Ella’s Cottage

Ella’s Cottage Handmade bouquets

26/07/2026

ချစ်ခြင်းမေတ္တာကို ပန်းလေးတွေနဲ့ ထုပ်ပိုးထားတယ် 🌸🎀

တစ်သောင်းစွန်း”နဲ့ဒီလိုချစ်စရာပန်းစည်းလေးတွေရပါမယ်ရှင့်

26/07/2026

ချစ်ခြင်းမေတ္တာကို ပန်းလေးတွေနဲ့ ထုပ်ပိုးထားတယ် 🌸🎀

တစ်သောင်းစွန်း”နဲ့ရနိုင်တဲ့ပန်းစည်းလေးတွေပါရှင့်

23/07/2026

💐 Thumbelina Bouquet 🌸
သဘာဝရဲ့ အရောင်အသွေးစုံလင်မှုကို အနုပညာဆန်ဆန် ပေါင်းစပ်ဖန်တီးထားတဲ့ bouquet လေး
ပန်းတိုင်းမှာ နူးညံ့မှု၊ ပန်းစည်းတစ်စည်းလုံးမှာ ချစ်ခြင်းမေတ္တာကို ခံစားရစေမယ့် design လေးပါရှင်

ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် အထူးနေ့လေးတစ်နေ့ရှိတယ်ဆိုတာ သင် သိပါသလား? 💕August 1 ရက်နေ့ ကို ကမ္ဘာတစ်ဝှမ်းမှာ Natio...
21/07/2026

ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် အထူးနေ့လေးတစ်နေ့ရှိတယ်ဆိုတာ သင် သိပါသလား? 💕

August 1 ရက်နေ့ ကို ကမ္ဘာတစ်ဝှမ်းမှာ National Girlfriend Day အဖြစ် လူသိများပါတယ်။

ဒီနေ့ရဲ့ မူလအစကို တရားဝင်သတ်မှတ်ထားတဲ့ မှတ်တမ်းအတိအကျ မရှိပေမယ့် 2000 ခုနှစ်များအတွင်း အမေရိကန်နိုင်ငံမှာ social media နဲ့ online communities တွေကနေတစ်ဆင့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ ဒီနေ့ကို ကိုယ့်ဘဝထဲမှာ အရေးပါတဲ့ အမျိုးသမီးတွေ — ချစ်သူ၊ အနီးကပ်သူငယ်ချင်းတွေကို တန်ဖိုးထားကြောင်း ဖော်ပြတဲ့နေ့အဖြစ် အသုံးပြုခဲ့ကြပါတယ်။

💐 National Girlfriend Day မှာ လူတွေ ဘယ်လိုကျင်းပကြလဲ?

🌹 ပန်းပေးခြင်း
ပန်းတွေဟာ ရှေးယဉ်ကျေးမှုတွေကတည်းက ချစ်ခြင်း၊ လေးစားမှုနဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် ဒီနေ့မှာ ပန်းပေးကြတာဟာ လူကြိုက်များတဲ့ အစဉ်အလာတစ်ခု ဖြစ်လာပါတယ်။

💌 ခံစားချက်ဖွင့်ပြောခြင်း (Confess)
တစ်ယောက်ယောက်ကို သဘောကျနေပေမယ့် မပြောရသေးတဲ့ ခံစားချက်တွေကို ဖွင့်ပြောဖို့ ဒီနေ့ကို အခွင့်အရေးကောင်းတစ်ခုအဖြစ် အသုံးပြုကြသူတွေလည်း ရှိပါတယ်။

🎁 လက်ဆောင်ပေးခြင်းနဲ့ အမှတ်တရဖန်တီးခြင်း
ပန်း၊ ချောကလက်၊ လက်ဆောင်လေးတွေ ပေးခြင်း၊ အတူတူအချိန်ဖြုန်းခြင်းတွေကနေ ချစ်ခြင်းနဲ့ ကျေးဇူးတင်မှုကို ပြသကြပါတယ်။

အမှန်တော့ အချစ်နဲ့ ဂရုစိုက်မှုကို ဖော်ပြဖို့ အထူးနေ့တစ်နေ့ကို မစောင့်လည်း ရပါတယ်။ ဒါပေမယ့် National Girlfriend Day လို နေ့လေးတွေက ကိုယ်တန်ဖိုးထားရတဲ့သူကို သတိရပြီး ခံစားချက်တွေကို ပြောပြဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်စေပါတယ်။

August 1 မှာ Ella’s Cottage က ပန်းတစ်စည်းနဲ့ ကိုယ့်ရဲ့ခံစားချက်ကို ပြောပြကြည့်ပါနော် 💐

Handcrafted with love for your loved ones 🤍National Girlfriend’s Dayအတွက် preorderတင်ထားလို့ရပါပြီရှင့်
20/07/2026

Handcrafted with love for your loved ones 🤍

National Girlfriend’s Dayအတွက် preorderတင်ထားလို့ရပါပြီရှင့်

A little gift for your favorite girl 💕National Girlfriend Day is coming surprise her with something special 🌷✨
13/07/2026

A little gift for your favorite girl 💕
National Girlfriend Day is coming
surprise her with something special 🌷✨

Wrapped in red🌹❣️
10/07/2026

Wrapped in red🌹❣️

🌹 Juneလ ရဲ့ Birth Flower — Rose (နှင်းဆီပန်း) 🌹June မှာမွေးဖွားသူတွေရဲ့ Birth Flower က နှင်းဆီပန်းပါ။နှင်းဆီပန်းဟာ ချစ်ခ...
02/06/2026

🌹 Juneလ ရဲ့ Birth Flower — Rose (နှင်းဆီပန်း) 🌹

June မှာမွေးဖွားသူတွေရဲ့ Birth Flower က နှင်းဆီပန်းပါ။
နှင်းဆီပန်းဟာ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုရုံတင်မကဘဲ၊ လေးစားမှု၊ သစ္စာရှိမှုနဲ့ အလှတရားတို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

နှင်းဆီပန်းဟာ လက်ဆောင်ပေးဖို့ ဘယ်တော့မှ ခေတ်မကုန်တဲ့ ပန်းတစ်မျိုးပါပဲ။ ချစ်သူအတွက်ဖြစ်ဖြစ်၊ မိသားစုအတွက်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆုချချင်လို့ဖြစ်ဖြစ် နှင်းဆီပန်းတစ်စည်းက ပြောချင်တဲ့ ခံစားချက်တွေကို အစားထိုးပြောပေးနိုင်ပါတယ်။

June မွေးဖွားသူတွေလိုပဲ နှင်းဆီပန်းကလည်း နူးညံ့လှပပေမယ့် သူ့ကိုယ်သူ
ကာကွယ်နိုင်တဲ့ ဆူးလေးတွေရှိပါတယ်။
အလှတရားနဲ့ ခွန်အားကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားတဲ့ ပန်းတစ်မျိုးပါပဲ။

ဒီ June မှာ ကိုယ်ချစ်ရတဲ့သူဆီကို ပန်းစည်းလေးတစ်စည်း ပို့ပေးမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ လှပတဲ့ နှင်းဆီပန်းလေးတွေ လက်ဆောင်ပေးမလား။ 🌹✨

“တချို့ခံစားချက်တွေက စကားလုံးတွေထက် ပန်းလေးတစ်စည်းနဲ့ ပိုပြီး လှလှပပ ရောက်သွားတတ်ပါတယ်။”

Not just flowers ,tiny feelings wrapped into one bouquet 💐🤍
30/05/2026

Not just flowers ,
tiny feelings wrapped into one bouquet 💐🤍

Admin ကတော့ ပန်းစည်းတွေထဲမှာMix flower bouquet တွေကို အကြိုက်ဆုံးပဲ Ella’s Cottage မှာတော့ frezzy wire နဲ့လုပ်ထားတဲ့ပန်း...
28/05/2026

Admin ကတော့ ပန်းစည်းတွေထဲမှာ
Mix flower bouquet တွေကို အကြိုက်ဆုံးပဲ
Ella’s Cottage မှာတော့ frezzy wire နဲ့လုပ်ထားတဲ့ပန်းစည်းလေးတွေရနိုင်ပါတယ်

ပန်းတစ်မျိုးတည်းနဲ့ရတဲ့အလှထက်
ပန်းအမျိုးမျိုးပေါင်းထားတဲ့ခံစားချက်ကို ပိုသဘောကျတယ်

တချို့ပန်းလေးတွေက နူးညံ့တယ်
တချို့ပန်းလေးတွေက တောက်ပတယ်
တချို့ကတော့ အသေးစိတ်လေးတွေပဲ
ဒါပေမဲ့ အကုန်ပေါင်းလိုက်တဲ့အချိန်မှာ
ပန်းစည်းတစ်စည်းလုံးက ကြည့်နေရုံနဲ့ စိတ်ကြည်သွားစေတဲ့ခံစားချက်မျိုးဖြစ်သွားတာ

အထူးသဖြင့် အရောင်နုနုလေးတွေနဲ့ စည်းထားတဲ့ပန်းစည်းတွေဆို
နူးနူးညံ့ညံ့ခံစားချက်လေးရပြီး
ကြည့်နေရင်းနဲ့တောင် စိတ်အေးသွားသလိုခံစားရတယ်

ဒါကြောင့် Admin အတွက်တော့
Mix flower bouquet ဆိုတာ
ပန်းစည်းတစ်စည်းထက်ပိုပြီး
ခံစားချက်လေးတွေစုထားတဲ့အရာတစ်ခုလိုပဲ

တစ်ယောက်ယောက်က
‘ဘယ်လိုပန်းစည်းမျိုးကြိုက်လဲ’ လို့မေးရင်
Admin ကတော့ Mix flower bouquet လို့ပဲဖြေမိမှာ 💐

ပန်းအမျိုးမျိုးပါတာမို့
ပန်းစည်းတစ်စည်းလုံးမှာ ခံစားချက်မျိုးစုံရှိနေသလိုခံစားရတယ် 🌷

ချစ်စရာကောင်းတဲ့ပန်းလေးတွေ
နူးညံ့လှပတဲ့ပန်းလေးတွေ
အသေးစိတ်လေးတွေပါပေါင်းလိုက်တော့
တစ်မျိုးလေးကို လှနေတော့တာ

အရမ်းထင်ရှားနေတာမျိုးမဟုတ်ဘဲ
နူးနူးညံ့ညံ့လေးနဲ့လှနေတာကို ပိုသဘောကျတယ်

တစ်ခါတလေ ပန်းစည်းလေးတွေက
လူတစ်ယောက်ရဲ့ ဂရုစိုက်မှုနဲ့ အားထုတ်မှုကိုပါ ခံစားရစေတယ်မလား 🤍

အဲ့ဒီခံစားချက်လေးကြောင့်ပဲ
Admin ကတော့ Mix flower bouquet တွေကို အမြဲပိုရွေးမိတယ်

Mix flower bouquet လေးတွေကိုဘယ်လို color theme နဲ့ combination လုပ်ချင်တာလေးတွေပြောပေးရုံနဲ့ cus စိတ်တိုင်းကျအလှဆုံးဖန်တီးပေးနေပါတယ်

Address

Yangon

Telephone

+959962650321

Website

Alerts

Be the first to know and let us send you an email when Ella’s Cottage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category