UK Lighting & Electronic

UK Lighting & Electronic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from UK Lighting & Electronic, Lighting store, No. (J/8), Arthawka Street, Bayint Naung Warehouses, MayangoneTownship, Yangon.

တန်ဆောင်မုန်းလပြည့် အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကော...
18/11/2021

တန်ဆောင်မုန်းလပြည့် အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

31/10/2020

ဧရာဝတီစင်တာအတွက် UK Lighting & Electronic က ငွေကျပ် သိန်း (၄၅၆၉၅၀၀) တန်ဖိုးရှိ လျပ်စစ်ပစ္စည်းမျာ လှူဒါန်း

ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးမည့် ဧရာဝတီ စင်တာအတွက် UK Lighting & Electronic က ငွေကျပ် သိန်း (၄၅၆၉၅၀၀)တန်ဖိုးရှိ လျပ်စစ်ပစ္စည်းများ ကို စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။

ယခုကဲ့သို့ လှူဒါန်းပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

UK Lighting & Electronicမှ ဝန်ဆောင်မှုအားလုံး ပြန်လည်စတင်ပါပြီ။မိတ်ဆွေတို့စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ …🏚 ဆို...
16/05/2020

UK Lighting & Electronicမှ ဝန်ဆောင်မှုအားလုံး ပြန်လည်စတင်ပါပြီ။

မိတ်ဆွေတို့စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ …

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်

အိမ်တွေကို လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု မဖြစ်စေမယ့် အချက် (၇)ချက်  ☀️အခုလို နွေရာသီမှာတော့ မီး​ဘေးအန္တရာယ်သတင်းတွေ ...
30/04/2020

အိမ်တွေကို လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု မဖြစ်စေမယ့် အချက် (၇)ချက်

☀️အခုလို နွေရာသီမှာတော့ မီး​ဘေးအန္တရာယ်သတင်းတွေ ကြိုတင်ကာကွယ်ရေး နည်းစနစ်တွေကို အစဉ်တစိုက်နားထောင်နေတာဟာ အကောင်းဆုံးပါပဲ ။ အဲ့ဒါကြောင့် ကျွန်တော်တို့ UK Lighting & Electronic ကချစ်လှစွာသော မိတ်ဆွေတွေရဲ့ အိမ်မှာ မလိုလားအပ်ဘဲ လျှပ်စစ်ကြောင့် ဖြစ်တဲ့ မီးဘေးအန္တရာယ် မျိုးမဖြစ်ရအောင် သိထားသင့်တဲ့ အချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

🔼အလွယ်တကူ ပူတတ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုရင်ဖြုတ်ထားပါ🔼
===============================
လျှပ်စစ်အသုံးပြုရတဲ့ပစ္စည်းတွေက အသုံးပြုချိန်ကြာလာတာနဲ့ အမျှ အပူချိန်မြင့်တက်လာတတ်ပါတယ်။ အဲ့ဒါကြောင့်အသုံးမပြုတဲ့ ပလပ်တွေကိုဖြုတ်ထားတာ အကောင်းဆုံးပါပဲ။ တကယ်လို့ သုံးနေရင်း အရမ်းပူလာတတ်တဲ့ ပစ္စည်းတွေဆိုရင်တော့ အသုံးမပြုတာအကောင်းဆုံးပါပဲ။

🔼Extension တွေကို ယာယီပဲ အသုံးပြုပါ🔼
===============================
Extension တွေကို ယာယီလိုအပ်မှု အဆင်ပြေစေဖို့အတွက်ပဲ အသုံးပြုသင့်ပါတယ်။ တကယ်လို့ မိတ်ဆွေအိမ်ရဲ့ နေရာတစ်ခုမှာ ပလပ်ပေါက်တပ်ဆင်ဖို့လိုလာပြီ ဆိုရင်တော့ လျှပ်စစ်ကျွမ်းကျင်သူတွေကို ခေါ်ပြီး ပလပ်ပေါက်တစ်ခု တပ်ဆင်ခိုင်းပါ ။

🔼ဝါယာကြိုးတစ်ချောင်းထဲကနေ လိုင်းတွေအများကြီးမသုံးပါနဲ့🔼
================================
အဲ့ဒီလို လုပ်ပြီး အသုံးပြုခြင်းကိုတော့ ဖောက်ဂျွိုင်းသွယ်တန်းတယ်လို့ခေါ်ပါတယ်။ အဲ့ဒီလို ဖောက်ဂျွိုင်းသွယ်တန်းခြင်းကနေပြီး ချို့ယွင်းမှုတစ်ခုခုဖြစ်ဖို့လွယ်သလိုပဲ လျှပ်စစ်ကြောင့်ဖြစ်တဲ့ မလိုလားအပ်တဲ့ အရာ(မီးလောင်ခြင်း) ကိုလည်း ဖြစ်ပွားစေပါတယ်။

🔼ကိုယ့်အိမ်က လျှပ်စစ်စနစ်ကို အဆင်မြှင့်တင်ပါ🔼
================================
နှစ်တွေကြာလာတာနဲ့အမျှ ပစ္စည်းတွေဆိုတာ ဟောင်းနွမ်းလာပြီး စွမ်းဆောင်ရည်ကျတတ်ပါတယ်။ အဲ့ဒီလို စွမ်းဆောင်ရည်ကျတဲ့ လျှပ်စစ်ပစ္စည်းတွေ ကိုယ့်အိမ်မှာ ရှိနေပြီဆိုရင်တော့ အမြန်ဆုံးလဲသင့်ပါတယ်။ ပလပ်ပေါက်၊ ပလပ်ခေါင်း နဲ့ ပေါက်ပြဲနေတဲ့ မီးကြိုးစတဲ့အရာတွေကို လဲသင့်ပါတယ်။ လဲတဲ့အချိန်မှာလည်း လျှပ်စစ်ကျွမ်းကျင်သူတွေကို ခေါ်ပြီးလဲသင့်ပါတယ်။ ပိုက်ဆံကုန်မှာ လုံးဝမကြောက်ပါနဲ့ ။

🔼ပျက်စီးနေတဲ့ ပလပ်တွေကို လုံးဝအသုံးမပြုပါနဲ့ 🔼
==================================
ပျက်စီးနေတဲ့ ဒါမှမဟုတ် လျှောခ့်ဖြစ်ဖူးတဲ့ပလပ်တွေ ၊ ပလပ်ပေါက်တွေကို အသုံးမပြုပါနဲ့ ။ အဲ့ဒီအရာတွေအသုံးမပြုလို့ ဘာမှမဖြစ်သွားပေမယ့် ။ အသုံးပြုလိုက်လို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

🔼လမ်းညွှန်ချက်တွေ အတိုင်းသုံးပါ🔼
=======================
လျှပ်စစ်ပစ္စည်းတိုင်းမှာလိုလို လမ်းညွှန်စာအုပ်လေးတွေပါပါတယ်။ အဲ့ဒီစာအုပ်တွေ ဒါမှမဟုတ် ဘူးခွံတွေမှာ ရေးထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုပါ ။ အဲ့ဒီလို အသုံးပြုခြင်းက တကယ့်ကိုအကောင်းမွန်ဆုံး ကာကွယ်နည်းပါပဲ။ နောက်ပြီး ကိုယ်က လျှပ်စစ်ကျွမ်းကျင်သူမဟုတ်ရင် လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်ခြင်းလုံးဝ မလုပ်ပါနဲ့ ။

🔼ချို့ယွင်းမှု ဖြစ်နေတဲ့ လက္ခဏာတွေကို လျစ်လျှူမရှုပါနဲ့ 🔼
================================
ပလပ်ပေါက်က မီးပွင့်လေးတွေ တဖြစ်ဖြစ် ပွင့်နေတာ ၊ ကိုင်လို့မရတဲ့အထိ အပူချိန်လွန်ကဲနေတာ ၊ သုံးနေတဲ့ ပလပ်ပေါက် ညှော်နံ့ထွက်လာတာ၊ မီးသီးတွေ မျက်တောင်ခတ်နေတာ ၊ ပလပ်ထိုးလိုက်တိုင်း ဓာတ်လိုက်တယ်လို့ ခံစားနေရတာ စတဲ့ အချက်လက်တွေရှိနေတဲ့ အရာတွေကို သုံးလို့ရသေးတယ်ဆိုပြီး အသုံးမပြုပါနဲ့ ။

လျှပ်စစ်ပစ္စည်းတစ်ခု ပြင်ဆင်တော့မယ်ဆိုတိုင်း ကျွမ်းကျင်သူတွေနဲ့ပဲပြင်ဆင်ပါ ။ လျှပ်စစ်ကြောင့်ဖြစ်တဲ့ နစ်နာဆုံးရှုံးမှုတွေကနေ ကင်းဝေးကြပါစေလို့ ကျွန်တော်တို့ UK မိသားစုကနေ တောင်းဆုပြုလိုက်ရပါတယ်ခင်ဗျာ ။

UK အမှတ်တံဆိပ်ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချလိုလို့ပဲ ဖြစ်ဖြစ် ၊ ကိုယ့်အိမ်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ လျှပ်စစ်သွယ်တန်းဝန်ဆောင်မှုကို လိုက်ရှာနေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ UK Lighting & Electronic ကို ဆက်သွယ်နိုင်ပါတယ် ။

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်

ကိုယ့် ရပ်ကွက် ၊ ကိုယ့်လမ်းတွေကို အမှောင်မရှိအောင် ထွန်းလင်းပေးမယ့် LED Street Light   ✅ကိုယ့်ရပ်ကွက်သာယာ၊လုံခြုံရေးအတွက...
26/04/2020

ကိုယ့် ရပ်ကွက် ၊ ကိုယ့်လမ်းတွေကို အမှောင်မရှိအောင် ထွန်းလင်းပေးမယ့် LED Street Light

✅ကိုယ့်ရပ်ကွက်သာယာ၊လုံခြုံရေးအတွက် လမ်းမီးတွေလိုနေပြီလား?
✅မြင်ဖူးသမျှမီးတွေကလည်း လမ်းမီးလို့ ပြောလို့ မရလောက်အောင် မှိန်နေတာလား?
✅ကိုယ့်ဒေသကို လျှပ်စစ်မီးမလာရင်တောင် လင်းနေစေချင်လား?

အဲ့ဒီအတွက် မပူပါနဲ့! ကျွန်တော်တို့ UKကနေ ထုတ်လုပ်ဖြန့်ချိရောင်းချပေးနေတဲ့ LED Street Light(လမ်းမီး)တွေရှိပါတယ်။ ကျွန်တော် LED Street Light တွေမှာတော့
🔸 Solar (နေရာင်ခြည်သုံး) စနစ်ကို အသုံးပြုထားတဲ့ Street Light တွေရှိသလို ၊
🔸 ပုံမှန် လျှပ်စစ်ဓာတ်အားကို အသုံးပြုရတဲ့ LED Street Light တွေလည်းရှိပါတယ်။
🔸 LED ကိုအသုံးပြုထားတာကြောင့် လင်းအားအတွက်တော့ လုံးဝပူစရာမလိုပါဘူး
အဲ့ဒါကြောင့်မိတ်ဆွေတို့ရဲ့ ဒေသအတွက် လမ်းမီးတွေ လိုအပ်နေတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိတ်အချရဆုံး တံဆိပ်ဖြစ်တဲ့ UK အမှတ်တံဆိပ် လမ်းမီးတွေကို မမေ့နဲ့နော် ။

UK အမှတ်တံဆိပ်ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချလိုလို့ပဲ ဖြစ်ဖြစ် ၊ ကိုယ့်အိမ်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ လျှပ်စစ်သွယ်တန်းဝန်ဆောင်မှုကို လိုက်ရှာနေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ UK Lighting & Electronic ကို ဆက်သွယ်နိုင်ပါတယ် ။

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်

♦️အခု ကမ္ဘာ့နိုင်ငံအနှံ့မှာ ရင်ဆိုင်နေရတဲ့ Covid-19 အန္တရာယ်ကနေကာကွယ်ဖို့အတွက် ကျွန်တော်တို့တွေ အားလုံး အိမ်မှာပဲ နေကြရတ...
23/04/2020

♦️အခု ကမ္ဘာ့နိုင်ငံအနှံ့မှာ ရင်ဆိုင်နေရတဲ့ Covid-19 အန္တရာယ်ကနေကာကွယ်ဖို့အတွက် ကျွန်တော်တို့တွေ အားလုံး အိမ်မှာပဲ နေကြရတာ အားလုံးအသိပါပဲ ။

♦️ဒီကာလမှာ UK Lighting & Electronic ကလည်း မိတ်ဆွေတွေနဲ့ UK Lighting & Electronicရဲ့မိသားစုဝင်(ဝန်ထမ်း)တွေရဲ့ ကျန်းမာရေးကို အလေးထားကာကွယ်ပေးတဲ့အနေနဲ့ ဝန်ဆောင်မှုအကုန်လုံးကို ခေတ္တရပ်နားထားတယ်ဆိုတဲ့ အကြောင်း မိတ်ဆွေတို့ကို အသိပေးလိုက်ရပါတယ်။

♦️ဝန်ဆောင်မှုတွေ ပြန်လည်စတင်ပြီဆိုရင်လည်း မိတ်ဆွေတို့ကို ပထမဆုံးအသိပေးသွားပါ့မယ် ခင်ဗျ။

&electronic -19

✔️အိမ်က မီးလိုင်းအဟောင်းကို ပြန်ပြင်ဖို့စဉ်းစားနေပြီလား?✔️ကိုယ့်အိမ်က မီးကြိုးတွေက အချိန်ကာလတစ်ခုကြာတဲ့အထိ အသုံးပြုလာလို...
21/04/2020

✔️အိမ်က မီးလိုင်းအဟောင်းကို ပြန်ပြင်ဖို့စဉ်းစားနေပြီလား?
✔️ကိုယ့်အိမ်က မီးကြိုးတွေက အချိန်ကာလတစ်ခုကြာတဲ့အထိ အသုံးပြုလာလို့ အသစ်လဲဖို့စဉ်းစားနေပြီလား?
✔️ကိုယ်ဝယ်လိုက်တဲ့ အိမ်က မီးလိုင်းအဟောင်းကို သုံးဖို့ စိတ်မချဖြစ်နေလား?

အပေါ်ကအခြေအနေနှစ်မျိုးကို ကိုယ်စဉ်းစားနေပြီဆိုရင်တော့ ဒီပိုစ့်လေးက မိတ်ဆွေအတွက်ဖြစ်သွားပါပြီ ။

လုံခြုံစိတ်ချရပြီး ကျွမ်းကျင်ပညာရှင်တွေကို ကိုယ်တိုင်ဦးစီးပြီး လျှပ်စစ်မီးသွယ်တန်းခြင်းကို One Stop Service ပေးနေတဲ့နေရာတစ်ခု ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ UK Lighting & Electronic ကနေပြီး မိတ်ဆွေတို့စဉ်းစားနေရတာတွေကို မိတ်ဆွေကိုယ်စား ကျွန်တော်တို့ စဉ်းစားပေးပါရစေ ။

ကျွန်တော်တို့ UK Lighting & Electronic က မိတ်ဆွေတို့အတွက် ဘာတွေအကောင်းဆုံးလုပ်ပေးနိုင်လည်းဆိုတော့
✅Electrical Drawing ဆွဲပေးခြင်း
✅ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ပေးခြင်း
✅အိမ်တွင်းအိမ်ပြင်မီးဆင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်နိုင်ခြင်း
✅မီးစက်၊ရေစက် Auto အဖွင့်အပိတ် ဆင်ပေးခြင်း
✅Change over auto ဆင်ပေးခြင်း
✅Panel ပုံးအမျိုးမျိုးဆင်ပေးခြင်း
✅Lighting layout ဆင်ပေးခြင်း
✅ဝါယာရိန်းဆင်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ပါတယ်။

နောက်ပြီး လျှပ်စစ်မီး သွယ်တန်းခြင်းနဲ့ ပတ်သက်ရင်လည်း One Stop Service ပေးနိုင်ပါတယ်။
One Stop Service ဆိုတာ က တစ်နေရာတည်းမှာပဲ
✅စက်ရုံကနေ လျှပ်စစ် ပစ္စည်းများကို ဈေးသက်သက်သာသာနဲ့ တိုက်ရိုက်ရရှိနိုင်ခြင်း
✅လုပ်သက် ၂၅နှစ်ရှိတဲ့ ကျွမ်းကျင်သူတွေကိုယ်တိုင် မီးသွယ်တန်းပေးခြင်း
✅တိကျပြီး လုံခြုံမှု အပြည့်အဝရမယ့် M&E Drawing ဆွဲပေးခြင်း
✅Project နဲ့အလိုက်ကုန်ကျစရိတ်ကို တွက်ချက်ပေးခြင်း
✅အိမ်တွင်းအိမ်ပြင်မီးဆင်ခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ခြင်း
✅မီးစက်၊ရေစက် Auto အဖွင့်အပိတ် ဆင်ပေးခြင်း
✅Change over auto ဆင်ပေးခြင်း
✅Panel ပုံးအမျိုးမျိုးဆင်ပေးခြင်း
✅Lighting layout ဆင်ပေးခြင်း
✅ဝါယာရိန်းဆင်ပေးခြင်း
✅Sensor အမျိုးမျိုး၊ Control အမျိုးမျိုးကို လိုချင်တဲ့ပုံစံအတိုင်းဆင်ပေးခြင်း
စတဲ့ မီးသွယ်တန်းဝန်ဆောင်မှုနဲ့ လျှပ်စစ်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

UK Lighting & Electronic ဆိုတာ အရည်သွေးကောင်းတဲ့ လျှပ်စစ်ပစ္စည်းတွေကို စိတ်ချယုံကြည်ရတဲ့ ပြည်ပ Company တွေကနေ မှာယူတင်သွင်းခြင်း ၊ ပြည်တွင်းမှာလည်း ကိုယ်တိုင် တပ်ဆင်ထုပ်လုပ်ပေးခြင်းတွေနဲ့ မြန်မာနိုင်ငံမှာလျှပ်စစ်ပစ္စည်းတွေကို ဖြန့်ချိရောင်းချနေတာ (၇)နှစ်သက်တမ်းရှိခဲ့ပါပြီ။

လိုချင်တဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း နိုင်ငံခြားကနေ တိုက်ရိုက်မှာယူတင်သွင်းပေးနေပါတယ်။
အခုချိန်မှာတော့ ရန်ကုန်နဲ့ ပုသိမ်မြို့တွေမှာ လျှပ်စစ်သွယ်တန်းခြင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနေပါပြီ။

အသေးစိတ်သိချင်တယ်ဆိုရင်တော့ အခုပဲ လျှပ်စစ်မီးသွယ်တန်းခြင်းနဲ့ ပတ်သက်ရင် တစ်နေရာတည်းမှာ ပြည့်စုံစေမယ့် UK Lighting & Electronic ကိုဆက်သွယ်လိုက်ပါ ။

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်

အကောင်းဆုံးလင်းလက်သွားစေမယ့် UK အမှတ်တံဆိပ် LED TRI မီးသီး   💡UK Lighting & Electronic ရဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့...
17/04/2020

အကောင်းဆုံးလင်းလက်သွားစေမယ့် UK အမှတ်တံဆိပ် LED TRI မီးသီး

💡UK Lighting & Electronic ရဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်တို့ UK ကနေ ထုတ်လုပ် ဖြန့်ချိ ရောင်းချနေတဲ့ LED TRI မီးသီး တွေကို ဘာကြောင့်ရွေးချယ်ဝယ်ယူ အသုံးပြုသင့်လဲ ဆိုတာ ပြောပြပေးလိုက်ပါတယ်။

🔸ကျွန်တော်တို့ရဲ့ UK အမှတ်တံဆိပ် LED TRI မီးသီး တွေမှာ အရည်အသွေးကောင်းမွန်တဲ့ ကုန်ကြမ်းတွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။
🔸 အိမ် ၊ စက်ရုံ ၊ ဟိုတယ် ၊ စျေးဝယ်စင်တာ ၊ရုံးခန်း စတဲ့နေရာတွေမှာ တပ်ဆင်နိုင်အောင် ဒီဇိုင်းပြုလုပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
🔸 LED TRI မီးသီး Light တွေမှာ မီးသီးကနေထွက်လာတဲ့ အပူက လူကိုထိခိုက်မှုမရှိအောင် အတွင်းမှာ အပူခံပြားတွေ ထည့်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
🔸 Watt ပြည့်မီပြီး အမြင်အာရုံကို ထိခိုက်မှုမရှိစေတဲ့ အလင်းပမာဏာကိုသာ ထုတ်လွှင့်ပေးပါတယ်။
🔸 အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်အောင် ပြုလုပ်ထားတဲ့အတွက် အသုံးပြုရလွယ်ကူပါတယ် ။
အဲ့ဒီလို အရည်သွေးကောင်းမွန်တဲ့ ကုန်ကြမ်းတွေ ၊ ပစ္စည်းတွေကို အသုံးပြုထားတဲ့ UK အမှတ်တံဆိပ် ပစ္စည်းတွေကို အသုံးပြုပြီး နေ့စဉ်ဘဝတွေကို စိုးရိမ်မှုကင်းကင်း ဖြတ်သန်းလိုက်ပါ ။

UK အမှတ်တံဆိပ်ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချချင်လို့ပဲ ဖြစ်ဖြစ် ၊ ကိုယ့်အိမ်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ လျှပ်စစ်သွယ်တန်းဝန်ဆောင်မှုကို လိုက်ရှာနေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ UK Lighting & Electronic ကို ဆက်သွယ်နိုင်ပါတယ် ။

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်။

လူတစ်ယောက် ဓာတ်လိုက်နေတာကို မြင်ရင်...   ဓာတ်လိုက်တာက အင်အားပြင်းတာ၊ နည်းတာ၊ကွာခြားသွားတာအပေါ်မူတည်ပြီး အပေါ်ယံအ​ရေပြား ...
12/04/2020

လူတစ်ယောက် ဓာတ်လိုက်နေတာကို မြင်ရင်...

ဓာတ်လိုက်တာက အင်အားပြင်းတာ၊ နည်းတာ၊ကွာခြားသွားတာအပေါ်မူတည်ပြီး အပေါ်ယံအ​ရေပြား မီးလောင်ဒဏ်ရာဖြစ်ရာကနေ အမြင်၊အကြားအာရုံတွေ ဝေဝါးသွားခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်း တစ်သျှူးတွေ ၊နှလုံးတွေကို ထိခိုက်စေတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် လူတစ်ယောက် ဓာတ်လိုက်နေတာကို မြင်ရင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို ပုံလေးတွေနဲ့ဖော်ပြပေးလိုက်ပါတယ် ။

UK အမှတ်တံဆိပ် Stand Fan ☀️ဒီတစ်ခေါက်မှာလည်း အခုလို ပူပြင်းလှတဲ့ နွေရာသီမှာ မိတ်ဆွေတို့ဘေးမှာ အကောင်းဆုံးအအေးဓာတ်တွေ ပေး...
09/04/2020

UK အမှတ်တံဆိပ် Stand Fan

☀️ဒီတစ်ခေါက်မှာလည်း အခုလို ပူပြင်းလှတဲ့ နွေရာသီမှာ မိတ်ဆွေတို့ဘေးမှာ အကောင်းဆုံးအအေးဓာတ်တွေ ပေးစွမ်းသွားမယ့် UK အမှတ်တံဆိပ် Stand Fan လေးတွေအကြောင်းကို မိတ်ဆက်ပေးသွားချင်ပါတယ်။ Stan Fan တွေဖြစ်တဲ့အတွက် ခပ်ဝေးဝေးကနေ ဖွင့်ထားတယ်ဆိုရင်တောင် အအေးဓာတ်ကို သိသိသာသာ ရစေမှာပါ ။

☢️ကျွန်တော်တို့ UK အမှတ်တံဆိပ် Stand Fan တွေမှာ ဒလက် ၃ ခုနဲ့ ၅ ခုဆိုပြီး ၂ မျိုးရှိပါတယ်။ အလိုအလျောက် အဖွင့်အပိတ် Timer စနစ်လည်း ပါဝင်တဲ့အပြင် Fan အမြန်နှုန်းကိုတင်ဖို့အတွက် ခလုတ်၃ ခုကိုလည်းတပ်ဆင်ပေးထားပါတယ် ။

☢️မော်တာရဲ့ကွိုင်မှာတော့ ကြေးအစစ်ကိုသာ အသုံးပြုထားတဲ့အတွက် အလွယ်တကူနဲ့ မော်တာပျက်ပြီး ပန်ကာပျက်စီးသွားတာမျိုးဖြစ်မှ မဟုတ်ပါဘူး ။
တကယ်လို့ တော်ရုံ လျှပ်စစ်နဲ့ပတ်သက်တဲ့ အန္တရာယ်တွေဖြစ်လာရင်လည်း အော်တိုဖြတ်တောက်ပေးမယ့် Fuse ပါဝင်တဲ့အတွက် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေကိုလည်း ဖြစ်စေမှာ မဟုတ်ပါဘူး ။

UK အမှတ်တံဆိပ်ပါတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချချင်လို့ပဲ ဖြစ်ဖြစ် ၊ ကိုယ့်အိမ်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ လျှပ်စစ်သွယ်တန်းဝန်ဆောင်မှုကို လိုက်ရှာနေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ UK Lighting & Electronic ကို ဆက်သွယ်နိုင်ပါတယ်။

🏡ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ် ။

ဘာကြောင့် သုံးပေါက်ပါတဲ့ ပလပ်တွေကိုသုံးသင့်တာလဲ?  🔸ခေတ်မီပြီး လုံခြုံစိတ်ချရတဲ့ လူနေမှုပုံစံတစ်ခုဟာ ကိုယ့်ပတ်ဝန်းကျင်မှာ...
06/04/2020

ဘာကြောင့် သုံးပေါက်ပါတဲ့ ပလပ်တွေကိုသုံးသင့်တာလဲ?

🔸ခေတ်မီပြီး လုံခြုံစိတ်ချရတဲ့ လူနေမှုပုံစံတစ်ခုဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အသုံးအဆောင်လေးတွေကစပြီး အရေးကြီးလှပါတယ်။ အဲ့ဒီလို အသုံးအဆောင်တွေထဲမှာတော့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ မီးပလပ်တွေ မီးပလပ်ပေါက်တွေလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ မီးပလပ်ပေါက်ကို နှစ်ပေါက်ပါတာနဲ့ သုံးပေါက်ပါတာ ဆိုပြီး အမျိုးမျိုးကို အသုံးပြုတာကိုတွေ့နေရပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ UK Lighting & Electronic ကနေပြီး သုံးပေါက်ပါတဲ့ ပလပ်ပေါက်တွေ ၊ ပလပ်တွေကို ဘာကြောင့်သုံးသင့်တာလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

🔸များသောအားဖြင့် DVD Player , TVနဲ့ ဖုန်းအားသွင်းကြိုးတွေကိုတော့ နှစ်ပေါက်ပါတဲ့ပလပ် နဲ့ ပြုလုပ်ထားပေမယ့် Micro Wave , Aircon နဲ့ ရေခဲသေတ္တာတွေကိုတော့ သုံးပေါက်ပါတဲ့ပလပ် နဲ့ပြုလုပ်ထားလေ့ရှိတာကိုတွေ့မြင် သတိထားဖူးကြမှာပါ ။ သုံးပေါက်ပါတဲ့ ပလပ်တွေကတော့ လျှပ်စစ်စီးမှုမှာ ပိုပြီးတော့ လုံခြုံမှုရှိ အောင် သီးသန့်ဒီဇိုင်းထုတ်ပြီး လုပ်ထားတာဖြစ်ပါတယ် ။ အဲ့ဒီလို ဒီဇိုင်းပြုလုပ်ထားခြင်းကြောင့် နှစ်ပေါက်ပါတဲ့ပလပ်တွေ ထက်ပိုပြီး စိတ်ချစွာသုံးလို့ရပါတယ်။

🔸သုံးပေါက်ပါတဲ့ပလပ် တွေက ဘာတွေပိုပြီး စိတ်ချလုံခြုံရတာလဲ?
ရေခဲသေတ္တာတွေ ၊ Micro Wave တွေ ၊ Aircon တွေမှာ သုံးလေ့ရှိတဲ့ သုံးပေါက်ပါတဲ့ ပလပ်တွေကတော့ အဲ့ဒီ ပစ္စည်းတွေရဲ့ သတ္ထုကိုယ်ထည်ပေါ်မှာ မလိုအပ်တဲ့ လျှပ်စစ်ယိုစီးမှု တစ်ခုခုသို့မဟုတ် ၊ပလပ်ရဲ့ ကိုယ်ထည်မှာ တစ်ခုခုချို့ယွင်းမှုဖြစ်လာတဲ့အခါ အလိုအလျှောက် လျှပ်စစ်ပတ်လမ်းကို ဖြတ်တောက်ပေးမယ့် Fuse တွေကို တပ်ဆင်ပြီး ပြုလုပ်ထားပါတယ်။

🔸အဲ့ဒီလို တပ်ဆင်ပြီးပြုလုပ်ထားတဲ့ ပလပ်တွေရှိသလိုပဲ Fuse မပါတဲ့ ပလပ်တွေကိုလည်း ကျွန်တော်တို့တွေ အသုံးပြုနေတာကို သိကြပြီးသားဖြစ်မှာပါ ။ အဲ့ဒီလို Fuse မပါတဲ့ ပလပ်တွေကိုကျ အိမ်ကို လျှပ်စစ်သွယ်တန်းမှုစတင် လုပ်ဆောင်ကတည်းက Ground ကြိုးလို့ခေါ်ကြတဲ့ အပ်ကြိုးကို ထည့်ပြီး လုပ်ခဲ့ချိန်မှာသုံးကြပါတယ်။

🔸အဲ့ဒါကြောင့် တချို့ သုံးပေါက်ပါတဲ့ ပလပ်တွေမှာ လျှပ်စစ်ယိုစိမ့်မှုတစ်ခုခုဖြစ်တာနဲ့ အဲ့ဒီအရာကို အပ်ကြိုးတွေဆီကို ပို့လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုပါဝင်နေတာ ဖြစ်ပါတယ်။ နောက်ပြီး သုံးပေါက်ပါတဲ့ ပလပ်တွေကတော့ နှစ်ပေါက်ပါတဲ့ ပလပ်တွေထက် ပိုများပြီး လျှပ်စစ်စီးမှုပမာဏကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာမှာလည်း သုံးပေါက်ပါတဲ့ ပလပ်တွေကိုပဲ အဓိကထားပြီး အသုံးပြုနေကြတာဖြစ်ပါတယ်။

ကိုယ့်အိမ်အထဲကိုဝင်ရောက်မီးသွယ်တန်းတဲ့အချိန်မှာ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတွေနဲ့ အ​ကောင်းဆုံးဆိုတဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ လျှပ်စစ်မီးသွယ်တန်းခြင်းနဲ့ ပတ်သက်ရင် တစ်နေရာတည်းမှာ ပြည့်စုံစေမယ့် UK Lighting & Electronic ကို ဆက်သွယ်လိုက်ပါ

🏚 ဆိုင်လိပ်စာ - UK Lighting & Electronic
အမှတ်- (ည/၈) ၊ အာသောကလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်းနံပါတ် - 09 89722 9090 ကို ဆက်သွယ်နိုင်ပါတယ်


#3-PinPlug

Address

No. (J/8), Arthawka Street, Bayint Naung Warehouses, MayangoneTownship
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959897229090

Website

Alerts

Be the first to know and let us send you an email when UK Lighting & Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category