13/08/2026
တစ်ခါက မထင်မရှား နတ်သားတစ်ပါးက
ဘုရားရှင်ကို မေးလျှောက်ပါတယ်။
အရှင်ဘုရား ...
လောကကြီး ဘယ်သူ့အလိုကို လိုက်နေရပါသလဲ
"စိတ်အလိုကို လိုက်နေရတယ်"
မြတ်စွာဘုရား ဖြေတော်မူတယ်။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
လောကကြီး ဘယ်လို ဖြစ်ပေါ်နေပါသလဲ
စိတ်အလိုအတိုင်း ဖြစ်ပေါ်နေရတယ် လို့
ဘုရားရှင် ဖြေတော်မူပါတယ်။
"စိတ်ဟာ အဲဒီလောက် တန်ခိုးကြီးတာနော်"
ဒီစိတ်တန်ခိုးကို မကောင်းမှုတွေမှာပဲ
အသုံးချနေကြလို့ အဆိုးသံသရာက
မလွတ်နိုင်ကြသေးတာ...အဏုမြူ ဗုံးကို
ပိတ်ပင်တားဆီးလို့ရပေမယ့် စိတ်သွားနေတာကို
မတားဆီးနိုင်ကြဘဲ ဖြစ်နေကြတယ်။
ဒါကြောင့် ကိုယ့်စိတ်ကိုယ်နိုင်ရင်
လောကကြီးကို နိုင်ပြီလို့ ဆိုရတာပါ။
စိတ်ကိုနိုင်တာ သတိတစ်လုံး ပဲ ရှိတယ်။
ဒီသတိတစ်လုံးနဲ့ စိတ်ကိုစောင့်ကြည့်၊
စောင့်ထိန်းနေတာ "တရားအလုပ်"ပဲ။
သတိနဲ့ မစောင့်ကြည့်နိုင်တဲ့စိတ်
မထိန်းသိမ်းနိုင်တဲ့စိတ်ဟာ တစ်စက္ကန့်
ကုဋေတစ်သိန်းနဲ့ မကောင်းမှုတွေ ပြုလုပ်တယ်။
တကယ်လို့သာ ဒီစိတ်ကလေးကို တစ်စက္ကန့်သာ
ထိထိမိမိ စောင့်ကြည့်ထိန်းသိမ်းနိုင်မယ်ဆိုရင်
သန့်စင်စိတ်ပေါင်း ကုဋေတစ်သိန်း ရနိုင်ပါလိမ့်မယ်။
စိတ်တစ်ချက်မှာ စေတနာတစ်ချက်ပါပြီးဖြစ်လို့...
ကောင်းကျိုးမျိုးစေ့ပေါင်း ကုဋေတစ်သိန်း ရပြီလို့
မှတ်သားလိုက်ပါ။
မိမိရဲ့ သတိပါတဲ့(ကမ္မဋ္ဌာန်းအလုပ်)ကြောင့်
သန့်စင်အေးမြဖြူ စင်နေတဲ့ "ဓမ္မဓာတ်"တို့ဟာ
တစ်ထိုင် တစ်သိအတွင်းမှာပဲ ကုဋေပေါင်း
မြောက်မြားစွာ ကမ္ဘာသို့ အအေးဓာတ်
လွှမ်းခြုံပေးနေကြောင်း သဘောပေါက်ပါလေ။
#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏
အ ပ္ပ မာ ဒေ န သ မ္မာ ဒေ ထ
#သတိတစ်လုံး လက်ကိုင်သုံး
🙏🙏🙏🙏🙏🙏🙏🙏