01/04/2023
ENG Below!
ဗမာ့တော်ဝင်မင်းမျိုးမင်းနွယ်တွေရဲ့လူနေမှုဘဝက ဘယ်လိုမျိုးလဲ တွေးဖူးပါသလား?
ဗမာ့တော်ဝင်မင်းမျိုးမင်းနွယ်တွေရဲ့နေထိုင်မှုပုံစံကို ကြည့်ပြီး သူတို့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်ရအောင်။
ဒီရင်သပ်ရှုမောဖွယ်စုဆောင်းမှုမှာ တော်ဝင်ဝတ်စားဆင်ယင်မှုတွေ၊ အလွန်လှပတဲ့ ဘယက်တွေ၊ နားထောင်းစတဲ့ အဆင်တန်ဆာတွေအပြင် အလွန်လှပတဲ့ ရွှေသရဖူတွေ၊ ရွှေဖိနပ်တွေအထိ ပါဝင်ပါတယ်။
အနုစိတ်လက်ရာနဲ့ အဖိုးတန်ဗမာ့ကျောက်မျက်တွေနဲ့ အလှဆင်ထားတဲ့ ကွမ်းအစ်၊ ပန်းကလပ်၊ အိုးခွက်တွေကိုလည်း သင်သဘောကျ နှစ်သက်မှာပါ။
ဒီပစ္စည်းတွေက ဗမာမင်းမျိုးမင်းနွယ်တို့ရဲ့ ဇိမ်ခံမှုနဲ့ စည်းစိမ်ကြွယ်ဝမှုကို သက်သေပြနေတာအမှန်ပါပဲ။
ဒါပေမယ့် ဒီပစ္စည်းတွေကို မြန်မာနိုင်ငံပြင်ပရှိ ပြတိုက်တွေမှာသာမြင်တွေ့နိုင်ပြီး ဗြိတိသျှဗစ်တိုးရီးယားပြတိုက်မှာ အများစုကို မြင်တွေ့နိုင်ပါတယ်။
ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ အနည်းငယ်ပြသထားပေမယ့် တခြားနိုင်ငံက ပြတိုက်တွေမှာလောက် တန်ဖိုးမြင့် လက်ရာကောင်းပစ္စည်းတွေ မရှိပါဘူး။
ဘယ်နေရာ ဒေသပဲရောက်နေပါစေ ဒီပစ္စည်းတွေက ဗမာ့ယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့ တန်ဖိုးထား ဂုဏ်ယူရပါမယ်။
•••••
Attention history buffs and culture enthusiasts!
Have you ever wondered what life was like for Burmese royalty? Let's take a look at their lifestyle and learn more about their fascinating culture and traditions.
This stunning collection includes everything from royal dresses, elegant chokers, and earrings to extravagant golden crowns and slippers.
You can also admire betel boxes, bowls, and jars adorned with intricate details and precious Burmese gems.
These items are a true testament to the luxury and opulence of Burmese royalty.
However, they are currently housed in museums outside of Myanmar, with the British Victoria Museum being one of the most notable locations for their display.
The National Museum of Myanmar does have a small collection of these items, but it is not as extensive as those found in other museums.
Regardless of their location, these items are an important part of Burmese cultural heritage and should be appreciated and celebrated by all.