10/08/2026
#လူတစ်ယောက်ရဲ့အကြီးအကျယ်အခမ်းနားဆုံး
ရင်းနှီးမြှပ်နှံမှုဟာ...
#ကိုယ်ကျင့်တရားပါပဲတဲ့
ကိုတောင်သူဟာပြီးပြည့်စုံသောကိုယ်ကျင့်တရား
ရှိသူလို့မဆိုနိုင်ပေမဲ့....
ကိုယ့်အမျိုးကိုယ့်မိတ်ဆွေတွေအပေါ်...
အတတ်နိုင်ဆုံး...
သစ္စာရှိစွာ....မှန်ကန်ရိုးဖြောင့်စွာဖြင့်
ကြိုးစားရပ်တည်ခဲ့လို့....
အခုဆိုရင် ထိုင်သင့်တဲ့နေရာတစ်ခုရလာခဲ့ပါပြီ
#လုပ်ငန်းအစမှာ
ငွေကြေးအရင်းအနှီးဗလာနတ္ထိမို့...
များစွာအခက်အခဲဖြစ်ခဲ့ရပါတယ်....
တောမှာရတဲ့ သစ်ဝါး..ထန်းရွက် ထန်းလက်တို့ဖြင့်
အလုပ်ရုံကလေးဆောက်လုပ်ကာ
တစ်ပိုင်တစ်နိုင်အလုပ်ကလေးအစပြုခဲ့ရပါတယ်
မခိုမကပ် ပေါချောင်ကောင်းမလိုက်ပဲ
မိမိဥာဏ်မီသမျှ....
အကောင်းဆုံးဆိုတာတွေရွေးချယ်ဝယ်ယူ
ကြိတ်ခွဲရောင်းချခဲ့ပါတယ်...
တစ်နေ့ထက်တစ်နေ့
တစ်လထက်တစ်လ.....
ကျေးဇူးရှင်အမျိုးတွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့်....
ဆီစက်သေးသေး တစ်လုံးကနေ..နှစ်လုံး..
နောက်တော့..သူ့ထက်နည်းနည်းကြီးတဲ့
ဆီစက်နှစ်လုံး....
ပိုမိုကောင်းမွန်တဲ့အလုပ်ရုံ....
ဆီစစ်ဖစ်တာ....စတီးလ်ကန်....ပါဝါမီတာ..စသည်ဖြင့်
တိုးတက်များပြားလာခဲ့ပါတယ်ခင်ဗျာ...
ဒါတွေဟာ တစိုက်မတ်မတ် ရိုးဖြောင့်ခြင်းရဲ့
ရလဒ်...အမျိုးတွေရဲ့ယုံကြည်ခြင်း...
အားပေးခြင်းတွေရဲ့ရလဒ်တွေပဲမဟုတ်ပါလား
ခင်ဗျာ....
ကိုတောင်သူရဲ့ရောင်းအားဟာ
ဒီထက်တိုးတက်လာဖို့အခြေအနေတွေရှိနေတာမို့
ဆက်ပြီးကြိုးစားရပါဦးမယ်....
အကောင်းဆုံးဆိုတာတွေလျော့ပါးမသွားဖို့
ကတိပြုပါတယ်အမျိုးတို့ရေ....
အရာအရာအတွက်
ကျေးဇူးအနန္တပါခင်ဗျာ....🙏🙏🙏
"မှတ်ချက်...
ကိုတောင်သူရဲ့
ကိုယ်ကျင့်တရားကောင်းခြင်း
ရိုးသားခြင်းဆိုရာတွင်
ပုထုဇဥ်တစ်ယောက်၏ရိုးသားခြင်းသာ🙏"
#လိပ်ပြာသန့်သောအရောင်းသမား
#မကွေးကကိုတောင်သူ