Bay Dar & Co Limited

Bay Dar & Co Limited Handicrafts, Souvenirs, Home Textiles and Home Deco

< English Language Below >မျိုးဆက်သစ် Creative Entrepreneurs တွေရဲ့ စိတ်ကူးတွေ၊ Passion တွေနဲ့ အိပ်မက်တွေကို တစ်ဆင့်မြှင...
23/05/2026

< English Language Below >

မျိုးဆက်သစ် Creative Entrepreneurs တွေရဲ့ စိတ်ကူးတွေ၊ Passion တွေနဲ့ အိပ်မက်တွေကို တစ်ဆင့်မြှင့်တင်ပေးခဲ့တဲ့ “စံမတူ” Creative Entrepreneurship Incubation Program Vol. 1.0 ရဲ့ Final Pitching Day ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ✨

Program တစ်လျှောက်လုံးမှာ ကိုယ်ပိုင် Idea တွေကို Business Opportunity အဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ Finalists (၅) ယောက်ဟာ Final Pitching Stage မှာ confidence အပြည့်နဲ့ ယှဉ်ပြိုင်တင်ဆက်ခဲ့ကြပြီး၊ အကောင်းဆုံး Performance နဲ့ ထိုက်တန်စွာ Winner ဆုကို ဆွတ်ခူးသွားခဲ့တဲ့ Winner (၂) ယောက်ကိုလည်း အထူးဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်လိုက်ပါတယ်။ 🏆

ဒီ Program ဟာ Competition တစ်ခုထက်ပိုပြီး Creative Industry ထဲက လူငယ်တွေအတွက် အတွေ့အကြုံ၊ Network နဲ့ Growth Opportunity တွေ ဖန်တီးပေးနိုင်ခဲ့တဲ့ Meaningful Journey တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Program အောင်မြင်စွာ ဖြစ်မြောက်လာဖို့အတွက် အားသွန်ခွန်စိုက် ပါဝင်ပေးခဲ့ကြတဲ့ Finalists များအားလုံး၊ Program Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့တဲ့ JCI Myanmar၊ Bay Dar & Co မှ တာဝန်ရှိသူများ၊ Venue Sponsorship အတွက် ပါဝင်ပေးခဲ့ကြတဲ့ Doh Eain နှင့် Yangon Excelsior Hotel တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

Final Pitching Day ရဲ့ စိတ်လှုပ်ရှားစရာ အမှတ်တရ Moments တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 📸

The Final Pitching Day of the “San Ma Tu” Creative Entrepreneurship Incubation Program Vol. 1.0 — a program dedicated to elevating the ideas, passions, and dreams of the next generation of Creative Entrepreneurs — has been successfully concluded. ✨

Throughout the program, the five finalists worked passionately to transform their unique ideas into real business opportunities. On the Final Pitching Stage, they confidently presented their concepts with outstanding performances, and we are proud to celebrate the two winners who rightfully earned their winning titles. 🏆

More than just a competition, this program became a meaningful journey that created valuable experiences, networks, and growth opportunities for young people within the creative industry.

We would also like to extend our heartfelt gratitude to all finalists for their dedication and participation, to JCI Myanmar and Bay Dar & Co for supporting the program as partners, and to Doh Eain and Yangon Excelsior Hotel for their generous venue sponsorship.

Here are some memorable moments from the exciting Final Pitching Day 📸

22/05/2026

၅၀၀၀ မကျော်တဲ့ စျေးနဲ့ Bay Dar မှာရနိုင်တဲ့ Service တစ်ခုကိုမိတ်ဆက်ပေးမယ်ဆိုရင် စိတ်ဝင်စားကြလား?🤔

< English Language Below >

Local Brand Owner တွေ အတွက် Customize ပိတ်စတွေလိုချင်ရင် ကိုက်အရေအတွက်အများကြီးဝယ်ရတဲ့အခက်အခဲတွေ အဆင်ပြေစေဖို့ Bay Dar က အသက်သာဆုံးနည်းလမ်းလေးတစ်ခု စီစဉ်ပေးထားပါတယ်။
🥳

Budget အများကြီး မလိုဘဲ Risk နည်းနည်းနဲ့ စမ်းထုတ်နိုင်ဖို့ ဘယ်နေရာမှမှမရနိုင်တဲ့ Customize ပိတ်စ ကိုက်အရေအတွက် အနည်းဆုံးကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။

Bay Dar မှာရနိုင်တဲ့ Services လေးတွေကတော့

- ဒီဇိုင်းဆန်းတဲ့ Fabric Printing အတွက် ဒီဇိုင်းတစ်မျိုးကို အနည်းဆုံး ၅၀ ကိုက်၊ စုစုပေါင်း ၂၀၀ ကိုက် ပြည့်ရုံနဲ့ လက်ခံပေးနေပါတယ်။

- ဆေးရောင် ၁ ရောင်ကနေ ၄ ရောင်အထိ စိတ်ကြိုက်ရနိုင်မယ့် Screen Printing ဆိုရင်လည်း ဒီဇိုင်းတစ်မျိုးကို အနည်းဆုံး ၁၀၀ ကိုက်ကနေ စတင်မှာယူနိုင်ပါတယ်။

- ဂါဝန်လေးတွေချုပ်ရင် High-End ဆန်စေမယ့် Machine Embroidery ကတော့ ခုမှစမ်းထုတ်မယ့် Brand တွေအတွက် အရမ်း Heavy မဖြစ်စေဘဲ အနည်းဆုံး ၅၀ ကိုက်ကနေ စတင်ယူလို့ ရပါတယ်။

ပိတ်စကို ကိုယ့်ဘက်က ပေးမလား၊ Bay Dar ကပဲ ဝယ်ယူမလား စိတ်ကြိုက်ရွေးချယ်နိုင်သလို ကိုယ်သုံးချင်တဲ့ ပိတ်စပေါ်မူတည်ပြီး ဘယ်နည်းပညာက အသင့်တော်ဆုံးဖြစ်မလဲဆိုတဲ့မျှော်မှန်းထားတဲ့ Budget အလိုက် Bay Dar အဖွဲ့သားတွေနဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လက်ခံမယ့် အော်ဒါအရေအတွက် ကန့်သတ်ထားတာမို့ စိတ်ဝင်စားရင်တော့ Page Messenger နဲ့ ဖုန်းနံပါတ် 09-777001190 တို့ကနေ အမြန်ဆုံးဆက်သွယ်ပြီး Appointment ရယူလိုက်ပါနော် 💛

Interested in a professional textile service at Bay Dar for under 5,000 MMK? 🤔

To help local brand owners overcome the challenge of high minimum orders for custom fabrics, Bay Dar offers a highly affordable, low-risk solution to bring your designs to life. 🥳

Test your new collections with minimal budget and lower risk using our accessible textile services:
Fabric Printing: Bring vibrant designs to life with a minimum of just 50 yards per design (totaling 200 yards per order).

Screen Printing: Custom options from 1 to 4 colors, starting at a minimum of 100 yards per design.

Machine Embroidery: Elevate your pieces with a premium, high-end look—perfect for new brands with a starting minimum of just 50 yards.

You can supply your own fabric or have us source it for you. Our team is ready to consult with you on the best technique for your material and budget.

We are accepting a limited number of orders, so send us a message on Page Messenger to book your appointment today! 💛

20/05/2026

မေလ ၂၁ ရက်နေ့ ညနေ ၇ နာရီမှာ Bay Dar ရဲ့ TikTok live Sale လေးရှိတယ်နော် ✨🥰

< English language below >

Bay Dar ရဲ့ ပထမဆုံး Fashion Collection ဖြစ်တဲ့ “Twal Tar – တွယ်တာ” နှစ်ဖက်လှ Reversible Jacket လေးတွေကို ပွဲဦးထွက်အဖြစ် မိတ်ဆက်ပေးမယ့် TikTok Live Sale ကို မနက်ဖြန် ( ၂၁. ၅ .၂၀၂၆ ) မှာကျင်းပတော့မှာဖြစ်ပါတယ်။

မြန်မာ့ချည်ပါးချိတ် အဆင်ရဲ့ နူးညံ့ကျော့ရှင်းမှုနဲ့ အင်းချည်ပေါင်းစင်း အဆင်ရဲ့ ရိုးရှင်းမှုတို့ကို Jacket တစ်ထည်တည်းမှာပဲ ခံစားဝတ်ဆင်နိုင်အောင် ဖန်တီးထားတာဖြစ်လို့ လာမယ့် မိုးရာသီနေ့ရက်တွေအတွက် အကောင်းဆုံး ဖက်ရှင် ဖြစ်လာမှာပါ။

အထည်ရေ အနည်းငယ်သာ Limited Edition အနေနဲ့ထုတ်လုပ်ထားတာမလို့ Bay Dar ရဲ့ Product တွေကို မြတ်နိုးသူတွေအနေနဲ့ ဒီ “Twal Tar – တွယ်တာ” နှစ်ဖက်လှ Reversible Jacket လေးတွေကို ဦးဦးဖျားဖျား ပိုင်ဆိုင်ခွင့်ရရှိနိုင်ဖို့ Live လွှင့်ချိန်အတွင်းမှာအမိအရ ဝယ်ယူဖို့လိုပါတယ်။

ဒါ့အပြင် ဒီတစ်ခေါက် Live မှာတော့ “Twal Tar” Jacket အပြင် Bay Dar ရဲ့ အခြားသော ပစ္စည်းလေးတွေကိုလည်း ထည့်သွင်းရောင်းချပေးသွားဦးမှာဖြစ်သလို Live Sale မှာသာ ရရှိနိုင်မယ့် အထူး Giveaway အစီအစဉ်လေးလည်း ပါဝင်မှာမို့လုံးဝ လက်လွတ်မခံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📅 Date: May 21, 2026
⏰ Time: 7:00 PM – 9:00 PM
📍 Live on: Bay Dar & Co TikTok Page

Tik Tok Page Link >>

https://www.tiktok.com/?_r=1&_t=ZS-96M5k5DWVpE

TikTok Live Sale: May 21st at 7 PM! 🥰

Our Live Sale is happening tomorrow on TikTok! We are debuting our first-ever Fashion Collection: the "Twal Tar" Reversible Jacket.

Enjoy the elegance of Cotton Acheik on one side and the simplicity of Inle Striped Cotton on the other the perfect piece for the upcoming rainy season.

These are Limited Edition with very few pieces available, so grab yours during the Live before they sell out. We’ll also have other Bay Dar products and an exclusive Giveaway you won't want to miss!

📅 Date: May 21, 2026
⏰ Time: 7:00 PM – 9:00 PM
📍 Live on: Bay Dar & Co TikTok Page

Tik Tok Page Link >>

https://www.tiktok.com/?_r=1&_t=ZS-96M5k5DWVpE

19/05/2026

အလုပ်ရှုပ်တဲ့ နေ့ရက်တွေထဲမှာ ကြည့်လိုက်တိုင်း စိတ်ကြည်နူးစေမယ့် Bay Dar ရဲ့ နားကပ်လေးတစ်စုံနဲ့ ကိုယ့်ကိုယ်ကိုယ် သေးငယ်တဲ့ လက်ဆောင်လေး ပေးလိုက်ပါ 🥰

< English language below >

Fancy နားကပ်တွေ ဝတ်ရတာ ရိုးသွားပြီလား? ဒါဆိုရင် ဆယ်ကျော်သက်ကနေ သက်လတ်ပိုင်းအထိ အမျိုးသမီးတိုင်း သဘောကျမယ့် Bay Dar ရဲ့ လက်မှုနားကပ်လေးတွေရှိပါတယ်။ ပုတီးစေ့လေးတွေနဲ့အလှဆင်ထားတဲ့ ဒီဇိုင်းကအစ Crystal နားဆွဲလေးတွေအထိ ရိုးရှင်းဆန်းသစ်ပြီး ပွဲတိုးမယ့် ပုံစံမျိုးစုံကို Bay Dar မှာရရှိနိုင်ပါပြီ။

ကိုယ့်ရဲ့ နေ့ရက်တွေကို တောက်ပပြီး ယုံကြည်မှုပိုရှိလာစေဖို့ အကောင်းဆုံး ပံ့ပိုးပေးတဲ့ Bay Dar ရဲ့ Hand made Earrings လေးတွေကို ကိုယ့် အတွက်ဖြစ်စေ၊ ကိုယ်ချစ်ရသူအတွက်ဖြစ်စေ ပေးချင်တယ်ဆိုရင်တော့ Page Messenger ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်သလို၊ Showroom မှာလည်း လာရောက်ကြည့်ရှုနိုင်ပါတယ် ✨🌷

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

Treat yourself to a beautiful pair of Bay Dar earrings - the perfect little pick me up for busy days 🥰

Bored of regular fancy earrings? Our handmade collection features everything from delicate beaded accents to stunning crystal drops. Designed to look simple yet elegant, they add a unique touch to any outfit, from casual days to special occasions.

Whether it's a gift for yourself or someone you love, these unique pieces will brighten your day and boost your confidence. Send us a message on Page Messenger or visit our showroom to find your favorite pair! ✨🌷

Shop Now:
📩 Message us on Page
🌐 Visit our website: www.baydar.co
📍 Visit our Showroom:
No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.

18/05/2026

မေလတစ်လထဲမှာသာ ရရှိနိုင်မယ့် မေတ္တာရနံ့သင်းတဲ့ ‘ကံ့ကော်’ Gift Set 🍃

< English Language Below >

မွှေးပျံ့ပြီး ခိုင်မာတဲ့ အဓိပ္ပာယ်ဆောင်တဲ့ ‘ကံ့ကော်’ ပန်းကလေးလို အိမ်အတွက် အမြဲတမ်း စိတ်ရောကိုယ်ပါ မြှုပ်နှံထားတတ်တဲ့ မိခင်တွေနဲ့ ချစ်ရသူတွေအတွက် ‘ကံ့ကော်’ Kitchen Gift Set လေးကို Bay Dar က May လ ရဲ့ Gift Set လေးတွေထဲက တခုအဖြစ် အမြတ်တနိုး ပြင်ဆင်ပေးထားပါတယ်။

ကံ့ကော် Gift Set လေးမှာဆိုရင် သေသပ်လှပပြီး အသုံးဝင်တဲ့ Wooden Tray, မြန်မာချည်သားစစ်စစ်ပေါ်မှာ ပန်းမျိူးစုံကို ပုံဖော်ထားတဲ့ Olina Tea Towel နဲ့ ဈေးဝယ်ထွက်တဲ့အခါမျိုးမှာပါ ပေါ့ပါးအဆင်ပြေစေမယ့် ချည်သား Tote Bag လေးတစ်ခုကိုပါပြင်ဆင်ထည့်သွင်းပေးထားပါတယ်။ ✨

အိမ်လေးတစ်အိမ်ကို စိုပြေအောင် ဖန်တီးပေးထားတဲ့ အချစ်ရဆုံးသူတွေကို ဂုဏ်ပြုချင်တာကြောင့် တွဲစပ်ဖန်တီးပေးထားတာမို့ အခု ၂၀၂၆ ခုနှစ်၊ မေလ တစ်လလုံးမှာ ‘ကံ့ကော်’ Gift Set ကို ဝယ်ယူမယ်ဆိုရင်မူရင်းစျေး ၇၈,၅၀၀ ကျပ် မှ ၅% Discount ဖြင့် ၇၄,၅၇၅ ကျပ် နဲ့ ရရှိမှာဖြစ်ပါတယ်။

မှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Bay Dar & Co Website www.baydar.co ကနေတစ်ဆင့် မှာယူနိုင်သလို Showroom မှာလည်း စိတ်ကြိုက် လာရောက်
ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.

🕥 Opening Hours: Daily, 9:00 AM - 5:00 PM

The Kant Kaw Gift Set includes a beautifully crafted and practical wooden tray, an Olina Tea Towel featuring delicate floral patterns on authentic Myanmar cotton fabric, and a lightweight cotton tote bag that is perfect and convenient for everyday shopping trips.

This set was specially curated to honor and appreciate the people who fill a home with warmth and love. During the whole month of May 2026, you can purchase the “Kant Kaw” Gift Set at a special 5% discount — reduced from the original price of 78,500 MMK to 74,575 MMK.

To place an order, you can contact us through Page Messenger or order directly via the Bay Dar & Co Website. You are also warmly welcome to visit our showroom and choose your favorite pieces in person.

📍 Showroom Address:
No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.

🕥 Opening Hours:
Daily, 9:00 AM – 5:00 PM

17/05/2026

ပန်းခင်းလေးတစ်ခုလိုအသက်ဝင်ပြီး ရိုးရှင်းလှပတဲ့ Bay Dar ရဲ့ Flore Tea Towel ✨🌸

< English language below >

အိမ်တစ်အိမ်ရဲ့ သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းတာဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ပြသရာ ရောက်ပါတယ်။ အထူးသဖြင့် နေ့စဉ်အသုံးပြုရတဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းလို နေရာတွေဟာ အမြဲတမ်း သန့်ရှင်းတောက်ပနေဖို့လိုအပ်ပါတယ်။

ဒီလို သန့်ရှင်းသပ်ရပ်တဲ့ Space လေးတစ်ခုဖြစ်ဖို့ဆိုရင်တော့ Bay Dar ရဲ့ Floral Embroidered Cotton Tea Towel လေးတွေကို အသုံပြုနိုင်ပါတယ်။ ၁၀၀% မြန်မာ့ချည်သားစစ်စစ် နဲ့ ရက်လုပ်ထားလို့ ရေစုပ်ယူမှု အားကောင်းပြီး ပန်းကန်ခွက်ယောက်တွေနဲ့ ဖန်ခွက်တွေကို အစင်းရာမထင်ဘဲ ပြောင်စင်အောင် သုတ်ပေးနိုင်ပါတယ်။

ဒါ့အပြင် သာမန်သန့်ရှင်းရေးသုံးပုဝါတွေလို ဖုံးကွယ်ထားစရာမလိုဘဲ လှပတဲ့ပန်းထိုးလေးတွေပါဝင်လို့ မီးဖိုချောင်ထဲမှာ Kitchen Decor အဖြစ် အလှဆင်နိုင်မှာပါ။ ပေါ့ပါးခိုင်ခံ့ပြီး လျှော်ဖွတ်လေ ပိုပြီးနူးညံ့အိစက်လေမို့ မီးဖိုချောင်ရဲ့သန့်ရှင်းမှုကို ရေရှည်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးအသုံးအဆောင်ဖြစ်မှာပါ 🌷

မှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Bay Dar & Co Website www.baydar.co ကနေတစ်ဆင့် မှာယူနိုင်သလို Showroom မှာလည်း စိတ်ကြိုက် လာရောက်
ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

Like a blooming garden: The simple beauty of Bay Dar’s Flore Tea Towel. ✨🌸

A clean and organized home reflects how much you value your lifestyle, especially in high-use spaces like the kitchen and dining area.

Keep your space pristine with Bay Dar’s Floral Embroidered Cotton Tea Towel. Handwoven from 100% pure Myanmar cotton, it is highly absorbent and dries dishes and glassware perfectly without leaving scratches.

Unlike ordinary cleaning cloths, these feature beautiful floral embroidery, making them perfect as kitchen decor. Lightweight yet durable, they get even softer with every wash—making them a long-lasting essential for a spotless kitchen🌷

Shop Now:
📩 Message us on Page
🌐 Visit our website: www.baydar.co
📍 Visit our Showroom:
No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.

အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် စာဖတ်တဲ့အခါ စိတ်ကြည်လင်လန်းဆန်းနေဖို့ဆိုရင် ကိုယ့်ရဲ့ Workspace လေးက သပ်ရပ်လှပနေဖို့ လိုအပ်ပါတ...
16/05/2026

အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် စာဖတ်တဲ့အခါ စိတ်ကြည်လင်လန်းဆန်းနေဖို့ဆိုရင် ကိုယ့်ရဲ့ Workspace လေးက သပ်ရပ်လှပနေဖို့ လိုအပ်ပါတယ်။ 🍀

< English language below >

အဲ့ဒီအတွက် စက်ရုံထုတ်ပစ္စည်းတွေလို ပုံစံတူမရှိဘဲ လက်မှုပညာရှင်ရဲ့ လက်ရာအလိုက် တစ်ခုချင်းစီမှာ သီးသန့် Unique Design အဖြစ်ရှိနေမယ့် Bay Dar ရဲ့ Holda: Terracotta Pencil Holderလေးတွေက ကူညီပေးနိုင်ပါတယ်။

စာရေးကိရိယာတွေ ထည့်ဖို့ Pencil Holder အဖြစ် သုံးမလား? မိတ်ကပ် Brush လေးတွေ ထည့်မလား?
Premium Terracotta ရဲ့ ခိုင်ခံ့မှု၊ Minimalist ကျတဲ့ Matte Finish အချောသပ်မှုတွေနဲ့ ဖန်တီးထားတဲ့ Holda :Pencil Holderကို Design (၃) မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

စားပွဲပေါ်က အသုံးအဆောင်တွေကို စနစ်တကျ ရှိစေရုံတင်မကဘဲအရောင်လှလှလေးတွေပေါ်မှာ မြင်နေကျမဟုတ်တဲ့ ဒီဇိုင်းလက်ရာလေးတွေနဲ့ ဖန်တီးထားလို့ ရိုးရှင်းပြီး အေးချမ်းတဲ့ ခံစားမှုကို ပေးနိုင်တဲ့ Holda: Terracotta Pencil Holder လေးတွေကို မှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Bay Dar & Co Website www.baydar.co ကနေတစ်ဆင့်မှာယူနိုင်သလို Showroom မှာလည်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ✨

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

A beautiful workspace is the key to staying fresh and focused while working or reading.

Elevate your desk with Holda: Terracotta Pencil Holders from Bay Dar. Unlike mass-produced items, each piece is handcrafted by our artisans, making every holder a unique work of art.

Whether you use it for stationery or as a chic makeup brush holder, its premium terracotta durability and minimalist matte finish add a touch of elegance to any setting. Available in three distinct designs, these holders combine organized functionality with a simple, calming aesthetic.

Shop Now:
📩 Message us on Page
🌐 Visit our website: www.baydar.co
📍 Visit our Showroom:
No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.

✨ ဘယ်ဆိုင်မှာမှ မရသေးတဲ့ နှစ်ဖက်လှ Jacket လေးတွေကို Live မှာပဲ ဦးဦးဖျားဖျား ဝယ်ယူနိုင်မယ့် အခွင့်အရေး ✨< English languag...
15/05/2026

✨ ဘယ်ဆိုင်မှာမှ မရသေးတဲ့ နှစ်ဖက်လှ Jacket လေးတွေကို Live မှာပဲ ဦးဦးဖျားဖျား ဝယ်ယူနိုင်မယ့် အခွင့်အရေး ✨

< English language below >

ဒီတစ်ခေါက် Live မှာတော့ Bay Dar ရဲ့ ပထမဆုံး Fashion Collection ရဲ့ ပွဲဦးထွက်လက်ရာဖြစ်တဲ့ မြန်မာအချိတ်ဒီဇိုင်း “Twal Tar – တွယ်တာ” Jacket လေးတွေကို စတင်မိတ်ဆက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

🌸“Twal Tar - တွယ်တာ” ဆိုတဲ့နာမည်လေးလိုပဲ အနုပညာနဲ့ မြန်မာ့အချိတ်အလှကို တွယ်တာမြတ်နိုးသူတွေအတွက် ဖန်တီးထားတဲ့ Jacket လေးဖြစ်ပြီး၊ နေ့စဉ်ဝတ်ဆင်ရာမှာလည်း Stylish ဖြစ်စေမယ့် Design ကို အထူးအာရုံစိုက် ဖန်တီးထားပါတယ်။

ထူးခြားချက်ကတော့ တစ်ဖက်မှာ ချည်ပါးချိတ် အဆင်၊ တစ်ဖက်မှာ အင်းချည်ပေါင်းစင်း အဆင်တို့ကို အသုံးပြုထားတာကြောင့် နှစ်ဖက်လှ Reversible Jacket အနေနဲ့ ဝတ်ဆင်နိုင်တာပဲ ဖြစ်ပါတယ်။ Jacket တစ်ထည်တည်းနဲ့ Style နှစ်မျိုးရရှိနိုင်တဲ့အပြင် မိုးအေးအေးရာသီမှာ ရုံးသွား၊ ကျောင်းသွား ဝတ်ဆင်ဖို့လည်း အထူးသင့်တော်ပါတယ်။ Size အနေနဲ့ Medium နဲ့ Large ဆိုပြီး (၂) မျိုး ရရှိနိုင်ပြီး၊ Design (၇) မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Twal Tar Jacket လေးတွေကို Live Sales မှာပဲ ဦးဦးဖျားဖျား ဝယ်ယူနိုင်မှာဖြစ်ပြီး၊ Live မှာသာ ရရှိနိုင်မယ့် Exclusive Promotion အစီအစဉ်တွေလည်း ပါဝင်ဦးမှာပါ။ Medium (၈) ထည်နဲ့ Large (၁၃)ထည်သာ Limited Edition အနေနဲ့ ထုတ်လုပ်ထားတာမို့ အမြန်ဦးထားမှ စိတ်ချရပါမယ်နော် ✨

ဒီတစ်ခေါက် Live Sales ကို Bay Dar ရဲ့ page မှာ မဟုတ်ဘဲ Bay Dar Official TikTok Page မှာ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ Like & Follow လေးလုပ်ထားပြီး စောင့်မျှော်ပေးကြပါဦးနော် 💛

Tik Tok Page Link >>

https://www.tiktok.com/?_r=1&_t=ZS-96M5k5DWVpE

📅 Date: May 21, 2026
⏰ Time: 7:00 PM – 9:00 PM
📍 Live on: Bay Dar & Co TikTok Page

Exclusive First Look: Our Reversible "Twal Tar" Jackets Debut Only on Live! ✨

✨ Exclusive First Access: Our "Twal Tar" Reversible Jackets are here! ✨

Don't miss the debut of our first Fashion Collection! The "Twal Tar" Jacket features a unique reversible design with Cotton Acheik on one side and Inle Striped Cotton on the other. Two styles in one perfect for the rainy season.

These are Limited Edition (only 8 Medium and 13 Large available) in 7 unique designs. Join our Live for exclusive promotions and first access.

Note: This Live Sale will be on our Official TikTok Page only!

📅 Date: May 21, 2026
⏰ Time: 7:00 PM – 9:00 PM
📍 Live on: Bay Dar & Co TikTok Page

Tik Tok Page Link >>

https://www.tiktok.com/?_r=1&_t=ZS-96M5k5DWVpE

Tar

မေလအတွင်းမှာပဲရရှိမယ့် Bay Dar ရဲ့  “ မေ “ Kitchen wear Gift Sets Promotion ✨< English language below >Bay Dar မှာ Gift ...
13/05/2026

မေလအတွင်းမှာပဲရရှိမယ့် Bay Dar ရဲ့ “ မေ “ Kitchen wear Gift Sets Promotion ✨

< English language below >

Bay Dar မှာ Gift Set တွေကို ဖန်တီးပြီး Promotion အစီအစဉ်လေးတွေနဲ့ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။ ဒီလရဲ့ Gift Set လေးတွေကတော့ မီးဖိုချောင်ထဲမှာ တကယ်ကို အသုံးတည့်စေမယ့် ပစ္စည်းလေးတွေကို စုစည်းထားတဲ့ “ မေ “ Kitchen Wear Gift Set လေးတွေပဲဖြစ်ပါတယ်။

“ကံ့ကော် ” set မှာ
Small Tray
Tote Bag small
Olina tea towel တို့ပါဝင်ပြီး
မူရင်းစျေး 78500 MMK မှာ 5% Discount ဖြင့် 74,575 MMK နဲ့ ရရှိမှာဖြစ်ပါတယ်။

“စကားဝါ”set မှာ
Tote Bag small
Pot Holder
Bottle Cover တို့ပါဝင်ပြီး
မူရင်းစျေး 61000 MMK မှာ 5 % Discount ဖြင့် 57,950 MMK နဲ့ ရရှိမှာဖြစ်ပါတယ်။

လှပရုံတင်မကဘဲ နေ့စဉ်ဘဝအတွက် အမှန်တကယ် အသုံးဝင်တာကြောင့် ဒီ Gift Set လေးတွေကို ရွေးချယ်သင့်တာဖြစ်ပြီး Set တွေထဲမှာပါဝင်တဲ့ Tote Bag လေးတွေက တစ်ခါသုံး ပလက်စတစ်အိတ်တွေနေရာမှာ အစားထိုးအသုံးပြုနိုင်လို့ ပလက်စတစ်လျှော့ချရေးနဲ့ Sustainable ဖြစ်တဲ့ လူနေမှုပုံစံကို စတိုင်ကျကျ ဖော်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် Bottle Cover လေးတွေက ရေဘူးကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ မကပ်ငြိအောင် အထိရောက်ဆုံး ကာကွယ်ပေးသလို၊ Pot Holder၊ Tea Towel နဲ့ Wooden Tray လေးတွေကလည်း မီးဖိုချောင်ထဲမှာ အပူဒဏ်ကနေ ကာကွယ်ပေးပြီး သန့်ရှင်းသပ်ရပ်တဲ့ Kitchen Space လေးဖြစ်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

မိသားစုအတွက် မေတ္တာနဲ့ချက်ပြုတ်ပြင်ဆင်ရတဲ့ မီးဖိုချောင်လေးထဲမှာ Kitchen wear လေးတွေက အနုပညာဆန်တဲ့ အလှဆင်ခြင်းတစ်ခုအဖြစ် ပြည့်စုံစေပါတယ်။

“ မေ “ Kitchen wear Gift Set လေးတွေဟာ လှပရုံတင်မကဘဲ တကယ်လည်းအသုံးလည်းဝင်တာမို့ Kitchen Space လေးကို အရောင်အသွေးတွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ မှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Bay Dar & Co Website www.baydar.co ကနေတစ်ဆင့်မှာယူနိုင်သလို Showroom မှာလည်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Limited stock available now at 5% OFF!

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

Exclusively in May: Bay Dar’s “May” Kitchenware Gift Sets Promotion ✨

Celebrate the art of home cooking with our curated “May” Kitchenware Gift Sets. Designed to combine practicality with craftsmanship, these sets are perfect for adding an artistic touch to your sanctuary.

“Gangaw” Set:
• Includes: Small Tray, Small Tote Bag, and Olina Tea Towel
• Special Price: 74,575 MMK (5% OFF from 78,500 MMK)

“Sagar Wah” Set:
• Includes: Small Tote Bag, Pot Holder, and Bottle Cover
• Special Price: 57,950 MMK (5% OFF from 61,000 MMK)

Why choose these sets?
Beyond their beauty, these sets promote a sustainable lifestyle. Our Tote Bags serve as a stylish, reusable alternative to single-use plastics. The Bottle Covers protect your drinks from dust, while the Pot Holders, Tea Towels, and Wooden Trays keep your kitchen space safe, clean, and organized.
Make your kitchen a place where love and art meet. Fill your space with color and craftsmanship today!

Shop Now:
📩 Message us on Page
🌐 Visit our website: www.baydar.co
📍 Visit our Showroom: No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

Limited stock available now at 5% OFF!

13/05/2026



လက်တွေ့စျေးကွက်ရဲ့ လိုအပ်ချက်နဲ့ ခေတ်မီဒီဇိုင်းပိုင်းဆိုင်ရာ အမြင်သစ်တွေကို လေ့လာခွင့်ရရှိစေဖို့ "အရည်အသွေးမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေးသင်တန်း" မှ ထူးချွန်လက်ရွေးစင်သင်တန်းသားတွေကို Bay Dar Showroom နဲ့ မြန်မာ့လက်မှုပညာ ထုတ်လုပ်ရောင်းချတဲ့ နေရာတွေဆီသို့ လေ့လာရေးခရီးအဖြစ် လိုက်လံပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်များကိုမျှဝေလိုက်ရပါတယ်။ ✨

We recently hosted a field trip for outstanding trainees from our "Improving Product Quality and Production Effiency Training." These future artisans visited the Bay Dar Showroom and our production sites to gain fresh insights into contemporary design and market trends.

By connecting them with real-world business experiences, we aim to inspire innovation and elevate the standards of Myanmar’s handcrafted industry.

12/05/2026

လှပတဲ့ ပန်းပွင့်လက်ရာတွေနဲ့ နှစ်ဖက်လှ Aura Bloom Throw ✨🧶

< English language below >

အပြင်မှာ မိုးဖွဲဖွဲလေးတွေရွာပြီး ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာတဲ့ အခုလိုအချိန်မှာ အိမ်ထဲမှာ နွေးနွေးထွေးထွေးနဲ့ အနားယူရတာထက် ပိုကောင်းတာ ဘာရှိဦးမလဲ။

မိုးအေးအေးမှာ အဖော်ပြုပေးမယ့်အပြင် မြင်လိုက်တာနဲ့ စိတ်ကြည်နူးသွားစေမယ့် Bay Dar ရဲ့ Aura Bloom Throw လေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Aura Bloom Throw လေးဟာဆိုရင် Bay Dar ကို လက်ဆောင်ဝယ်ဖို့ ရောက်လာတဲ့သူတိုင်း သဘောကျပြီး ရွေးချယ်သွားကြတဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ နှစ်ဖက်လှ ဒီဇိုင်းဖြစ်လို့ နှစ်သက်တဲ့ဘက်ကို အလှည့်အပြောင်းလုပ်ပြီး Style အသစ်အဆန်းအဖြစ် နေ့စဉ်အသုံးပြုနိုင်သလို၊ အရောင် (၃) ရောင်အထိ ရွေးချယ်နိုင်တာကြောင့် အိမ်ရဲ့ Mood ပေါ်မူတည်ပြီး လိုက်ဖက်အောင် အလှဆင်နိုင်ပါတယ်။

ဒါ့အပြင် အနားသတ်တွေမှာ ချစ်စရာ Pom Pom လေးတွေ ပါဝင်တာကြောင့် ပိုပြီး ချစ်ဖို့ကောင်းသလို၊ အသုံးဝင်မှုနဲ့ အလှအပကို တပြိုင်နက်တည်း ပိုင်ဆိုင်စေမှာပါ။ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ရဲ့ ဆိုဖာနဲ့ ကုတင်ထက်မှာပဲ ခင်းထားဖို့ပဲဖြစ်ဖြစ် Aura Bloom Throw လေးက နေထိုင်မှုပုံစံကို ပိုပြီး နွေးထွေးပြည့်စုံသွားစေမှာ အသေအချာပါပဲ။

မှာယူချင်တယ်ဆိုရင်တော့ Page Messenger ဒါမှမဟုတ် Bay Dar & Co Website www.baydar.co ကနေတစ်ဆင့်မှာယူနိုင်သလို Showroom မှာလည်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

📍Showroom Address:
No. (104), 38th Street (between Merchant & Strand Road),Lower Block, Kyauktada Township, Yangon.
🕥 Opening Hours: Daily, 9:00 AM - 5:00 PM

The Aura Bloom Reversible Throw: Beautiful Floral Art ✨🧶

When it’s chilly and drizzling outside, nothing beats the warmth of being home.Meet our Aura Bloom Throw a customer favorite for gifts and a perfect companion for rainy days.

Its reversible design lets you switch styles daily, and with three colors available, it easily matches any home mood. Finished with cute pom-poms, it’s both stylish and functional.

Perfect as a gift or a cozy addition to your sofa and bed. The Aura Bloom Throw truly completes your home.

Shop Now:
📩 Message us on Page
🌐 Visit our website: www.baydar.co
📍 Visit our Showroom:
No. (104), 38th Street (between Merchant & Strand Road), Lower Block, Kyauktada Township, Yangon.

Address

No. 104, 38th Street (Between Merchant Road And Strand Road), Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959777001190

Alerts

Be the first to know and let us send you an email when Bay Dar & Co Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bay Dar & Co Limited:

Share

Category