Everest Aluminium

Everest Aluminium We care about Quality. We care about Design. We care about Craftmanship and
promise you peace of mind with our passion.

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အရင်က Manual တွန်းဖွင့်၊ ဆွဲဖွင့်ရတဲ့ တံခါးတွေကနေ အခုနောက်ပိုင်းမှာတော့ Sensor Door တွေကို...
21/05/2026

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အရင်က Manual တွန်းဖွင့်၊ ဆွဲဖွင့်ရတဲ့ တံခါးတွေကနေ အခုနောက်ပိုင်းမှာတော့ Sensor Door တွေကို အသုံးများလာကြတာ သတိထားမိကြမှာပါ။

💠 Sensor Door တွေရဲ့ အလုပ်လုပ်ပုံ
အဝင်အထွက်လုပ်တဲ့ အခါမျိုးမှာ တံခါးကို လက်နဲ့ တွန်းစရာ၊ ဆွဲစရာ မလိုဘဲ အာရုံခံ Sensor ကနေတစ်ဆင့် လူလာတာနဲ့ ချက်ချင်း အလိုအလျောက် ပွင့်ပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

💠 နေရာယူမှု
တံခါးက ဘေးဘက်ကိုပဲ ကပ်ပြီး ပွင့်သွားတဲ့ စနစ်ဖြစ်လို့ အရှေ့အနောက် ဧရိယာပုပ်တာမျိုး မရှိဘဲ ရုံးခန်း သို့မဟုတ် Showroom ရဲ့ အတွင်းပိုင်း မြင်ကွင်းကို ပိုပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ရှင်းလင်းတဲ့ အမြင်ကို ရရှိစေမှာပါ။

💠 သန့်ရှင်းမှုရှိခြင်း
လူရာနဲ့ချီပြီး ဝင်ထွက်နေတဲ့ နေရာမျိုးမှာ တံခါးလက်ကိုင်တွေကို အကြိမ်ကြိမ် ကိုင်တွယ်ရာကနေ ဖြစ်မယ့် အညစ်အကြေးနဲ့ ပိုးမွှားအန္တရာယ်တွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

💠 ရေရှည်ခံနိုင်ရည်အား
Sensor Door တွေရဲ့ Auto System ဟာဆိုရင် အရှိန်ပြင်းပြင်း ဆောင့်ပိတ်မိတာမျိုး မရှိဘဲ စနစ်တကျ ငြင်သာစွာ အဖွင့်အပိတ် လုပ်တာကြောင့် ပတ္တာတွေ၊ Frame တွေ ပျက်စီးမှုကို သက်သာစေပြီး ရေရှည် အသုံးခံစေပါတယ်။

ဒါကြောင့်မို့လို့ နေ့ရက်တိုင်းကို ပိုပြီး စမတ်ကျကျနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ EVEREST Aluminium မှာ စိတ်ကြိုက် Doors & Windows ဒီဇိုင်းအစုံအလင်ကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 💖

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်...
EVEREST Aluminium

Feel Free to contact us below 👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

🌟 နေထိုင်ရတာ ပိုကျယ်ဝန်းသွားတယ်လို့ ခံစားရစေဖို့ Space ကို ဘယ်လိုအသုံးချလို့ရနိုင်မလဲဆိုတဲ့ နည်းလမ်း (၄) သွယ်ကို EVEREST...
19/05/2026

🌟 နေထိုင်ရတာ ပိုကျယ်ဝန်းသွားတယ်လို့ ခံစားရစေဖို့ Space ကို ဘယ်လိုအသုံးချလို့ရနိုင်မလဲဆိုတဲ့ နည်းလမ်း (၄) သွယ်ကို EVEREST မှ ပြောပြပေးချင်ပါတယ်ရှင်။

(၁) Glass Door တွေကို အစားထိုးပါ။
အုတ်နံရံတွေနဲ့ အပြည့်ပိတ်မယ့်အစား Sliding Door ဒါမှမဟုတ် Folding Door တွေလိုမျိုး မှန်တံခါးတွေကို အသုံးပြုခြင်းက အိမ်အထဲနဲ့ အိမ်အပြင်ကို တစ်ဆက်တည်းဖြစ်သွားစေပြီး အမြင်အာရုံမှာ အဟန့်အတားမရှိဘဲ နေရာကို ပိုကျယ်သွားသလို ခံစားရစေမှာပါ။

(၂) Black Frame + Clear Glass
Modern & Clean Look ရရှိစေဖို့အတွက်ကိုတော့ အနက်ရောင်ဘောင် (Black Frame) နဲ့ မှန်ကြည် (Clear Glass) ကို တွဲဖက်အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ ဒီလိုတွဲဖက်လိုက်ခြင်းက အိမ်ကို Premium ဆန်သွားစေတဲ့အပြင် အမြင်အာရုံမှာ ရှုပ်ထွေးမှုမရှိဘဲ ရှင်းလင်းကျယ်ဝန်းနေစေမှာပါ။

(၃) သဘာဝအလင်းရောင်
အလင်းဝင်လေလေ Space က ပိုရှင်းပြီး ကျယ်သလို ခံစားရလေလေပါပဲ။ ဒါကြောင့် အလင်းရောင် များများဝင်နိုင်မယ့် ပြတင်းတံခါး ဒီဇိုင်းတွေကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ သဘာဝအလင်းရောင်က နေအိမ်ကို ပိုမိုတောက်ပပြီး သက်သောင့်သက်သာရှိတဲ့ ရပ်ဝန်းတစ်ခု ဖြစ်လာစေမှာပါ။

(၄) Heavy Design တွေကို ရှောင်ပါ။
ဘောင်ထူထူ၊ အရောင်များများနဲ့ Heavy ဒီဇိုင်းတွေက နေရာကို ပိုပုပ်စေသလို ခံစားရစေပါတယ်။ Simple ဖြစ်တဲ့ Modern Design တွေကမှ သပ်ရပ်ကျော့ရှင်းတဲ့ Expensive Look ကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်ရှင်။

နေရာအလေအလွင့်မရှိဘဲ ခေတ်မီတဲ့ Living Style တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ Everest Aluminium မှာ လာရောက်တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်...
EVEREST Aluminium

Feel Free to contact us below 👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

16/05/2026

💫 YCC မှာ ကျင်းပပြုလုပ်နေတဲ့ Buid Smart Expo 2026 ပွဲအခမ်းအနားမှ EVEREST Aluminium ပုံရိပ်များ

ဒီပွဲလေးမှာဆိုရင် EVEREST Aluminium ရဲ့ အရည်အသွေးမြင့် Aluminium Doors and Windows အစုံအလင်ကို တစ်နေရာတည်းမှာ မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

မနက်ဖြန် 17.5.2026 (တနင်္ဂနွေ) တစ်ရက်သာ ပြပွဲလေး ကျန်ရှိတော့တာမို့ EVEREST Customers များအနေဖြင့် လက်လွှတ်မခံဘဲ အမြန်ဆုံး လာရောက်လေ့လာဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်ရှင်

Location - Yangon Convention Center ( Inyar Lake Hotel ဝန်းအတွင်း )

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်...
EVEREST Aluminium


📍 EVEREST Aluminium Trade Show at YCCMay 15 , 16 , 17 သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်နေတဲ့ Yangon Convention Center က Bu...
15/05/2026

📍 EVEREST Aluminium Trade Show at YCC

May 15 , 16 , 17 သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်နေတဲ့ Yangon Convention Center က Build-Smart & Biggest Myanmar Production 2026 Expo ပွဲအခမ်းအနားကြီးမှာ EVEREST Aluminium လည်း အတူရှိနေပါတယ်။

Aluminium Doors and Windows တွေကို စိတ်ဝင်စားတဲ့ Customers များအနေဖြင့် လက်လွှတ်မခံသင့်တဲ့ ပွဲအခမ်းအနားလေးမို့ မနက်ဖြန် (၁၆) ရက်နေ့နဲ့ သဘက်ခါ (၁၇) ရက်နေ့မှာလည်း ပွဲလေးကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

🗓 Event Date - 15.5.2026 to 17.5.2026

📌 Location - Yangon Convention Center (YCC)

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်
EVEREST Aluminium


🌟 Build-Smart & Biggest Myanmar Production 2026 Expo ပြပွဲကြီးမှာ EVEREST Aluminum လည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ပြပွဲလေ...
14/05/2026

🌟 Build-Smart & Biggest Myanmar Production 2026 Expo ပြပွဲကြီးမှာ EVEREST Aluminum လည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပြပွဲလေးကိုတော့ Yangon Convention Center (YCC) တွင် မေလ (15/16/17) သုံးရက်တိုင်တိုင် ကျင်းပပေးသွားမှာပါ။

Aluminium Doors & Windows Update Series တွေကို ကြည့်ရှုနိုင်မှာမို့ အလူမီနီယမ်ကို စိတ်ဝင်စားကြတဲ့ Customers များအနေနဲ့ မဖြစ်မနေလာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

Date - May 15 , 16 , 17

Time - 9 am to 5 pm

Location - Yangon Convention Centre - YCC ( Inya Lake Hotel ဝင်းအတွင်း)


12/05/2026

✨ Interior Partition တိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှု " EVEREST Signature - 4516 "

EVEREST Aluminium ဟာဆိုရင် 2019 ခုနှစ်ကနေ စတင်ခဲ့ပြီး အရည်အသွေးမြင့် Aluminium doors & windows တွေကို Customer စိတ်တိုင်းကျ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ထုတ်လုပ်တပ်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။ 💌

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်
EVEREST Aluminium

Feel Free to contact us below 👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

10/05/2026

✨ အရည်အသွေးကောင်းတဲ့ အလူမီနီယမ် ဟုတ်မဟုတ် ဘယ်လိုခွဲခြားမလဲ?

(၁) ဖရိန်အထူ (Frame Thickness)
(၂) ဆေးသား (Powder Coating)
(၃) Hardware Accessories

EVEREST Aluminium ဟာဆိုရင် 2019 ခုနှစ်ကနေ စတင်ခဲ့ပြီး အရည်အသွေးမြင့် Aluminium doors & windows တွေကို Customer စိတ်တိုင်းကျ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ထုတ်လုပ်တပ်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။ 💌

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်
EVEREST Aluminium

Feel Free to contact us below 👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

🏠 အခန်းဖွဲ့ဖို့ နံရံနဲ့ခြားမယ့်အစား အခုလို Folding Door (ခေါက်တံခါး) တပ်ဆင်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။ဘာလို...
08/05/2026

🏠 အခန်းဖွဲ့ဖို့ နံရံနဲ့ခြားမယ့်အစား အခုလို Folding Door (ခေါက်တံခါး) တပ်ဆင်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။

ဘာလို့လဲဆိုတော့ ပုံမှန် နံရံအသေတွေက အခန်းကို အလင်းပိတ်ပြီး ကျဉ်းကျပ်သလို ခံစားရစေပေမယ့် Folding Door ကတော့ အခန်းနှစ်ခုကို လိုအပ်သလို အပိတ်အဖွင့် လုပ်နိုင်ပါတယ်။

✅ တံခါးချပ်တွေကို တစ်ဖက်တည်းမှာ စုပြီး ခေါက်သိမ်းထားလို့ ရတာကြောင့် နေရာရဲ့ ၉၅% အထိ အပြည့်အဝ ဖွင့်လှစ်နိုင်ပါတယ်။ တံခါးကို ခေါက်သိမ်းထားတဲ့အခါမှာလည်း နှစ်ပေဝန်းကျင်လောက်သာ နေရာယူထားတာမို့ နေရာစားသက်သာပါတယ်။

ဒါ့အပြင် Folding Door တွေကို မှန်အကြည်တွေနဲ့ တွဲဖက်အသုံးပြုထားတာမို့ တံခါးပိတ်ထားရင်တောင် အခန်းကို ကျယ်ဝန်းသယောင် ခံစားရစေမှာပါ။🍃

✨ ဧည့်ခန်းနဲ့ ထမင်းစားခန်း ကြားမှာပဲဖြစ်ဖြစ်၊ ရုံးခန်းအတွင်းမှာပဲဖြစ်ဖြစ် အခုလို Folding Door လေးတွေနဲ့ အခန်းဖွဲ့လိုက်တာက ခေတ်မီတဲ့ Luxury Vibe ကိုပါ ပေးစွမ်းနိုင်ပါတယ်။

Everest ရဲ့ Folding Door တွေမှာဆိုရင် တံခါးချပ်ကို နှစ်သက်ရာအရွက်ရေထားရှိနိုင်ပြီး အဖွင့်အပိတ်လုပ်ရာမှာလည်း ငြိမ့်ညောင်းမှုရှိစေဖို့ Hardware Accessories တွေကို အရည်အသွေးအကောင်းဆုံး (Premium Quality) တွေသာ အသုံးပြုတပ်ဆင်ပေးထားပါတယ်ရှင်။ ✅

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက EVEREST Aluminium Showroom ကို ကြွလှမ်းခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ် 💌

Quality နဲ့ တာဝန်ခံ၊
Luxury တိုင်းအတွက်...
Everest Aluminium

Feel Free to contact us below

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Feel Free to contact us below ail.com 👇

အိမ် ဆောက်တဲ့အခါ ၊ Renovation ပြန်လုပ်တဲ့အခါ ပြတင်းတံခါးရွေးချယ်မှုက သိပ်ကို အရေးကြီးပါတယ်။ အိမ်လှဖို့လိုသလို နေထိုင်ရတာ...
06/05/2026

အိမ် ဆောက်တဲ့အခါ ၊ Renovation ပြန်လုပ်တဲ့အခါ ပြတင်းတံခါးရွေးချယ်မှုက သိပ်ကို အရေးကြီးပါတယ်။ အိမ်လှဖို့လိုသလို နေထိုင်ရတာ သက်သောင့်သက်သာရှိဖို့ ၊ နှစ်ကြာရှည်စွာထိ ပုံစံမပျက် ကျန်းမာကြံ့ခိုင်နေဖို့ ဒီအချက်တွေကို ဘက်ပေါင်းစုံက ဖြည့်တွေးရပါတယ်။

ဒါ့ကြောင့် သေချာစဉ်းစားပါ၊ ပြတင်းတံခါး ရွေးချယ်တဲ့အခါ

✅ နေရာနဲ့ ကိုက်ညီမှု ရှိရဲ့လား?

အိပ်ခန်းအတွက်လား၊ ဧည့်ခန်းအတွက်လား နေရာပေါ်မူတည်ပြီး ရွေးချယ်ရမယ့် Series တွေက မတူညီပါဘူးရှင်။ အိပ်ခန်းမှာဆိုရင် အေးချမ်းငြိမ်သက်ဖို့ အသံလုံစနစ်ကို အသားပေးရမှာဖြစ်သလို၊ ဧည့်ခန်းမှာဆိုရင်တော့ မြင်ကွင်းကျယ်ကျယ်နဲ့ ခန့်ညားဖို့ကို ဦးစားပေးရမှာ ဖြစ်ပါတယ်ရှင်။

✅ လေဝင်လေထွက်ရော ကောင်းရဲ့လား?

ဒီဇိုင်းလှရုံတင်မဟုတ်ဘဲ အဖွင့်အပိတ် လုပ်ရတာ ပေါ့ပါးချောမွေ့ပြီး လေဝင်လေထွက် အကောင်းဆုံးရမယ့် ဒီဇိုင်းမျိုးကို ထပ်လောင်း ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်ရှင်။

✅ မိုးဒဏ်၊ လေဒဏ် ခံနိုင်ရည်ရှိရဲ့လား?

အခုလို မိုးရာသီနီးလာချိန်မှာ ဒါက အရေးကြီးဆုံးပါပဲ။ Frame Thickness အနည်းဆုံး (1.4)mm အထူရှိတဲ့ Profile တွေ၊ အရည်အသွေးမြင့် silicone နဲ့ ဆယ်စုနှစ်ချီ ပုံစံမပျက်တဲ့ EPDM ရာဘာတွေနဲ့ တပ်ဆင်ထားမှသာ စိတ်ချရနိုင်ပါမယ်ရှင်။

✅ နှစ်ရှည်လများ အသုံးခံတဲ့ Quality

တစ်ခါတပ်ရုံနဲ့ တစ်သက်စာ စိတ်အေးရဖို့ဆိုရင် တာဝန်ခံမှုရှိတဲ့ Brand ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ Everest Aluminium ကတော့ ၂၀၁၉ ခုနှစ်ကနေ စတင်ခဲ့ပြီး အရည်အသွေးမြင့် Aluminium Doors & Windows တွေကို Customer စိတ်တိုင်းကျ Luxury စံနှုန်းတွေနဲ့အညီ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ တပ်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။

အကောင်းဆုံးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ EVEREST Aluminium Showroom ကို လှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 💌

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်...
EVEREST Aluminium

Feel Free to contact us below 👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

လေပြင်းတိုက်တဲ့အခါ မှန်တွေကွဲနိုင်လား။ 🌪️တကယ်တော့ လေတိုက်ရုံသက်သက်နဲ့ မှန်ကွဲဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမဲ့... လေပြင်းနဲ...
03/05/2026

လေပြင်းတိုက်တဲ့အခါ မှန်တွေကွဲနိုင်လား။ 🌪️

တကယ်တော့ လေတိုက်ရုံသက်သက်နဲ့ မှန်ကွဲဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမဲ့... လေပြင်းနဲ့အတူ လွင့်လာတဲ့ သစ်ကိုင်းတွေ၊ ပစ္စည်းတွေက မှန်ကို လာရိုက်မိတာ ဒါမှမဟုတ် အလူမီနီယံဘောင်က ပါးနေရင် လေဖိအားကို မခံနိုင်ဘဲ တုန်ခါရာကနေ ကွဲတတ်တာပါ။

လေဘယ်လောက်ပြင်းပြင်း စိတ်ချရမှု ရှိဖို့ဆို

💢မှန်တင်ကောင်းနေရုံနဲ့ မရပါဘူး၊ မှန်ကို ထိန်းထားပေးတဲ့ အလူမီနီယံဘောင်က လေဖိအားကို ကြံ့ကြံ့ခံနိုင်လောက်တဲ့ Frame Thickness စံချိန်စံညွှန်းရှိဖို့ လိုပါတယ်။

💢 Installation အပိုင်းမှာလည်း မှန်နဲ့ ဘောင်ကြားထဲမှာ လေတိုးပေါက်မရှိအောင်၊ တုန်ခါမှုဒဏ်ကို ထိန်းပေးနိုင်အောင် ကျွမ်းကျင်စွာ တပ်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။

💢 ပိုလုံခြုံချင်တယ်ဆိုရင်တော့ ရိုးရိုးမှန်ထက်စာရင် ပိုမိုခိုင်ခံ့တဲ့ Tempered Glass လို မှန်မျိုးကို Quality ပြည့်မှီတဲ့ အလူမီနီယံဖရိန်မျိုးနဲ့ တွဲဖက်လိုက်တာက အကောင်းဆုံးပါပဲ။

ဒါကြောင့် နေအိမ်ရဲ့ ကြံ့ခိုင်မှုနဲ့ အလှအပအတွက် အရည်အသွေးပိုင်းမှာ စိတ်ချရတဲ့ Everest Aluminium ရဲ့ Door & Window တွေကို ရွေးချယ်ဖို့ အကြံပြုပါရစေ။🏠✨

Everest Aluminium ဟာ 2019 ခုနှစ်ကနေ စတင်ခဲ့တာ အခုဆို (၇) နှစ်သက်တမ်းရှိပါပြီ။ (၇) နှစ်တာကာလမှာ အရည်အသွေးပိုင်းကို အထူးဂရုစိုက်ခဲ့သလို Customers တွေရဲ့ ယုံကြည်မှုကို အရင်းတည်ပြီး ခိုင်ခံ့လှပတဲ့ နေအိမ်ပေါင်းများစွာကို ဖန်တီးပေးခဲ့တာမို့

လေပြင်းဒဏ်တင်မကဘဲ ရာသီဥတုဒဏ်ကိုပါ အပြည့်အဝ စိတ်ချရအောင် EVEREST Aluminium နဲ့သာ ယုံကြည်စိတ်ချစွာ လက်တွဲလိုက်ပါ။🤝

Quality နဲ့ တာဝန်ခံ
Luxury တိုင်းအတွက်…
EVEREST Aluminium

Feel Free to contact us below👇

Opening Time: 8:00AM-5:00PM (Mon-Sat)

Showroom Address: No.917, Pyay Road, Saw Bwar Gyi Gone Ward, 10 Mile, Insein Township, Yangon (In front of Home Channel)

Hotline: 09-880911639 , 09-454436800 , 09-420097588

Email: [email protected]

Address

No. 917, Pyay Road, Saw Bwar Gyi Gone Ward, Insein Township
Yangon

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00
Saturday 08:00 - 05:00

Telephone

+959454436800

Website

Alerts

Be the first to know and let us send you an email when Everest Aluminium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Everest Aluminium:

Share