22/07/2026
မျဉ်းတစ်ကြောင်းရဲ့ နောက်ကွယ်က တန်ဖိုးကို သိပါသလား?
"𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗲𝗲 က 𝗗𝗿𝗮𝘄𝗶𝗻𝗴 စာရွက်အတွက် ပေးတာပဲလေ ... ... ..."
ဒီလို အမြင်မျိုးကို 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တော်တော်များများ ကြားဖူးကြမှာပါ။
တကယ်တော့ ..... 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်ရဲ့ အလုပ်က 𝗗𝗿𝗮𝘄𝗶𝗻𝗴 ဆွဲပေးတာတစ်ခုတည်း မဟုတ်ပါဘူး။
မျဉ်းတစ်ကြောင်းချင်းစီရဲ့ နောက်ကွယ်မှာ အချိန်အများကြီးပေးပြီး လေ့လာသင်ယူထားတဲ့ ပညာရပ်၊ လက်တွေ့ အတွေ့အကြုံ၊ တာဝန်ယူမှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ အတွေးအခေါ်တွေ ပါဝင်နေပါတယ်။
ဒါပေမယ့် 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 အများစု ကြုံရတတ်တဲ့ အဖြစ်အပျက်တွေကတော့ ...
▪️ Design ပြီးသွားပေမယ့် နောက်ဆုံး Fee ကို မပေးဘဲ ရပ်သွားတာ။
▪️ "Project မလုပ်ဖြစ်တော့ဘူး" ဆိုပြီး လုပ်ပြီးသား Design အတွက် အခကြေးငွေ မပေးတော့တာ။
▪️Design Service ကို Professional Service တစ်ခုအဖြစ် မမြင်ဘဲ "Drawing ပဲလေ" လို့ ထင်ပြီး တန်ဖိုးလျှော့တွက်တာ။
တကယ်တော့ 𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗲𝗲 ဆိုတာ 𝗗𝗿𝗮𝘄𝗶𝗻𝗴 အတွက် ပေးတာ မဟုတ်ပါဘူး။
Client ရဲ့ အချိန်၊ ငွေကြေးနဲ့ နောင်တရစရာ အမှားအယွင်းတွေကို လျှော့ချနိုင်ဖို့ ကြိုတင်စဉ်းစားပြီး ဖြေရှင်းပေးထားတဲ့ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲, 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 နဲ့ 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴 အတွက် ပေးဆောင်ရတာ ဖြစ်ပါတယ်။
အိမ်တစ်လုံး၊ ရုံးခန်းတစ်ခု၊ ဆိုင်တစ်ဆိုင် ဆောက်လုပ်တာဟာ နှစ်ပေါင်းများစွာ အသုံးပြုရမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။
အစကတည်းက စနစ်တကျ Design လုပ်ထားရင် ဆောက်လုပ်နေစဉ် ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်တွေ၊ နောင်တရစရာ အမှားတွေကို များစွာ လျှော့ချနိုင်ပါတယ်။
Designer၊ Engineer၊ Contractor နဲ့ Client... ဘယ်သူမဆို ကိုယ့်ကဏ္ဍမှာ Professional တစ်ယောက်ချင်းစီ ဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ ယဉ်ကျေးမှု ပိုများလာမယ်ဆိုရင် ပိုကောင်းတဲ့ Project တွေ၊ ပိုကောင်းတဲ့ Quality တွေ ထွက်ပေါ်လာမှာ သေချာပါတယ်။
Designer, Engineer တွေ အနေနဲ့ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး။ အတွေ့အကြုံ နဲ့ အမြင်အမျိုးမျိုးကို ဖလှယ်ကြရအောင်။