26/08/2026
ကြော်ချက်ပြီးသားဆီကို ဘာကြောင့် ပြန်မသုံးသင့်တာလဲ?
ဒါကတော့ ကျွန်တော် တို့ အမြဲတမ်း ဆွေးနွေးနေကြတဲ့ အကြောင်းအရာတစ်ခုပါ။ ရေရှည်ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်လို့ ကိုယ်တိုင်သိရှိထားရုံသာမက ကိုယ်ချစ်ရတဲ့ မိသားစုတွေနဲ့လည်း မျှဝေပေးဖို့ လိုပါတယ်။
ဆီကို အကြိမ်ကြိမ် ပြန်အပူပေးပြီး အသုံးပြုတဲ့အခါ ဆီရဲ့အရည်အသွေး ကျဆင်းလာနိုင်ပြီး မလိုလားအပ်တဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အပူမြင့်မြင့်နဲ့ အကြိမ်ကြိမ်ကြော်တဲ့အခါ oxidation ဖြစ်စဉ်တွေကြောင့် ဆီအရည်အသွေး ကျဆင်းလာနိုင်ပါတယ်။ ဆီကို ပြန်သုံးတဲ့အကြိမ်များလာလေလေ ဆီပျက်စီးမှုလည်း ပိုများလာနိုင်ပါတယ်။
ကြိမ်ဖန်များစွာ အရည်အသွေး ကျနေတဲ့ ဆီကို စားသုံးတဲ့အခါ နှလုံး ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို အားပေးရာရောက်ပါတယ်။
ဆီအရောင် မည်းလာတာ၊ အနံ့ပြင်းလာတာ၊ အမြှုပ်ထလာတာတွေက ဆီအရည်အသွေး ကျဆင်းလာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ မိမိချစ်ရတဲ့ မိသားစုတွေအတွက် ဒီအချက်လေးတွေကို မျှဝေပေးရင်း ဒီနေ့ကစပြီး အစားအသောက်ရွေးချယ်မှုလေးတွေကနေ ရေရှည်ကျန်းမာရေးအတွက် ဂရုစိုက်လိုက်ရအောင်ဗျာ❤️
#အမေထွားပဲဆီသန့် #ပဲဆီ #ကျန်းမာရေး #စေတနာထားတာအမေထွားပါ