23/09/2026
[ AI ခေတ်မှာ 3D Design ဘာလို့ ဆွဲဖို့ လိုနေသေးတာလဲ? ]
ခုနောက်ပိုင်း Client တော်တော်များများဟာ AI နဲ့ ထုတ်ထားတဲ့ Design Concept လှလှလေးတွေနဲ့ Design ပိုင်းဆိုင်ရာ လာရောက်တိုင်ပင်ကြတာ များပါတယ်။
AI Tools တွေဟာ စိတ်ကူးသစ်နဲ့ Idea ရှာဖို့အတွက် Designer တွေရော Client တွေအတွက်ပါ အများကြီး အထောက်အကူဖြစ်ပေမယ့် လက်တွေ့မှာတော့ အတိုင်းအတာ၊ Material Details နဲ့ ခိုင်ခံ့မှုပိုင်းတွေကိုတော့ တိတိကျကျ မပေးနိုင်ပါဘူး။ အတိုင်းအတာတွေကိုအတိအကျ ထည့်ပေးလိုက်လို့ ရနိုင်ပေမယ့်လည်း တကယ့် site အခြေအနေနဲ့ လက်တွေ့ တည်ဆောက်ပုံ အခက်အခဲတွေကို AI က သေချာမသိနိုင်တဲ့အတွက် Design ပိုင်းမှာလိုအပ်ချက်တွေ များစွာ ရှိလာနိုင်ပါတယ်။
Designer တွေရေးဆွဲတဲ့ 3D Design ကတော့ လက်တွေ့ Site ရဲ့ တိကျတဲ့ အတိုင်းအတာတွေအတိုင်း ရေးဆွဲထားတာဖြစ်လို့ အရောင်အသွေး၊ အလင်းအမှောင် Quality အမှန်ကို မြင်တွေ့ရရုံတင်မကဘဲ လက်တွေ့ အသုံးချရမယ့် Material တွေနဲ့ အကြမ်းထည်ပိုင်းဆိုင်ရာတွေကိုပါ ကြိုတင် တွက်ချက်ထားတာပါ။ ဒါကြောင့် 3D Design ဆွဲတာဟာ အပို ကုန်ကျစရိတ်တစ်ခု မဟုတ်ဘဲ လုပ်ငန်းခွင်မှာ အမှားအယွင်းမရှိ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲခင်ဗျာ။
Reach Us:
Ph: 09 5522211
Office Tel: 0943111155
Email: [email protected]
Office: No.370, Bo Sun Pat Road, Ward 39B, North Dagon, Yangon, Myanmar