Iris Pandya

Iris Pandya Premium Art Services

Transforming fine art into everyday luxury through bespoke creations, hand-painted designs, and artistic customization.

Every piece is crafted to be as unique as the person who wears it.
✨Your DREAM is our brush strokes.✨

ဘာလို့ Linen က Cotton ထက် ဈေးပိုကြီးရတာလဲ?Linen ဘယ်ကရသလဲ?Linen သည် *Flax Plant* မှ ရရှိသော အမျှင်များဖြင့် ပြုလုပ်ထားသည့...
03/09/2026

ဘာလို့ Linen က Cotton ထက် ဈေးပိုကြီးရတာလဲ?

Linen ဘယ်ကရသလဲ?

Linen သည် *Flax Plant* မှ ရရှိသော အမျှင်များဖြင့် ပြုလုပ်ထားသည့် သဘာဝအထည်တစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အထည်အမျိုးအစားများထဲမှ တစ်ခုလည်း ဖြစ်ပါသည်။

Linen Fiber သည် Cotton Fiber ထက် ပိုမိုခိုင်ခံ့ပြီး ဆွဲအားခံနိုင်ရည် (Tensile Strength) မြင့်မားသောကြောင့် တာရှည်အသုံးခံနိုင်ပါသည်။ ထို့အပြင် လေဝင်လေထွက်ကောင်းခြင်း၊ ချွေးစုပ်ယူနိုင်ခြင်းနှင့် အစိုဓာတ်ကို လျင်မြန်စွာ ထုတ်လွှတ်နိုင်ခြင်းတို့ကြောင့် ပူအိုက်စိုစွတ်သော မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်လည်း အထူးသင့်တော်ပါသည်။

ဒါဆို Linen ကို အဝတ်အစားတွေ ထုတ်လုပ်ရာမှာပဲ အသုံးများတာလား?

တကယ်တော့ Linen ကို အဝတ်အစားများတွင်သာမက Industry အမျိုးမျိုးတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

Linen ကို အသုံးများသည့် Industry (၆) မျိုးမှာ -

1. Fashion & Apparel Industry
2. Home Textile Industry
3. Bags & Accessories Industry
4. Fabric Painting & Wearable Art
5. Upholstery & Interior Decoration
6. Artist Canvas

တို့ ဖြစ်ကြပါသည်။

Linen ရဲ့ အားနည်းချက်ကရော?

Linen သည် တွန့်လွယ်သော အထည်အမျိုးအစားတစ်ခု ဖြစ်ပါသည်။ သို့သော် တွန့်လွယ်ခြင်းသည် အရည်အသွေးမကောင်းခြင်းကြောင့် မဟုတ်ဘဲ Flax Fiber ၏ သဘာဝလက္ခဏာတစ်ခုကြောင့် ဖြစ်ပါသည်။

တကယ်တော့ Linen ၏ အနည်းငယ်တွန့်နေသော အသွင်အပြင်ကိုပင် Natural Luxury Look အဖြစ် သတ်မှတ်ကြပါသည်။

သင်ရော Linen ကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့သူလား?

ဘာကြောင့် ကြိုက်နှစ်သက်လဲဆိုတာ Comment မှာ မျှဝေပေးသွားဖို့ မမေ့ပါနဲ့နော်။

02/09/2026

အဝါရောင်လေးကိုမှ နှစ်သက်ပါတယ်ဆိုသူတွေ 📲လိုက်လို့ရပါပြီရှင်။

02/09/2026

ပန်းချီဆရာ ၁၂၁ ယောက်စုပေါင်းပြသတဲ့ “လွန်းရောင်စုံနိဒါန်း” ပန်းချီပြပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီရှင်။

ဘယ် Canvas အမျိုးအစားကို သုံးပြီး ပန်းချီဆွဲမလဲ? Beginner တွေအတွက် အသင့်တော်ဆုံး Canvas က ဘာဖြစ်မလဲ?Painting အတွက် အသုံး...
01/09/2026

ဘယ် Canvas အမျိုးအစားကို သုံးပြီး ပန်းချီဆွဲမလဲ?
Beginner တွေအတွက် အသင့်တော်ဆုံး Canvas က ဘာဖြစ်မလဲ?
Painting အတွက် အသုံးများတဲ့ Canvas အမျိုးအစားတွေထဲမှာ အဓိကအားဖြင့်—
1. Cotton Canvas
2. Linen Canvas
3. Synthetic Canvas ဆိုပြီး တွေ့ရပါတယ်။
ဒီနေ့မှာတော့ Beginner တွေအတွက် အသုံးများတဲ့ Cotton Canvas အကြောင်းကို အရင်လေ့လာကြည့်ရအောင်။

✅Cotton Canvas = Beginner + Practice အတွက် ရွေးချယ်မှုကောင်းတစ်ခု

Cotton Canvas ကို Cotton Plant ကရရှိတဲ့ Natural Fiber တွေနဲ့ ပြုလုပ်ထားပါတယ်။
Cotton Canvas တွေမှာ Weave ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့် အသုံးပြုရလွယ်ကူပြီး Stretch လုပ်တဲ့အခါလည်း အဆင်ပြေတဲ့အတွက် Beginner နဲ့ Practice Painting တွေအတွက် လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် Cotton Canvas ကို Acrylic နဲ့ Oil Painting နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါတယ်။ ကိုယ်အသုံးပြုမယ့် Canvas ရဲ့ Primer / Ground က ကိုယ်သုံးမယ့် Paint နဲ့ သင့်တော်မှုရှိမရှိကိုတော့ စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒါဆို Cotton Canvas ရဲ့ အားနည်းချက်ကရော?

Cotton ဟာ Natural Fiber ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆ(humidity)အပြောင်းအလဲကို တုံ့ပြန်နိုင်ပါတယ်။
စိုထိုင်းဆ အတက်အကျများတဲ့အခါ Cotton Fiber တွေဟာ အစိုဓာတ်ကို စုပ်ယူခြင်း၊ ပြန်လွှတ်ခြင်းတို့ကြောင့် အနည်းငယ် ဖောင်းခြင်းနဲ့ ကျုံ့ခြင်း ဖြစ်နိုင်ပါတယ်။ဒီလိုမျိုး အပြောင်းအလဲတွေက Canvas ရဲ့ Tension နဲ့ Dimension ကို သက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် Canvas ရွေးချယ်တဲ့အခါ ဘယ် Canvas က အကောင်းဆုံးလဲ? ဆိုတာထက်
ကိုယ်ဆွဲမယ့် Painting အမျိုးအစား၊ အသုံးပြုမယ့် Paint၊ Technique နဲ့ Artwork ကို ဘယ်လိုရည်ရွယ်ထားလဲ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ရွေးချယ်သင့်ပါတယ်။

နောက်ရက်တွေမှာလည်း အသုံးဝင်တဲ့ Tips လေးတွေကို ဝေမျှ ပေးသွားမှာ ဖြစ်လို့ LIKE & FOLLOW လေးလုပ်ထားဖို့ မမေ့ပါနဲ့။

ပန်းချီ စဆွဲမယ်ဆိုရင်...Acrylic က အသင့်တော်ဆုံးလား? Acrylic ရဲ့ အားသာချက်တွေက ဘာတွေလဲ?Water-based ကို အခြေခံထားတဲ့ Acryl...
31/08/2026

ပန်းချီ စဆွဲမယ်ဆိုရင်...
Acrylic က အသင့်တော်ဆုံးလား?

Acrylic ရဲ့ အားသာချက်တွေက ဘာတွေလဲ?

Water-based ကို အခြေခံထားတဲ့ Acrylic ဟာ fast-drying ဖြစ်တာကြောင့် ပန်းချီကို အခုမှစပြီး လေ့လာမယ့် Beginner တွေအတွက် စတင်အသုံးပြုဖို့ သင့်တော်တဲ့ Painting Medium တစ်ခု ဖြစ်ပါတယ်။

ဒါဆို Acrylic က ဘယ်လိုအချက်တွေကြောင့် *Beginner-friendly*ဖြစ်စေတာလဲဆိုတာ ကြည့်ရအောင်။

1. ရေနဲ့ သန့်ရှင်းလို့ရတယ်။

Acrylic ဟာ *water-based* ဖြစ်တာကြောင့် ဆေးမခြောက်ခင် Brush နဲ့ Palette တွေကို ရေနဲ့ သန့်ရှင်းနိုင်ပါတယ်။

ဒါကြောင့် Beginner တွေအနေနဲ့ Painting ပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ရတာ ပိုလွယ်ကူပါတယ်။

2. ခြောက်တာမြန်တယ်။

Acrylic ရဲ့ အထင်ရှားဆုံး အားသာချက်တစ်ခုက *fast-drying*ဖြစ်တာပါ။

ဒါကြောင့် Paint Layer တစ်ခုခြောက်သွားပြီးနောက် နောက်ထပ် Layer တွေကို အချိန်တိုအတွင်း ဆက်လက်တည်ဆောက်နိုင်ပါတယ်။

3. အမှားလုပ်မိရင် ပြန်ပြင်လို့ရတယ်။

Acrylic ခြောက်သွားတဲ့အခါ အပေါ်ကနေ Paint Layer အသစ် ထပ်တင်နိုင်တာကြောင့် အရင်ဆွဲထားတဲ့အပိုင်းတွေကို ဖုံးကွယ်ပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

ဒါဟာ Beginner တွေအတွက် စမ်းသပ်ရင်း လေ့လာဖို့ အထောက်အကူဖြစ်စေတဲ့ အားသာချက်တစ်ခုပါ။

4. Surface အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။

Acrylic ကို Canvas တင်မကဘဲ Paper, Wood, Board စတဲ့ Surface အမျိုးမျိုးမှာလည်း အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် Beginner တွေအနေနဲ့ Painting Medium တစ်မျိုးတည်းနဲ့ Surface နဲ့ Technique အမျိုးမျိုးကို စမ်းသပ်လေ့လာနိုင်ပါတယ်။

ဒီလို အားသာချက်တွေကြောင့် Acrylic ဟာ ပန်းချီစတင်လေ့လာမယ့် Beginner တွေအတွက် အသုံးပြုရလွယ်ကူပြီး လေ့ကျင့်ဖို့ သင့်တော်တဲ့ Painting Medium တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဖန်တီးချင်တဲ့ Style နဲ့ Technique ပေါ်မူတည်ပြီး Acrylic ရဲ့ အားသာချက်တွေကို အသုံးချကာ ကိုယ့်စိတ်ကြိုက် Artwork တွေကို ဖန်တီးနိုင်ပါတယ်။🎨

Premium quality နဲ့ Limited Design ကို ရှာဖွေနေသူတွေအတွက်…လူတိုင်းဝတ်တဲ့ အင်္ကျီတစ်ထည်ထက်သင့်ရဲ့ Style ကို ထင်ဟပ်စေမယ့် ...
30/08/2026

Premium quality နဲ့ Limited Design ကို ရှာဖွေနေသူတွေအတွက်…

လူတိုင်းဝတ်တဲ့ အင်္ကျီတစ်ထည်ထက်
သင့်ရဲ့ Style ကို ထင်ဟပ်စေမယ့် Artwork တစ်ခုကို ရွေးချယ်လိုက်ပါ။

Iris Pandya ရဲ့ Design တိုင်းဟာ
Mass Production မဟုတ်ဘဲ
အသေးစိတ်တိုင်းကို ဂရုတစိုက် ဖန်တီးထားတဲ့ Limited Piece များဖြစ်ပါတယ်။

✨ Premium Quality Materials
✨ Hand-painted Artistic Details
✨ Limited Design Collection

သင့်ရဲ့ ထူးခြားမှုကို
သာမန် Fashion နဲ့မဟုတ်ဘဲ Art နဲ့ ဖော်ပြလိုက်ပါ။
🎨

30/08/2026

Something unique is dropping soon…

are you ready?

📣 ✨ Stay tune.

29/08/2026

Customized Leather Painting... 🪷

Leather နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေပေါ်မှာ လူကြီးမင်းတို့စိတ်ကြိုက် ဒီဇိုင်းတွေကို Quality အရမ်းကောင်းတဲ့ leather paint နဲ့ ရေးဆွဲပေးတာမို့ ခုပဲ လာအပ်လိုက်တော့နော် 😉🎆🖌️

တချို့သောလူတွေက Artwork တစ်ခုရဲ့ အလှကိုပဲ မြင်ကြပါတယ်။လူတွေသိပ်သတိမထားမိတဲ့ အချက်ကတော့ Artwork တစ်ခုရဲ့ နောက်ကွယ်မှာတော့...
29/08/2026

တချို့သောလူတွေက Artwork တစ်ခုရဲ့ အလှကိုပဲ မြင်ကြပါတယ်။

လူတွေသိပ်သတိမထားမိတဲ့ အချက်ကတော့ Artwork တစ်ခုရဲ့ နောက်ကွယ်မှာတော့ Artist ရဲ့ စိတ်ခံစားချက်၊ အာရုံစူးစိုက်မှုနဲ့ ခံစားချက်တွေ ပါဝင်နေခြင်းကိုပါဘဲ။

စိတ်အေးချမ်းနေတဲ့နေ့တွေမှာ ရေးဆွဲထားတဲ့ လက်ရာတွေက နူးညံ့မှုကို ဖော်ပြတတ်သလို၊ စိတ်လှုပ်ရှားနေတဲ့အချိန်တွေမှာတော့ အရောင်တွေနဲ့ Brush Stroke တွေက ပိုပြီး အသက်ဝင်လာတတ်ပါတယ်။

အနုပညာဆိုတာ ပုံတစ်ပုံကို ဖန်တီးခြင်းထက် ပိုပါတယ်။

Artist ရဲ့ စိတ်ခံစားချက်တွေကို အရောင်တွေနဲ့ ပြန်လည်ပြောပြနေတဲ့ Language တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကောင်းမွန်တဲ့ Artwork တစ်ခုရဲ့ နောက်ကွယ်မှာ Skill တင်မကဘဲ Artist ရဲ့ စိတ်ခံစားချက်ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။

သင်ကရော Artwork တစ်ခုကို ကြည့်တဲ့အခါ Artist ရဲ့ ခံစားချက်ကို ခံစားမိဖူးလား?

28/08/2026

Before shooting

Address

No. 3, Ground Level, Siddhi Street, Taung Lone Pyan Ward, Mingalar Taung Nyunt Township
Yangon
11222

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595406605

Website

Alerts

Be the first to know and let us send you an email when Iris Pandya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Iris Pandya:

Shortcuts

Share