30/05/2024
UGတစ်ယောက်ရဲ့မှတ်တမ်း
UGလုပ်တယ်ဆိုတာ နဲ့တစ်ချိန်ကသူငယ်ချင်း အမျိုးတွေအကောင့်ထဲမှာတစ်ေယာက်မှမရှိကြတော့ဘူး
မြို့တွင်းမှာ နေရပေမဲ့ အစားမမှန်
ကောင်းကောင်းမနေရ ကားသံကြားရင် ကြောက်နေရတယ်
သူငယ်ချင်းတွေ လည်းအရင်လိုမဟုတ် စကားမပြောချင်ကြတော့ မိသားစုက လဲ လက်မခံ
ကိုယ်ဖြစ်ကိုယ်ခံပေါ့တဲ့
ငွေလိုတော့ ရှိတာလေးရောင်း
ရောင်းစရာ မရှိတော့ အ လှူခံပြီးအကူညီတောင်းမယ်လုပ်တော့
moving ပြတဲ့
UG က လက်နတ်ကိုင်ပြမျက်နှာမြင်အောင်ပြပြီး အလှူခံလို့မရတော့ ခက်တယ်
အန္တရာယ်ကြားမှာနေရတော့ အလုပ်ကလုပ်မရ
UGတွေဟာ လူမသိ သူမသိ နေရတယ်
လူမသိ သူမသိ အဖမ်းခံရတယ်
ယူနီဖောင်း ဝတ်ပီး ပခုံးမှာ အပွင့်တွေနဲ့နေမရ
live လွင့်ပြီး တိုက်ရ ခိုက်ရတာတွေ ပြောပြမရ
မပြောတော့ သိတဲသူမရှိ ဒီလိုဘဲ UG ဘဝကို ဖြတ်သန်းနေရတယ် UGတွေဘဝကို
ခေါင်းဆောင်ပိုင်းတချို့ သိစေချင်ပါ တယ်
လေးစားမြတ်နိုးပေးပါ
#ဒို့ရန်ကုန်