My Garden Indoor Plants Shop

My Garden Indoor Plants Shop ရာသီပေါ်အသီးအနှံနှင့်စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် လက်လီ/လက်ကားရောင်းချပေးနေပါပြီ🍀🍀🍀🍀🍀 Local service

လက္ကား ဖာလိုက်ဈေးပါ ။ ရန်ကုန်မှာပစ္စည်းအသင့်ရှိပါသည် ။ စျေးနှုန်းများကိုchat box မှတစ်ဆင့်မေးပေးပါ ။
29/02/2024

လက္ကား ဖာလိုက်ဈေးပါ ။

ရန်ကုန်မှာပစ္စည်းအသင့်ရှိပါသည် ။

စျေးနှုန်းများကိုchat box မှတစ်ဆင့်မေးပေးပါ ။

ပန်းလေးတွေကြည့်နေရချိန် ဘဝအမောတွေ ခဏမေ့တယ် .. 🌼🌼🌼🌸🌸🌸🏵️🏵️🏵️
26/02/2024

ပန်းလေးတွေကြည့်နေရချိန် ဘဝအမောတွေ ခဏမေ့တယ် ..
🌼🌼🌼🌸🌸🌸🏵️🏵️🏵️

တစ်နေ့တာ အမောတွေပြေကြပါစေရှင် .... 🌼🌼🌼
22/02/2024

တစ်နေ့တာ အမောတွေပြေကြပါစေရှင် .... 🌼🌼🌼

နေပူဒဏ်ကို အံ့တု အလှပဆုံး ပွင့်ရက်နိုင်တဲ့ ရနံ့မရှိပေမယ့် ကျမချစ်ရသော ပန်း... 🤍
20/02/2024

နေပူဒဏ်ကို အံ့တု အလှပဆုံး ပွင့်ရက်နိုင်တဲ့ ရနံ့မရှိပေမယ့် ကျမချစ်ရသော ပန်း... 🤍

တစ်ပွင့်တည်း သို့ပေမယ့် သံမဏိနှင်းဆီ 🌹
19/02/2024

တစ်ပွင့်တည်း သို့ပေမယ့် သံမဏိနှင်းဆီ 🌹

19/02/2024

စိတ်အမောပြေရတဲ့ တခဏတာ.. 🌹🌹

🌻🌻🌻
18/02/2024

🌻🌻🌻

Flower & sunlight 🧡🧡
18/02/2024

Flower & sunlight 🧡🧡

လှရက်လွန်းလို့ 💗🌿
09/02/2024

လှရက်လွန်းလို့ 💗🌿

ဝယ်ချင်နေတဲ့ ဆန္ဒကို ငါစိုက်ရင် သေမှာပဲဆိုတဲ့စိတ်ကလေးနဲ့ ထိန်းထားရတယ် 😌 crd
09/02/2024

ဝယ်ချင်နေတဲ့ ဆန္ဒကို ငါစိုက်ရင် သေမှာပဲဆိုတဲ့စိတ်ကလေးနဲ့ ထိန်းထားရတယ် 😌

crd

😎 ပိန်းပန်း စိုက်ပျိုးနည်း===================~ Anthurium- မြန်မာနိုင်ငံတွင်ပိန်းပန်းကို ဒေသမျိုး ၊ တရုတ်နဲ့ ယိုဒယားပိန်း...
09/02/2024

😎 ပိန်းပန်း စိုက်ပျိုးနည်း
===================
~ Anthurium

- မြန်မာနိုင်ငံတွင်ပိန်းပန်းကို ဒေသမျိုး ၊ တရုတ်နဲ့ ယိုဒယားပိန်းပင်များ အများဆုံးစိုက်ပျိုးကြပါတယ်ခင်ဗျာ ...

- ပိန်းပင်ဟာ တိုက်ရိုက်အလင်းရောင်ကို လုံးဝမကြိုက်ပါဘူး ... အပင်ကြီးများအောက် ၊ အိမ်တံဆက်မိတ်အောက် တို့တွင်သာ ထားသင့်ပါတယ် ...

- ဒါမှမဟုတ် စိုက်ပျိုးရေးသုံး အစိမ်းစဇကာ ( ပိုက်စိမ်းစ ) အုပ်မိုးပြီးစိုက်ပျိုးရင်လဲ အဆင်ပြေပါတယ် ... တိုက်ရိုက် အလင်းရောင်ထိတဲ့အပင်များဟာ အရွက်များဝါကျပြီး သေဆုံးတတ်ပါတယ် ...

- အရွက်ကြွေရာမှာ နှင်းကြောင့်လဲ ကြွေပါတယ် ... အထူးသဖြင့် မလေးရှားမျိုး နဂါးမောက်ပိန်း ( သို )့ဇွန်ခွက်ပိန်းများဟာ နှင်းများတာနဲ့အမျှ အရွက်များကြွေကျကုန်ပါတယ် ...

- ဒါပေမယ့် သေဆုံးခြင်းတော့မရှိပါဘူး ... အရွက်များပြန်ထွက်ရန်အတွက်သာ အချိန်ယူရပါတယ်ခင်ဗျာ ...

- ပိန်းပင်များဟာပန်းပွင့်ရန်အတွက် ရက်ပေါင်း ( ၄၀ / ၄၅ ) ရက်လောက်အချိန်ယူရပါတယ် ... အေးတဲ့ရာသီဥတုမှာ အပွင့်သေးပြီး ရိုးတံတိုပါတယ် ....

- ရေကိုကြိုက်နှစ်သက်မှုမှာတော့ ဒေသမျိုးနဲ့ တရုတ် ၊ ယိုဒယား ပိန်းပင်များဟာ ကွဲပြားခြားနားပါတယ် ... ဒေသမျိုးဟာ ရေကိုနေ့စဉ်ဖြန်းပေးလို့ရပါတယ် ...

- တရုတ် ၊ ယိုးဒယာမျိုးများကတော့ အောက်ခံမြေကြီး ၊ ပွားစာ ၊ ခြောက်ခါနီးမှ တစ်ခါလောင်းရင် ရပါပြီခင်ဗျာ ... အဓိက ကတော့ ရေဆင်းကောင်းဖို့ဖြစ်ပါတယ် ...

- ပိန်းပန်းပင်များကို စိုက်ပျိုးမည်ဆိုပါက အပူချိန်အနေနဲ့ ( 60F နှင့် 90F ) ကြားဟာ အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ ...

- ပိန်းပန်းကို မီးသွေးစ ၊ အုန်းဆံခွံ ၊ အုတ်ခဲကျိုး ၊ မြေကြီးအနဲငယ်နဲ့. အိုးများအတွင်းစိုက်ပျိုးနိုင်ပါတယ် ... မြေကြီးပေါ်မှာလဲ စိုက်ပျိုးနိုင်ပါတယ် ...

- မြေသြဇာအနေနဲ့ ( နိုက်ထရိုဂျင် ) ပါဝင်တဲ့ လက်ဖက်ခြောက်ဖတ်များ ၊ ကြက်ဥခွံများဟာ သဘာဝမြေသြဇာတွေပဲ ဖြစ်ပါတယ်ခင်ဗျာ .....

~ တော်၀င်ပန်း မြေယာရှုခင်း
~ Photo : : Internet.

😎 နှင်းဆီပန်း အပွင့်ကြီးစေသောနည်း=============================- Epsom Salt- ဆားခါးဟာ နှင်းဆီပန်းစိုက်ပျိုးသူတွေအတွက် အလွ...
08/02/2024

😎 နှင်းဆီပန်း အပွင့်ကြီးစေသောနည်း
=============================

- Epsom Salt

- ဆားခါးဟာ နှင်းဆီပန်းစိုက်ပျိုးသူတွေအတွက် အလွန်အသုံးဝင်ပြီး သူ့မှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာတို့ ပါဝင်ပါတယ်ခင်ဗျာ ...

- ဆားခါးထည့်ပေးခြင်းဖြင့် နှင်းဆီပင်ဟာ အပွင့်ကြီးယုံတင်မဟုတ်ဘဲ အပင် ပင်စည်အသစ်များထွက်ခြင်းနှင့် အရွက်များစိမ်းစိုခြင်းစသော အကျိုးကျေးဇူးများရပါတယ် ...

- ဆားခါးကို အပင်စစိုက်ထဲက အသုံးပြု၍ရသလို အပွင့်စပွင့်ခါနီးအချိန်မှာ အသုံးပြုရင်လည်းရပါတယ်ခင်ဗျာ ...

- အသုံးပြုပုံ
-----------------

- နှင်းဆီပင်စစိုက်ခါနီးတွင်အပင်စိုက်ပျိုးမည့်ကျင်းထဲသို့ ဆားခါးလက်တစ်ဆုပ်ပမာဏအား ကျင်းထဲသို့မြေဆွေးနှင့်‌ရောပြီး စိုက်ပျိုးရပါမယ် ...

- နှင်းဆီကိုင်းအတက်သစ်ထွက်ချိန် ( သို့ ) ပန်းပွင့်ခါနီးအချိန်များတွင် ဆားခါလက်ဖက်ရည်ဇွန်တစ်ဇွန်းပမာဏကို ရေတစ်ဂါလံဖြင့်ရောစပ်ပြီး အပင်ခြေအားလောင်းပေးပါခင်ဗျာ .....

- တော်ဝင်ပန်း မြေယာရှုခင်း
- Photo : : Internet.

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959960830825

Website

Alerts

Be the first to know and let us send you an email when My Garden Indoor Plants Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share