Little House - အိမ်ငယ်လေး

Little House - အိမ်ငယ်လေး မြန်မာ့လက်မှု အိမ်သုံးပစ္စည်းလေးများကို ရောင်းချပေးနေသော page လေးပါ။

အကုန် Instockရောင်း ရမှာစိုးလို့ လာမတင်တာ 😆
20/05/2023

အကုန် Instock
ရောင်း ရမှာစိုးလို့ လာမတင်တာ 😆

လကုန်အထိပါ
18/02/2023

လကုန်အထိပါ

တနွယ်ငင် တစင်ပါ
14/02/2023

တနွယ်ငင် တစင်ပါ

Hello oooo ooo ,

အိမ်ငယ်လေးရဲ့
အမျိုးတို့ရေ ..

မင်မင် page မှာ ဈေးလေးလည်း ဝယ်ကြပါ..

မင်မင် ရေး‌ ရေးနေတဲ့ စာတိုပေစပေါက်ကရ အခွီလေးတွေလည်း ဖတ်ကြပါ 😁

ဒီနေ့တော့ မင်မင်က
တနွယ်ငင် တစင်ပါ အကြောင်းရေးမယ်ရှင်။ တနွယ်ငင် တစင်ပါဆိုတာ ဘာကြီးလည်း တွေးကောင်းတွေးနေကြမယ်နော် ..ပြောပြမယ်ရှင့်။ Delivery ပေါ့ရှင်။ Delivery ပေါ့။

OS စလုပ်ပြီ ဆိုရင်တော့ Delivery ဆိုတာ တနွယ်ငင် တစင်ပါပဲ။ ကင်းလို့ကို မရတာနော်။ အဲဒီတော့ မင်မင့် အတွေအကြုံ Delivery တွေ အကြောင်း ပြောပြပေးမယ်။ ကြုံခဲ့ ရတာများတော့ အခန်းဆက်နဲ့ ပြောပေးရမလားပဲ။ 😁

အခုရက်ပိုင်းအတွင်း ကာကာတွေကလည်း ပစ္စည်းတောင် မမှာရသေးဘူး delivery ခ ဘယ်လောက်လဲ ဆိုတာချည်းပဲ မေးနေကြတော့ Delivery နဲ့ ပတ်သက်ပြီး အတော်အတန်အယုံအကြည်မဲ့နေကြဟန်တူပါရဲ့ ။

ခုလတ်တလော မင်မင် သုံးနေတဲ့ Delivery က Wepozt ပါ။ သူတို့ promotion ရှိနေတဲ့ ကာလမို့ 3kg အထိ မြို့တွင်းအထုပ်တွေဆို 1800/2000 ပဲ ကျသင့်ပါတယ်။ လောင်စာဆီဈေး တနေ့ရွှေ တနေ့ငွေ ဖြစ်နေတဲ့ အချိန် ဒီဈေးနှုန်းက လုံးဝ fair price ပါ။
သူတို့ Delivery charges ကို အမွမ်းးတင်နေတာရပ်ဦးမှ။ မင့်မင့်အကြောင်း ဆက်ပြောတော့မယ် 😛

OS စစခြင်းတုန်းက ဒီလို delivery company တွေရှိမှန်း မသိဘူး။ Freelance ပို့နေတဲ့ သူတွေနဲ့ ပို့ရတာ။ မနက်ဆို 8/9 နာရီလောက် Freelance delivery သမားက အထုပ်လာယူတာ။ ကိုယ်က ထည့်ပေးလိုက်တယ်။ Kpay ရှင်းထားတဲ့ အထုပ်က လွဲလို့ ကျန်တဲ့ အထုပ် ပစ္စည်းဖိုးတွေ တခါတည်း သူက ရှင်းသွားပေးရပါတယ်။ freelance delivery သမားတွေက YBS သုံးတဲ့သူရှိသလို၊ ကိုယ်ပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ကားစသဖြင့် အဆင်ပြေသလို ပို့ကြတာပါ။

သူတို့က ကုမ္ပဏီလို ရပ်တည်နေတာမျိုး မဟုတ်ဘဲ တကိုယ်တော်မို့ ပစ္စည်းမပို့ခင် အထုပ်ရဲ့တန်ဖိုးတွေ ကြိုရှင်းပေးခဲ့ရပါတယ်။
အဲဒီ့မှာ အားနည်းချက် အားသာချက်တွေ စလာပါပြီ။ သည်းခံပြီးအဆုံးထိသာ ဖတ်ကြပါတော့။😁

OS ခမျာ မိမိရောင်းကြေး ချက်ချင်းရလို့ အဆင်ပြေတယ်။ ရင်းနှီ‌းငွေ လည်ပတ်နိုင်တယ်။ Delivery သမားက way များတဲ့ OS ဆို ကြိုမရှင်းနိုင်တာမျိုး တွေ ဖြစ်တတ်တယ်။ ကြိုရှင်း မပေးဘဲ နားလည်မှုနဲ့ ပစ္စည်းသွားပို့ ငွေကောက်ပြီးမှ Kpay ပြန်လွှဲဆိုလည်း တချို့ freelance delivery သမားက လစ် တလီ လစ်၊ လစ် နှစ်လီလည်း လစ် လုပ်ပီး ကိုယ်ဖျောက်သွားတတ်ကြပါတယ်။ (အကုန်လုံးကို မဆိုလိုပါဘူးနော်)

ဆိုတော့ကာ ကြိုရှင်း မပေးဘဲနဲ့ OS က သူ့အထုပ်ကို Freelance လက်ထဲ မထည့်ပေးရဲတော့ဘူး။ ဒါက တစ်ချက်။ နောက်တချက်က ဖင်မနိုင်ပဲ ပဲကြီးစားကြတဲ့ Freelance လေးတွေ ။ 😁

ဒီနေ့အရောက်ပို့ရမှာနော်။ ရရဲ့လား။ လမ်းကြောင်းသင့်ရဲ့လား ဆို ရပါတယ်ချည်းပဲ။ ပြီးမှ နက်ဖန် သို့မဟုတ် ဘယ်သောခါတွေ ဖြစ်ကုန်ရော။ အာ့တော့ ဒီဘက်က OS ခမျာ ကာစတန်မာကို လေထဲကနေ ဦးသုံးကြိမ်ချ အကြိမ်ကြိမ်တောင်းပန် အော်မီသော်ဖောတွေ လုပ်ရရော။ တဖက်က ကာစတမ်မာကလည်း သူ့ အချိန်နဲ့ သူကိုက်ထားမျိုးဆိုရင် OS မိတ်ပျက်ရော။

မင်မင်ကတော့ အာ့လို သောကတွေ မခံနိုင်လို့ စည်းကမ်းမရှိတဲ့၊ အချိန်မသေချာတဲ့ Freelance Delivery လေးတွေနဲ့ အလုပ်ဆက်မလုပ်ခဲ့ဘူး။ တခါဆက်ဆံ ဆယ်ခါလန်လေ 😅

ဒါပေမယ့် မင်မင် ကံကောင်းခဲ့ပါတယ်။ မင်မင် သုံးခဲ့ရတဲ့ Freelance delivery ညီမလေးစုံတွဲကတော့ ကြိုရှင်းလေးလည်း လုပ်ပေးနိုင်တယ်။ ရက်၊ အချိန် တိကျသေချာတယ်။ မင်မင်သူတို့နဲ့ တစ်နှစ်ကျော် လက်တွဲခဲ့ရတယ်။ ကျေနပ်စရာ ပါပဲ။ နောက်ပိုင်း ပြည်ပျက် ဂယက်မှာ လောင်စာဆီ ဈေးအရမ်းအတက်ကြမ်းသွားတော့ သူတို့ စုံတွဲလေး Delivery လောက ကို ကျောခိုင်းသွားတဲ့ အထိပါပဲ။

Freelance delivery လေးတွေနဲ့ way ပို့တဲ့ အခက်အခဲလေးတစ်ခုက delivery charges ပါ။ ကုမ္ပဏီဈေးမှ မဟုတ်လေတော့ way တစ်ခုကို အနည်းဆုံး 2500/3000 စယူကြတယ်။ အဲ့ဒီ ကာစတန်မာ အများစုအတွက် အဆင်မပြေဘူးရယ်။ သန်လျင်လို၊ ရွှေပြည်သာလို၊ မှော်ဘီလိုဆို 3500/4000/4500တွေ ဆိုတော့ ကြားထဲက မင်မင်က အသေမျက်နှာ ပူရတယ်။ သူတို့ခမျာလည်း နေပူမိုးရွာထဲ လုပ်နေရတာဆိုတော့ တန်ရာ တန်ကြေး ယူပေမယ့် ကာစတန်မာ အများစုအတွက် အဆင်ဘယ်လိုမှ မပြေဘူး။ အဲ ... မင်မင့် ပစ္စည်းလေးတွေကလည်း ကုန်ခြောက်၊ ကုန်မာ‌ေတွပါ။ ကိတ်လို၊ စားစရာလို တအားထိန်းသိမ်းရတာမျိုး မရှိတော့ delivery ခ သိပ်များရင်လည်း မတန်ဘူးလေ။ ကာစတန်မာဘက်က မျှတွေးကြည့်တာပါ။ ဒါတောင် 3000 တောင်းရင် 2500 ကာကာပေး၊ မင်မင် 500 စိုက် လုပ်ခဲ့ရတာတွေ လည်း ရှိသေးသပေါ့။ win-win situation ဖြစ်အောင် လုပ်ရင်း မင်မင်လေးက အိတ်စိုက်။

အဲ့ဒါနဲ့ပဲ delivery company တွေနဲ့ ချိတ် ရရော။ company ဈေးဆိုတော့ delivery ခက စွန်း သက်သာတယ်လေ 😁

Freelance တွေက Company delivery charges ကို ခွက်ဈေးတဲ့ 😛။ စိတ်မဆိုးကြနဲ့နော်။ မင်မင်တို့ OS ဘဝမှာ။ တနွယ်ငင် တစင်ပါတာတွေ ရှိတော့ ကြားနေမြင်နေတွေ့နေရတာမို့ပါ။

Company Delivery လေးတွေကို ဘယ်လိုပဲ ဖြစ်ဖြစ် ပစ်ပယ်လို့ မရတာလေး ရှိသေးတယ်။ နယ်ဝေး ဟိုး မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနား။ အရှေ့ပိုင်း တာချီလိတ်, မူစယ်။ တောင်ပိုင်း ထားဝယ်၊မြိတ်။ အနောက်ပိုင်း သံတွဲတောင်ကုတ် စသဖြင့် တနံတလျား အိမ်အရောက်ပို့ဖို့ကြတော့ Freelance တွေ မစွမ်းတော့ဘူးလေ။ Company delivery တွေ essential တွေ ဖြစ်လာရော 😁

ခုပို့စ်လည်း အတော်ရှည်သွားပြီ။ နောက် ပို့စ်ကြမှ Company delivery တွေ အကြောင်း ရေးဦးမယ်။ စောင့်ဖတ်ကြမလား 😅

အခု လတ်တလော Wepozt လေးနဲ့ လျှပ်စီး မလက်ခင် Ninja Van သုံးခဲ့ပါတယ်နော်။ အချစ်ဟောင်းကို ပစ်ပြီး အချစ်သစ် ဘာလို့ ရှာလဲ နောက်ပို့စ်ကို မျှော် 😛

အိမ်ငယ်လေးက
မင်မင်

မြေအိုးလေးတွေနဲ့ ဟင်းချက်ကြမလား ဟင် 😁
11/02/2023

မြေအိုးလေးတွေနဲ့ ဟင်းချက်ကြမလား ဟင် 😁

မ ပလစ် ကြနဲ့နော် 😁
07/02/2023

မ ပလစ် ကြနဲ့နော် 😁

အမျိုးတို့ရေ
အရောင်းပို့စ်တွေပဲ ဆက်တိုက်တင်နေတော့ငြီးငွေမလား လို့ ...

ဘာညာ သာရကာလေး
ပြောဦးမယ် ...

မင်မင့် page လေးမှာ သင်အိတ်လေးတွေ၊ ဂျုံရိုးနဲ့ လုပ်ထားတဲ့ အိတ်လေးတွေ၊ ဗေဒါရိုး အိတ်လေးတွေ ရောင်းတယ်နော်။ သိကြတယ် ဟုတ်။

အာ့လို ရောင်းတဲ့နေရာမှာ ... Page တစ်ခုနဲ့ တစ်ခု idea လေးတွေ trend လေးတွေ မတူကြဘူး ရှင်။

ဥပမာ ... မင်မင့်page မှာဆို မင်မင့်စိတ်ကူး က
(1)ဈေးနှုန်းလေးကလည်း အနေတော်ဖြစ်ရမယ်။
(2) ဖက်ရှင်လည်း ကျရမယ်
(3) ပြည်တွင်းလက်မှု ပစ္စည်း‌အသားပေးလည်း ဖြစ်ရမယ်ပေါ့။

မင်မင် ဒီလို ရည်ရွယ်ပေမယ့် တခြား page တွေမှာတော့ သူတို့ ရဲ့ ဈေးကွက်ဦးတည်ချက်နဲ့ သူတို့ ဈေးနှုန်း၊ သူတို့ဒီဇိုင်းသတ်မှတ်ချက်တွေ အရ ရောင်းချ‌ေနကြတဲ့ ပုံစံတွေက မတူကွဲပြားနိုင်ပါတယ်။ ပိုဈေးကြီးတာ ဖြစ်နိုင်သလို၊ ပိုဈေးသက်သာတာလည်း ဖြစ်နိုင်ပါတယ်။ အမြင့်လိုင်းကိုပဲ သီးသန့် target ထားလို့ quality အရ မိုးပျံနေတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ဦးနဲ့ တစ်ဦးတော့ မတူကြဘူးပေါ့နော်။ ဆိုတော့ကာ .... မင်မင့် page က မင့်မင့်စိတ်ကူးလက်ရာ လေးတွေကိုလည်း ချစ်ခင် အားပေးကြပါဦးလို့နော် 🥰

မင်မင်က အိတ်လေးတွေကို decoration လုပ်တဲ့ အချိန်မှာ အရိုးဆုံး ဒီဇိုင်းတွေကို ရွေးချယ်လေ့ရှိပါတယ်။ အရိုးဆုံးက အဆန်းဆုံးပဲလို့ ဆိုကြတယ်လေနော်။

အိတ်လေးတွေ decoration လုပ်တိုင်း
သူတို့ရဲ့ မူလသဘာဝအသား၊ အရောင်တွေကို လွှမ်းမိုးချုပ်ကိုင်သွားမယ့် decoration တွေ ရှောင်ပါတယ်။

ဥပမာ .. ဂျုံရိုးနဲ့ လုပ်တဲ့အိတ်ဆိုပါစို့ သူ့ အသားအရောင် နဲ့ texture အ
တိုင်း မူလ သဘာဝ၊အရသာမပျက်အောင် decoration design ဆင်ပါတယ်။ ပြွတ်သိပ်ပြည့်ကျပ်နေတဲ့ design မျိုးတော့ ရှောင်ပါတယ်။ မူလ အရင်းခံ အသားက ဘာလဲဆိုတာမျိုး ပျောက်ကွယ်သွားတဲ့ အထိ ထူထူပျစ်ပျစ် design တွေတော့ ဆင်ခဲပါတယ်။ လူတကိုယ်အကြိုက်တမျိုးမို့ ဒီဇိုင်း ရှုပ်တာလေးတွေကို နှစ်သက်တဲ့ ကာကာတွေလည်း ရှိနိုင်ပါတယ်။ မင်မင်ကတော့ မင့်မင့် စိတ်ကူးလေးကို အရိုးခံပြောပြတာပါနော်။

တခါတလေ သူများ page က ပုံတွေနဲ့ လာလာဝယ်ကြတာတွေ ရှိပါတယ်။ ဒါမျိုးရှိလားတို့၊ ဒါမျိုးလုပ်ပေးလားတို့ ၊ ဘယ်လောက် ကျမှာလဲတို့ပေါ့နော်... လုပ်ပေးပါမယ်၊ ရှိပါတယ် ၊ ဘယ်လိုလေးက ဘယ်လောက်ပါဆိုပီး အကြောင်းပြန်ပေးပြန်ရင်လည်း ဟောဒီက မင်မင့်ကို အရေးမလုပ် အကြောင်းမပြန်ဘဲ ပလစ်သွားကြရော။ emotionally damaged စိတ်ထိခိုက်ရတယ်ကွယ် 😁

ဆိုတော့ကာ ... မင့်မင့်ကို မပလစ်သွားကြနဲ့နော်။ မင်မင့် လက်ရာလေးတွေကို အား‌ေပးကြပါဦးလို့ .. အဟွန်း ဟွန်း 😍

အမှောင်ကို ခွန်းပြီး အလင်းဆောင်မယ့်ချစ်စရာ လေးတွေရနေပါပြီလို့မှိုမတက် ပိုးမထိုး လုံးဝ လုံးဝ အနုစိတ်လက်ရာရှယ်မှ ရှယ် ဝါးမ...
06/02/2023

အမှောင်ကို ခွန်းပြီး အလင်းဆောင်မယ့်
ချစ်စရာ လေးတွေ
ရနေပါပြီလို့
မှိုမတက် ပိုးမထိုး
လုံးဝ လုံးဝ အနုစိတ်လက်ရာ
ရှယ်မှ ရှယ် ဝါးမီးအိမ်လေး🥰

သူများ page က ပုံတွေပဲSave မနေကြနဲ့ဦး ... အမျိုးတို့။မင်မက်လက်ရာလေးကိုလည်း အားပေးကြပါဦးနော့ 🥰
06/02/2023

သူများ page က ပုံတွေပဲ
Save မနေကြနဲ့ဦး ... အမျိုးတို့။
မင်မက်လက်ရာလေးကိုလည်း အားပေးကြပါဦးနော့ 🥰

ဂျုံဖျာလေးတွေ ရပါမယ်လို့မကြမ်းမချောအလောတော်လေးတွေပါရှင်
04/02/2023

ဂျုံဖျာလေးတွေ ရပါမယ်လို့
မကြမ်းမချော
အလောတော်လေးတွေပါရှင်

Address

North Dagaon, 50th Quarter
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959799505620

Website

Alerts

Be the first to know and let us send you an email when Little House - အိမ်ငယ်လေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share