Yarns' Life

Yarns' Life � Crochet's knowledges sharing and Selling �

ပုံထဲက acc ပိုင်ရှင်ညီမလေးအတွက် “ကြည့်မရလို့ ပေးတာ “ဆိုပြီး bunny set လေး Surprise gift လာမှာပေးထားပါတယ်ရှင့် 🥰🥹 ဪ တွဲတွ...
18/07/2024

ပုံထဲက acc ပိုင်ရှင်ညီမလေးအတွက်
“ကြည့်မရလို့ ပေးတာ “ဆိုပြီး bunny set လေး Surprise gift လာမှာပေးထားပါတယ်ရှင့် 🥰

🥹 ဪ တွဲတွဲတွေများနော်
ကြည့်မရတာတောင် လက်ဆောင်ပေးပြီးတော့ကို
ကြည့်မရကြတာ

မင်မင်တို့များကျ ကြည့်မရရင် ချောင်းရိုက်မယ့်သူတွေချည်းပဲ 🤧

Surprise gift ကို မျက်ရည်၂ စက်ကျရင်း အားကျရင်းနဲ့ တင်ပေးလိုက်ရပါတယ်ရှင်

#အားကျမိ #လက်ဆောင် #အတွဲတွေများမနာလိုစရာ

Granny square လေးတွေထိုးပြီး အင်္ကျီချုပ်တဲ့အခါ အများဆုံးတွေ့ရတဲ့ မေးခွန်းဖြစ်တဲ့ size??S,M,L,XL,XXL စသဖြင့် size တွေပေါ...
25/05/2024

Granny square လေးတွေထိုးပြီး အင်္ကျီချုပ်တဲ့အခါ အများဆုံးတွေ့ရတဲ့ မေးခွန်းဖြစ်တဲ့ size??

S,M,L,XL,XXL စသဖြင့် size တွေပေါ်မူတည်ပြီး ပဲ့ကိုင်ရှင်လေးတို့ အခက်တွေ့မနေစေဖို့ရာ ချည်လုံးလေးမှ sharing လုပ်ပေးလိုက်ပါတယ်နော် 🧶❤️

ချစ်စရာ chubby bunny keychain size လေး ❤️🧶
10/05/2024

ချစ်စရာ chubby bunny keychain size လေး ❤️🧶

05/05/2024

ချည်လုံးလေးတွေအများကြီး အိမ်ကိုခေါ်မိတဲ့နေ့ ပဲ့ကိုင်ရှင်လေးတို့ အတွေးးးး 🤭🤭

🐰💛 Chubby Bunny 🐰💛💛 ပြည့်ပြည့်ဝဝ အချစ်ခံချင်ရင် ဝဝပြည့်ပြည့်လေးတွေကို ချစ်ပါ 💛 ဝဝပြည့်ပြည့်လေးကို ပျော်စေချင်ရင် Chubby ...
04/05/2024

🐰💛 Chubby Bunny 🐰💛

💛 ပြည့်ပြည့်ဝဝ အချစ်ခံချင်ရင်
ဝဝပြည့်ပြည့်လေးတွေကို ချစ်ပါ

💛 ဝဝပြည့်ပြည့်လေးကို ပျော်စေချင်ရင်
Chubby bunny လေး လက်ဆောင်ပေးပါ

ဘဏ်ဓါးပြတိုက်မယ်ဆို ဒီလိုအထာကျကျ တိုက်! 🧶🎭🤭
03/05/2024

ဘဏ်ဓါးပြတိုက်မယ်ဆို ဒီလိုအထာကျကျ တိုက်! 🧶🎭🤭

Pattern ပေါ်မူတည်သော အလှထွက်ပုံများ 🥰🧶အခြေခံ pattern ဖတ်တတ်သွားပြီးရင် ဘယ်လို pattern ဆို ဘယ်လိုအလှ‌ပုံထွက်တယ်ဆိုတာလေး ပ...
02/05/2024

Pattern ပေါ်မူတည်သော အလှထွက်ပုံများ 🥰🧶

အခြေခံ pattern ဖတ်တတ်သွားပြီးရင် ဘယ်လို pattern ဆို ဘယ်လိုအလှ‌ပုံထွက်တယ်ဆိုတာလေး ပဲ့ကိုင်ရှင်လေးတို့ အကြမ်းဖျင်းသိရအောင်စေဖို့ ချည်လုံးလေးမှ sharing လုပ်ပေးလိုက်ပါတယ်ရှင့် ❤️❤️

ချည်လုံးလေးက အမည်မခေါ်ရဲလို့ 😁😁ပဲ့ကိုင်ရှင်တို့ရော ‌သူ့နာမည်သိကြလား?? 🪄🪄
01/05/2024

ချည်လုံးလေးက အမည်မခေါ်ရဲလို့ 😁😁

ပဲ့ကိုင်ရှင်တို့ရော ‌သူ့နာမည်သိကြလား?? 🪄🪄

ဒီလိုမျိုး yarn holder နဲ့သာဆို ချည်လုံးလေးရဲ့ ပဲ့ကိုင်ရှင်များ be like:: 🥶🥶
30/04/2024

ဒီလိုမျိုး yarn holder နဲ့သာဆို ချည်လုံးလေးရဲ့ ပဲ့ကိုင်ရှင်များ be like:: 🥶🥶

Pattern မဖတ်တတ်တာ မဖြစ်ရစေဖို့ ❤️❤️ချည်လုံးလေးရဲ့ ပဲ့ကိုင်ရှင်‌တို့ရေ... ချည်လုံးလေးမှ ကြိုဆိုပါတယ်နော် 🥰ပဲ့ကိုင်ရှင်လေး...
29/04/2024

Pattern မဖတ်တတ်တာ မဖြစ်ရစေဖို့ ❤️❤️

ချည်လုံးလေးရဲ့ ပဲ့ကိုင်ရှင်‌တို့ရေ... ချည်လုံးလေးမှ ကြိုဆိုပါတယ်နော် 🥰

ပဲ့ကိုင်ရှင်လေးတို့ရဲ့လက်ထဲမှာပဲ ချည်လုံးလေးဘဝလှပမှုက မှီခိုနေတာမို့ Pattern လှလှလေးတွေ ဖတ်နိုင်ဖို့အတွက် ချည်လုံးလေးကနေ crochet ရဲ့ အခြေခံ အခေါ်အဝေါ်လေးတွေနဲ့ pattern ဖတ်လွယ်စေဖို့ တင်ပေးလိုက်ရပါတယ်ရှင့်


အချစ်ဦးကိုပြန်ရှာတွေ့ဖို့ Lavender ပန်းတွေရဲ့ရနံ့နောက်ကိုလိုက်ရင်း ပျောက်ဆုံးသွားတဲ့ကောင်မလေးအကြောင်းကြားဖူးလား 💜lavende...
29/04/2024

အချစ်ဦးကိုပြန်ရှာတွေ့ဖို့ Lavender ပန်းတွေရဲ့ရနံ့နောက်ကိုလိုက်ရင်း ပျောက်ဆုံးသွားတဲ့ကောင်မလေးအကြောင်းကြားဖူးလား 💜

lavender ခရမ်းပြာပန်းတွေဟာအချစ်ဦးကိုကိုယ်စားပြုပြီးသူ့languageလေးကတော့ မင်းကိုအမြဲစောင့်နေပါမယ်တဲ့

လာဗန်ဒါပန်းတွေရဲ့ပုံပြင်အများစုကsad storyတွေဖြစ်ပြီးသဘောကျမိဆုံးပုံပြင်လေးကတော့

"တစ်ခါကရေခဲတောင်တစ်ခုနားက ရွာကလေးမှာ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်..။

တစ်နေ့မှာ သူမဟာ ဒဏ်ရာရနေတဲ့ လူစိမ်းတစ်ယောက်ကိုတွေ့ခဲ့ရတယ်..။

ဘယ်ကရောက်လာမှန်းမသိတဲ့လူစိမ်းဟာသိပ်ချောမောပြီး ဖြူဖျော့တဲ့အသားအရည်မျက်ဝန်းညိုတွေဟာသိပ်ကိုလှသတဲ့..။

လူစိမ်းရဲ့အပြုံးလေးကိုငေးရင်းကောင်မလေးဟာစွဲလမ်းသွားခဲ့ပါတယ်..။

ထူးဆန်းတဲ့လူစိမ်းကိုချစ်မိသွားတဲ့ကောင်မလေးဟာ ဒဏ်ရာတွေပျောက်အောင် စောင့်ရှောက်ပေးခဲ့တယ်..။

သာမန် ရုပ်ရည်နဲ့မိန်းကလေးဆိုပေမယ့်
သူမရဲ့ကြင်နာမှုကြောင့်ချောမောတဲ့ လူစိမ်းကလည်း သူမကို ပြန်ပြီးချစ်မိသွားခဲ့ရတယ်..။

ထူးဆန်းတဲ့လူစိမ်းက သူမကို ချစ်ပေမယ့် သူနဲ့ပဲအတူ..လိုက်လာခဲ့ဖို့ပြောပါတယ်။

သူမနဲ့အတူ သူဒီမှာမနေနိုင်ပါဘူးတဲ့။
ကောင်မလေး ရဲ့မိသားစုဝင်တွေအတွက်ကတော့ ဒါဟာ စိတ်ဆိုးစရာလုပ်ရပ်ပေါ့။

လူစိမ်းရဲ့ ထူးခြားတဲ့သွင်ပြင်ကို.
သတိထားမိတဲ့ မိသားစုတွေက..သူမရဲ့ချစ်သူကို
လာဗန်ဒါပန်းတွေရှိရာခေါ်သွားဖို့တိုက်တွန်းခဲ့တယ်..

သူမကလည်းမိသားစုရဲ့ စကားကိုလက်ခံပြီးသူနဲ့အတူအဲနေရာကို ထွက်သွားပြီးမကြာခင်မှာပဲအဘွားအိုတစ်ဦးရောက်လာခဲပြီး lavenderပန်းစည်းတွေလာပေးခဲ့ပါတယ်။

အဘွားအိုကLavenderရဲ့ရနံ့ကMonster တစ်ကောင်ကို မူလပုံစံ..အသွင်ပြောင်းစေမယ်ဆိုပါတယ်။

အဲအချိန်မှာပဲ..စိုးရိမ်သွားတဲ့ လူစိမ်းဟာ..ကောင်မလေးလက်ကိုဆွဲရင်းထွက်သွားဖို့..လုပ်ပေမယ့်
ကောင်မလေးကိုင်ထားတဲ့..lavenderပန်းတွေကိုတော့
မတော်တဆ..ထိမိသွားခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ
သူ့ချစ်သူဟာ..ခရမ်းရောင်အငွေ့တွေကြား
ပျောက်ကွယ်သွားပါတော့တယ်။

သိပ်မကြာခင်မှာပဲနောင်တရငိုကြွေးနေခဲ့တဲ့ ကောင်မလေးလည်းရွာကနေပျောက်ကွယ်သွားခဲ့တယ်....."

သူမက..lavender ပန်းတွေရဲ့..ရနံ့နောက်ကို
လိုက်ရင်း သူမချစ်သူကို
လိုက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လာဗန်ဒါပန်းနံ့ဟာဖူးစာရှင်ကိုရှာပေးတတ်တယ်လို့ဆို​ကြသလို ကြေကွဲဖွယ်အချစ်ကိုလည်းကိုယ်စားပြုနေခဲ့တယ်..။
.

အချစ်တစ်ခုရှိရုံနဲ့အရာရာဟာမလုံလောက်ခဲ့..

မခေါ်ပဲရောက်လာသလို မနှုတ်ဆတ်ပဲ
ပျောက်ကွယ်သွားခဲ့တဲ့ ဧည့်သည်ရေ

ခရမ်းပြာပန်းတွေပွင့်ရာ လွင်ပြင်ငယ်မှာ
အမြဲစောင့်နေခဲ့တဲ့တစ်စုံတစ်ယောက်ကို
မမှတ်မိတော့လေသလားကွယ်..
..

-7
pic from pins....
Crd

Address

Yangon

Telephone

+959774201692

Website

Alerts

Be the first to know and let us send you an email when Yarns' Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share