15/03/2023
ငါးခုန်းမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုရိုးစကားအတိုင်း နယ်မှ မှာယူသော customer တစ်ဦးရဲ့ အပြုမှုကြောင့် တခြားသောနယ် customers များလည်း နောက်နောင် ပစ္စည်းရောက်ငွေချေစနစ်ကို အသုံးပြု၍ မရရှိနိုင်တော့ပါကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးပါရစေ။
Rangoon's Wooden သည် customers များအဆင်ပြေစေခြင်း အရေးကို အစဉ်တစိုက် အလေးပေးဆောင်ရွက်ခဲ့သည်။ ယခင်များမှာ customers များထံ ပစ္စည်းရောက်ပြီးငွေကြေးခက်ခဲကြောင်းဆက်သွယ်လာသောကြောင့် ၃-၄ရက်အကြာမှ ငွေလွှဲပေးသည့် customers များလည်းရှိသလိုစောင့်ဆိုင်းပေးခဲ့ပါသည်။ ဆေးတံ customers များလက်ထဲရောက်ရှိပြီး ဆေးတံအသုံးပြုပြီး ဆေးတံ အက်ရာ တွေ့သဖြင့် လဲလှယ်လိုကြောင်း ပြောခဲ့သည့် customersများကိုလည်း ဆေးတံချစ်မြတ်နိုးပြီး ဝယ်ယူအားပေးသော စစ်မှန်သော customers များအတွက် deli ခ ကို Rangoon's Wooden မှ ကျခံကာ အသစ်တစ်ချောင်းလှဲလှယ်ပေးခဲ့ပါသည်။ ခက်ခဲသော ကာလများတွင်လည်း kpay လက်မခံခြင်း % ပေးဝယ်ခြင်းများရှိခဲ့ပါမူ Rangoon's Wooden ကို ဝယ်ယူအားပေးသော customers များ အသိပင် Rangoon's Wooden မှ % တောင်းယူခဲ့ခြင်းလည်း မရှိပါ။
ယခု တစ်ခေါက် customer သည် Delivery Team မှ မည်မျှဆက်သွယ်သော်လည်း ဖုန်းမကိုင်ခြင်း၊ ရက်ပေါင်းများစွာ ကြာမြင့်ပြီး အဆက်မပြတ် ဆက်သွယ်သောအခါ ဖုန်းဖြေဆိုပြီး ပစ္စည်း မမှာယူပါဆိုပြီး ငြင်းဆိုခဲ့သည်။ Rangoon's Wooden ဘက်မှလည်း customer ကို ဖုန်းအကြိမ်းကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမပြု၊ ဖုန်း အဆက်သွယ်ရခဲ့သော်လည်း တောင်စဉ်ရေမရ အလိုက်သင့် ပြောဆိုခြင်းများပြုခဲ့ပြီး၊ နောက်ဆုံး ဆက်သွယ်သောအခါ ဖုန်းအား လက်ခံပြီး mute လုပ်ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သောကြောင့် Rangoon's Wooden မှ များစွာ စိတ်ဂတိဂအောက်ဖြစ်ခဲ့ရသည်။ ထိုသို့လုပ်ရပ်သည် Rangoon's Wooden၊ Delivery Team၊ customer ၃ဦးလုံး အကျိုးမရှိ အလုပ်ပို အချိန်ကုန်သော လုပ်ရပ်ဖြစ်သည်။ Rangoon's Wooden သည် customers များကိုအလေးထားသော သူဖြစ်သောကြောင့် customer ပုံများအား ဖော်ပြခြင်း မပြုလုပ်တော့ပါ။
သို့ပါ၍ Rangoon's Wooden သည် ခဲမှန်ဖူးသည့် စာသူငယ်လို နောင်တွင် ထိုသို့ အလာတူဖြစ်ရပ်များ ထပ်မလိုချင်တော့ပါ။ စစ်မှန်သော customers များနှင့်သာ အလုပ်လုပ်လိုပါ၍ နယ်မှ ဝယ်ယူသော customers များအားလုံး ငွေကြိုပေးခြင်းဖြင့် အားပေးကြပါရန် အသိပေးနှိုးစော်လိုက်ရပါတယ်။
လေးစားစွာဖြင့်