Petrichor - Myanmar

Petrichor - Myanmar We mainly create and sell "handmade clay jewelry" and handmade workshops. Imagination into Creations | Founded in 2020 📍

ထပ်မံပြီး မကူးယူကြရန် မေတ္တာရပ်ခံခြင်း 🙏🩷 ကျွန်မဒီစာကိုရေးတဲ့အချိန် တကယ်ဒေါသကိုမေ့ထားပြီး  အကောင်းဆုံးပဲ ရေးသားထားပါတယ်ရ...
08/10/2025

ထပ်မံပြီး မကူးယူကြရန် မေတ္တာရပ်ခံခြင်း 🙏🩷 ကျွန်မဒီစာကိုရေးတဲ့အချိန် တကယ်ဒေါသကိုမေ့ထားပြီး အကောင်းဆုံးပဲ ရေးသားထားပါတယ်ရှင်

အခုချိန်မှာ Admin တို့ကိုယ်တိုင်လည်း တဖက်ကအလုပ်တွေကြောင့် တစ်နှစ်အတွင်းမှာ Petrichor ကိုသေချာဆက်ပြီး မသွားနိုင်သေးတာပါ။ ဒါဟာ ရပ်တန့်နေမှာလည်းမဟုတ်သလို ပိုပြီးကောင်းလာတဲ့ Brand တစ်ခုဆက်ရှိနေဖို့ နောက်လုပ်ငန်းတွေဆက်သွားဖို့ ကိုယ်တိုင်လည်း အသိပညာ အတန်းပညာ အသစ်တွေ အမြဲသင်ယူနေရသူပါ။

၂၀၂၁ လောက်ထဲက ထုတ်လာတဲ့ collection တွေထဲမှာ တန်ဖိုးအထားဆုံးက - "ဆံရစ်ဝိုင်း" 💛 "ပဒေါင်တိုင်းရင်းသူ" 💛 "ကြာပန်း" 💛 နဲ့ "ပုသိမ်ထီး"နားကပ်ပါပဲရှင့်။

ဘာပဲ ကူးယူယူ ညှိလည်းမထူးတဲ့အတွက် ဘာမှမပြော အေးဆေးနေခဲ့ပေမယ့် ပုသိမ်ထီးနားကပ်သည် polymer clay jewelry အနေနဲ့ စွန့်ဉီးတီထွင်ထားတာဖြစ်သည့်အတွက် idea ယူချင်ရင်တောင် ခွင့်တောင်းညှိနှိုင်းမှုလေးတော့ လုပ်စေချင်ပါတယ်ရှင့်။

တဖက်သူတွေအနေနှင့်လည်း သဘောပေါက်နားလည်လွယ်ပြီး mutual respect ရှိတဲ့သူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ် ✨

Creation တစ်ခုဖန်တီးတဲ့အခါ လွတ်လပ်စွာ အမြဲတွေးခေါ်မှသာ creation ကောင်းတစ်ခုထွက်လာမှာပါ။ ဒါပေမယ့် inspired နဲ့ ယူလိုက်တာနဲ့ကတော့ အဓိပ္ပာယ် ကွာဟလှပါတယ်။

#လက်မှုပညာ #လက်မှုနားကပ်

When my client is happy, I'm happy too ✨ 💕"Polymer clayearrings - Batik design project 3.0" 💎 Client - Indonesia Batik B...
04/09/2025

When my client is happy, I'm happy too ✨ 💕
"Polymer clayearrings - Batik design project 3.0"

💎 Client - Indonesia Batik Brand
💎 Creations by - Petrichor
💎 Client ပေးသော Brand ၏ပါတိတ်အရောင်များဖြင့်သာ လိုက်ဖက်အောင် ဖန်တီးထားပါသည်။
💎 Materials - 14k coated accessories & USA raw clay
💎 Handcrafted with Love - Customized design

အခုနဲ့ဆိုရင် Batik Design project တွေကိုင်တာ ၃ခုရှိသွားပါပြီ။ အမြဲ ယုံကြည်ပြီး အားပေးကြလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင် 🥰💖

စျေးနှုန်းအားဖြင့်လည်း Customized အပ်နှံချင်လျှင် အရေအတွကိအများပေါ်မူတည်ပြီး နားကပ်တစ်စုံလျှင် စျေးနှုန်း ၂သောင်းမှစတင်၍ ညှိနှိုင်းပေးပါတယ်ရှင် 🤍

"သင့်ရဲ့ စိတ်ကူးမှုများကို ဖန်တီးမှုဆီသို့"
Your imagination into creations
Petrichor ✨

"ယခု ဒီဇိုင်းလေးသည် Batik Brand နှင့် ညှိ၍ ထုတ်လုပ်ထားသည့်အတွက် ဒီဇိုင်းများအား မကူးယူရန်
ပန်ကြားအပ်ပါသည်ရှင်" 🙏

လက်ရာတွေကတော့ လှပနေတာပဲ ✨ အပိုမပြောဘူးနော် 😉 ညီမလေးရဲ့ အခုမှစတဲ့ Page လေးပါ အားပေးကြပါအုံးရှင်။
10/08/2025

လက်ရာတွေကတော့ လှပနေတာပဲ ✨ အပိုမပြောဘူးနော် 😉 ညီမလေးရဲ့ အခုမှစတဲ့ Page လေးပါ အားပေးကြပါအုံးရှင်။

ဒီ Indonesia Batik Clay earrings တွေက ၂၀၂၂ ထဲကအခုထိ Petrichor မှာလူကြိုက်များနေတုန်း 💖 Indonesian သူလေးတွေကိုယ်တိုင်လည်း...
05/08/2025

ဒီ Indonesia Batik Clay earrings တွေက ၂၀၂၂ ထဲကအခုထိ Petrichor မှာလူကြိုက်များနေတုန်း 💖 Indonesian သူလေးတွေကိုယ်တိုင်လည်းကြိုက်ကြတယ် 💜 အဲ့တာလေးတွေစလုပ်တော့ Inspiration ကို အမေ့ရဲ့ပါတိတ်ထမီတွေထဲက ကြည့်ခဲ့ရ 💎

ပါတိတ်တွေရမယ် 🥰 အနီလား အဝါလား ကြိုက်တာပြောနော် 👏🏻

သဘက်ခါထွက်မဲ့ ပါတိတ် collection ထဲကတချို့ပါ 💜 အရောင်, အဆင်တွေကိုတော့ ပိတ်စကအတိုင်းနမူနာယူထားပါတယ်။ အစမ်းလာ ပြကြည့်တာ 😍 ကိုယ်အကြိုက်ဆုံးကတော့ စိမ်းပြာလေး 💙 စုစုပေါင်း ၁၅မျိုးထွက်ရှိမှာမို့ စောင့်ပေးကြပါအုံးနော်

မေလကုန်လည်း မြန်မာ့ကြိုးကြီးချိတ် (Acheik) ဒီဇိုင်းတွေထွက်ရှိမှာမို့ stay tuned ပါ ✨

Batch 2 မှ အိမ်စာ Project လက်ရာလေးများထဲမှတစ်ချို့ 💕 ကိုယ်တိုင်လည်း သပ်ရပ်မှု၊ အရောင်အတွဲအစပ်တွေကို သေချာကြည့်တာမို့ အခု...
03/08/2025

Batch 2 မှ အိမ်စာ Project လက်ရာလေးများထဲမှတစ်ချို့ 💕 ကိုယ်တိုင်လည်း သပ်ရပ်မှု၊ အရောင်အတွဲအစပ်တွေကို သေချာကြည့်တာမို့ အခုလို Creation အလှလေးတွေ လုပ်နိုင်ကြတာကြည့်ပြီး တကယ်ကျေနပ်မိ ✨

🥰

FYI ✨ ကိုယ်တိုင်လည်း စိတ်ဝင်စားမိ 💖
21/07/2025

FYI ✨ ကိုယ်တိုင်လည်း စိတ်ဝင်စားမိ 💖

[English version below]
“Empower Myanmar Weaving Industry: Sustainable Weaving Practice “ သင်ရိုးစာအုပ်(online version)မိတ်ဆက်

“မြန်မာ့ရက်ကန်းလုပ်ငန်းတိုးတက်စေခြင်း – ရေရှည်တည်တံ့စေသော ရက်ကန်းလုပ်ငန်းအလေ့အကျင့်များ”ဟု အမည်ပေးခဲ့ကြသော (၇)လတာ စီမံကိန်း၏ အစိတ်အပိုင်းများမှ အရေးပါသည့်အစိတ်အပိုင်းတခုအဖြစ် တာဝန်ယူမှုရှိသောရက်ကန်းလုပ်ငန်းဆိုင်ရာ သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးချင်ပါသည်။ ဤသင်ရိုးစာအုပ်သည် ရက်ကန်းနှင့် အထည်အလိပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပိုင်းတွင် လစ်ဟာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့သော ပထမဦးဆုံးသင်တန်းနှင့် သင်တန်းနည်းပြများဖြစ်သည့် ချည်မျှင်နှင့် ရက်ကန်းပညာရှင်များ၏ လေ့လာခဲ့သည့်ပညာရပ်များမှ သင်ခန်းစာများကို အခြေခံ၍ စုစည်းရေးသားထားခြင်းဖြစ်ပြီး မြန်မာ့ရက်ကန်းလုပ်ငန်းများ၏တိုးတက်ရေးအတွက် အသုံးဝင်သောလေ့လာမှုအဖြစ်အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် လက်မှုအနုပညာရပ်များအတွက် စာအုပ်၊ စာတမ်းရှားပါသောကြောင့် ဤသင်ရိုးစာအုပ်သည် လေ့လာနေသူများ၊ ဖန်တီးနေသူများအတွက် အသုံးဝင်သည့် စာအုပ်တအုပ်ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

ဤသင်ရိုး၌ပါဝင်သော အဓိကအကြောင်းအရာများမှာ
⁃ ချည်မျှင်သင်ခန်းစာ (Yarn Theory)
⁃ လက်ငင်ချည်ငင်နည်း (Cotton Hand Spinning)၊
⁃ ချည်မျှင်နှင့်အထည်အလိပ်ပိုင်းဆိုင်ရာအရည်အသွေးထိန်းသိမ်းနည်း (Fabric Quality Control) နှင့်
⁃ အထည်အချောကိုင်နည်း (Fabric Treatment Methods) နှင့် အထည်ပေါင်းရုံ(Fabric Steaming House)မိတ်ဆက်တို့ဖြစ်ပါသည်။ ဤအကြောင်းအရာများသည် ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းများသည် တာဝန်ယူမှုရှိသောနည်းလမ်းဖြင့် လုပ်ကိုင်နိုင်ရန်၊ မြန်မာ့ရက်ကန်းနှင့် အထည်အလိပ်များ၏အရည်အသွေးနှင့်တန်ဖိုးကိုတိုးတက်စေမည့်လက်တွေ့အသုံးချနိုင်သောအချက်အလက်များဖြစ်ပါသည်။

ဤသင်ရိုးညွှန်းတမ်းစာအုပ်သည် ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာပညာရှင်များတို့၏ လေ့လာခဲ့ရသည့် ပညာရပ်များ၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်သောကြောင့် သာမန်လက်စွဲစာအုပ် တအုပ်အဖြစ်သာမက မြန်မာ့ရိုးရာ ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းကို ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မှီမြန်မာ့ရက်ကန်းလုပ်ငန်းအဖြစ်သို့ ရောက်ရှိစေရန်အတွက် စွမ်းဆောင်မှုရှိသောအရင်းအမြစ်တခုဖြစ်ပါစေကြောင်း မျှော်လင့်ပါသည်။
ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းလျှက် တာဝန်ယူမှုရှိသောနည်းလမ်းများဖြင့် မြန်မာ့ရက်ကန်းလုပ်ငန်းများ ဆက်လက်ရှင်သန်သွားနိုင်ရန် ရည်ရွယ်ပြီး စီစဉ်ခဲ့ပါသည်။
ဤစာအုပ်သည် online versionအနေဖြင့် လေ့လာမည့်သူအားလုံး အခမဲ့ download ရယူနိုင်အောင် စီစဉ်ထားပါသည်။
မိမိတို့သင်ရိုးကို လူဦးရေ မည်မျှ download လုပ်ပြီး လေ့လာနေကြလဲဆိုသည်ကို သိရှိနိုင်ရန် လေ့လာမည့်သူများအနေနှင့် download လုပ်ပြီးမှ လေ့လာပေးကြပါရန်နှင့် ဤသင်ရိုးစာအုပ်(online version)သည် ထောက်ပံ့ကူညီပေးကြသော Vocational Skills Development Program (VSDP), Community Partners Myanmar(CPM), SheCreates သူမလက်ရာတို့နှင့် စာရေးသူများသာ ပိုင်ဆိုင်ပြီး ရေးသားထားသည့် စာသားများကို စီးပွါးဖြစ်အနေနှင့် တစိတ်တပိုင်းကူးယူသုံးစွဲခြင်းများ၊ ပုံနှိပ်ထုတ်ဝေခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။

https://shecreatesmyanmar.org/blog/weaving-curriculum-2025/

Downloadable link: https://shecreatesmyanmar.org/sdc_download/33498/?key=ebqi5y0ml1tieiudrq10of1dabxsed

⸝

“Empower Myanmar Weaving Industry: Sustainable Weaving Practice” curriculum

We are pleased to introduce a curriculum on weaving practices as an important component of the seven-month project titled “Empower Myanmar Weaving Industry – Sustainable Weaving Practice.” This curriculum is based on the academic knowledge and real-world experiences of textile professionals. As such, it is more than just a guidebook—it is a strategic resource aimed at preserving, promoting, and modernizing Myanmar’s traditional weaving industry with the intention of equipping weavers, trainers, and industry professionals with essential, sustainable techniques for a resilient future.

The core topics included in this curriculum are:
• Yarn Theory
• Cotton Hand Spinning
• Fabric Quality Control
• Fabric Treatment Methods
• Introduction to Fabric Steaming Houses

These components are designed to empower learners with a deep understanding of the materials they work with, hands-on techniques for creating high-quality yarn and fabric, and methods for preserving and enhancing fabric through environmentally conscious treatment practices. Authors aim to fill the existing gaps in the development of Myanmar’s traditional weaving and textile sectors. It is designed to be a useful study resource for the advancement of Myanmar’s weaving industry.

In Myanmar, books and academic resources on traditional craftsmanship are scarce. Therefore, this curriculum is intended to serve as a valuable reference for both learners and creators in the weaving and textile fields.

It is available online as a free downloadable resource for anyone interested.

To help us understand how many people are accessing and studying the curriculum, we kindly ask that users download the material before studying it.

Please note that the content of this online version is the intellectual property of Vocational Skills Development Program (VSDP), Community Partners Myanmar (CPM), SheCreates, and the authors. We respectfully request that no part of this material be reproduced, distributed, or used for commercial purposes without permission.

https://shecreatesmyanmar.org/blog/weaving-curriculum-2025/

Downloadable link: https://shecreatesmyanmar.org/sdc_download/33498/?key=ebqi5y0ml1tieiudrq10of1dabxsed

ကိုယ်အကြိုက်ဆုံးကိုယ့် Creation တွေထဲကတစ်ခု ✨ Bridgerton Series ရဲ့ အရောင်တွေကို Inspired ယူပြီး Polymer clay နားကပ်လေးတ...
01/07/2025

ကိုယ်အကြိုက်ဆုံးကိုယ့် Creation တွေထဲကတစ်ခု ✨ Bridgerton Series ရဲ့ အရောင်တွေကို Inspired ယူပြီး Polymer clay နားကပ်လေးတွေ ထုတ်ဖြစ်ခဲ့တုန်းက 💙💜💕

Happy Five Years of Creativity, Community, and Connection 🤩💖 ✨ မယုံနိုင်စရာပဲနော်၊ Petrichor Clay Jewelry ဆိုတဲ့ ဒီခရီးလ...
03/06/2025

Happy Five Years of Creativity, Community, and Connection 🤩💖

✨ မယုံနိုင်စရာပဲနော်၊ Petrichor Clay Jewelry ဆိုတဲ့ ဒီခရီးလေးကို စတင်ခဲ့တာ ၅ နှစ်တောင် ပြည့်သွားပြီ! ၂၀၂၀ က သေးသေးလေးနဲ့ စခဲ့တဲ့ ကျွန်မတို့ရဲ့ အမှတ်တံဆိပ်လေးဟာ အခုဆို အိပ်မက်ထဲမှာတောင် မထင်မှတ်ထားလောက်အောင် ကြီးထွားလာခဲ့ပါပြီ။ ဒီအတွက် အဓိက ကျေးဇူးတင်ရမှာကတော့ ကျွန်မတို့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေကြောင့်ပါပဲ 💖

Petrichor ကို စတည်ခဲ့တုန်းက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ပျော်ရွှင်မှုတွေပေးနိုင်ပြီး တစ်ဦးချင်းစီရဲ့ ထူးခြားမှုကို ဖော်ပြပေးနိုင်တဲ့ လက်မှု polymer clay - မြေစေးလက်ဝတ်ရတနာလေးတွေ ဖန်တီးဖို့ပါပဲ။ ဒီစိတ်ကူးလေးကနေ စခဲ့တာ အခုဆို ပိုပြီး ကြီးမားတဲ့အရာတစ်ခု ဖြစ်လာခဲ့ပြီပေါ့။ ဒီ ၅ နှစ်တာကာလအတွင်းမှာ ကျွန်မတို့ရဲ့ စိတ်ဓာတ်နဲ့ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေကို အသေးစိတ် ဂရုတစိုက်ပြုလုပ်ထားတဲ့ လက်ရာပစ္စည်းတိုင်းထဲမှာ လှိုက်လှိုက်လှဲလှဲ ထည့်သွင်းထားပါတယ်။🏺

ဒါပေမဲ့ Petrichor ဆိုတာ လက်ဝတ်ရတနာသက်သက် မဟုတ်ပါဘူး။ ဒါဟာ ခင်မင်ရင်းနှီးတဲ့ လူမှုအသိုက်အဝန်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လက်မှုအလုပ်ရုံ (handmade workshops) တွေကို ရာနဲ့ချီတဲ့ ဖန်တီးချင်စိတ်ရှိသူတွေအတွက် ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ကျေနပ်မိပါတယ်။ ရန်ကုန်မှာ တက်ရောက်သူ ၄၀၀ ကျော်ရှိခဲ့ပြီး ဒီ workshop တွေဟာ ဖန်တီးနိုင်စွမ်းတွေ ပွင့်လန်းတဲ့နေရာ၊ လက်မှုပညာတွေ တိုးတက်တဲ့နေရာနဲ့ မိတ်ဆွေသစ်တွေ ရရှိတဲ့ ပျော်ရွှင်စရာနေရာလေး ဖြစ်လာခဲ့ပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ရာလှလှလေးတွေကို မြင်ရတဲ့အခါ ဝမ်းသာပီတိဖြစ်နေတာကို မြင်ရတာ ကျွန်မတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ 🎨

ပြန်ကြည့်လိုက်ရင် Pop-up ဈေးရောင်းပွဲတွေ၊ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ပရောဂျက်တွေကစလို့ Online ပွဲတွေနဲ့၊ ကျွန်မတို့ အရမ်းချစ်ရတဲ့ workshop တွေအထိ မမေ့နိုင်စရာ အခိုက်အတန့်တွေ အများကြီးကို ဖြတ်သန်းခဲ့ကြရပါတယ်။ တစ်ခုချင်းစီတိုင်းက လက်မှုပညာရဲ့ စွမ်းအားနဲ့ ဒါကို ဖန်တီးရင်း ရရှိလာတဲ့ ဆက်သွယ်မှုလေးတွေရဲ့ သက်သေပါပဲ။ 🎀

ဒီ ၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့ အနေနဲ့ အနူးညွတ်ဆုံး ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ အားလုံးနဲ့အတူ ဖန်တီးမှုတွေ၊ ချိတ်ဆက်မှုတွေနဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို ဆက်ပြီး ဖန်တီးသွားဖို့ မစောင့်နိုင်တော့ပါဘူးရှင် 💖

Can you believe it's been five whole years since we embarked on this incredible journey called Petrichor Clay Jewelry? From our humble beginnings in 2020 as a small, passionate brand, we've grown in ways we could only dream of, and it's all thanks to you – our amazing community!

When we started Petrichor, our goal was simple: to create unique, handcrafted clay jewelry that brought joy and expressed individuality. What began as a spark of an idea quickly blossomed into something much bigger. Over the past five years, we've poured our hearts into every single piece, meticulously crafting designs that reflect our dedication to artistry and quality.

But Petrichor is more than just jewelry; it's a vibrant community. We've had the immense pleasure of opening our doors to hundreds of aspiring crafters through our handmade workshops in Yangon. With over 400 attendees and counting, these workshops have become a joyful space where creativity flourishes, skills are honed, and new friendships are forged. Seeing your faces light up as you create your own beautiful pieces is truly the most rewarding experience.

As we celebrate this 5th anniversary, we want to express our deepest gratitude. Thank you for your unwavering support, your trust in our craft, and for being such an integral part of the Petrichor family. 💖

ရန်ကုန်အခြေစိုက် Batik Brand တစ်ခုအတွက် ဖန်တီးပေးထားဖြစ်သော "Clay Earrings" လေးတွေပါ ✨ 🪭ဒီဇိုင်း၊ အရောင်တွေရော စိတ်ကြိုက...
06/05/2025

ရန်ကုန်အခြေစိုက် Batik Brand တစ်ခုအတွက် ဖန်တီးပေးထားဖြစ်သော "Clay Earrings" လေးတွေပါ ✨ 🪭

ဒီဇိုင်း၊ အရောင်တွေရော စိတ်ကြိုက်ဖန်တီးခွင့်ပေးတော့ "Rich Asian" vibe လေးပေါ်လွင်အောင် ကာလာ စိုစိုလေးတွေသုံးပေးထားပါတယ်ရှင်။ အမြဲယုံ"ကြည်"နှင့်အားပေးလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင် 💛

• Size - 3.5cm - 4.5cm
• Materials - Polymer clay, 14k finding materials, fresh water pearl.
• Earrings head - Hook or Stud (နောက်ပိုင်းဆိုရင် နားကပ်ခေါင်းလေးတွေ ရွေးချယ်လို့ရအောင် တင်ပေးပါမယ်ရှင်)
• Waiting time - once a week / 10 days one time delivery

DM us for detail and price adjustment ✨
"Imagination into Creations"

ကြိုက်လိုက်တာ 💖
02/05/2025

ကြိုက်လိုက်တာ 💖

Indonesia Batik Designs 🇮🇩🪞Clay Jewelry လေးတွေအခုလိုမျိုး ယုံကြည်စွာ အပ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် ✨ ပ...
22/04/2025

Indonesia Batik Designs 🇮🇩🪞Clay Jewelry လေးတွေအခုလိုမျိုး ယုံကြည်စွာ အပ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် ✨

ပုံထဲကတော့ order တစ်ချို့တစ်ဝက်လေးပါ။ နားကပ် Accessories လေးတွေနဲ့ချိတ်ပြီးရင် ပုံလေးထပ်တင်ပေးပါအုံးမယ်နော် 🎀 အခုလိုမျိုး အစုံရေအများနဲ့ မှာယူချင်လည်း လက်ခံနေပါပြီရှင်။ Detail အတွက် Messenger သို့စုံစမ်းနိုင်ပါတယ်ရှင်။

"Imagination into Creation"

Address

Yangon

Telephone

+959792437739

Website

Alerts

Be the first to know and let us send you an email when Petrichor - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share