမယ့် အိမ်လေးတစ်လုံး... Dehome ရဲ့ လက်ရာ" 🏠❤အိမ်တစ်အိမ်ဆိုတာ နေထိုင်ဖို့တင်မကဘဲ...
19/01/2026

"ခြေလှမ်းတိုင်းမှာ ပျော်ရွှင်မှုတွေ ခံစားရမယ့် အိမ်လေးတစ်လုံး... Dehome ရဲ့ လက်ရာ" 🏠❤

အိမ်တစ်အိမ်ဆိုတာ နေထိုင်ဖို့တင်မကဘဲ စိတ်အပန်းဖြေဖို့၊ အိပ်မက်တွေ ဖန်တီးဖို့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Dehome က ဒီအခန်းလေးကို ပြုပြင်ဖန်တီးပေးခဲ့တုန်းက အဲဒီခံစားချက်ကို အပြည့်အဝ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

ဒီ Project လေးမှာဆိုရင် နံရံဆေးအဖြူကိုမှ ပိုပြီးထည်ဝါသွားစေတဲ့ Wall Moulding PU Plain Cornice လေးတွေနဲ့ အလှဆင်ပေးထားပါတယ်။

ဧည့်ခန်း Ceiling Design အလှဖော်ပေးထားပြီးသစ်ကြောရောင် Laminate Flooring နဲ့ တွဲစပ်ပေးထားပါတယ်။

တစ်အိမ်လုံးစာအတွက် မီးလိုင်းတွေစနစ်တကျပြုပြင်တပ်ဆင်ပေးခဲ့ပြီး Ceiling Downlight လေးတွေရယ် မီးဆိုင်းအလှလေးတွေကိုတပ်ဆင်ပေးခဲ့ပါတယ်။

ပြတင်းပေါက်နဲ့ အိမ်အဝင် Entrance မှာ Powder Coating Dark Grey Color Aluminum Window & Door တွေတပ်ဆင်ပေးထားပါတယ်။

Storage အတွက်သာမက လူနေဖို့လည်းအဆင်ပြေစေတဲ့ ထပ်ခိုးလေးနဲ့ လှေကားလှလှလေးရယ် လက်ရန်းလေးတွေရယ်ပါ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ်။

မြေညီမှာကြမ်းခင်း Topping ပြန်လောင်းပေးထားပြီး ရေလိုင်းတွေစနစ်တကျပြုပြင်တပ်ဆင်တာနဲ့ ကြွေပြားလဲတာ၊ မီးဖို အိမ်သာ ရေချိုးခန်း တို့မှာ ကြွေပြားလဲလှယ်ခြင်းနဲ့ တံခါးလှဲလှယ်ခြင်းတို့ကိုလည်း အိမ်ရှင်စိတ်တိုင်းကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ်။

ခမ်းနားလှပပြီးမြင့်မားတဲ့ entrance နဲ့ အဖြူရောင်နံရံတွေကြောင့် အခန်းတစ်ခုလုံး အလင်းရောင် အပြည့်အဝရရှိပြီး လေဝင်လေထွက်လည်း ကောင်းမွန်ပါတယ်။

ဒီလိုမျိုး နေချင်စဖွယ်၊ ကြည်နူးစရာကောင်းတဲ့ အိမ်ပတ်ဝန်းကျင်မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ Dehome ကို ယုံကြည်စွာ လာရောက် တိုင်ပင်ဆွေးနွေးဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော်။

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေက သင့်ရဲ့စိတ်တိုင်းကျ ဖြစ်စေရမယ်လို့ ကတိပြုပါတယ်။

📞 Hotline: 09945636656, 09450007797

တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို page Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

📍 Address: No.17, Nanchang 1st Street, Tamwe township, Yangon.

Address

No. 15, Arthawka Street, Tarmwe Township
Yangon
11211

Website

Alerts

Be the first to know and let us send you an email when Dehome Deco' & Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category