05/03/2022
Hello guys!! 🙋🏻♂️🙋🏻♂️
AFC လေးပြန်လာပါပြီ.. 🤍
အကြာကြီးစောင့်နေရတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ထူးထူးခြားခြားအကြောင်းအရာလေး (အရင်က မရေးဖူးတဲ့အကြောင်းအရာ) တစ်ခုကို ဝေမျှချင်ပါတယ်။ 🤍
⛩️ 1999 လောက်က စတင်ထုတ်လွှင့်ခဲ့တဲ့ One Piece ဇာတ်ကားက 2019 မှာ နှစ် ၂၀ ပြည့်ခဲ့ပါတယ်။ အခုဆိုရင်တော့ ၂၃ နှစ်ရှိပြီပေါ့။ One Piece Anime ရဲ့ နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ "Ichiban Kuji One Piece THE GREATEST! 20th ANNIVERSARY" ကို 2019, April လောက်မှာ စတင်ရောင်းချခဲ့ပါတယ်။ အဲ့ကတည်းက ဒီ product တွေကိုစိတ်ဝင်စားနေခဲ့တာ။ အခုမှပဲ ဂျပန်က အသိတစ်ယောက်ဆီမှာ အကူအညီတောင်းပြီး ဝယ်ဖြစ်ခဲ့တာ။ ကျွန်တော့်အတွက် ဝယ်သလို အခြား Collector တွေ အတွက်ပါပိုဝယ်ဖြစ်ခဲ့တယ်။ (အခုဆို ဒိုင်လျှိုလေးရောင်းတာ ကုန်သလောက်နီးပါးတောင်ဖြစ်သွားပြီ။ ကျန်တာလေးတွေ နောက်နေ့မှ ပြပြီးရောင်းပေးမယ်။ လောလောဆယ် ဘာတွေထုတ်တယ် ဘာတွေပါတယ်ဆိုတာ ဆက်ကြည့်ရအောင်။)
⛩️ ပွင့်ပွင့်လင်းလင်းပြောရရင် BANDAI SPIRITS Co., Ltd. က "One Piece" TV anime ထုတ်လွှင့်မှု နှစ် 20 ပြည့် အထိမ်းအမှတ်အဖြစ် lottery (ဗလာမပါ) ပုံစံနဲ့ Family Mart, Jump Shop, Store တွေမှာရောင်းချပေးတာ။ အဲ့ထဲမှာ top figure တွေရယ်၊ design plates တွေ design glasses တွေရယ်၊ canvas boards တွေရယ်ပါတယ်။
⛩️ lottery ဖြစ်တဲ့အတွက် ဆုတွေကို Figure အတွက် From A prize to E prize ဆိုပြီးထုတ်ခဲ့တယ်။ အဲ့မှာဆို Luffy, Zoro, Ace, Law, Sabo ဆိုပြီးထည့်သွင်းထားတယ်။ F prize ကတော့ ကြွေပန်းကန် (လေးထောင့်) ပုံစံကို One Piece Character တွေရဲ့ ထိုင်နေတဲ့ပုံစံတွေကို ရေးဆွဲထားပေးတယ်။ G-Prize ကတော့ ဖန်ခွက်တွေပါ။ အဲ့မှာထူးခြားတာတစ်ခုက မြင်တွေ့နေကျပုံစံတွေမဟုတ်ပဲ Peace poses ✌🏻 တွေပဲရေးဆွဲထားပေးတယ်။ နောက်ဆုံး H prize ကတော့ canvas board တွေဖြစ်တယ်။ နောက်ဆုံး The Last One Award အနေနဲ့ Luffy Figure တစ်ခုကိုပါ ထည့်သွင်းထားပေးပါတယ်။ သူကတော့ Special Award ပုံစံပေါ့.. (ပုံအသေးစိတ်ကို ပြထားပေးပါတယ်)
အသေးစိတ် Product တွေရဲ့ ပုံကို (https://bpnavi.jp/t/onep49) ဒီ Website မှာ ဝင်ကြည့်နိုင်ပါတယ်။
Photo credit to BANDAI Official Website
📌 ဖတ်ပြီးလို့စိတ်ဝင်စားရင် ကျွန်တော့်မှာ လာရောက်မေးမြန်းဝယ်ယူလို့ရပါတယ်။
📌 ဈေးရောင်းဖို့က နောက်နေ့မှပဲ အသေးစိတ် တင်ပေးတော့မယ်ဗျာ။ 😅
🙏🏻 AFC လေး အခုမှ ပြန် RUN တာဖြစ်လို့ နွေးထွေးမှုကိုပြတဲ့ အနေနဲ့ Share လေးလုပ်ပြီး မစပေးကြပါဦး။
See you guys!! 🖐🏻
Be healthy and safe 😷