ကြွေကမ္ဘာသစ် ကြွေပြား နှင့် အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ကြွေကမ္ဘာသစ် ကြွေပြား နှင့် အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်ရေး
Call Directions Contact the business

ကြွေကမ္ဘာသစ် ကြွေပြား နှင့် အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်ရေး Tiles & Home Decoration;Buy home decoration products and articles online with affordable price in my Home decoration Sale and Service

ဟဲ့🤧
27/09/2026

ဟဲ့🤧

27/09/2026
26/09/2026

ဒီဆိုင်မှာ ဈေးမေး Photoတွေတောင်းပြီးရင်
ဒီဆိုင်မှာပဲ ဝယ်ကြပါ 😁

တခြားဆိုင်တွေက အလုပ်သမားတွေဖြေတာပါ
ကိုယ်တွေလို ဆိုင်ရှင်ကဖြေတာမဟုတ်တော့
ပေါ့ပေါ့ဆဆပဲ မေးခွန်းဖြေကြတာပါ
လစာနဲ့လုပ်တဲ့အလုပ်သမားနဲ့
ပိုင်ရှင်နဲ့က အလုပ်လုပ်ပုံခြင်းကွာပါတယ်
ဆိုင်တွေက reply ကြာတော့
ဒီမှာလာမေး ဈေးညှိ ပြီးရင် တခြားဆိုင်မှာ
လိုက်မေးဝယ်တဲ့ ဟာတွေ
အကုန် record ထားထားပါတယ် 😁

🤐အာချောင်ပီးမေးလို့ မှတ်ထားလိုက်တာပဲ 😁
ဘယ်ဆိုင်မှာ ဘယ်နှစ်ခုဝယ်သွားလဲ အကုန်ပြန်သိပါတယ်
နောက်ခါလာမေးရင် - မဖြေတော့ပါဘူး နော် 😇

မဝယ်ရင် ပုံတွေလာလာမတောင်းကြပါနဲ့
ဒီကပုံတွေယူပြီး လိုက်လိမ်တာတွေလဲ ရှိလို့ပါ

25/09/2026

ဟိုတစ်လောက ပွဲတစ်ပွဲမှာ
“မလုပ်ဘဲ စားရတယ်လေ ဆိုတဲ့ စကားတစ်ခွန်း ကြားလိုက်လို့ စဉ်းစားမိတာလေးတဖြတ်

အဲဒီတုန်းကတော့ ဘာမှမတွေးမိဘူး။
နောက်မှ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်မိတယ်။

ကျွန်မအတွက်တော့
မလုပ်ဘဲ စားနိုင်တာထက် လုပ်မှစားရတာကို ပိုကြိုက်တယ်။

အလုပ်လုပ်နေရလို့ ပင်ပန်းတာတော့ ရှိတယ်။

ဒါပေမယ့် အလုပ်လုပ်နေရင်း
ကိုယ့်အရည်အချင်းတွေ တက်လာတယ်။
ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းလာတယ်။
ဆုံးဖြတ်ချက်တွေ ပိုမှန်လာတယ်။
လူတွေရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ရလာတယ်။

ကိုယ်တည်ဆောက်ထားတဲ့ လုပ်ငန်းကြောင့်
တချို့လူတွေ အလုပ်အကိုင်ရတယ်။
သူတို့မိသားစုအတွက် ဝင်ငွေတစ်ခု ဖြစ်လာတယ်။

ကိုယ်ရောင်းတဲ့ Product တစ်ခု၊
ကိုယ်ပေးတဲ့ Service တစ်ခုကြောင့်
တစ်ယောက်ယောက်ရဲ့ ပြဿနာတစ်ခု ပြေလည်သွားတယ်။
အလုပ်တစ်ခု ပိုလွယ်သွားတယ်။
ဘဝတစ်ခုမှာ Value နည်းနည်းလေးဖြစ်ဖြစ် ထပ်တိုးပေးနိုင်တယ်။

ပြီးတော့ အရေးကြီးဆုံးက

အလုပ်လုပ်နေသရွေ့ ကိုယ်တိုင်လည်း တိုးတက်နေတယ်။

ပိုက်ဆံရှိလို့ အလုပ်မလုပ်တော့ဘူးဆိုတာလည်း
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။

ဒါပေမယ့် ကျွန်မအတွက်တော့
ပိုက်ဆံရှိလာတာက အလုပ်ရပ်ဖို့ Reason မဟုတ်ဘူး။

ကိုယ်မလုပ်လည်း စားနိုင်တဲ့အချိန်ရောက်လာရင်တောင်
စားဖို့အတွက် မလုပ်တော့ဘဲ
တန်ဖိုးတစ်ခု ဖန်တီးနိုင်ဖို့ ဆက်လုပ်ချင်တယ်။

အသက်မွေးဖို့ အလုပ်လုပ်တဲ့အဆင့်ကနေ
ကိုယ့်အရည်အချင်းကို တိုးဖို့၊
လူတွေကို အလုပ်အကိုင်ပေးဖို့၊
Customer တွေအတွက် Value ဖန်တီးဖို့၊
ကိုယ်ရှိနေတဲ့ Society ထဲမှာ Contribution တစ်ခုရှိဖို့
အလုပ်လုပ်တဲ့အဆင့်ကို ရောက်ချင်တယ်။

ဒါကြောင့် ကျွန်မအတွက်တော့

“မလုပ်ဘဲ စားနိုင်တာ” က အောင်မြင်မှုတစ်မျိုး ဖြစ်နိုင်ပေမယ့်
“မလုပ်လည်း စားနိုင်ပေမယ့် တန်ဖိုးဖန်တီးဖို့ ဆက်လုပ်နေသေးတာ” ကတော့
ကျွန်မပိုကြိုက်တဲ့ အောင်မြင်မှုပုံစံပါ။

  tiles (ရွှေရောင်ကြွေပြားတပေပတ်လည်)အသားကောင်းတရုတ်မိတ် Grade Aမို့အမြန်မှာထားမှ စိတ်ချရပါမယ် လက်လီဈေး-၁ပေပတ်လည်တချပ် -၇...
25/09/2026

tiles (ရွှေရောင်ကြွေပြားတပေပတ်လည်)

အသားကောင်းတရုတ်မိတ် Grade Aမို့

အမြန်မှာထားမှ စိတ်ချရပါမယ်

လက်လီဈေး-၁ပေပတ်လည်တချပ် -၇၀၀၀ကျပ်
တကျင်း ၇သိန်းကျပ် အိမ်ရောက်ငွေချေပါ ရှင့်🙏

(ဒါယနေ့ဈေးပါ နေ့တိုင်းဈေးအတက်ကျရှိပါတယ်ရှင့်)

တပေပတ်လည်ကြွေပြားမို့ ဆယ်ပေပတ်လည်တကျင်းလျှင် အချပ်ရေ တစ်ရာ အသုံးပြုရမှာပါရှင့်🙏

✍️ဘာဝယ်ဝယ် ကားခပေးရပါတယ်ရှင့်
✍️အချပ်ရေတစ်ထောင်ကစပြီး ကားခfreeပါရှင့်🚖

☎️09794250455 သို့ အမြန်မှာယူပေးပါရှင့်🙏

ကြွေကမ္ဘာသစ် interior & Construction
Supply office အနေဖြင့်
ရရှိနိုင်သောဝန်ဆောင်မှုများ

-နိုင်ငံခြားဖြစ် (ဗီယက်နမ်/တရုတ်ကြွေပြားကျောက်ပြားများအား လက်လီ/လက်ကားဖြန့်ဖြူးရောင်းချပေးပါတယ်ရှင့်

-နိုင်ငံခြားဖြစ်အရည်သွေးမှီရေချိုးခန်းသုံးပစ္စည်းအမျိုးမျိုး စတီး/ကြွေဘေစင်/ရေခေါင်း/ဘိုထိုင်အမျိုးမျိုး/ရေချိုးကန်အမျိုးမျိုးတို့ကိုလဲ ရရှိနိုင်ပါတယ် ရှင့်

-အတိုင်းအတာသိယုံမျှဖြင့်ကြွေပြားကျင်းရေတွက်ပေးခြင်းပြုလုပ်ပေးပြီးရန်ကုန်မြို့တွင်းဆိုရင်အိမ်အရောက်ငွေချေ ဝန်ဆောင်မှုပြုလုပ်ပေးခြင်း
နယ်မြို့များအားလုံးကုန်ဂိတ်ချငွေချေပါရှင့်

-ပြည်တွင်းဖြစ်ကြွေပြားကျောက်ပြားများအား လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးခြင်း

-မျက်နှာကျက်/ပါကေးများအားရောင်းချခြင်း

-သဘာဝသင်ပုန်းကျောက်/စကျင်ကျောက်/လိပ်သည်းကျောက်/သဘာဝအာလူးကျောက်/ရေဆေးကျောက်/အဏ္ဏဝါကျောက်/ရေတံခွန်ကျောက်များနှင့်
ရွှေလာငွေလာ Lucky stoneများ
စက်ရုံတိုက်ရိုက်ဈေးဖြင့် ရောင်းချပေးခြင်း

ခန်းဆီးလိုက်ကာများ/မြက်ခင်းအတု Artificialအိမ်တွင်းအလှဆင်ပစ္စည်းမျိုးစုံတို့အားလဲ လက်လီလက်ကားဖြန့်ဖြူးရောင်းချပါတယ်

Renovation project များအတွက်
service လက်ရာကောင်းမွန်သော
Construction များဖြင့် ပြန်လည်အပ်နှံပေးခြင်း အစရှိသော ဝန်ဆောင်မှုများအား

တိကျမှန်ကန် မြန်ဆန်စွာဖြင့်
လူကြီးမင်းတို့ အိမ်အရောက် ငွေချေစနစ်နဲ့
ဝန်ဆောင်မှုပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်

office ph. 09794250455

သို့ ဖုန်းဆက် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#အထူးDiscount
#အိမ်ရောက်ငွေချေပါ
#ဂိတ်တင်delifree
#မြက်ခင်းအတု
#အိမ်ရောက်ငွေချေ
#ကြွေပြားနံရံကပ်

ရွှေရောင် conner လေးတွေနဲ့ အနားသတ်ချင်တဲ့ အိမ်ရှင်များ အကို / အမ များ အတွက် ရွှေရောင်လဲမပျက် / ရေစိမ့်ထွက်တာမျိုးလဲမရှိ ...
25/09/2026

ရွှေရောင် conner လေးတွေနဲ့ အနားသတ်ချင်တဲ့

အိမ်ရှင်များ အကို / အမ များ အတွက်

ရွှေရောင်လဲမပျက် / ရေစိမ့်ထွက်တာမျိုးလဲမရှိ

ဘုရားခန်း/ရုံးခန်း/သာသနာရေးအဆောက်အအုံများအတွက် အဓိက ကပ်ရတာပါရှင့်

☎️09794250455

🚖အိမ်ရောက်ငွေချေရပါတယ် ရှင့်

ယနေ့ လက်လီ ဈေးနှုန်း // နေ့စဥ်ဈေးအပြောင်းလဲရှိသည်

၂လက်မ ၁၂လက်မ -၂၀၀၀ကျပ်

၂လက်မ ၁၀လက်မ -၂၂၀၀ကျပ်

25/09/2026

ဘိလပ်မြေ အလိမ်ခံရဖူးပါတယ် ဘိလပ်မရတဲ့ ကာလမှာ သူငယ်ချင်းဆိုင်က ၃သောင်းခွဲနဲ့ရောင်းတယ်ဆိုလို့
မခင်တဲ့မိန်းမတယောက်က လိုချင်ပါတယ်တဲ့
ဆိုင်ကို ခဏခဏလာတော့
အော် ကူညီပေးလိုက်အုံးမယ်ဆိုပြီး

ဘိလပ်မြေဝယ်မဲ့သူရှိတယ်ဆိုပြီး
သူငယ်ချင်းဆိုင်ကို ဖုန်းဆက်ပေးလိုက်တာ

အဲ့ဆိုင်က ကိုယ့်နံမယ်နဲ့
အားနာပီးအရောက်ငွေချေလုပ်ပေးလိုက်တာဟေ့
ဟိုလဲရောက်ရော အာ့မိန်းမက
အိမ်ရှင်စီက ငွေယူပြီးနေပီ 🤐🤐

သွားချတဲ့ဆိုင်ရှင်က ဘယ်လောက်-အ-သလဲဆိုတော့
ငွေရှင်းဖို့ ထိုင်စောင့်နေတာတနာရီကျော်ကြာမှ
အိမ်ရှင်ဆီက တောင်းမှ ဟိုမိန်းမကငွေယူပီးသုတ်သွားပီတဲ့
အိမ်ရှင်က နင်တို့တဖွဲ့ထဲလားဆိုမှ

အလိမ်ခံရမှန်းသိတယ်တဲ့😆😆

24/09/2026

မိမိက ထိပ်တန်း သူဌေး တဦး မဟုတ်ခဲ့ရင် စီးပွါးရေး အဝန်းအဝိုင်းမှာ ဝန်ဆံ့ဖို့ ပကာသနကလည်း အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။

ပကာသနဆိုတာ မရှိမဖြစ် လိုအပ်ချက် မဟုတ်ပေမဲ့ လူတွေ အကဲ ဖြတ်တဲ့ (Short-cut Signal) တခုအဖြစ်တော့ လုပ်ဆောင်ပေးနေတာက လက်တွေ့အမှန်တရားပါ။ လူအများစုက မိမိမသိတဲ့ လူတယောက်ကို အကဲဖြတ်ဖို့ အချိန်အကြာကြီး မယူနိုင်ကြပါဘူး။

ဒီတော့ မျက်စိနဲ့ မြင်ရတဲ့ ကား၊ အဝတ် အစား၊ နာရီ စတဲ့ ပကာသနတွေကို ကြည့်ပြီး ဒီလူက အောင်မြင်နေတဲ့သူဖြစ်တယ်၊ ဒီလောက်တော့ တာဝန်ယူနိုင်စွမ်းရှိတယ် ဆိုတာမျိုး လွယ်လွယ် ကူကူ အကဲဖြတ်တတ် ကြတယ်လို့ဆိုတယ်။ဒါ့ကြောင့် ပကာသနနဲ့ ပြင်ပရုပ်သွင်က ပထမအကြိမ် ဝင်ခွင့်လက်မှတ် (First-round Pass) လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စီးပွါးရေးဆိုင်ရာ အလုပ်တွေ၊ အစည်းအဝေးတွေမှာ စည်းစနစ်ကျကျ ဝတ်စားဆင်ယင်တာ၊ သပ်ရပ်တာက စီးပွားပြိုင်ဘက်/ မိတ်ဖက်တွေ အပေါ် ထားရှိတဲ့ လေးစားမှု (Respect)လို့လည်း ဆိုလို့ရပါသတဲ့။

'First impression is last impression' ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား?။ စကတည်းက အထင်သေးနေရင် အထင်ကြီးဖို့ခက်သလို၊ စကတည်း အထင်ကြီးမိရင်လည်း အမှန်တရားတွေ မြင်လာရတဲ့အချိန် မှာတောင် ဟုတ်ပါ့မလား? ဆိုတဲ့ သံသယမျိုးနဲ့ အထင်သေးဖို့ ခက်နေကြတာ တွေ့ရ တတ်ပါတယ်။

ကတိတည်တယ်၊ သစ္စာရှိတယ်၊ ရိုးဖြောင့်တယ်ဆိုတာမျိုးတွေက နောင်မှ သိရတဲ့ အရာတွေ ဖြစ်တယ်။ ဒါတွေက ရေရှည် မဟာမိတ်ပြုမှုအတွက် အရေးပါတဲ့ အရာတွေလည်းဖြစ်ပါတယ်။

ပကာသနကိုတော့ ဟန်ပြဖို့မဟုတ်ဘဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ရှုမြင်ပါလို့ဆိုတယ်။ ကိုယ့်လုပ်ငန်း သဘာဝအရ အဝတ်အစား၊ ကားစတာမျိုးတွေက ယုံကြည်မှုကို တိုက်ရိုက် သက်ရောက်နေတယ်ဆိုရင်၊ ဒါကို သွားလာရေး၊ အသုံးအဆောင်ဆိုတာမျိုးထက် ပေါင်းသင်း ဆက်ဆံရေးအတွက် လိုအပ်တဲ့ Operational Cost (လုပ်ငန်းသုံး စရိတ်) အဖြစ် သင့်တော်ရုံ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ စိတ်-ဆရာတွေက ဆိုပါတယ်။ (ဘဏ်အကြွေးတွေနဲ့ ဟန်ပြနေရင်တော့ အတိုးတက်မှာပေါ့နော်ဗျာ😝)။

ကိုယ်က branded တွေဘာတွေ ဝါသနာမပါဘူးဆိုရင်လည်း တန်ဖိုးကြီးတာထက် သပ်ရပ်ကျနတာကို ပုံဖော်ပါ၊ အချိန်လေးစားမှုပြုပါလို့ဆိုတယ်

Address

Myat Lay Street (8/2)Hlegu
Yangon

Telephone

+959978000595

Website

Alerts

Be the first to know and let us send you an email when ကြွေကမ္ဘာသစ် ကြွေပြား နှင့် အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကြွေကမ္ဘာသစ် ကြွေပြား နှင့် အိမ်အလှဆင်ပစ္စည်း ရောင်းဝယ်ရေး:

Shortcuts

Share