Fortune Era Construction , Decoration & Furniture

Fortune Era Construction , Decoration & Furniture Local Business

Living in a “Dream House “ is like Living in a “FORTUNE ERA”
We provide one stop service of interior design, construction, renovation, modern luxury decor,
customized built in furniture production & installation.

🌸 သိပ်လှတဲ့မိန်းမပျိုလေး SHE 👩🏻✨Glow & Healing Studio by Yuki Since 1999 🌿🪵🪐🌬️💦ကို Fortune Era မှလက်တွေ့ဖန်တီးအကောင်ထည်ဖ...
24/04/2026

🌸 သိပ်လှတဲ့မိန်းမပျိုလေး SHE 👩🏻✨
Glow & Healing Studio by Yuki Since 1999 🌿🪵🪐🌬️💦ကို Fortune Era မှလက်တွေ့ဖန်တီးအကောင်ထည်ဖော်ခွင့်ရရှိလို့ အထူးကျေးဇူးတင်ပါတယ်ရှင်🙏
✨🌿 အလုပ်တွေများလာလို့ပင်ပမ်းလာတဲ့အခါ စိတ်နဲ့ခန္ဓာကိုယ်ကို အပြည့်အဝအနားပေးပြီး စွမ်းအင်သစ်တွေပြန်လည်ရရှိစေဖို့ Traditional Body SPA & Healing space တွေဟာ အလှအပအတွက်သာမက စိတ်အပန်းဖြေမှု၊ Stress Detox နဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုရရှိစေဖို့ အရေးပါတဲ့နေရာတစ်ခုဖြစ်လာပါတယ် 🌿✨

🌿 Client တစ်ယောက် ဆိုင်ထဲဝင်လာတဲ့အချိန်ကနေစပြီး သူတို့ရဲ့ပင်ပန်းမှုတွေကို ခဏလေးအတွင်း မေ့ပျောက်သွားစေဖို့ဆိုရင်
အတွင်းပိုင်းဒီဇိုင်း (Interior Design)၊ အရောင်အသုံးပြုမှု၊ အလင်းရောင် (Lighting)၊ မွှေးကြိုင်သည့်အနံ့အသက် (Aroma) နဲ့ သက်တောင့်သက်သာရှိစေမယ့် Furniture တွေဟာ အလွန်အရေးကြီးပါတယ်။ 🎨🪵

🌿 သဘာဝနဲ့နီးစပ်တဲ့ Element တွေ၊ Soft Lighting နဲ့ Minimalist Design တို့ကို သင့်တော်အောင် ပေါင်းစပ်ထားတဲ့ SPA Design တစ်ခုဟာ
ဝင်လာသူတိုင်းအတွက် စိတ်အေးချမ်းပြီး Relax ဖြစ်စေမယ့် အတွေ့အကြုံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

🌿 Fortune Era မှာတော့
✨ Concept Design မှ စတင်ပြီး
✨ Space Planning
✨ Interior Decoration
✨ Furniture Production & Installation
✨ Lighting & Ambience Setup
အထိ တစ်ဆင့်ချင်းစီကို သေချာစီမံပြီး Client တိုင်းရဲ့ Vision ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါတယ်။

🌿 သင့် SPA ဆိုင်ကို
“ဝင်လာတာနဲ့ စိတ်အေးချမ်းသွားစေမယ့် နေရာ”
“ပြန်သွားချင်မိတဲ့ Healing Space” တစ်ခုဖြစ်အောင် ဖန်တီးချင်တယ်ဆိုရင်…

✨ Fortune Era ကို ယုံကြည်စွာ အပ်နှံနိုင်ပါတယ် ✨

📩 အသေးစိတ်သိရှိလိုပါက Message Box မှာ ဆက်သွယ်နိုင်ပါပြီ။

🔰Living in a “Dream House “ is like Living in a “FORTUNE ERA”.🔰

Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM

Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664

🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]

Š2026 Fortune Era. All Rights Reserved.


















21/04/2026

🌿အလှပအတွက်သာမက စိတ်နဲ့ခန္ဓာကိုယ်ကို ကျန်းမာပြီး Relax ဖြစ်စေမယ့် Stress Detox လုပ်ဖို့၊ ပင်ပမ်းမှုတွေကိုပြေပျောက်စေဖို့ Traditional SPA & Healing Studio တွေကို သေသေချာချာလေး ပြင်ဆင်
ဖန်တီးနေကြပါပြီ 🌿
🌿 လှပစွာပြီးစီးသွားပြီဖြစ်တဲ့ SHE Glow & Healing Studio ကို Fortune Era မှ ဂုဏ်ယူစွာအကောင်အထည်ဖော်ဖန်တီးပေးခွင့်ရရှိလို့ အထူးကျေးဇူးတင်ပါတယ်ရှင်🙏

🔰Living in a “Dream House “ is like Living in a “FORTUNE ERA”.🔰

Š2026 Fortune Era. All Rights Reserved.

Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM

Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664

🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]

Š2025 Fortune Era. All Rights Reserved.







အိမ်တော့ဆောက်နေပြီညီမရေ Interior Decoration လုပ်ချင်လို့ ဘယ်အချိန်လောက် Interior Decoration အဖွဲ့နဲ့တိုင်ပင်ဆွေးနွေးသင့်...
17/04/2026

အိမ်တော့ဆောက်နေပြီညီမရေ Interior Decoration လုပ်ချင်လို့ ဘယ်အချိန်လောက် Interior Decoration အဖွဲ့နဲ့တိုင်ပင်ဆွေးနွေးသင့်လဲ ❓❓
ဒီမေးခွန်းလေးကို အိမ်ရှင်တော်တော်များများမေးတတ်ကြပါတယ်✅
ဒီအချက်တွေထဲကတစ်ချက်ချက်နဲ့ကိုက်ညီနေပြီဆိုရင် သင့်အိမ်အတွက် Interior Decoration လုပ်ဖို့စတင်
ဆွေးနွေးလို့ရပါပြီ…
အိမ်တည်ဆောက်နေချိန် ( Best timing ✅)
• Structure (တိုင်၊အုတ်စီ၊ အမိုး) ပြီးပြီးချင်း
• ရေနှင့်မီးပိုင်းဆိုင်ရာ Electrical နှင့် plumbing plan တွေချမှတ်နေချိန်
👉 ဒီအချိန်မှာ interior plan (lighting, furniture layout, color theme) ကို စတင်စဉ်းစားသင့်ပါတယ်…
စနစ်တကျ Plan လုပ်
ခြင်း၏အကျိုးကျေးဇူးများ…
• မီးလိုင်း၊ plug point, aircon position တွေကို decoration နဲ့တပြိုင်နက်တည်းစီစဉ်နိုင်ပါမယ်
• နောက်ပိုင်း ပြန်ဖျက်ပြင်စရာ မလိုတော့လို့ မလိုအပ်တဲ့ငွေကုန်ကျမှုမရှိတော့ပါဘူး( cost save💰)

⸝

2. အိမ်ပြီးခါနီးအချိန် ( Second best Timing 👍)
• မျက်နှာကျက်၊ ကြမ်းခင်းခင်း၊ နံရံဆေးသုတ်ခြင်း ( Flooring, ceiling, painting တွေလုပ်နေချိန် ) ဖြစ်ပါတယ်။
👉 အိမ်အတွက်လိုအပ်တဲ့ Built in Furniture တွေရဲ့ size, လိုက်ကာ curtain ထည့်သွင်းဖို့ပုံစံနဲ့ အရောင်တွေ
၊ အိမ်ရဲ့အလင်းရောင် lighting style စတာတွေ finalize လုပ်သင့်ပါတယ်ရှင်…
အကျိုးကျေးဇူးများ…
• လုပ်ငန်းတစ်ခုချင်းစီအိမ်နဲ့လိုက်ဖက်မှုmatch ဖြစ်အောင်လုပ်နိုင်ပါတယ်။
• Color tone အရောင်တွေလိုက်ဖက်မှုရှိနေပါမယ်။ တခုနဲ့တခုအရောင်မလွဲဘဲ လှပနေပါမယ်…

⸝

3. အိမ်ပြောင်းမနေမီ (Last chance ⚠️)
• Built in Furniture တွေနေရာချထားမှုမလုပ်မှီအချိန်
👉 Decoration accessories အိမ်အတွက်အလှဆင်မည့် (wall art, carpet, plants) တွေကိုပါ ထည့်သွင်းစဉ်းစားနိုင်မှာဖြစ်ပါတယ်ရှင်…
ဒီနေရာမှာ မသိလိုက်ဘဲအမှားဖြစ်လေ့ရှိတာတွေက
• ကြိုတင်မစီစဉ်ဘဲ Random ဝယ်တာကြောင့် သင့်အိမ်၏ style နှင့်လိုက်ဖက်မှုမညီခြင်း၊
• သင့်တော်သည့်နေရာမှာမကိုက်ညီဘဲ Space overcrowded ဖြစ်
နိုင်ပြီး လိုအပ်တာတွေထပ်ထည့်လို့မရနိုင်ခြင်းများဖြစ်နိုင်ပါတယ်ရှင်…

⸝

ဒါတွေအတွက်အကြံပြုချက်လေးကတော့ ⭐
• Interior decoration ကို အိမ်ဆောက်ပြီးမှမဟုတ်ဘဲ “ဆောက်နေချိန်ကစပြီး” စဉ်းစားတာ အကောင်းဆုံးဖြစ်ပါတယ်ရှင်။
• အိမ် Interior Decoration အတွက် သင့်တော်တဲ့ Budget တစ်ခုသတ်မှတ်ပြီး theme (modern, minimal, luxury) တစ်ခုကိုကြိုတင်ရွေးချယ်ထားပါ။
• သင့်အိမ်အတွက် လိုက်ဖက်လှပတဲ့ Style ရယ်၊ အလင်းရောင်ရရှိမှု Lighting တွေရယ် + ရွေးချယ်ထားတဲ့နေအိမ်ရဲ့ Style နဲ့လိုက်ဖက်တဲ့အရောင်တွေတွဲစပ်မှု color combination တွေဟာ Interior Design & Decoration အတွက်
အရေးကြီးဆုံးအချက်တွေအဖြစ်မျှဝေပေးလိုက်ရပါတယ်ရှင် 😊
အားလုံးပဲ သာယာတဲ့နေ့လေးဖြစ်ပါစေရှင်။ 🙏✨
Thinn Thazin
Fortune Era Construction, Decoration & Furniture

🔰Living in a “Dream House “ is like Living in a “FORTUNE ERA”.🔰

Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM

Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664

🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]

Š2026 Fortune Era. All Rights Reserved.









-furniture

✨ Fortune Era မှ နှစ်သစ်ကူး ဆုမွန်ကောင်းများ ✨အားလုံးပဲ မင်္ဂလာပါ။ Fortune Era ရဲ့ ချစ်ရတဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံ...
17/04/2026

✨ Fortune Era မှ နှစ်သစ်ကူး ဆုမွန်ကောင်းများ ✨

အားလုံးပဲ မင်္ဂလာပါ။ Fortune Era ရဲ့ ချစ်ရတဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🥂

ပြီးခဲ့တဲ့နှစ်တွေမှာ Fortune Era ကို ယုံကြည်စွာနဲ့ အားပေးလာခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီနှစ်သစ်မှာတော့...

💫 လိုအင်ဆန္ဒတွေ အကုန်ပြည့်ဝကြပါစေ
💫 စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်ကြပါစေ
💫 စိတ်ကူးထားတဲ့ အိပ်မက်တိုင်း လက်တွေ့ဖြစ်လာပါစေ

ဒီနှစ်သစ်မှာလည်း Fortune Era နဲ့အတူ အောင်မြင်မှုမှတ်တိုင်အသစ်တွေကို အတူတူ ထပ်မံစိုက်ထူနိုင်ဖို့ မျှော်လင့်နေပါတယ်နော်။ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေရှင်! 🎊💖

#နှစ်သစ်ကူးဆုတောင်း

09/04/2026

သင်္ကြန်အမှီလေး လှပစွာပြီးစီးသွားတဲ့ Summit Treasures Gems & Jewelry ✨🤍





ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေ၊ အိမ်ပိုင်ရှင်တွေ အမြဲစိုးရိမ်တတ်ကြတဲ့ "ခြ" ပြဿနာနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့် ဗဟုသုတလေးတွေ ဝေ...
09/04/2026

ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေ၊ အိမ်ပိုင်ရှင်တွေ အမြဲစိုးရိမ်တတ်ကြတဲ့ "ခြ" ပြဿနာနဲ့ ပတ်သက်ပြီး အသုံးဝင်မယ့် ဗဟုသုတလေးတွေ ဝေမျှပေးချင်ပါတယ်ရှင်။

သင့်နေအိမ်မှာ ခြတွေရှိနေပြီလား‼️
ခြနဲ့ပိုးမွှားတွေဟာ သင့်ရဲ့အဖိုးတန်ပရိဘောဂတွေကိုပျက်စီးစေလား⁉️

‼️ခြတွေဟာ သစ်နဲ့ပြုလုပ်တဲ့ပရိဘောဂတွေ၊ နေအိမ်ကြမ်းခင်းကျွန်းပါကေးတွေ၊ အဆောက်အဦးရဲ့သစ်သားအကာအရံတံခါးတွေကို တဖြည်းဖြည်းနဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်။
ခြတွေဟာ အိမ်ရဲ့ဘယ်လိုအခြေနေတွေမှာရောက်ရှိလာတတ်လဲ⁉️
‼️အစိုဓာတ်ရှိနေသည့်နေအိမ်၊ မြေကြီးမှာနဂိုက ခြတောင်ပို့၊ ခြလမ်းကြောင်းရှိနေတယ်ဆိုရင် သင့်နေအိမ်ထဲကကြမ်းခင်း၊ ပရိဘောဂတွေဆီကို ခြတွေဟာအလွယ်တကူဝင်ရောက်ဖျက်စီးပစ်နိုင်ကြပါတယ်။ စိုစွတ်နေတဲ့သစ်သားတွေ အလင်းရောင်ကောင်းစွာမရဘဲစိုစွတ်နေတဲ့မြေသားရှိတဲ့နေရာ၊ အိမ်နံရံတွေဟာ ခြတွေရဲ့ပေါက်ပွါးရာနေရာတွေပါ။
✅ ဒီတော့ ဘယ်လိုကာကွယ်ကြမလဲ? ပရိဘောဂများကို ခြောက်သွေ့သန့်ရှင်းစွာထားဖို့ အရမ်းအရေးကြီးပါတယ်။ မိုးရေယိုနေသော၊ အစိုဓါတ်အမြဲရှိနေသောနေရာများတွင် ပရိဘောဂများထားသိုခြင်းကိုရှောင်သင့်ပါတယ်။
🔰 Fortune Era အနေနဲ့ အိမ်အဟောင်းတွေကို Renovation ပြုပြင်တာ၊ အချို့နေအိမ်တွေမှာ Furniture တွေပြုလုပ်ဖို့ Survey ဝင်တဲ့အခါ ခြရှိနေကြောင်းသံသယရှိပါက Professional Termite Control အဖွဲ့များနှင့်တိုက်ရိုက်ချိတ်ဆက်ပေးပြီး လိုအပ်တဲ့အပိုင်းများကိုပူးပေါင်းဆောင်ရွက်ပေးဖြစ်ပါတယ်…
🔰 သစ်နဲ့ပြုလုပ်သောပရိဘောဂတွေအားလုံးဟာ ရေရှည်ခြစားဒဏ်ကိုမခံနိုင်ကြပါဘူး။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့သင့်ရဲ့ပရိဘောဂတွေကို မပျက်စီးအောင်ကာကွယ်ဖို့ Termite Control ကြိုတင်ကာကွယ်ခြင်းဟာသိပ်ကိုအရေးကြီးပါတယ်။
🔰ကျွန်မတို့အိမ်ဆောက်၊ အိမ်ပြင်ခဲ့ဖူးတဲ့လုံးချင်းအိမ်ကြီးများဟာ တန်ဖိုးမြင့်ပစ္စည်းတွေကိုအသုံးပြုပြင်ဆင်ကြတာဖြစ်လို့ အိမ်ရှင်တော်တော်များများဟာ ခြအန္တရာယ်ကာကွယ်ဖို့ ကျွန်မတို့နဲ့အကြံဉာဏ်ယူပြီး Professional Termite Control အဖွဲ့များနဲ့ချိတ်ဆက်ပြီးထိရောက်တဲ့ နည်းစနစ်များအတိုင်းလုပ်ဆောင်ကြပါတယ်။
ဘယ်လိုနည်းတွေအသုံးများလဲ ??
၁။ Construction အခုမှစတည်ဆောက်တဲ့အိမ်ဆိုရင် Foundation Concrete လောင်းတဲ့အချိန်မှာ ခြဆေးထည့်ပြီး၊ နှစ်ကာလတစ်ခုကြာတဲ့အခါခြဆေးထပ်မံထည့်ဖို့လွယ်ကူအောင် Foundation ထဲမှာပိုက်ကိုမြှပ်ခဲ့ပြီး နောက်ပိုင်း Maintenance လွယ်ကူအောင်ပြုလုပ်တဲ့နည်းစနစ်ကိုသုံးကြပါတယ်။
၂။ တည်ဆောက်ပြီးနေအိမ် အကြမ်းထည်တွေနဲ့အချောထည်တွေမှာတော့ကြမ်းခင်းထဲ၊ Concrete ထဲကို ဆေးထိုးထည့်တဲ့နည်းနဲ့ ခြအန္တရာယ်ကိုကာကွယ်ကြပါတယ်။
ဒီလိုကာကွယ်မှုတခါလုပ်ပြီးရင်တစ်သက်လုံးခြအန္တရာယ်မရှိတော့ဘူးလား ⁉️‼️
နှစ်ကာလအပိုင်းအခြားတစ်ခုမှာပြန်လည်စစ်ဆေးပြီး လိုအပ်တဲ့ကာကွယ်မှုကိုထပ်မံဆောင်ရွက်သင့်ပါတယ်ရှင်✅
⚠️⚠️နောက်တစ်ခုသတိထားရမှာက မိမိနေအိမ်မှာခြမရှိသော်လည်း ပြင်ပမှခြရှိနေတဲ့ခြကောင်ပါနေတဲ့ပစ္စည်းတစ်ခုခုနေအိမ်( သို့ ) ခြံထဲမှာရောက်ရှိလာလျှင်လဲထိုမှတဆင့်ပြန်လည်ပေါက်ပွါးနိုင်ပါတယ်ရှင်။
ပြီးတော့ကျွန်မတို့မတွေးမိတဲ့အချက်က မိမိခြံထဲမှာမြေညှိဖို့၊ မြေဖြည့်ဖို့ အခြားနေရာက ( ခြပါဝင်နိုင်သောနေရာ ) မှ မြေများယူဆောင်ပြီးမြေဖို့ခြင်းဟာလဲခြအန္တရာယ်ကိုထပ်မံကြုံတွေ့နိုင်ပါတယ်။
🔰ကျွန်မကတော့ Furniture ထုတ်လုပ်သူပီပီ ခြအန္တရာယ်ကို ကျွန်မနဲ့ကျွန်မ Client အိမ်ရှင်တွေမကြုံတွေ့ရအောင် ကိုယ့်စက်ရုံကထုတ်လိုက်တဲ့ ပစ္စည်း Furniture များမှာ ခြအန္တရာယ်မရှိစေရန်၊ ခြပါဝင်မှုမရှိစေရန် စက်ရုံအတွင်း၊ စက်ရုံပရဝဏ်ဧရိယာအားလုံးကို Professional Termite Control Company နဲ့ချိတ်ဆက်ပြီး နှစ်ရှည်ထိရောက်ပြီးရေရှည်ခြမလာစတဲ့ Package တွေနဲ့အမြဲစစ်ဆေးပါတယ်။ လိုအပ်တဲ့ဆေးဖြန်းမှုတွေကိုလဲ ၃ လတစ်ကြိမ်စစ်ဆေးပြုလုပ်ပြီး ကုန်ကြမ်းထားရာ Store၊ ကုန်ချောထုတ်လုပ်ရာနေရာတို့ကိုပါ အမြဲသန့်ရှင်းအောင်ထားပြီးစီစဉ်ဆောင်ရွက်တာကြောင့် Fortune Era ရဲ့ ကုန်ပစ္စည်းမှာ ပိုးမွှားအန္တရာယ်စိတ်ပူစရာမလိုပါဘူးရှင်။
🔰Pest Control Service ( Termite ) တွေမှာပြောပြထားတဲ့ ခြတွေရှိနေနိုင်ကြောင်းသိနိုင်မယ့်အချက်လေးတွေကိုလဲပြန်လည်ဝေမျှပေးလိုက်ပါတယ်ရှင်။

‼️ရွှံ့မြေလမ်းကြောင်းလေးများ
အိမ်အောက်ခြေ၊ နံရံ၊ သစ်သားဘောင်တွေပေါ်မှာ မြေကြီး၊ရွှံ့စေးနဲ့လမ်းကြောင်းများရှိနေခြင်း။
‼️ပျက်စီးနေသော သစ်သားများနဲ့
အခွံပွနေသောထိလိုက်လျှင်မွကြေနေသောသစ်သားများ၊ သစ်သားအားလက်ဖြင့်ခေါက်လျှင် လှိုင်ခေါင်းသံဂေါက်ဂေါက်မြည်ခြင်း။

‼️နံရံ၊မျက်နှာကျက်များယိုယွင်းပျက်စီးခြင်း။
နံရံမျက်နှာကျက်ဆေးသားတွေ ပူဖောင်းထနေတာ၊ နံရံတွေပေါ်မှာ ရေစီးကြောင်း၊ ရေစိုကွက်မှတဆင့်ခြလမ်းကြောင်းများဖြစ်ခြင်း။
ဒီအချက်တွေကိုတွေ့ရပြီဆိုရင် ခြတွေကိုနှိမ်နင်းပြီးထပ်မဖြစ်အောင်ကာကွယ်ဖို့
Pest ( Termite ) Control ကျွမ်းကျင်အဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်သင့်ပါတယ်ရှင်။

🏠တန်ဖိုးရှိတဲ့ သင့်အိမ်နဲ့ ပရိဘောဂတွေကို ခြအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ပညာရှင်တွေရဲ့ အကြံဉာဏ်ရယူပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။ 😊

အားလုံးပဲ သာယာတဲ့နေ့လေးဖြစ်ပါစေရှင်။ 🙏✨

( Professional Pest Control အဖွဲ့များရဲ့ Guide Line နှင့် အကြံဉာဏ်များကိုလဲကျေးဇူးတင်လျှက် 🙏)
မေတ္တာဖြင့်မျှဝေခြင်း
Thinn Thazin
Fortune Era Construction, Decoration & Furniture
Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM

Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664

🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]









🌼💦အတာသင်္ကြန် ရုံးပိတ်ရက်ကြေညာခြင်း💦🌼 💦Fortune Era Construction, Decoration & Furniture Office, Showroom & Factory အား (...
09/04/2026

🌼💦အတာသင်္ကြန် ရုံးပိတ်ရက်ကြေညာခြင်း💦

🌼 💦Fortune Era Construction, Decoration & Furniture Office, Showroom & Factory အား ( ၁၁၊၄၊၂၀၂၆ နေ့မှစပြီး ၁၉၊၄၊၂၀၂၆ နေ့အထိ ) အတာသင်္ကြန်ပိတ်ရက်အဖြစ်ရုံးပိတ်မှာဖြစ်ပါတယ်ရှင် 🙏

🌼 💦ရုံးပိတ်ရက်အတွင်း Page Reply များနှင့် Hot Line Ph များအား Reply ပြန်နောက်ကျခြင်း၊ ဖုန်းမကိုင်မိခြင်းများရှိခဲ့လျှင်လဲ နားလည်ပေးနိုင်ပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🙏
🌼 💦၂၀၊၄၊၂၀၂၆ ရုံးဖွင့်ရက်တွင် message များအားလုံးကို ပြန်လည်
ဖြေကြားပေးပါမယ်ရှင့်…

💦🌼 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလတွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘေးဘယာများဝေးကွာကြပါစေကြောင်း Fortune Era မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 💦🌼🙏🙏🙏




08/04/2026

Fortune Era မိသားစုရဲ့ သင်္ကြန်အကြို ကြာဇံကြော်နဲ့ရွှေရင်အေးစတုဒီသာ🌼💦

Copyright Disclaimer : No copyright infringement intended. We Do Not Own This Audio and Video Content. All the contents are credited to rightful owners. I upload it entertainment purpose only

မင်္ဂလာပါရှင်🙏 Fortune Era Construction, Decoration & Furniture Office & Showroom မှကြိုဆိုပါတယ်ရှင် 🙏 ✅ Fortune Era ရဲ့...
07/04/2026

မင်္ဂလာပါရှင်🙏
Fortune Era Construction, Decoration & Furniture Office & Showroom မှကြိုဆိုပါတယ်ရှင် 🙏
✅ Fortune Era ရဲ့ Office & Showroom ကဘယ်မှာရှိတာလဲ ??
အမှတ် ၄၉၃၊ သစ္စာလမ်းမကြီးပေါ်၊ တောင်ဥက္ကလာပမြို့နယ်မှာပါရှင်…
✅ ဘယ်အချိန်၊ ဘယ်နေ့တွေဖွင့်လဲ??
Sunday & Public Holiday မှအပ
Monday to Saturday ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း ) လာရောက်စုံစမ်းကြည့်ရှုနိုင်ပါတယ်ရှင်…
ဘယ်မြို့တွေထိ အိမ်ပြင်တာ၊ ဆိုင်ပြင်တာကို ဝန်ဆောင်မှုပေးလဲ ??
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပစ္စည်းများသယ်ယူပို့ဆောင်လို့ရတဲ့မြို့ကြီးများအားလုံးမှာ အိမ်ဆောက်၊ အိမ်ပြင်၊ ပရိဘောဂများထုတ်လုပ်တပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုပေးပါတယ်ရှင်…
❌ Fortune Era ရဲ့ နာမည်တူဆင်တူရိုးမှား၊ လုပ်ငန်းဆင်တူရိုးမှား Company ရုံးခွဲလုံးဝမရှိပါရှင်❌

✅ Showroomကိုမလာနိုင်လို့ Design တွေကိုကြည့်ပြီး စိတ်ဝင်စားလို့ ကြိုက်နှစ်သက်လို့ page messenger နဲ့ရယ် Hot Line ကိုဖုန်းဆက်သွယ်ပြီးတော့
Design ဆွဲပေးလား??
စျေးနှုန်းဘယ်လိုယူလဲ??
အိမ်ပြင်ချင်တာဘယ်လို Service ပေးလဲ??
ရတနာဆိုင်ပြင်ချင်တာဘယ်လို Service တွေရှိလဲ??
စိတ်ကြိုက် Furniture တွေအပ်နှံလို့ရလား ??
အများဆုံးမေးကြတဲ့ဒီမေးခွန်းလေးတွေအတွက် ဒီနေ့မှာဖြေပေးပါ့မယ်ရှင်✅
✅ Fortune Era နဲ့ နေအိမ်အကြမ်းထည်၊ ဆိုင်ခန်းအကြမ်းထည်ကို ရေ၊ မီး၊ ဆေး၊ Ceiling၊ Furniture အားလုံး One Stop Service အပ်နှံဖို့စိတ်ဝင်စားတဲ့ အိမ်ရှင်များ ဆိုင်ရှင်များအတွက် ပြင်ဆင်ချင်တဲ့ အကျယ်အဝန်း၊ ပြင်ဆင်ရမယ့်လုပ်ငန်းတွေနဲ့ အိမ်ရှင်မျှော်မှန်းထားတဲ့ Design တွေပေါ်မူတည်ပြီးရယ် အသုံးပြုပေးမယ့်ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ခန့်မှန်းကုန်ကျစားရိတ် ( Estimate Cost ) ကိုအရင်ဆွေးနွေးပေးပါတယ်။
✅ ခန့်မှန်းကုန်ကျစားရိတ်ကိုဘာလို့အရင်ဆွေးနွေးပေးတာလဲဆိုတော့ အိမ်ရှင်ဆိုင်ရှင်များရဲ့ ဘတ်ဂျက်ကန့်သတ်ချက်ရှိမရှိနဲ့ အိမ်ရှင်မျှော်မှန်းထားတဲ့ ဘတ်ဂျက်ထဲဝင်နိုင်၊ မဝင်နိုင်ကိုပွင့်လင်းစွာဆွေးနွေးမှသာ Fortune Era ရဲ့ Quality & Services သည် သတ်မှတ်ထားတဲ့ဘတ်ဂျက်ထဲမဝင်နိုင်လျှင်လဲ အလုပ်ကိုလက်မခံဘဲစိတ်မကောင်းစွာငြင်းပယ်ရပါတယ်ရှင်။
ဘာကြောင့်လဲဆိုတော့ ကိုယ်သတ်မှတ်ထားတဲ့ Quality & Services ကစျေးမပေါလို့ပါရှင်…
✅ အိမ်ရှင်၊ ဆိုင်ရှင်တွေမှန်းထားတဲ့ ဘတ်ဂျက်ဟာ တကယ်အလုပ်ဖြစ်ပြီဆိုရင်တော့ Material & Quality တွေကိုပြသဆွေးနွေးပြီး Design ပိုင်းအသေးစိတ် Discussion တွေဝင်ပါတယ်။
📐 Layout & 3D Design စတင်
ရေးဆွဲပေးပါပြီ။ Design ရေးဆွဲခြင်းအတွက် တစ်အိမ်လုံးစာ၊ တစ်ဆိုင်လုံးစာ Work Scope အားလုံးကို Fortune Era နှင့် One Stop Service အပ်နှံတဲ့အိမ်ရှင်တွေအတွက် Extra Cost မရှိဘဲ ကြိုက်နှစ်သက်သည်အထိ စိတ်ကြိုက်ရေးဆွဲပေးပါတယ်ရှင်…
🎨 Interior Decoration Service
Fortune Era Architect များရေးဆွဲပေးတဲ့ 3D Design အတိုင်း အနီးစပ်ဆုံးလက်တွေ့အကောင်ထည်ပေါ်စေဖို့ အိမ်ထဲ၊ ဆိုင်ထဲကို လှမ်းဝင်လိုက်တာနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် အပြင်အဆင်မျိုး၊ အရောင်အသွေး ရွေးချယ်မှုကအစ အလင်းအမှောင်နဲ့ ပစ္စည်းနေရာချထားမှုအဆုံး Fortune Era
ရဲ့ Senior Engineer၊ Site Engineer များနှင့် ကျွမ်းကျင်ခေါင်းဆောင်များ၊ လုပ်သားများမှလက်တွေ့အကောင်ထည်ဖော်ပေးပါတယ်ရှင်။
🛠️ Renovation & Construction
အိမ်ဟောင်းကို အသစ်ပြန်ဖြစ်အောင် ပြုပြင်မလား? ဒါမှမဟုတ် Structure Design, Architecture Design ရေးဆွဲပြီး ကိုယ်လိုချင်တဲ့ စိတ်ကူးထဲကအိမ်လေးကို အခိုင်ခန့်ဆုံးနဲ့ အလှပဆုံး အိမ်
တည်ဆောက်မလား? ခိုင်ခံ့မှု၊ လှပမှုနဲ့ စိတ်ချရမှုတွေကို အာမခံချက်အပြည့်နဲ့ ဆောင်ရွက်ပေးနေပါတယ်။
✅ 🛌🪑🛋️Stylish & Durable Furniture (Own Factory Production): အိမ်ရဲ့ ဒီဇိုင်းနဲ့ လိုက်ဖက်ညီမယ့် ခေတ်မီလှပတဲ့ ပရိဘောဂတွေကို ကျွန်တော်တို့ရဲ့ အရှေ့ဒဂုံစက်မှုဇုန်ရှိ ကိုယ်ပိုင်စက်ရုံမှာပဲ အရည်အသွေးမြင့် ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ပေးတာကြောင့် ကိုယ်လိုချင်တဲ့ ပုံစံ၊ အရွယ်အစား၊ အရောင်တွေကို အတိအကျရရှိစေမှာပါ။
✅ ဒါကတော့ Fortune Era ရဲ့ One Stop Service ဝန်ဆောင်မှုတွေဖြစ်ပါတယ်ရှင်…

ကဲဒါဆိုရင် Fortune Era မှာ ဘယ်ဝန်ဆောင်မှုတွေမရဘူးလဲ ??

❌3D Design ရေးဆွဲခြင်းသီးသန့်အပ်နှံခြင်း

❌ တစ်အိမ်စာ၊ တစ်ခန်းစာ Decoration & Furniture အပ်နှံခြင်းမဟုတ်ဘဲ တစ်ခုခြင်းစီပြင်ဆင်ခြင်း ( ဥပမာ: အမိုးသီးသန့်ပြင်ခြင်း၊ ကြမ်းခင်းသီးသန့်ပြင်ခြင်း၊ ရေချိုးခန်းအိမ်သာသီးသန့်ပြင်ခြင်း၊ ဆေးသုတ်သီးသန့်လုပ်ခြင်း၊ ကုတင်၊ ဘီဒို၊ ထိုင်ခုံ၊ ကောင်တာ တစ်ခုစီ၊ တစ်လုံးစီသီးသန့်အော်ဒါ အပ်နှံခြင်းတွေကိုတော့ ) လတ်တလောဝန်ဆောင်မှုမပေးသေးပါဘူးရှင်🙏
အသေးစိတ်ကို ထပ်မံစုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အားမနာတမ်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်
ရှင် 😊

Fortune Era Office
🏢 အမှတ် ၄၉၃ ( က )၊ သစ္စာလမ်းမ၊ ၁၀ ရပ်ကွက်၊ တောင်ဥက္ကလာပ ( တောင်ဥက္ကလာဘုရားမီးပွိုင့်အနီး )
⏰ Monday to Saturday : 9AM to 5PM

Fortune Era အလုပ်ရုံ (Own Factory)
🏗️ အမှတ် ၂၆၄:၂၆၅၊ အနော်ရထာလမ်း၊ ရွာသာကြီးစက်မှုဇုန်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။

📞 ဆက်သွယ်ရန်ဖုန်းများ:
09795558000 / 09965196664

🌐 Website: www.fortuneeracompany.com
📧 Email: [email protected] | [email protected]

Š2025 Fortune Era. All Rights Reserved.




-furniture


Fortune Era ရဲ့ သင်္ကြန်နှစ်ကူးအကြို အလှူအဖြစ် ၁၊၄၊၂၀၂၆ နေ့တွင် တစ်ဦးလျှင် ဆန် ၂ ပြည် နှင့်ကုလားပဲခြမ်းတစ်ထုတ်စီအား အိမ်...
06/04/2026

Fortune Era ရဲ့ သင်္ကြန်နှစ်ကူးအကြို
အလှူအဖြစ် ၁၊၄၊၂၀၂၆ နေ့တွင် တစ်ဦးလျှင် ဆန် ၂ ပြည် နှင့်ကုလားပဲခြမ်းတစ်ထုတ်စီအား အိမ်ထောင်စု ၁၀၀၀ စုအတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အောင်မြေနှင့် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်တို့တွင် လှူဒါန်းခဲ့တဲ့ပုံလေးတွေကို အားလုံးအတူ ပီတိဖြစ်စေရန်ဝေမျှခွင့်ပြုပါရှင်🙏🙏🙏
ဆန်အလှူရရှိသူအားလုံးပြုံးပျော်သွားကြတဲ့အပျော်တွေကြောင့်အလှူကိုစီစဉ်သူ၊ လုပ်အားပေးကြတဲ့ဝန်ထမ်းနှင့်မိတ်ဆွေများအားလုံးလဲထပ်တူပျော်ကြရတဲ့ အမှတ်တရနေ့လေးပါရှင်…
Fortune Era ရဲ့အလှူကုသိုလ်ကို ၇ ရက်သားသမီးများနှင့် ၃၁ ဘုံသားအားလုံး အမျှရကြပါစေရှင်🙏🙏🙏

#ဆန်အလှူ

Address

No. 493/A. Thitsar Road. 10 Quarter, South Oakalapa Township
Yangon
11091

Alerts

Be the first to know and let us send you an email when Fortune Era Construction , Decoration & Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fortune Era Construction , Decoration & Furniture:

Share