KKG Art and Craft Supply

KKG Art and Craft Supply We are glad to provide all materials of Engineering,Scale model,Art & craft,Tattoo and Office stationery For you!

We are welcome you to provide the services what you need.

မနက်ဖြန်(22.2.2025)စနေနေ့ည9:00နာရီကနေ10:00နာရီကြားအချိန်တခုအတွင်း ကမ္ဘာအနှံ့မှာရှိတဲ့ခဲပန်းချီArtistတွေကြားမှာအမြဲတွေ့ရတ...
21/02/2025

မနက်ဖြန်(22.2.2025)စနေနေ့ည9:00နာရီကနေ10:00နာရီကြားအချိန်တခုအတွင်း ကမ္ဘာအနှံ့မှာရှိတဲ့ခဲပန်းချီArtistတွေကြားမှာအမြဲတွေ့ရတတ်တဲ့၊ မူရင်းဈေး ""𝟏𝟕𝟓𝟎𝟎""တန်ရှိတဲ့ပန်းချီပစ္စည်းတစ်ခုကို၊ ဘယ်မှာမှမရတဲ့ဈေးနှုန်း "𝟏𝟐𝟓𝟎𝟎" နဲ့ရောင်းချပေးမယ့် ⚡️𝐅𝐥𝐚𝐬𝐡 𝐒𝐚𝐥𝐞𝐬⚡️အစီအစဉ်လေးရှိလို့ ဆက်ဆက်စောင့်မျော်ဝယ်ယူနိုင်ဖို့အတွက် သတင်းပါးလိုက်ရပါတယ်ခင်ဗျာ...

ကျေးဇူးပြုပြီးမနက်ဖြန်(ည၉နာရီနဲ့၁၀နာရီအတွင်း)အောက်ကLinkချပေးထားတဲ့ Pageလေးမှာသွားကြည့်ပေးပါဗျ 👇👇👇

https://www.facebook.com/Kar Kar Gyi Art And Drawing Material Supply

မနက်ဖြန်(15.2.2025)စနေနေ့ည9:00နာရီကနေ10:00နာရီကြားအချိန်တခုအတွင်း ကမ္ဘာအနှံ့မှာရှိတဲ့Artistတွေကြားမှာအမြဲတွေ့ရတတ်တဲ့၊ မူ...
14/02/2025

မနက်ဖြန်(15.2.2025)စနေနေ့ည9:00နာရီကနေ10:00နာရီကြားအချိန်တခုအတွင်း ကမ္ဘာအနှံ့မှာရှိတဲ့Artistတွေကြားမှာအမြဲတွေ့ရတတ်တဲ့၊ မူရင်းဈေး "𝟐𝟒𝟎𝟎𝟎"တန်ရှိတဲ့ပန်းချီပစ္စည်းတစ်ခုကို၊ ဘယ်မှာမှမရတဲ့ဈေးနှုန်း "𝟏𝟔𝟖𝟎𝟎" နဲ့ရောင်းချပေးမယ့် ⚡️𝐅𝐥𝐚𝐬𝐡 𝐒𝐚𝐥𝐞𝐬⚡️အစီအစဉ်လေးရှိလို့ ဆက်ဆက်စောင့်မျော်ဝယ်ယူနိုင်ဖို့အတွက် သတင်းပါးလိုက်ရပါတယ်ခင်ဗျာ...

ကျေးဇူးပြုပြီးမနက်ဖြန် အောက်ကLinkချပေးထားတဲ့ Pageလေးမှာသွားကြည့်ပေးပါဗျ 👇👇👇

https://www.facebook.com/Kar Kar Gyi Art And Drawing Material Supply

မိမိနဲ့ကိုက်ညီမယ့်Easelအမျိူးအစားတွေဘယ်လိုရွေးခြယ်သင့်သလဲ?======================================မင်္ဂလာပါ... ဒီနေ့ဖော်ပြ...
07/02/2025

မိမိနဲ့ကိုက်ညီမယ့်Easelအမျိူးအစားတွေဘယ်လိုရွေးခြယ်သင့်သလဲ?
======================================

မင်္ဂလာပါ... ဒီနေ့ဖော်ပြပေးချင်တဲ့အ‌ကြောင်းအရာလေးကတော့ ပန်းချီရေးဆွဲရာမှာမရှိမဖြစ်လိုအပ်တဲ့ 'Easel'များအကြောင်းပဲဖြစ်ပါတယ်။ Easelများတွင်အမျိူးအစားမြောက်များစွာရှိပြီး ဈေးနှုန်းများမှာလဲ ထောင်ဂဏန်းမှစလို့ သိန်းဆယ်နဲ့ချီပြီးရှိပါတယ်။ ဒါကြောင့် Easelရွေးချယ်ခြင်းဟာ မိမိရဲ့အနုပညာဖန်တီးမှုများအတွက်သာမက မိမိရဲ့ ပိုက်ဆံအိတ်အတွက်ပါအရေးကြီးပါတယ်။ Easel စတင်ဝယ်ယူမယ့်Beginnerများအတွက်သာမက Professionalပန်းချီဆရာတွေအတွက်ပါ ခုဖော်ပြမယ့်အကြောင်းအရာလေးဟာ အထောက်အကူဖြစ်စေမှာပါ။
___________________________________________

Easelရွေးချယ်ဝယ်ယူမှု့မပြုလုပ်ခင်သိထားသင့်တဲ့ အချက်တွေရှိပါတယ်။
-သုံးမယ့်ဘတ်ဂျက်ကိုစဉ်းစားပါ။ Easel standတွေဟာပုံစံအမျိူးမျိူး၊ Qualityအမျိူးမျိူး၊ sizeအမျိူးမျိူးနဲ့ အမျိုးအစားအမျိုးမျိုးရှိတာကြောင့် Easelစတင်အသုံးပြုသူတွေအတွက် စားပွဲတင် Table Top Easelအမျိူးအစားများဟာ ဈေးသက်သာပြီး နေရာလဲမယူတာကြောင့် ရွေးချယ်ဖို့သင့်ပါတယ်။

-မိမိပန်းချီ ရေးဆွဲရာ စတူဒီယို အကျယ်အဝန်းကို စဉ်းစားပါ။ Floor Model Easelများဟာနေရာယူတာကြောင့် မိမိရေးဆွဲမယ့် နေရာအကျယ်အဝန်းနဲ့အံဝင်ခွင်ကျဖြစ်‌စေမယ့် Easelမျိူးရွေးချယ်ပါ။

-ဘယ်နေရာတွေမှာသုံးမလဲဆိုတာလဲထည့်စဉ်းစားရပါမယ်။ ပုံမှန်အခန်းတွင်းရေးဆွဲရုံလား၊ အပြင်ဘက်outdoorထွက်ရေးဆွဲတဲ့အခါသုံးမှာလား။ အပြင်ဘက်outdoorထွက်တဲ့အခါ၊ ခရီးသွားတဲ့အခါအသုံးပြုမယ်ဆိုရင် ခေါက်ချိူးလို့ရပြီး၊ ကျစ်လစ်မှုရှိတဲ့ easelအမျိူးအစားမျိုးကိုရွေးချယ်ဝယ်ယူပါ။

-နောက်တစ်ချက်က‌တော့ အသုံးပြုမယ့်Canvas sizeပေါ်မူတည်ပြီး စဉ်းစားဖို့လိုပါတယ်။စားပွဲတင်Table Top Easelများဟာ 16"×20"sizeသို့မဟုတ်၊ ပိုကြီးသော Canvasအကြီးများကို ကောင်းစွာမထိန်းထားနိုင်ပဲ တိမ်းစောင်းခြင်း၊ ရွေ့လျားခြင်းတို့ဖြစ်စေနိုင်ပါတယ်။ Floor Model Easleများကတော့မည်သည့်sizeကိုမဆို ကောင်းစွာအသုံးချနိုင်မှာပါ။
Easelဘယ်နှစ်မျိုးရှိလဲ၊ ဘယ်လိုအမျိူးအစားကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို ဆက်ကြည့်ကြရအောင်-
___________________________________________

Easelအမျိူးအစားများ။
=============
Easelအမျိူးအစားမြောက်များစွာရှိပြီး ခေါက်သိမ်းလို့ရနိုင်တဲ့ Easelများ၊စားပွဲတင် Easelများ၊Studio easelများစသဖြင့် အမျိူးအစားစုံလင်ပါတယ်။ Beginner to Professional Artistထိ Qualityအမျိူးမျိူးလဲရှိပါတာ‌‌ကြောင့်လူသုံးများပြီးရေပန်းစားတဲ့ Easelအမျိူးအစားများဖော်ပြပေးလိုက်ပါတယ်

1. A-Frame Easel
ရုပ်ရှင်ကားများတွင်ဖြစ်စေ၊ ပန်းချီပြပွဲများတွင်ဖြစ်စေ Artist's Easelဟုဆိုလိုက်တာနဲ့ မျက်လုံးထဲတန်းမြင်ရမယ့် အသုံးအများဆုံး Easelအမျိူးအစားဖြစ်ပါတယ်။
A-frameဟု ခေါ်ရခြင်းကတော့ အက္ခရာAနှင့်တူပြီး ရှေ့ဘက်တွင် သစ်သားပြားနှစ်ချောင်းနဲ့နှင့် နောက်ဘက်တွင်ထောက်တိုင်အဖြစ်တစ်ချောင်းအသုံးပြုတပ်ဆင်ထားပါတယ်။ A-frame Easelများသည် ပန်းချီကားအသေးမှ အလတ်sizeထိ ကောင်းစွာထားရှိနိုင်ပြီး၊ သစ်သား သို့မဟုတ် ၊ Alumimiumဖြင့်ပြုလုပ်သည်။
အားသာချက် - Easelစတင်အသုံးပြုမယ့် Beginnerများအတွက် ဈေးသက်သာပြီးပေါ့ပါးကာ မလိုအပ်လျှင် ခေါက်ထားနိုင်ပါတယ်။
အားနည်းချက်-Designအရ နောက်ဘက်မှ ထောက်တိုင်တစ်ခုသာခံထားတာကြောင့် ပန်းချီကားကြီးများ တင်သောအခါ ခိုင်ခံ့မှုမရှိပဲ ယိုင်နဲ့နိုင်ပါတယ်။
___________________________________________

2. H-frame Easel
H-Frame Easelများဟာ နာမည်အတိုင်းHပုံသဏ္ဍာန်ရှိပြီး များသောအားဖြင့် ခိုင်ခံ့‌မာကျောတဲ့ Elm woodသို့မဟုတ် Beech woodတို့ဖြင့်ပြုလုပ်ထားပါတယ်။ H-Frame Easelတွေဟာ ကြီးမားပြီး ပန်းချီကား sizeမျိူးစုံကိုတင်နိုင်တာ‌ကြောင့် Professional Artist‌တွေအများဆုံးသုံးတဲ့Easel အမျိူးအစားဖြစ်ပါတယ်။ အများစုမှာရွေ့ပြောင်းနိုင်စေဖို့ ဘီးများပါရှိသလို ပန်းချီပစ္စည်းတွေတင်နိုင်ရန် စင် သို့မဟုတ် အကန့်တစ်ခုလဲပါတတ်ပါတယ်။
အားသာချက် - ကြီးမားခိုင်ခံ့ပြီး အရွယ်အစားမရွေး တင်ကာရေးဆွဲနိုင်တာကြောင့် Artworkအကြီးများအတွက် အလွန်ကောင်းပါတယ်။
အားနည်းချက် - Sizeကြီးမားတဲ့အတွက် ‌စတူဒီယိုတွင်း၊အခန်းတွင်း နေရာကျယ်ကျယ်လိုအပ်ပါတယ်၊ ခေါက်သိမ်းလို့မရတာကြောင့် ဘီးပါတဲ့ အမျိူးအစားရွေးချယ်ဝယ်ယူဖို့လိုပါတယ်။
___________________________________________

3. Single Mast Easel
Single Mast Easelများဟာ အလယ်တွင်သစ်သားပြားရွက်တိုင်တစ်ခုသာပါဝင်ပြီး ဖွဲ့စည်းပုံမှာ A-Frame Easelနဲ့ဆင်ပါတယ်။ ခိုင်ခံ့မှုနည်းတဲ့ Easel အမျိူးအစားဖြစ်ပေမယ့် နေရာမယူပဲ A-frameနှင့်H-frameတို့ထက် ဈေးသက်သာပါတယ်။
အားသာချက် - A-frameနှင့် H-frameတို့ထက်ပေါ့ပါးပြီး ဈေးပေါပါတယ်။ ကြီးမားတဲ့Canvasများတင်နိုင်သလို နေရာလဲမယူပါဘူး။
အားနည်းချက် - ခိုင်ခံ့မှုအားနည်းပြီး ရိုးရှင်းတဲ့ ဒီဇိုင်းကြောင့် ပန်းချီရေးနေစဉ်ပစ္စည်းများတင်ထား၍မရပါ။
___________________________________________

4. Table Top Easel
စားပွဲတင် Easelအမျိူးအစား ဖြစ်ပြီး နေရာမယူတာကြောင့် အခန်းတွင်းပန်းချီရေးသူများအတွက်အလွန်အဆင်ပြေပါတယ်။ ခိုင်ခံ့မှုအနေတော်ရှိပြီးCanvas အသေးများနှင့်အလတ်sizeများတင်ရေးနိုင်ပါတယ်။ Colour pencil၊ ခဲပန်းချီစတဲ့Drawing Mediumများအတွက်လဲအဆင်ပြေတဲ့ Easelဖြစ်ပါတယ်။
အားသာချက် - သေးပေမယ့်ခိုင်ခံ့မှုရှိပြီး နေရာမယူပဲ အလွယ်တကူခေါက်သိမ်းထားနိုင်ပါတယ်။
အားနည်းချက် - ပန်းချီကားSizeသေးများအတွက်သာအဆင်ပြေခြင်း
___________________________________________

5. Convertible Easel
Convertible Easelအမျိူးအစားဟာ Standard Easelများကဲ့သို့ ထောင်ထားနိုင်သလို Table top easleများကဲ့သို့အလျားလိုက် လှဲချကာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Mediumမျိူးစုံ အသုံးပြုသောArtistများအတွက် ကောင်းမွန်ပြီး ရေးဆွဲနေသော ပန်းချီကားအမျိူးအစားအလိုက် ပြောင်းလဲနိုင်ပါတယ်။ ဆီဆေးပန်းချီရေးချိန် ဒေါင်လိုက်ပုံစံ‌ထောင်ရေးပြီး၊ ရေဆေးပန်းချီရေးချိန်အပြားလိုက်ပုံစံပြောင်းလဲကာ တင်ရေးနိုင်ပါတယ်။ အချိူ့မှာ ပန်းချီပစ္စည်းများတင်နိုင်ရန် Easleအောက်တွင် နေရာတစ်ခုပါဝင်ပါတယ်။
အားသာချက် - Mediumအမျိူးမျိူးအသုံးပြုသော ပန်းချီဆရာများအတွက် အလွန်အသုံးဝင်ပြီးDegreeအလိုက်ထောင်လျက်မှ အလျားလိုက် စိတ်ကြိုက် တိမ်း‌စောင်းကာအသုံးပြုနိုင်ပါတယ်။
အားနည်းချက် - Convertible Easelတွေရဲ့ တစ်ခုတည်းသောအားနည်းချက်ဟာ နေရာကျယ်ကျယ်လိုအပ်ခြင်းပါ။
___________________________________________

6. French Easel
French Easelတွေဟာ ပြင်ပOutdoorပန်းချီ‌ရေးချိန်၊ ခရီးသွားချိန် ပန်းချီပစ္စည်းသီးသန့်ထည့်သယ်သွားနိုင်တဲ့ခရီးဆောင်အိတ်တစ်ခုလိုပါပဲ။ Tripodကဲ့သို့သုံးချောင်းထောက်ပုံစံဖြစ်ပြီး၊ လိုသလို အနိမ့်အမြင့် ချိန်နိုင်ပါတယ်။ ရေးဆွဲနေစဉ် ပန်းချီပစ္စည်းနှင့်ဆေးစပ်ပြားတင်နိုင်ရန် ရှေ့ဘက်သို့အံဆွဲတစ်ခုလဲ ဆွဲထုတ်နိုင်သလို နောက်ဘက်တွင်လွတ်နေသောအကန့်တွင်လဲ ပစ္စည်းများထည့်ထားနိုင်ပါတယ်။ ဒါ့အပြင်Easleတစ်ခုလုံးကိုသေတ္တာကဲ့သို့ခေါက်သိမ်းနိုင်ပြီး၊ အချိူ့Easelများတွင်ရေးပြီးကာစ စိုစွတ်နေသာပန်းချီကားကိုထည့်သိမ်းနိုင်ရန်အိတ်တစ်ခု သို့မဟုတ် အခြားသယ်ယူနိုင် စေသောအရာများပါရှိပါတယ်။ ပစ္စည်းများထည့်သိမ်းနိုင်ရန်Storageမပါရှိသော Aluminumဖြင့်ပြုလုပ်ထားသော French Easelမျာလဲရှိပါတယ်။
အားသာချက် - Outdoorရေးခြင်းများအတွက်အဆင်ပြေပြီး၊ ပန်းချီပစ္စည်းမျိူးစုံ ထည့်သွင်းသိမ်းဆည်းနိုင်သလို အနိမ့်အမြင့်လိုသလိုချိန်ညှိနိုင်ခြင်း။
အားနည်းချက် - 10‌ပေါင်ဝန်းကျင်လောက် လေးလံပြီး ခိုင်ခံ့သော်လဲ အခြေတည်ငြိမ်မှုအားနည်းခြင်း။
___________________________________________

7. Pochade box
Pochade boxများဟာ သာမန်Easelတွေထက် ထည့်သွင်းသိမ်းဆည်းနိုင်တဲ့Storageပိုများပြီး ခရီးသွားရန်၊ Outdoor ရေးရန် အလွန်ကောင်းမွန်ပါတယ်။ အဖုံးကိုထောင်ကာ Easelကဲ့သို့အသုံးပြုနိုင်ပြီး၊ အဖုံးအောက်ဖက်တွင် ဆေးစပ်ပြားကိုတင်ထားနိုင်ပါတယ်။ ပန်းချီပစ္စည်းတွေသိမ်းဆည်းနိုင်ဖို့ အံဆွဲပါရှိပြီး မိမိရဲ့ပေါင်ပေါ်၊ ခုံတန်းပေါ်၊ အဆင်ပြေရာတစ်ခုခုပေါ်တင်ကာ ပန်းချီရေးဆွဲနိုင်ပါတယ်။
အားသာချက်- သေးငယ်ပြီးကျစ်လစ်တာကြောင့် ဘယ်သွားသွားယူသွားလို့အဆင်ပြေပါတယ်။
အားနည်းချက်-‌ သေးငယ်တဲ့ပန်းချီကားများအတွက်သာအဆင်ပြေပြီး Easleကဲ့သို့ထောက်တိုင်များမပါတဲ့အတွက် ညီညာတဲ့မျက်နှာပြင် သို့မဟုတ် မိမိပေါင်ပေါ်တင်ကာ ရေးဆွဲရပါမယ်။
___________________________________________

8. Bench Easel
ပန်းချီကျောင်းတွေမှာ အများဆုံးအသုံးပြုသော ခုံအမျိူးအစားဖြစ်ပြီး၊ Canvasတင်ရေးနိုင်ရန် Easelနဲ့ ထိုင်ခုံရှည် ချိတ်ဆက်ထားသောပုံစံဖြစ်သည်။ ခုံတန်းရှည်တစ်ခုစာသာဖြစ်တာကြောင့်နေရာမယူပဲ အခန်းတွင်း၊ အခန်းပြင်ရေးဆွဲမှုများအတွက်အဆင်ပြေပါတယ်။ အသုံးများတဲ့Easelမဟုတ်ပေမယ့်၊ Easelနဲ့ထိုင်ခုံတွဲရက်ပါပြီးသားဖြစ်သလို ခိုင်ခံ့ပြီး အခြေငြိမ်တာကြောင့် အိမ်အပြင်မှာအချိန်ကြာကြာပန်းချီရေးချင်သူတွေအတွက် ကောင်းပါတယ်။
အားသာချက်-နေရာမယူသလိုEaselနှင့်ထိုင်ခုံတွဲရက်ပါခြင်း။
အားနည်းချက်- ထိုင်တဲ့အခါ ခွထိုင်ရတာမို့ အချိန်ကြာလေ သက်တောင့်သက်သာမဖြစ်စေသလို ဈေးကြီးပြီးအလေးချိန်လဲများတာကြောင့် နေရာတကာယူသွားဖို့အဆင်မပြေပါ။
___________________________________________

9. Taborets
Taboretဟာ Easelတစ်ခုဆိုတာထက် ပရိဘောဂတစ်ခုနဲ့ပိုတူပါတယ်။ ခေါက်သိမ်းနိုင်ပြီး ပစ္စည်းများထည့်သိမ်းနိုင်တဲ့အံဆွဲများပါဝင်တဲ့အပြင် ဆေးစပ်ပြား၊ ရေခွက်၊ စုတ်တံများတင်ထားနိုင်မယ့်နေရာတစ်ခုလဲပါပါတယ်။ စတူဒီယိုမရှိသူများ၊ အိမ်တွင်းအခန်းတွင်းရေးဆွဲသူများအတွက်အလွန်အဆင်ပြေပြီး ပစ္စည်းတွေအားလုံးတစ်နေရာထဲမှာ သိမ်းဆည်းထားနိုင်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေ ဟိုယူဒီယူလုပ်စရာမလိုပါ။
Taboretများဟာ ဈေးတော့မပေါပါ။ ဝယ်ယူတဲ့Designပေါ်မူတည်ပြီး US $300မှ $1200ထိရှိကြပါတယ်။ ဘတ်ဂျက်အလုံအလောက်သုံးနိုင်ပြီး၊ အခန်းတွင်းနေရာအရမ်းမယူပဲ Studioသက်သက်မရှိသူများအတွက်ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ အသုံးပြုပြီးသားSecond handဝယ်ခြင်းနှင့် လက်သမားထံအပ်နှံပြီးCustomizeပြုလုပ်ခြင်းတို့ဖြင့် ဈေးပိုသက်သက်သာသာနဲ့ရနိုင်ပါတယ်။
အားသာချက်-နေရာအရမ်းမယူပဲ ပန်းချီပစ္စည်းများစွာထည့်သိမ်းနိုင်ပြီ ရွေ့လျားနိုင်သော ဘီးလုံးများလဲပါရှိပါတယ်။
အားနည်းချက်-ဈေးကြီးပြီး onlineမှမှာယူမှု့များတွင်လဲ ခက်ခဲမှုရှိနိုင်ပါတယ်။
___________________________________________

Drawing Work Station
ပုံစံအရ Easelတစ်ခုမဟုတ်သော်လဲ Easelအနေနဲ့အသုံးပြုနိုင်တဲ့ ပုံဆွဲစားပွဲဖြစ်ပါတယ်။ပုံမှန် စာရေးစားပွဲတစ်ခုအနေနဲ့သုံးနိုင်သလို ပန်းချီရေးတဲ့အခါမှာလဲ မျက်နှာပြင်ကိုထောင်ကာ လိုသလို ချိန်ညှိနိုင်ပါတယ်။ စားပွဲသက်သက် Easelသက်သက်မထားချင်သူများအတွက်အဆင်ပြေစေပြီး ပစ္စည်းတွေတင်ထားနိုင်ဖို့ ခွက်များ၊ပန်းချီကားကို မရွေ့စေရန်၊မလျောကျစေရန် ဘားတန်းလဲပါဝင်တာကြောင့်အလုပ်ရှုပ်သက်သာစေပါတယ်။
___________________________________________

Easelတွေအကြောင်းသိသွားပြီဆိုတော့ ဝယ်ယူတဲ့အခါအဆင်ပြေစေဖို့ နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်။
Easelမဝယ်ခင်အရေးကြီးဆုံးမှာ လိုချင်တဲ့Easelရဲ့အချက်အလက်များအတိုင်း သေချာရှာပါ။ လိုချင်တဲ့ အနိမ့်အမြင့်Sizeဖြစ်မဖြစ်၊ ခိုင်ခံ့မှုရှိမရှိ သေချာစစ်ဆေးပါ။ Onlineမှဝယ်ယူပါက အပြင်ပုံကို ပြခိုင်းပါ။ ရင်းနှီးတဲ့ပန်းချီဆရာတွေရဲ့ အကြုံပြုချက်များတောင်းခံနိုင်ပြီး မိမိသုံးမယ့်ဘတ်ဂျက်နှင့်ချိန်ဝယ်ပါ။ ပန်းချီရေးဆွဲသူတစ်ယောက်မှာ Easelတစ်ခုရှိသင့်ပြီး၊ တစ်ခုပဲရှိရမယ်လို့မဆိုလိုပါ။ပန်းချီဆရာအများစုဟာအမျိူးမျိူးသောEaselများစုဆောင်းရတာ နှစ်သက်ကြပါတယ်။ မိမိရဲ့ပန်းချီရေးဆွဲရာနေရာအကျယ်အဝန်းနှင့် ဘတ်ဂျက်ပေါ်မူတည်ပြီး မတူညီတဲ့ Easelများဝယ်ယူနိုင်ပါတယ်။ ဘယ်လို Easelမျိူးပဲဝယ်ဝယ် ခိုင်ခံ့မှူရှိပြီး လိုသလို ချိန်ညှိနိုင်တဲ့Easelတွေဟာအကောင်းဆုံးပါပဲ။

ဒီနေ့ဖော်ပြပေးလိုက်တဲ့အကြောင်းအရာလေးကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့အသုံးများတဲ့ Easelတွေအကြောင်းနဲ့ မိမိနဲ့ကိုက်ညီမယ့်Easelရွေးချယ်ဝယ်ယူနည်းဟာ Artistတွေအတွက် အကျိူးရှိမယ်လို့မျှော်လင့်ပါတယ်။ Easelမျိူးစုံကို တစ်နေရာတည်းမှာစုံလင်စွာလိုချင်ရင်တော့ ကျွန်တော်တို့Kar Kar Gyi Art and Drawing Material Supply pageမှာ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
အခုလို ပန်းချီဆိုင်ရာဗဟုသုတတွေကို နှစ်ပါတ်တခါသောကြာနေတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ Postလေးကို Like and shareလေးနှိပ်ခဲ့ပြီး၊ Pageလေးကိုလဲ Likeလုပ်ပေးခဲ့ကြဖို့မျော်လင့်ပါတယ်။အခြားသိချင်တဲ့အကြောင်းအရာတွေရှိရင်လဲ Comment boxထဲမှာ ရေးပေးသွားလို့ရပါတယ်။
အဆုံးထိဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Meeden Brandရဲ့နောက်ဝင်တဲ့Easelအမျိုးအစားအသစ်လေးတွေပါ။တစ်ခုချင်းစီမှာ Easelအမျိူးအစားနဲ့ Items Codeလေးတွေထည့်ပေးထားပါတယ်...
06/02/2025

Meeden Brandရဲ့နောက်ဝင်တဲ့Easelအမျိုးအစားအသစ်လေးတွေပါ။
တစ်ခုချင်းစီမှာ Easelအမျိူးအစားနဲ့ Items Codeလေးတွေထည့်ပေးထားပါတယ်။
လိုအပ်မယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။



ဒီပစ္စည်းလေးကတော့ ပန်းချီရေးဆွဲသူတွေအပြင်၊ ရေကြောင်းနဲ့GTUကျောင်းသားတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Drawing Tubeအမျိုးအစားလ...
04/02/2025

ဒီပစ္စည်းလေးကတော့ ပန်းချီရေးဆွဲသူတွေအပြင်၊ ရေကြောင်းနဲ့GTUကျောင်းသားတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Drawing Tubeအမျိုးအစားလေးပါဗျ။
မိမိရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး Vistro Premium Drawing Tubeလေးက - လုံးပါတ် 8.5cmရှိပြီး၊ ပုံမှန်အမြင့် 62.5cm(25လက်မဝန်းကျင်)ကနေ ထပ်တိုးအမြင့် 104.5cm(40လက်မဝန်းကျင်)အထိမြှင့်ပြီးအသုံးပြုနိုင်ပါတယ်ခင်ဗျာ။
အပေါ်အဖုံးလှပ်သုံးရတဲ့အမျိုးအစားဖြစ်ပြီး၊ Nodeလေးတွေလဲပါလို့ မိမိအလိုရှိရာအမြင့်ကိုသတ်မှတ်ပြီးအသုံးပြုနိုင်ပါတယ်။ အရောင် ၅မျိုးရွှေးချယ်နိုင်ပြီး၊ Premium ကော်သားနဲ့ပြုလုပ်ထားပြီး အကြမ်းခံလို့ သယ်သွားသယ်လာအသုံးပြုနိုင်သလို ၊ ဆွဲပြီးသားပုံတွေကိုသိမ်းဆည်းဖို့လဲအဆင်ပြေပါတယ်။
ဈေးနှုန်းလေးကတော့ -
1. Vistro Premium Drawing Tube – 29500kyatsဖြစ်ပြီး၊
လိုအပ်မယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
(အသေးစိတ်ပုံလေးတွေကို Commentမှာဆက်လက်ဖော်ပြပေးထားပါတယ်)



ခဲမှုန်းဖို့ သုံးနေကျစုတ်တံလေးတွေကို အမွှေးတိုတဲ့အထိစောင့်ပြီးသုံးနေတုန်းလား?မလိုတော့ဘူးနော်…ခဲပန်းချီသုံးဖို့အပြင်၊ Acr...
03/02/2025

ခဲမှုန်းဖို့ သုံးနေကျစုတ်တံလေးတွေကို အမွှေးတိုတဲ့အထိစောင့်ပြီးသုံးနေတုန်းလား?
မလိုတော့ဘူးနော်…ခဲပန်းချီသုံးဖို့အပြင်၊ Acrylic Paintနဲ့မှာTextrueလုပ်အသုံးပြုနိုင်တဲ့ ဘယ်မှာမှမရနိုင်သေးတဲ့ စုတ်တံအမွှေးတိုလေးတွေကို ရပါပြီဗျာ။
ဈေးနှုန်းလေးကတော့ -
Giorgione Short Hair Brush Set 7pcs 13500kyatsဖြစ်ပြီး၊
စမ်းသုံးကြည့်ချင်တယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
(အသေးစိတ်ပုံလေးတွေကို Commentမှာဆက်လက်ဖော်ပြပေးထားပါတယ်)



တရုတ်စုတ်တံဈေးနှုန်းလောက်နဲ့ Mont Marte Brand Discovery Seriesထဲ ပန်းချီစတင်လေ့လာတဲ့ Beginnerလေးတွေ အတွက်အသုံးပြုဖို့သင့...
01/02/2025

တရုတ်စုတ်တံဈေးနှုန်းလောက်နဲ့ Mont Marte Brand Discovery Seriesထဲ ပန်းချီစတင်လေ့လာတဲ့ Beginnerလေးတွေ အတွက်အသုံးပြုဖို့သင့်တော်တဲ့ Assorted Brush Set ၄ချောင်းတွဲနဲ့ Assortied Brush Set 10pcsလေးတွေအသစ်ဝင်ထားလို့ မိတ်ဆက်ပေးပါရစေဗျ။
ဈေးနှုန်းလေးကတော့ -
1. Mont Marte Discovery Assorted Brush Set 10pcs – 11900kyats
2. Mont Marte Discovery Assorted Brush Set 4pcs – 6100kyats
စမ်းသုံးကြည့်ချင်တယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
(အသေးစိတ်ပုံလေးတွေကို Commentမှာဆက်လက်ဖော်ပြပေးထားပါတယ်)



Acrylicပန်းချီကားအရောင်တင်နည်း။===================== Acrylic ပန်းချီကားကိုအရောင်တင်ခြင်းဟာ ဖုန်မှုန့်များ၊ ခရမ်းလွန်ရောင...
31/01/2025

Acrylicပန်းချီကားအရောင်တင်နည်း။
=====================

Acrylic ပန်းချီကားကိုအရောင်တင်ခြင်းဟာ ဖုန်မှုန့်များ၊ ခရမ်းလွန်ရောင်ခြည်များနဲ့ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီးပန်းချီကားရဲ့အရောင်နဲ့တောက်ပြောင်မှုကို မြှင့်တင်ပေးပါတယ်။

A. လိုအပ်တဲ့ပစ္စည်းတွေကတော့-

• Canvasပေါ်တွင်ရေးထားသော Acrylicပန်းချီ
• Acrylic အရောင်တင်ဆီ (သင့်စိတ်ကြိုက်ပေါ် မူတည်၍ Matte သို့မဟုတ် Glossy finish)
• သန့်ရှင်းပြီးနူးညံ့သောစုတ်တံ (Synthetic Hair သို့မဟုတ် သဘာဝမွှေး)
• အရောင်တင်ဆီအတွက် Pallete(ဆေးစပ်ခွက်)
• Easelစင် သို့မဟုတ် Flatမျက်နှာပြင်
• လေဝင်လေထွက်ကောင်းသောနေရာ
• Masking tape (မရှိလဲရပါတယ်)
• စုတ်တံကို သုတ်ရန် အဝတ်သန့်သန့်
………………………………………………………………………
B.လုပ်ရမယ့်အဆင့်များ-
1. ပန်းချီကားဟာ အပြည့်အဝခြောက်သွေ့ကြောင်း သေချာပါစေ။
သင့်Acrylic ပန်းချီကားကို အရောင်တင်ဆီမသုတ်လိမ်းခင် လုံးဝခြောက်သွေ့နေစေသင့်ပါတယ်။ ပုံမှန်အားဖြင့်၊ ဆေးအလွှာရဲ့အထူပေါ် မူတည်ပြီး အနည်းဆုံး ရက်အနည်းငယ်မှ တစ်ပတ်အထိ ကြာတတ်ပါတယ်။
2. မှန်ကန်သောအရောင်တင်ဆီ ကိုရွေးချယ်ပါ။
သင်လိုချင်သောအပြီးသတ်အချောထည်ပေါ်မူတည်ပြီး Matte သို့မဟုတ် Gloss အရောင်တင်ဆီများကိုရွေးချယ်ပါ။ အရောင်တင်ဆီတစ်ခုစီတိုင်းမှာ အမြင်အာရုံသက်ရောက်မှု့များရှိတာကြောင့် အပြီးသတ်ပုံစံကိုဆုံးဖြတ်ရာတွင် သင့်ပန်းချီကားရည်ရွယ်ချက်ကိုလဲ ထည့်သွင်းစဉ်းစားပါ။
3. အသုံပြုမည့်နေရာကို သတ်မှတ်ပါ။
အလုပ်လုပ်ရန် လေ၀င်လေထွက်ကောင်းတဲ့ နေရာကို ရှာပါ။ သင့်ပန်းချီကားကို ထားရန်အတွက် easel သို့မဟုတ် Flat Surfaceတစ်ခုကို သတ်မှတ်ပါ။
4.Brushကို သန့်ရှင်းပါ။
သင့်စုတ်တံကို သန့်ရှင်းပြီး ဖုန်မှုန့် သို့မဟုတ် အညစ်အကြေးများ ကင်းစင်ကြောင်း သေချာပါစေ။ ရေနဲ့ဆေးချပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ ညင်သာစွာ သုတ်ပေးနိုင်ပါတယ်။
5. အရောင်တင်ဆီကိုရောမွှေပါ။ (လိုအပ်ပါက)
အချို့သော အရောင်တင်ဆီများဟာ ရောမွှေရန် သို့မဟုတ် ညင်သာစွာ ရောစပ်ရန် လိုအပ်ပါတယ်။ ဒီအဆင့်အတွက် ဆေးဘူးပေါ်မှ အညွှန်းများကို လိုက်နာပါ။ လေပူဖောင်းများထွက်လာနိုင်တာကြောင့် အရောင်တင်ဆီကွန်တိန်နာဘူးကို လှုပ်ယမ်းခြင်းမှ ရှောင်ကြဉ်ပါ။
6.(ဆန္ဒရှိလျှင်ရွေးခြယ်နိုင်ပါတယ်)-
Masking Tapeဖြင့် ဘောင်များဖုံးအုပ်ထားပါ။
သင့်ပန်းချီကားရဲ့အရောင်တင်ဆီမပါတဲ့အစွန်းများကို သေသပ်စွာထိန်းသိမ်းထားလိုပါက၊ Canvasစရဲ့ဘောင်စွန်းနေရာများကို masking tapeများဖြင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်ထားနိုင်ပါတယ်။
7. အရောင်တင်ဆီကိုသုတ်လိမ်းပါ။
သန့်ရှင်းပြီးနူးညံ့တဲ့ စုတ်တံကို အရောင်တင်ဆီထဲသို့ နှစ်ပါ။ သင့်Acrylicပန်းချီကားပေါ်တွင် အရောင်တင်ဆီကို ညီညီညာညာ၊ ညင်သာသော စုတ်ချက်များဖြင့် လမ်းကြောင်းတစ်ခုတည်းတွင် (ဥပမာ - ဘယ်မှာညာသို့ သို့မဟုတ် အပေါ်မှာအောက်သို့)သုတ်လိမ်းပါ။ ဆေးစက်များမကျစေရန် ပုံမှန်အားဖြင့် ပန်းချီကားထိပ်မှစတင်ပြီး အောက်ဘက်သို့သုတ်သွားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို အရောင်တင်ဆီ အညီအမျှလိမ်းပေးခြင်းဖြင့် ဧရိယာတစ်ခုထဲတွင် လွန်ကဲစွာ ပွတ်တိုက်ခြင်းမှ ရှောင်ကြဉ်ပါ။
8. Overlap Strokes။
တစ်ကားလုံးအပြည့် လွှမ်းခြုံမှုရှိစေရန်အတွက် သင့်brush stroke များကို အလွှာအနည်းငယ်ထပ်စေပါ။ ဒါပေမယ့် အောက်ခံဆေးကို ပျက်စေနိုင်တာကြောင့် အရမ်းမပွတ်မိစေရန် သတိထားပါ။
9. အခြောက်ခံပါ။
ပထမအရောင်တင်ဆီအလွှာကို ခြောက်အောင်ထားပါ။ အမှတ်တံဆိပ်နဲ့အရောင်တင်ဆီ အမျိုးအစားပေါ်မူတည်ပြီး နာရီအနည်းငယ်မှ တစ်ညထိကြာနိုင်ပါတယ်။ အခြောက်ခံချိန်တွင် ပန်းချီကားကို ဖုန်ကင်းစင်တဲ့ပတ်ဝန်းကျင်မှာထားပါ(အရေးကြီးပါတယ်)။
10.စစ်ဆေးပြီး ပြန်လည်သုတ်လိမ်းပါ။(မလုပ်လဲရပါတယ်)
ပထမအရောင်တင်ဆီ တစ်ထပ်ခြောက်သွားပြီးနောက် ပန်းချီကားကို စစ်ဆေးပါ။ ပိုသိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုကိုလိုချင်ရင်၊ တူညီတဲ့လုပ်ငန်းစဉ်အတိုင်း ပြန်လုပ်ပြီး အရောင်တင်ဆီကို ထပ်ဆောင်းသုတ်လိမ်းနိုင်ပါတယ်။ နောက်တစ်ထပ်မသုတ်ခင် အလွှာတစ်လွှာချင်းစီကို လုံးဝခြောက်အောင်ထားပါ။
11. (အသုံးပြုပြီးပါက) Masking Tape ကို ဖယ်ရှားပါ။
အနားစွန်းများကို ကာကွယ်ရန် masking tapeအသုံးပြုထားပါက၊ နောက်ဆုံး အရောင်တင်ဆီ အခြောက်ခံပြီးတာနဲ့ဂရုတစိုက် ဖယ်ရှားပါ။
12. အရောင်တင်ထားတဲ့ ပန်းချီကားကိုကာကွယ်ပါ။
အရောင်တင်ဆီ အပြည့်အဝခြောက်သွားတာနဲ့ သင့်ပန်းချီကားကို ဘောင်ခတ်ရန် သို့မဟုတ် ပြသရန် အသင့်ဖြစ်နေပါပြီ။
သင့်acrylic အနုပညာလက်ရာများကို မှန်မှန်ကန်ကန် အရောင်တင်ခြင်းဟာ ပန်းချီကားကိုကာကွယ်ရုံသာမက အသွင်အပြင်ကိုပါ မြှင့်တင်ပေးပါတယ်။အကောင်းဆုံးရလဒ်များရရှိနိုင်အောင် အရောင်တင်ဆေးဘူးပေါ်ရှိ အညွှန်းများကို သေချာလိုက်နာပါ။


Chinaထုတ်နဲ့ယိုးဒယာထွက်စာအုပ်လေးတွေလောက်ဘဲဈေးရှိမယ့် Netherlandsစက္ကူနဲ့ပြုလုပ်ထားတဲ့ ဈေးသက်သက်သာသာနဲ့ Watercolor Padကော...
30/01/2025

Chinaထုတ်နဲ့ယိုးဒယာထွက်စာအုပ်လေးတွေလောက်ဘဲဈေးရှိမယ့် Netherlandsစက္ကူနဲ့ပြုလုပ်ထားတဲ့ ဈေးသက်သက်သာသာနဲ့ Watercolor Padကောင်းကောင်းလေးသုံးချင်တဲ့ ရေဆေးArtistတွေအတွက် May Art ရဲ့ 100% Cellulose Watercolor padလေးနဲ့မိတ်ဆက်ပေးပါရစေဗျ။
လက်ရှိInternational Schoolတွေနဲ့ ပန်းချီသင်တန်းတွေမှာလဲအသုံးပြုနေပြီး၊ GSMအထူ/အပါးနှစ်မျိုးလုံးရွေးချယ်နိုင်တဲ့အပြင်၊ ရွေးချယ်စရာ Standard Size သုံးမျိုးလုံးရနိုင်တဲ့ 100% Cellulose Cold Pressed Acid Free – Watercolor Padလေးဖြစ်လို့ စမ်းပြီးအသုံးပြုသင့်တဲ့စာအုပ်အမျိုးအစားလေးဖြစ်ပါတယ်။
🎯 Featureနဲ့ Specification အနေနဲ့ကတော့ -
◾️ ရေးဆွဲမယ့် Techniqueပေါ်မူတည်ပြီး 200GSM နဲ့ 300GSMနှစ်မျိုးရွေးချယ်နိုင်သလို၊
◾️ A3size (12x17လက်မ)/ A3size(12x16.5လက်မ) Size(၂)မျိုး ရွေးချယ်နိုင်ပါတယ်။
◾️ စက္ကူအားအရည်အသွေးမြင့်100% cellulose အမျှင်များဖြင့်ဖန်တီးထားသောကြောင့် ပွတ်တိုက်မှု့များနှင့် ရေဆေးရေးရာတွင်Layer by Layer(အလွှာထပ်)ရေးဆွဲရန်ခံနိုင်ရည်ရှိပါတယ်။
◾️ Acid Freeလဲဖြစ်လို့ စာရွက်သားဝါမသွားနိုင်သောကြောင့် မိမိရေးဆွဲထားတဲ့ပုံကိုကာလကြာရှည်မထိခိုက်စေဘဲသိမ်းဆည်းအသုံးပြုနိုင်ပါတယ်။
ဈေးနှုန်းလေးကတော့ -
1. May Art 100% Cellulose Watercolor Pad 200g (A4) – 14200kyats
2. May Art 100% Cellulose Watercolor Pad 200g (A3) – 27000kyats
3. May Art 100% Cellulose Watercolor Pad 300g (A4) – 20250kyats
4. May Art 100% Cellulose Watercolor Pad 300g (A3) – 36450kyats
နဲ့ဝယ်ယူရရှိနိုင်ပြီး၊
စမ်းသုံးကြည့်ချင်တယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
(အသေးစိတ်ပုံလေးတွေကို Commentမှာဆက်လက်ဖော်ပြပေးထားပါတယ်)



ဒါလေးကတော့ ရေဆေးရေးမလား? Acrylicဆွဲမလား? အဆင်ပြေတဲ့အပြင် စုတ်တံအမျိုးအစားအမျိုးအမျိုးကို တစ်ခုချင်းရှာကျန်ဝယ်ရတာထက်ပိုပြ...
29/01/2025

ဒါလေးကတော့ ရေဆေးရေးမလား? Acrylicဆွဲမလား? အဆင်ပြေတဲ့အပြင် စုတ်တံအမျိုးအစားအမျိုးအမျိုးကို တစ်ခုချင်းရှာကျန်ဝယ်ရတာထက်ပိုပြီး အချိန်ကုန်ငွေကုန် သက်သာတဲ့ တစ်Setထဲဝယ်ရုံနဲ့-

◾️ Washအတွက် Wide Brush 40mm - တစ်ချောင်း၊
◾️ Flatရေးဖို့အတွက် Flat Brush No.12 - တစ်ချောင်း၊
◾️ ပန်းပွင့်လေးတွေနဲ့ Shapeလေးတွေရေးဖို့ လက်မဝက်Angle Brush - တစ်ချောင်း၊
◾️ Shapeလေးတွေရေးဖို့ Filbert Brush No.8 - တစ်ချောင်း၊
◾️ အရွက်အခက်လေးတွေရေးဖို့ Fan Brush 8by3 - တစ်ချောင်း၊
◾️ လိုင်းလေးတွေနဲ့လိုတာလေးတွေဖြည့်ဖို့ Round Brush No.2 - တစ်ချောင်းအပြင်၊
◾️ သုံးပြီးတဲ့အခါစုတ်တံလေးတွေကို ကျကျနနသိမ်းဆည်းနိုင်ဖို့အတွက် စုတ်တံထည့်သိမ်းတဲ့အိတ်လေးပါပါလို့ စိတ်တိုင်းကျသုံးဗျို့...
စမ်းသုံးကြည့်ချင်တယ်ဆိုရင် Kar Kar Gyi Art & Drawing Materialမှာ Instockရှိတာမို့လို့ Helloလိုက်လို့ရတယ်နော်...
(အသေးစိတ်ကြည့်လို့ရအောင် အောက်ကCommentမှာလဲ ပုံလေးတွေထည့်ပေးထားပါတယ်။)


အရှေ့မှာခဲမှုန်းဖို့ဒီပစ္စည်းလေးမှာပေးဖို့ Requestလုပ်ထားတဲ့ဆရာတို့/ ဆရာမတို့အတွက် Sketching & Charcoalနဲ့ရေးတဲ့အခါ အနု/...
28/01/2025

အရှေ့မှာခဲမှုန်းဖို့ဒီပစ္စည်းလေးမှာပေးဖို့ Requestလုပ်ထားတဲ့ဆရာတို့/ ဆရာမတို့အတွက် Sketching & Charcoalနဲ့ရေးတဲ့အခါ အနု/အကြမ်းBlendingနှစ်မျိုးလုံးသုံးလို့ရတဲ့ Dual Tips Rubbing Toolsလေးတွေရောက်ထားလို့လက်တို့လိုက်ပါတယ်ဗျ။
ဈေးနှုန်းလေးကတော့-
1. Giorgione Dual Tips Rubbing Tools 2pcs - Gold Metallic - 9000kyats.
2. Giorgione Dual Tips Rubbing Tools 2pcs - Silver Metallic - 9000kyats.
‌အသေးစိတ်ပုံလေးတွေကိုတော့ Comment Boxမှာ ဆက်လက်ဖော်ပြပေးထားပါတယ်။


Chinaထုတ်နဲ့ယိုးဒယာထွက်စာအုပ်လေးတွေထက် ဈေးသက်သက်သာသာနဲ့ Sketch Padကောင်းကောင်းလေးသုံးချင်တဲ့ Sketchရေးမယ့်သူတွေအတွက် May...
26/01/2025

Chinaထုတ်နဲ့ယိုးဒယာထွက်စာအုပ်လေးတွေထက် ဈေးသက်သက်သာသာနဲ့ Sketch Padကောင်းကောင်းလေးသုံးချင်တဲ့ Sketchရေးမယ့်သူတွေအတွက် May Art ရဲ့ Droi Sketchလေး နဲ့မိတ်ဆက်ပေးပါရစေဗျ။
လက်ရှိInternational Schoolတွေနဲ့ ပန်းချီသင်တန်းတွေမှာလဲအသုံးပြုနေပြီး၊ GSMအထူ/အပါးနှစ်မျိုးလုံးရွေးချယ်နိုင်တဲ့အပြင်၊ ရွေးချယ်စရာ Standard Size သုံးမျိုးလုံးရနိုင်တဲ့ Acid Free - Sketch Bookလေးဖြစ်လို့ စမ်းပြီးအသုံးပြုသင့်တဲ့စာအုပ်အမျိုးအစားလေးဖြစ်ပါတယ်။
🎯 Featureနဲ့ Specification အနေနဲ့ကတော့ -
◾️ ရေးဆွဲမယ့်Mediaရဲ့လိုအပ်ချက်အလိုက် 135GSM နဲ့ 200GSMနှစ်မျိုးရွေးချယ်နိုင်သလို၊
◾️ A3size (12x17လက်မ)/ B4size (10.5x15လက်မ)/ A3size(12x16.5လက်မ) Sizeသုံးမျိုးရွေးချယ်နိုင်ပါတယ်။
◾️ Acid Freeလဲဖြစ်လို့ စာရွက်သားဝါမသွားနိုင်သောကြောင့် မိမိရေးဆွဲထားတဲ့ပုံကိုကာလကြာရှည်မထိခိုက်စေဘဲသိမ်းဆည်းအသုံးပြုနိုင်ပါတယ်။
ဈေးနှုန်းလေးကတော့ -
1. May Art Droi Arte Sketch Pad 135g 25sheets (A4) - 9500kyats
2. May Art Droi Arte Sketch Pad 135g 25sheets (B4) - 14200kyats
3. May Art Droi Arte Sketch Pad 135g 25sheets (A3) - 15550kyats
4. May Art Droi Arte Sketch Pad 200g 15sheets (A4) - 9500kyats
5. May Art Droi Arte Sketch Pad 200g 15sheets (B4) - 14200kyats
6. May Art Droi Arte Sketch Pad 200g 12sheets (A3) - 15600kyats နဲ့ဝယ်ယူရရှိနိုင်ပြီး၊
စမ်းသုံးကြည့်ချင်တယ်ဆို Kar Kar Gyi Art And Drawing Material Supply Pageလေးမှာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
(ပုံလေးတွေကိုတော့အောက်မှာဆက်လက်ဖော်ပြပေးထားပါတယ်)



Address

No. 156, 31st(Middle), Pabedan
Yangon

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00

Telephone

+9595170098

Alerts

Be the first to know and let us send you an email when KKG Art and Craft Supply posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KKG Art and Craft Supply:

Share