Golden New Age Myanmar Distribution

Golden New Age Myanmar Distribution We inspire and empower everyone to create through quality, affordable art supplies.

"ခဲဖျက်သုံးမျိုးစလုံး နေရာမှန်မှန်သုံးတတ်ပြီလား"Hello...ပန်းချီကိုခုမှစဆွဲပြီးစလေ့လာနေတဲ့ Art Beginner တို့ အမြဲမေးတတ်ကြ...
14/06/2026

"ခဲဖျက်သုံးမျိုးစလုံး နေရာမှန်မှန်သုံးတတ်ပြီလား"
Hello...
ပန်းချီကိုခုမှစဆွဲပြီးစလေ့လာနေတဲ့ Art Beginner တို့ အမြဲမေးတတ်ကြတဲ့ ဟိုဟာလဲခဲဖျက်ဒီဟာလဲခဲဖျက်ပဲတူတူပဲမဟုတ်ဘူးလားဘာကွာလို့လဲ ?
သိချင်ကြတယ်ဟုတ်... ဒါဆိုမင်မင်က Plastic Eraser / Kneaded Eraser / Electric Eraser ဒီသုံးမျိုးရဲ့ ဘယ်လိုနေရာမှာသုံးလဲဆ်ိုတာကို နဲနဲလေးပြောပြပေးချင်တယ်ဗျ
1).Plastic Eraser ( ရိုးရိုးခဲဖျက်)
ဒါကတော့ ပုံမှန်ကျောင်းသုံးခဲဖျက်အမျိုးအစားဆိုတာအားလုံးသိကြမယ်ထင်တယ်
ပုံမှန်ခဲသားနဲ့ရေးချယ်ထားတဲ့စာတွေ၊လိုင်းတွေ၊ပန်းချီမဆွဲခင်အခြေခံမျဥ်း၊sketchအကြမ်းဆွဲထားတာတွေကိုပြန်ဖျက်ချင်တဲ့အခါအသုံးပြုဖို့အကောင်းဆုံးပါ
2).Kneaded Eraser ( ပုံသွင်းခဲဖျက်ပျော့)
ဒီခဲဖျက်ကတော့ ကလေးတွေကစားတဲ့ရွံစေးနဲ့တူပြီးတော့ Charcoal၊ pastel၊ graphite ၊sketch ပန်းချီဆွဲရာမှာမဖြစ်မနေလိုအပ်တဲ့လိုသလိုပုံသွင်းလို့ရတဲ့ ခဲဖျက်တမျိုးပါ။
အလင်းအမှောင်(highlighting&lifting)၊ခဲရောင်အရမ်းရင့်သွားတဲ့နေရာတွေကို ဖွဖွလေးဖိပြီးပြန်ကြွပေးယုံနဲ့ခဲမူန်တွေကိုစုပ်ယူသွားပြီးခဲအရောင်ကိုပါးသွားစေလို့ တိမ်တောက်တာ၊အလင်းပြန်တာ စတာတွေကိုသဘာဝကျကျဖန်တီးနိုင်ပါတယ်။
အသေးစိတ်(detail)၊ ခဲဖျက်ထိပ်ကို ချွန်ချွန်လေးလုပ်ပြီး ဆံပင်အမျှင်တွေရဲ့အလင်းတန်း၊မျက်လုံးသူငယ်အိမ်ထဲကအလင်းစက် စတဲ့အသေးစိတ်နေရာလေးတွေကိုတိတိကျကျဖျက်နိုင်ပါတယ်။
သူက ပုံမှန်ခဲဖျက်လိုပွတ်တိုက်ပြီးဖျက်ရတာမဟုတ်ပဲ ပုံသွင်းပြီး ဖွဖွလေး ဖိကပ်လိုက်တာနဲ့ ခဲမူန်တွေကိုစုပ်ယူပြီးလိုချင်သလိုပျက်သွားစေလို့ ပန်းချီစာရွက်သားကိုထိခိုက်မူလဲမရှိ၊စာရွက်သားညစ်ပေခြင်းလဲမရှိ၊ခဲဖျက်အမူန်လဲမထွက်ပါဘူး
3).Electric Eraser(လျပ်စစ်ခဲဖျက်)
အထဲမှာမော်တာအသေးလေးပါဝင်ပြီးပန်းချီဆွဲတဲ့အခါ အားသာချက်ကတို့ထိလိုက်ယုံနဲ့ စက္ကန့်ပိုင်းအတွင်းခဲရောင်တွေကိုဖျက်ထုတ်ပစ်န်ိိင်တာပါ။ အချိန်ကုန်သက်သာစေပြီး တိကျပြတ်သားတဲ့ အလင်းအမှောင်(highlight)တွေဖော်ချင်တဲ့အခါသုံးပါတယ်။
မျက်လုံးအိမ်ထဲကအလင်းတန်း၊တရိစ္ဆာန်အမွှေးအမျှင်၊သစ်ရွက်ပေါ်ကျတဲ့နေရောင်အလင်းအစက်အပျောက်တွေ၊ဆံပင်အမျှင်၊မျဥ်းအဖြူလိုင်းတွေ၊... စတဲ့ လိုအပ်သလိုပုံစံမျိုးစုံကိုသဘာဝကျကျနဲ့အမြန်ဆုံးပြုလုပ်နိုင်ပါတယ်။
ကဲ...ဒီလောက်ဆို ခဲဖျက်တွေက်ိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကို နဲနဲသိသွားလောက်ပြီထင်ပါတယ်ဗျ
ပန်းချီဆွဲရာမှာကိုယ်က Art Beginner ကနေ တဆင့်မြှင့်တော့မယ်ဆို ပိုမို​သေသပ်တဲ့လက်ရာကောင်းဖြစ်စေဖို့ Eraser တွေကိုနေရာမှန်သုံးတတ်မှဖြစ်မှာနော်။
လိုတဲ့ Eraser တွေဝယ်ချင်ပြီဆို ဒီ Eraser 3မျိုးစလုံးကို Mont Marte brand မှာဝယ်ယူရရှိနိုင်ပါတယ်ဗျ




—Marte






"Wow...omega pen ရေးကြည့်လိုက်ပေါ့ပါးနေတာပဲ"Hello ကျောင်းတွေစတတ်နေရပြီဟုတ် ကျောင်းတတ်ကာစဆိုတော့ စာတွေအများကြီးရေးရင် မရေ...
10/06/2026

"Wow...omega pen ရေးကြည့်လိုက်ပေါ့ပါးနေတာပဲ"
Hello ကျောင်းတွေစတတ်နေရပြီဟုတ်
ကျောင်းတတ်ကာစဆိုတော့ စာတွေအများကြီးရေးရင် မရေးတာကြာလို့ လက်တအားညောင်းတယ်ဟုတ်
ဒါဆို ရေးရတာပေါ့ပါးပြီး အားစိုက်စရာမလိုပဲ
အချိန်ကြာကြာရေးနိုင်ဖို့ဆို Omega Pen နဲ့ရေးဖို့တော့လိုမယ်နော်.
Omega pen သုံးပြီးစာရေးလိုက်တာနဲ့
Wow ... omega pen ပေါ့ပါးနေတာပဲ
လက်ညောင်းတာသက်သာသွားပြီမင်းလဲ ရေးကြည့်လို့ စာသင်ခန်းထဲမှာဘေးကသူငယ်ချင်းကိုပြောလို့ရပြီနော်
😉😉😉
ကဲ... Omega pen ဘယ်မှာဝယ်ရမလဲဆို မြန်မာတနိုင်ငံလုံးက စာရေးကရိယာဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီဗျ



&Stationery
—Marte




#2026

"Book Fair Promotion, Safari Book Store"အားလုံးပဲ မင်္ဂလာပါဗျSafari Book Store ရဲ့ Golden Valley နဲ့ 6.5 miles branches ...
03/06/2026

"Book Fair Promotion, Safari Book Store"
အားလုံးပဲ မင်္ဂလာပါဗျ
Safari Book Store ရဲ့ Golden Valley နဲ့ 6.5 miles branches တွေမှာ ပြုလုပ်မယ့်
Book Fair Promotion ကို 5.6.2026 to 9.6.2025 ထိ
👇👇👇
Golden New Age Myanmar Distribution က တင်သွင်းဖြန့်ချီနေတဲ့ Mont Marte, STAEDTLER စတဲ့ Art & Stationery brands တွေကို
>>> up to 30% discount

https://www.facebook.com/100093647985847/posts/916728234792101/
01/06/2026

https://www.facebook.com/100093647985847/posts/916728234792101/

"Happy Back To School Day "
ဒီနေ့ကျောင်းတွေဖွင့်ပြီနော်...
Stars လေးတို့ရဲ့ back to school first day မှာ
STAEDTLER နဲ့အတူကျောင်းသွားရတာပျော်ရဲ့လား
Stars လေးတို့ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ
ချစ်ရတဲ့ ဆရာ၊ဆရာမတွေက စာသင်တာကိုသေချာနားထောင်ပြီး လိမ်လိမ်မာမာနေကြမယ်နော်
စာသင်တနှစ်လုံး STAEDTLER ကလဲ Stars လေးတို့နဲ့အမြဲအတူရှိနေမှာပါဗျ
ဒါကြောင့် STAEDTLER နဲ့အတူ ကျောင်းမှန်မှန်တတ်ကြမယ်နော်




—Marte


"Ocean ရဲ့ Book Fair Promotion"မင်္ဂလာပါခင်ဗျာBack to School time မှာ Mont Marte,STAEDTLER, MAyART,Omega,Art Ranger .......
28/05/2026

"Ocean ရဲ့ Book Fair Promotion"
မင်္ဂလာပါခင်ဗျာ
Back to School time မှာ Mont Marte,STAEDTLER, MAyART,Omega,Art Ranger .... brand အကုန်လုံးရဲ့
Book Fair Promotion ပွဲကို Ocean Super Market
တောင်ကြီး branch မှာ ( 28.5.2026 to 7.6.2026)ထိ
လိူင်သာယာ branch မှာ (29.5.2026 to 2.6.206)ထိ
up to 15% discount နဲ့ရောင်းချပေးသွားမှာဖြစ်လို့
မိမိနဲ့နီးစပ်ရာ Ocean Super Market မှာဝယ်ယူအားပေးနိုင်ပါပြီဗျ
.





—Marte



Eid Mubarak to All !   —Marte
28/05/2026

Eid Mubarak to All !

—Marte





သူတို့ဘယ်လို​ဖြတ်သန်းခဲ့သလဲ? Famous Artist Gustav Klimtနာမည်​ကျော် The Kiss ပန်းချီကားကို ရေးဆွဲခဲ့တဲ့ Famous Artist Gus...
23/05/2026

သူတို့ဘယ်လို​ဖြတ်သန်းခဲ့သလဲ?
Famous Artist Gustav Klimt
နာမည်​ကျော် The Kiss ပန်းချီကားကို ရေးဆွဲခဲ့တဲ့ Famous Artist Gustav Klimt ဟာဆိုရင်တော့ 1862 ၊ July 14 မှာ သြစတြီးယားနိုင်ငံ၊ဘော်မ်ဂတ်တန် (Baumgaten) ဆိုတဲ့မြို့မှာ ဖခင် Ernst Klimt The Elder နှင့် မိခင် Anna Klimt တို့မှမွေးဖွားခဲ့ပါတယ်။ Klimt ရဲ့ဖခင်ကတော့ ရွှေပန်းတိမ်ဆရာတဦးဖြစ်ပြီး မိခင်ကတော့သာမန်အိမ်ရှင်မကောင်းတဦးဖြစ်ပြီး အနုပညာနှင့်ဂီတကိုအင်မတန်ရူးသွပ်ခဲ့သူတဦးပါ။Klimt ဟာ မွေးခြင်းမောင်နှမ 7ဦးအနက် ဒုတိယမြောက်သားကြီးဖြစ်ပါတယ်။ Klimt ဟာ သူ့၏အသက် 14 နှစ်မှာ Vienna School of Arts and Craft မှာတတ်ရောက်ဖို့ ပညာတော်သင်ဆု(Scholarship) ရရှိခဲ့ပါတယ်။ ထိုခေတ်က ဒီကျောင်းဟာ နာမည်ကြီးကျောင်းတခုဖြစ်ခဲ့ပြီး ပညာတော်ပြီးအရည်ချင်းရှိတဲ့ကလေးတွေကိုပဲရွေးချယ်တဲ့ကျောင်းတခုဖြစ်တာမို့ Klimt ဟာထူးချွန်သူတယောက်ဖြစ်တာမို့တတ်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
Klimt အသက် 21 မှာတော့ ညီဖြစ်သူ( Ernst)နဲ့ သူငယ်ချင်းဖြစ်သူ(Franz Matsh) တို့နှင့်အတူ အနုပညာရှင်များအဖွဲ့ကို(Kunstlercompagnie) တည်ထောင်ခဲ့ပြီး ပြဇာတ်ရုံတွေ၊နန်းတော်တွေရဲ့ နံရံကပ်ပန်းချီကားကြီးတွေကို ငှားရမ်းရေးဆွဲတဲ့ Professional Artist ဘဝကိုစတင်ခဲပါတယ်။ Klimt ဟာ 1900 ပြည့်နှစ်ဝန်းကျင်မှာ ဗီယင်နာတက္ကသိုလ်အတွက်ရေးဆွဲခဲ့တဲ့ ဆေးရေးပန်းချီပုံတွေမှာ "ညစ်ညမ်းတယ်၊သရုပ်ဖော်မူလွန်ကဲတယ်" ဆိုပြီး အနုပညာဝေဖန်ရေးသမားတွေနဲ့ပြည်သူအချို့က ထောက်ပြဝေဖန်မူဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး အဲ့ဒီအရူတ်အထွေးတွေကြောင့်ပဲ အကြပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပြီး အနုပညာဘက်မှာသူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ရပါတယ်။
.
အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ Klimt ဟာ ပန်းချီအနုပညာဖန်တီးလိုစိတ်ကိုအရူံးမပေးဘဲ သူ၏အနုပညာပုံစံကိုပြောင်းလဲကာချပြဖို့ကြိုးစားခဲ့ပါတယ်။ 1903ခုနှစ်မှာ သူဟာအီတလီနိုင်ငံ၊ ရာဗင်နာမြို့ကို ခရီးထွက်ခဲ့ပြီးနောက် ထို ​မြို့က ဘုရားကျောင်းတွေမှာရှိတဲ့ (Byzantine) (Gold Mosaic) လက်ရာအနုပညာတွေကိုမြင်တွေ့ပြီးနောက် သူရဲ့ပြောင်းလဲချင်တဲ့အနုပညာလက်ရာအတွက်စိတ်ကူးရရှိခဲ့တယ်လို့ဆ်ိုပါတယ်။ သူ၏ ဖခင်ကလဲရွှေပန်းထိမ်ဆရာတဦးဖြစ်တာကြောင့် Klimt ဟာ သူ၏အနုပညာပြောင်းလဲချပြမူတွင် ရွှေပြားအစစ် (Gold Leaf) တွေကိုထည့်သွင်းအသုံးပြုတဲ့ နည်းစနစ်ကိုစတင်ခဲ့ပါတယ်။ ရွှေပြားအစစ် ထည့်သွင်းရေးဆွဲခဲ့တဲ့ Klimt ရဲ့ နာမည်အကြီးဆုံးပန်းချီကားကတော့ "The Kiss"(1907-1908) ဖြစ်ခဲ့ပါတယ်။ ဝေဖန်မူတွေပြင်းထန်စွာခံစားခဲ့ရတဲ့ Klimt ဟာ The Kiss ပန်းချီကားကိုချပြခဲ့ချိန်မှာတော့ ဝိုင်းဝန်းချီးကျူးမူကိုခံခဲ့ရပြီး ပန်းချီကားလက်စမသတ်သေးခင်မှာပဲ ဗီယင်နာမြို့ရှိ Belvedere ပြတိုက်မှ အစိုးရကိုယ်စား 25,000 Kronen နှင့်ချက်ချင်းဝယ်ယူခဲ့ပါတယ်။ အဲ့ဒီခေတ်မှာ ပုံမှန်ပန်းချီကားတကားကို(500kronen)ဝန်းကျင်သာရှိခဲ့လို့ The Kiss ပန်းချီကားရဲ့ပမာဏဟာ အဲ့ဒီခေတ်ကာလက စံချိန်တင်ရရှိငွေအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ဒီလိုဆန်းသစ်ပြီးအနုပညာကိုရွှေထည့်သွင်းပုံဖော်ခဲ့တာကို Klimt's Golden Phase ( ရွှေရောင်ခေတ်) လို့ခေါ်ဆိုခဲ့ကြပါတယ်။
သူ၏ရွှေရောင်​ခေတ်မှ နာမည်ကျော်လက်ရာများကတော့
1). The Kiss (1907- 1908)
2) The Tree of Life (1905-1909)
3) Judith and the Head of Holofernes
4) Death and Life (1908-1915) ... တို့ဖြစ်ပါတယ်။
Klimt ဟာ အနုပညာမှာနာမည်ကြီးခဲ့သလောက် တဘက်မှာတော့ မိန်းမရူတ်ပွေသူတယောက်ဖြစ်ပါတယ်။ သူဟာတရားဝင်အိမ်ထောင်ပြုခြင်းမရှိခဲ့ပေမယ့် သူသေဆုံးပြီးနောက်မှာ သူ့၏သားသမီးတွေပါလို့ပြောဆိုကာ အမွေတောင်းခံခဲ့တဲ့ တရားမဝင်သားသမီး 14 ဦးထိရှိခဲ့ပါတယ်။ သူဟာ 1918, January 11 ရက်နေ့မှာ သူ၏စတူဒီယိုထဲမှာပဲ လေဖြတ်ပြီးဆေးရုံတတ်ခဲ့ရပြီးနောက် February 6 ရက်နေ့မှာတော့ အဲ့ဒီချိန်ကမ္ဘာအနှံဖြစ်ပွားနေခဲ့တဲ့ကပ်ရောဂါ စပိန်တုတ်ကွေးကူးစက်ကာ သူ၏အသက် 55နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်သွားတဲ့နောက်မှာ ဆွဲလက်စပန်းချီကားအမြောက်အမြားကျန်ခဲ့တယ်လို့လေ့လာသူများကဆိုကြပါတယ်။ Klimt ဟာ သူ၏အနုပညာသက်တမ်းတလျောက်မှာ ပန်းချီကားပဲ 230 ကျော် 250 ကြားထိရေးဆွဲခဲ့တယ်လို့ ပန်းချီလေ့လာသူသမိုင်းပညာရှင်များကဆ်ိုကြပါတယ်။ ဒါကတော့ ကမ္ဘာကျော်အနုပညာရှင် အနုပညာကိုဝေဖန်မူကြားမှာအရူံးမပေးခဲ့တဲ့ Golden Phase ရဲ့ဦးဆောင်သူ Klimt ရဲ့ ဘဝဇာတ်ကြောင်းထဲကစိတ်ဝင်စားဖွယ်အကြောင်းအရာတချိူ့ကို မင်မင်ကအနှစ်ချုပ်တင်ပြပေးထားတာဖြစ်ပါတယ်ဗျ
Klimt လိုမျိုး Golden phase ပုံဖော်သလို ပန်းချီဆွဲချင်သူတို့အတွက် Mont Marte Brand ထုတ် Gold Leaf ၊ Sliver Leaf တွေနဲ့ မိမိအနုပညာကိုဆန်းသစ်လို့ရပါတယ်ဗျ။
​မြန်မာ့ Artists တို့ရဲ့ ကမ္ဘာကျော်လက်ရာများအတွက် Quality ကောင်း Mont Marte ရဲ့ Acrylic 300 ml တွေစိတ်ကြိုက်ဝယ်ယူရရှိနိုင်ပါပြီဗျ။
ပစ္စည်းပျက်နေလို့စောင့်နေသူများ Mont Marte paint product အားလုံး instock ပြန်လည်ရရှိပါပြီဗျ။




—Marte




"Back to School Promotion"Hello... ချစ်သောတို့ရေMy Page ဆိုင်ခွဲတွေမှာ Back to School promotion ကို15% off, discount နဲ့...
16/05/2026

"Back to School Promotion"
Hello... ချစ်သောတို့ရေ
My Page ဆိုင်ခွဲတွေမှာ Back to School promotion ကို
15% off, discount နဲ့ 16.5.2026 to 7.6.2026 ထ်ိ
ကျင်းပပြုလုပ်သွားမှာဖြစ်လို့ promotion time
မကုန်ခင်
နီးစပ်ရာ My Page ဆိုင်ခွဲတွေမှာ သွားရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်...
#2026

—Marte






"Back to School Promotion"မင်္ဂလာပါခင်ဗျာCity Mall Online မှာ Mont Marte နဲ့ STAEDTLER product တွေကို 8 May to 14 May 20...
09/05/2026

"Back to School Promotion"
မင်္ဂလာပါခင်ဗျာ
City Mall Online မှာ Mont Marte နဲ့ STAEDTLER product တွေကို 8 May to 14 May 2026 ထိ
15% off promotion ပေးသွားမှာဖြစ်လို့
Back to School promotion လဲဝယ်ချင် အိမ်ထဲကအိမ်ပြင်လဲမထွက်ချင်တဲ့ ကာကာတို့အတွက်အဆင်ပြေသောနော်
ကဲ City Mall Online app ထဲဝင်ပြီး အိမ်အရောက်ပို့ပေးမယ့် Promotion ကိုရဖို့ အခုပဲသွားမှာလိုက်တော့နော်


—Marte






"Back to School Promotion "Hello....သိပ်မကြာခင်မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်နော် အခုချိန်ကပစ္စည်းခဏခဏပျက်တတ်လို့ ကျောင်...
01/05/2026

"Back to School Promotion "
Hello....
သိပ်မကြာခင်မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်နော်
အခုချိန်ကပစ္စည်းခဏခဏပျက်တတ်လို့
ကျောင်းဖွင့်ရင် လိုအပ်မယ့် စာရေးကိရိယာနဲ့ပန်းချီရောင်စုံ ပစ္စည်းတွေကြိုဝယ်ထားမှ စိတ်ချရမယ်နော်
ကြိုဝယ်လို့လဲရ discount လဲရှိမယ့်နေရာဆို
👇👇👇👇
Maxi Market , Easy Mart နဲ့ United Living Mall မှာ 1.5.2026 to 31.5.2026
Capital Hyper Market နဲ့ Super one မှာ 1.5.2026 to 31.6.2026 ထိကိုမှ
Up to 15% off promotion ရှိတာမို့
နီးစပ်ရာ Super Market မှာ စိတ်ကြိုက်သွားရောက်ဝယ်ယူရရှိနိုင်ပါပြီဗျ






—Marte






Address

No. 26, 94 Street, Thain Phyu Road, Mingalar Taung Nyount Township
Yangon
11221

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

+959406662570

Alerts

Be the first to know and let us send you an email when Golden New Age Myanmar Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden New Age Myanmar Distribution:

Share