Philips Amici Myanmar

Philips Amici Myanmar "Philips Automotive Lighting Myanmar Distributor
Amici Myanmar Co.,Ltd "

Philips Automotive Lighting
Germany Technology
OE standard and performance auto lamps

Distributor: Amici Myanmar Co Ltd

15/05/2023

Amici Myanmar office ရုံးခန်းနေရာပြောင်းလဲဖွင့်ထားကြောင်း အကြောင်းကြားခြင်း။

ကျွန်တော်တို့ Amici Myanmar office ကို လက်ရှိ အမှတ်(၇၁)၊လေးထောင့်ကန်လမ်း၊လေးထောင့်ကန်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။ မှ

အမှတ် ၃၄၆B၊ သုမင်္ဂလာလမ်း၊ ၉ရပ်ကွက်၊ တောင်ဉက္ကလာမြို့နယ်၊ ရန်ကုန်မြို့ သို့ နေရာပြောင်းလဲဖွင့်လှစ်ထားပါတယ်ခင်ဗျာ။

Service နဲ့ပတ်သက်လို့ သိလိုသည်များရှိပါက Amici Myanmar service Phone Number -09428901956သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

30/05/2022

Philips က ထွက်ရှိထားတဲ့ ကားမီးဆံလေးတွေမှာ
လက်ရှိ ဘယ်ကားမီးဆံလေးတွေ သုံးနေကြလဲဆိုတာ ပြောပြပေးသွားပါဦးနော် . . .

မိုးရာသီရောက်လာပြီဆိုတော့ နေ့ခင်းကြောင်တောင်မှာတောင် မိုးမဲသွားလို့ မီးဖွင့်ပြီး မောင်းရတဲ့ ရက်တွေရှိလား ?Taxi မောင်းတဲ့...
25/05/2022

မိုးရာသီရောက်လာပြီဆိုတော့ နေ့ခင်းကြောင်တောင်မှာတောင်
မိုးမဲသွားလို့ မီးဖွင့်ပြီး မောင်းရတဲ့ ရက်တွေရှိလား ?
Taxi မောင်းတဲ့ ဦးဦးတို့အတွက် သတင်းကောင်းလေး ပြောပြချင်ပါတယ် . . .
ကားမီးဆံထည့်မယ်ဆိုရင် PHILIPS ရဲ့ နည်းပညာတစ်ခုဖြစ်တဲ့Premium vision လေး လာပါပြီ . . .

သာမန် မီးဆံတွေထက် မီးအလင်းအား 30% ပိုမိုရှည်လျားတဲ့အတွက်မောင်းနှင်ရာမှာ ဘေးကင်းလုံခြုံမှုကို ခံစားရစေပြီး အထိုင် အနေဖြင့် 7 မျိုး (H1/H3/H4/H7/H11/HB3/HB4) ထွက်ရှိထားတာမို့ ကားအမျိုးအစား အများစုမှာလည်း သုံးနိုင်ပါတယ်နော် . . .

ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ အမျိုးအစားဖြစ်လို့အငှားကားမောင်းနှင်သူတွေအတွက် ပိုမို တွက်ခြေကိုက်စေမှာပါ . . .



🌧🌧မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ? ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise...
19/05/2022

🌧🌧မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ?

ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise လေး လုပ်လိုက်ကြရအောင် . . .
မိုးတွင်းမှာ သင့်ရဲ့ကားလေးအတွက် ပုံမှန် ပြုလုပ်ပေးရမယ့် အချက် (5) ချက်ကို ပြောပြပေးချင်ပါတယ်နော် . . .

1. ကားကို ပုံမှန် ဆေးပါ . . .

မိုးရေနဲ့ ထိတွေ့တာကြောင့် ကား ထပ်ဆေးပေးဖို့ မလိုဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ။ မိုးရေနဲ့ ထိတွေ့ထားတဲ့ ကားတွေကို ပြန်မဆေးဘဲ ထားမိရင် ကားဆေးသားတွေနဲ့ Chrome တွေပေါ်ကို အက်စစ်ဓါတ်တွေ တင်ကျန်နေနိုင်ပြီးဆိုးကျိုးတွေဖြစ်လာနိုင်ပါစေတယ်နော် . . . သင့်ရဲ့ကား လေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အချက်ကတော့ မှန်ကန်တဲ့စောင့်ရှောက်မှုတွေနဲ့ ပုံမှန် care လုပ်ပေးဖို့ပဲ ဖြစ်ပါတယ် ။ ကားကိုမဆေးကြောမီမှာ ငှက်ချေးလိုမျိုး မာပြီးကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ရေများများသုံးပြီး microfibre အဝတ်စနဲ့ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ နောက်တစ်ချက်ကတော့ နူးညံ့တဲ့ ရေမြုပ်ကိုသုံးပြီးတော့ မော်တော်ယာဉ်အပေါ်ပိုင်းကနေစလို့ အောက်ဘက်ကို ပွတ်တိုက်ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ကားဆေးတဲ့အချိန် အသုံးပြုမယ့် product တွေကတော့ solvent free cleaning products တွေဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ တကယ်လို့ အဆင့်ဆင့်ကားဆေးဖို့ အချိန်မရှိဘူးဆိုရင်တော့ မိုးရေ ထိတွေ့ထားတဲ့ ကားကို ရေပိုက်နဲ့ ဖြန်းပြီးဆေးပေးခြင်းကလည်း မိုးရေမှာပါလာတဲ့အက်စစ်ဓါတ်ကို ပျက်ပြယ်စေနိုင်ဖို့အတော်အသင့် ကူညီပေးနိုင်ပါလိမ့်မယ်နော် . . .

2.ကားမောင်းနှင်ရာမှာ အန္တရာယ်ကင်းနိုင်ဖို့အတွက် ကားဘီးတွေကို ထိန်းသိမ်းပါ . . .

မိုးရာသီကာလတွေမှာ သင့်ရဲ့ ကားဘီးတွေကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့လိုအပ်လှပါတယ် ။ လမ်းမျက်နှာပြင်အနေအထားတွေ ၊ ကားမောင်းနှင်နေတဲ့ အရှိန်တွေ ၊ တာယာပေါ်မှာရှိတဲ့အရစ်အနေအထားတွေပေါ်မူတည်ပြီး စိုစွတ်တဲ့ လမ်းမတွေပေါ်မောင်းနှင်တဲ့အခါ လမ်းချော်တာတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်မလာစေဖို့က သင့်တာယာအရစ်ပြုန်း / မပြုန်းကိုလည်း ပုံမှန်စစ်ဆေးပေးနေရပါမယ်။

3.လေကာမှန်မှာ Wiper ကောင်းကောင်းကို တပ်ဆင်ရပါမယ်. . .

မိုးရာသီမှာတော့ wiper လေးတွေက အလုပ်လုပ်ရဆုံးလေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ကားရဲ့ wiper blades တွေ washer fluid ရဲ့ အကြိမ်ရေတွေကို ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မှန်နဲ့ wiper ရဲ့ ပွတ်တိုက်တဲ့အသံကိုလည်း ဂရုတစိုက် နားထောင်ပေးဖို့လိုအပ်ပါတယ်။ အသံပြောင်းလာပြီ ဒါမှမဟုတ် ပုံမှန် အသံမဟုတ်တော့ဘူးဆိုရင်တော့ အသစ်တစ်ခုလဲလှယ်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ မိုးရွာနေတဲ့အချိန် အန္တရာယ်ကင်းစေဖို့ Wiper ရဲ့ အစိတ်အပိုင်းအားလုံးက မြင်ကွင်းရှင်းလင်းစေရန် လုပ်ဆောင်ပေးဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ခြောက်လအတွင်းမှာ သင့်ရဲ့ wiper လေးဟာ လေကာမှန်ပေါ် ပျှမ်းမျှအားဖြင့် 800km ခန့်ရွေ့လျားရတယ်ဆိုတာ သင်သိပါသလား ?

4. သင့်ကားရဲ့ ရှေ့မီး နောက်မီးကို စစ်ဆေးပါ . . .

မိုးရာသီမှာ သင့်ကားရဲ့ မီးပိုင်းဆိုင်ရာကလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ပါတယ်နော်။ ညပိုင်းတွေမှာ ဒါမှမဟုတ် နေ့ခင်းဘက်ဆိုလည်း မိုးမှောင်တဲ့ အချိန်တွေမှာ အလင်းပေးဖို့သာမက အခြားသော လမ်းပေါ်မှာ ရှိနေသူတွေက သင့်ရှိနေတဲ့ နေရာအနေအထားကို ရှင်းရှင်းလင်းလင်းညွှန်ပြဖို့အတွက်လည်း ကားမီးတွေက အရေးပါပါတယ်။ Driving safety ဖြစ်ဖို့အတွက်ဆိုရင် မှောင်နေချိန်မှာ ကားရှေ့မီး ၊ နောက်မီးတွေကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ မီးကြီးထွန်းတဲ့ နေရာမှာလည်း ကိုယ့်မြင်ကွင်းမှာ လင်းထိန်နေသော်လည်း အခြားလူများ ၊ အခြားသော မောင်းနှင်သူများ မျက်စိ မစူးတဲ့ အမျိုးအစားဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်နော်။ စိုထိုင်းမှုများတဲ့ ရာသီတွေမှာဆိုရင် ကားအတွင်းနဲ့အပြင်ရဲ့ အပူချိန်ကွာခြားချက်ကြောင့် ကားမီးလုံးမှန်တွေမှာ မြူခိုးလိုရေငွေ့ရိုက်နေတာကို သင်တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ မီးကိုခဏဆက်ဖွင့်ထားလိုက်ပါ။ မကြာခင်မှာ ရေငွေ့ရိုက်တာတွေကင်းစင်သွားနိုင်မှာပါ။

5.မှန်ကန်တဲ့ accessories တွေသုံးခြင်းအားဖြင့် သင့်ကားကို ရာသီဥတုဒဏ်ခံနိုင်ပါစေ . . .

ကားမီးဆံတွေလဲသင့်နေပြီလို့ သင်တွေးနေပါသလား ? အမှန်တကယ် effective ဖြစ်တဲ့ Car care product ကောင်းကောင်းသုံးချင်လို့ရှာနေပါသလား ? Amici Myanmar ကနေ လူကြီးမင်းတို့ရဲ့ ကားနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Philips Automotive Lighting Autoglym Car Care Products များကို တင်သွင်း ဖြန့်ဖြူးထားပါတယ်။

ကဲ . . . အခုဆိုရင် မိုးရာသီမှာ ထိခိုက်လွယ်တဲ့ ကားအစိတ်အပိုင်းလေးတွေအကြောင်းကို သိသွားရုံသာမက သူတို့ကို ဘယ်လို Maintain လုပ်မလဲ ဘယ်အချက်လေးတွေကို သတိထားသင့်သလဲဆိုတာ သိသွားလောက်ပါပြီနော် ။
ဒီအချက်လေးတွေက ရေရှည်မှာ သင့်ကားအတွက် သင့်ရဲ့ အချိန်နဲ့ငွေကို ခြွေတာနိုင်ရုံသာမက သင်နဲ့အတူ လိုက်ပါစီးနင်းသူများကိုလည်း ဘေးကင်းလုံခြုံစေမှာပဲ ဖြစ်ပါတယ်။
အခုပြောပြေပေးခဲ့တာကတော့ မိုးရာသီနဲ့ ပတ်သတ်တဲ့ ကားပိုင်းဆိုင်ရာ ဗဟုသုတလေးတွေဖြစ်ပြီး အကျိုးရှိတယ်ဆိုရင် Like & Share လေး လုပ်သွားပေးပါဦးနော်။


17/05/2022

🚖 ပြိုင်ဘက်ကင်းတဲ့ မောင်းနှင်မှုတိုင်းအတွက် Racing Vision ရှိပါတယ် . . .🚖

✅ သာမန်မီးဆံများထက် 150% ပိုမို အလင်းအားမြင်နိုင်ပြီး 3500K cooler white ကာလာနဲ့ For Sporting Drivers များအတွက်လည်း အထူးသင့်လျော်ပါတယ် . . .✅

12V - 60/55W ဖြင့် ထွက်ရှိထားပြီး Relay ခံရန် မ လိုသော တပ်ဆင်ရလွယ်ကူသော ဒီဇိုင်းဖြစ်တာကြောင့်cooler white color ကြိုက်သူများအတွက် ရွေးချယ်နိုင်ပါတယ် . . .

အထိုင်အနေဖြင့် (H4/H7) နှစ် မျိုးထွက်ရှိထားပြီး ရန်ကုန် ၊ မန္တလေး ကားပစ္စည်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် . . .
For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲


🙏 ကဆုန်လပြည့်နေ့ 🙏
14/05/2022

🙏 ကဆုန်လပြည့်နေ့ 🙏

🧐များပြားလှတဲ့ အလုပ်တာဝန်တွေကို နေ့စဉ်ထမ်းဆောင်နေရင်းနဲ့ပဲ ဒီနေ့က Knowledge Sharing လုပ်ပေးရမယ့်နေ့လေးရောက်လာခဲ့ပြီ PHIL...
12/05/2022

🧐များပြားလှတဲ့ အလုပ်တာဝန်တွေကို နေ့စဉ်ထမ်းဆောင်နေရင်းနဲ့ပဲ
ဒီနေ့က Knowledge Sharing လုပ်ပေးရမယ့်နေ့လေးရောက်လာခဲ့ပြီ PHILIPS ချစ်သူလေးတို့ရေ . . .💙

ရှေ့တစ်ပတ်က တင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာလေးကို မဖတ်ရသေးတဲ့သူများ
ဒီလင့်ခ်လေးမှာ သွားဖတ်လို့ရပါတယ်နော် . . .👇👇
shorturl.at/kvyJO

ဒါလေး ဖတ်ပြီးသွားပြီဆိုရင်တော့ အမျိုးအစားတစ်ခုချင်းစီရဲ့ အားနည်းချက် အားသာချက်လေးတွေကို သိချင်နေကြလိမ့်မယ်လို့ထင်ပါတယ်နော် . . .

💯𝐇𝐚𝐥𝐨𝐠𝐞𝐧 မီး
အားနည်းချက် နဲ့ အားသာချက်က ဘာတွေလဲ ?
ဈေးအသက်သာဆုံး ၊ တပ်ဆင်ရအလွယ်ကူဆုံး နဲ့ ဆိုင်တိုင်းမှာ ပစ္စည်းရှာလို့လွယ်တာ Halogen ပါ
အားနည်းချက်ကတော့ အပူထွက်များပါတယ် ။ အပူထွက် အများဆုံး ၊ ကားစွမ်းအင်သုံးစွဲမှုအများဆုံး ၊ ကားမီးခွက်အထိခိုက်ဆုံး ၊ လင်းအားလည်း အနည်းဆုံး နဲ့ မီးလုံး သက်တမ်းကလည်း အတိုဆုံး ဖြစ်ပါတယ်။ Halogen တွေရဲ့ ပျှမ်းမျှသက်တမ်းက နာရီ 2000 ဖြစ်ပါတယ်။

💯𝐋𝐄𝐃 မီး
အားနည်းချက် နဲ့ အားသာချက်က ဘာတွေလဲ ?
ဈေးကွက်ထဲမှာ LED အညံ့စားတွေများနေလို့ ြင်းခုန်စရာလည်းများတာမို့ အကောင်းစား LED ကိုပဲ နှိုင်းယှဉ်ပါမယ်။ အမျိုးအစားအားလုံးထဲမှာ သက်တမ်းအကြာဆုံးသုံးနိုင်ပါတယ်။ ကားစွမ်းအင်သုံးစွဲမှုအနည်းဆုံး ၊ အပူထုတ်လွှတ်မှု အနည်းဆုံးက LED ပဲဖြစ်ပါတယ် ။ Original Halogen မီးထက် အပူ 80% ပိုသက်သာပါတယ်။ တပ်ဆင်ရလွယ်ကူပါတယ်။
အားနည်းချက်ကတော့ HID မီးနဲ့ယှဉ်ရင် လင်းအားနည်းတာပါပဲ။ လင်းအား အကောင်းဆုံးမဟုတ်တာ အားနည်းပါတယ် ။(ဒီအချက်မှာ တော်တော်များများက LED မီးက အလင်းဆုံးလို့ ထင်နေကြပါတယ် ။ HID မီးကသာ အလင်းဆုံးပါ) ။ မီးအမျိုးအစားအားလုံးထဲမှာ ယေဘုယျအားဖြင့် ဈေးအကြီးဆုံးပါ (Quality ကောင်းတဲ့ LED) ဒါပေမဲ့ ရေရှည်ခံတဲ့ အချိန်နဲ့ ပြန်တိုင်းရင်တော့ ဈေးမကြီးပါဘူး။ LED ပျှမ်းမျှ သက်တမ်းက နာရီ 30000+

💯𝐇𝐈𝐃 မီး
အားနည်းချက် နဲ့ အားသာချက်က ဘာတွေလဲ ?
HID မီးအကြောင်းမှာလည်း တကယ်ကောင်းတဲ့ OEM HID မီးကိုပဲ ပြောပါမယ် . . .
အားသာချက်က အမျိုးအစားအားလုံးထဲမှာ အလင်းဆုံးပါ ။ Halogen ထက် အားစားပိုသက်သာပါတယ်။ Halogen 55W နဲ့တူညီတဲ့ HID 55W က အပူ 25% ပိုသက်သာပါတယ်။ Halogen ထက် သက်တမ်းပို ကြာကြာခံပါတယ်။
အားနည်းချက်က ကြားထဲမှာရှိနေပါတယ်။ အပူထွက်နှုန်းက Halogen လောက် မများသော်လည်း LED ထက် များစွာ ပိုပါတယ်။ သက်တမ်းအားဖြင့် နာရီ 4000 ပါ ။ မီးသုံးမျိုးစလုံးထဲမှာ တပ်ဆင်ချိန်အပေးရဆုံးပါ (နောက်ပိုင်း နည်းပညာမြင့်လာတဲ့နောက်ပိုင်း H4 အနိမ့်အမြင့် ကြိုးက အစ အပ် လိုက်စရာမလိုတဲ့အတွက် တပ်ဆင်ချိန် မကြာတော့ပါ) ဈေးက Halogen ထက် များစွာ ဈေးကြီးပြီး LED ထက်တော့ ဈေးသက်သာပါတယ်

အကျဉ်းအနေနဲ့ဆိုရင်
LED က ရေရှည်အခံဆုံး / အပူအနည်းဆုံး
HID က လင်းအားအကောင်းဆုံး
Halogen က ဈေး အသက်သာဆုံးပဲ ဖြစ်ပါတယ် . . .
ဒီတော့ ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီး သိချင်တာတွေ ရှိရင် ဒါမှမဟုတ် အခြားသိထားတဲ့ အကြောင်းအရာရှိရင်လည်း comment မှာ ပြောပြပေးသွားပါဦးနော် . . .

ကားမီးဆံဆိုင်ရာ ၊ ကားနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကိုလည်း ပုံမှန် တင်ပေးသွားမှာ ဖြစ်လို့
page လေးကို see first ထားထားပေးပါဦးနော် 💙



🙏 မင်္ဂလာပါရှင် . . .🙏✅ အရည်အသွေးကောင်းမွန်တဲ့ ကားမီးဆံကိုရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့  Philips ကိုသာ ရွေးချယ်ဖို့ အကြံပြု...
09/05/2022

🙏 မင်္ဂလာပါရှင် . . .🙏
✅ အရည်အသွေးကောင်းမွန်တဲ့ ကားမီးဆံကိုရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ Philips ကိုသာ ရွေးချယ်ဖို့ အကြံပြုပေးလိုက်ပါတယ်ရှင် . . .
✅လူကြီးမင်းတို့၏ ကားများ ရုပ်ထွက်ကောင်းမွန်စေရန်နှင့် လမ်းကြောင်းမြင်ကွင်းရှင်းလင်းစေရန်အတွက် Philips ၏ Diamond Vision ထွက်ရှိထားပါတယ် . . .
✅ Diamond Vision မှာဆိုရင် Model 8 မျိုး (H1,H3,H4,H7,H8,H11, HB3, HB4) ထွက်ရှိထားတာဖြစ်လို့ လူကြီးမင်းတို့ကားအမျိုးအစားနှင့်ကိုက်ညီသော အထိုင်ပုံစံကို စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါတယ် . . .

- အားသာချက်များအနေဖြင့် -

✅အဖြူရောင်မီး 5000K ပါဝင်ခြင်းကြောင့် လူကြီးမင်းတို့၏ကားများအား ရုပ်ထွက်ကောင်းမွန်စေခြင်း ။
✅အခြားမီးအလင်းများထက် 45m ပိုမိုရှည်လျားသော အလင်းတန်းရရှိနိုင်ခြင်းကြောင့် ကားမောင်းနှင်ရာတွင် လုံခြုံစိတ်ချမှုရှိခြင်း ။
✅Trust OE quality ဖြစ်ခြင်းကြောင့် Relay ခံစရာမလိုဘဲ တပ်ဆင်ရလွယ်ကူခြင်း ၊ အချိန်ကုန်သက်သာစေခြင်း။
✅Relay ခံထားခြင်းမရှိသောကြောင့် ကားမီးခွက်များ မဲခြင်း ၊ ဝါခြင်းများမဖြစ်ပေါ်စေနိုင်ခြင်း ။
✅ထို့ကြောင့် လူကြီးမင်းတို့အတွက် ဘတ်တိုက်ခြင်း ဒုက္ခများမှ ကင်းဝေးစေနိုင်ခြင်း။
✅အသုံးပြုထားသော ဖန်သားမှာ နာရီမှန်မျက်နှာပြင်များတွင် အသုံးပြုလေ့ရှိသော Quartz Glass ကိုအသုံးပြုထားခြင်းကြောင့် အလွယ်တကူ ကျိုးကြေခြင်းနှင့် မီးသီးကျွမ်းလောင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ခြင်း ။
✅UV-Block Quartz Glass ဖြစ်သောကြောင့် နေအပူဒဏ်ခံနိုင်ခြင်း။
✅လူကြီးမင်းတို့ဝယ်ယူသည့်နေ့မှစ၍ အာမခံ ခြောက်လပါရှိခြင်း။
စသော အားသာချက်များစွာဖြင့် Diamond Vision ဟာ ဆိုရင်ဖြင့် လူကြီးမင်းတို့ကားများအတွက် စတိုင်ကျလှပစေသောကြောင့် လူငယ်များအထူးပင်ကြိုက်နှစ်သက်ကြပါတယ် . . .

✅Up to 5000K✅ Up to 45m✅Trust OE quality✅

For Products Enquiry & Wholesale Please call
☎️ 09977933310 / 01579115
Authorized Distributed by Amici Myanmar 🇲🇲



ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။🌷🌷🌷
08/05/2022

ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုအပ်ပါသည်။🌷🌷🌷

05/05/2022

🧐ဒီကားမီးဆံ page ကလည်း like လုပ်ထားလို့သာ post တွေတတ်တယ်
တင်လိုက်ရင် ဘာတွေမှန်း မသိဘူး
Vision တွေရော base တွေရော H1/H7 တွေရော နဲ့
ဖတ်နေရင်း မျက်စိလည်နေပြီဆိုရင် ဒီ post လေးက သင့်အတွက်ပါ . . .👀

ဒီ post လေး ဖတ်ပြီးသွားရင်တော့ ကိုယ့်ကားလေးအတွက် မီးဆံလဲဖို့ PHILIPS ရဲ့ ဘယ် အမျိုးအစား အသင့်တော်ဆုံးလဲဆိုတော့ မိမိဘာသာ အသင့်လျော်ဆုံး ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ် . . .

👉 ပထမဦးဆုံး Halogen 👈
Halogen ကိုတပ်ဆင်မယ်ဆိုတဲ့သူအနေနဲ့က ရွေးချယ်စရာ ငါးမျိုးရှိနေမှာဖြစ်ပါတယ် . . .

💙Premium Vision - တစ်ဗူးကို တစ်လုံးနှုန်းပါဝင်တဲ့ Standard မီးဆံ
💙Xtreme Vision - မီးအရောင်က အဝါမကျအဖြူမကျနဲ့ လင်းအား 100% ပိုအားကောင်းတဲ့ မီးဆံ
💙Diamond Vision - မီးအရောင် အဖြူကြိုက်သူများအတွက် သင့်လျော်တဲ့ မီးဆံ
💙Xtreme Vision Gforce – Xtreme Vision ကိုမှ လမ်းကြမ်းကြမ်း မောင်းနှင်မှုများအတွက် Vibrate အားကို ခံနိုင်ရည်ရှိတဲ့ မီးဆံ
💙Racing Vision - ပြိုင်ဘက်ကင်းကင်းမောင်းနှင်မှုတိုင်းအတွက်မီးအရောင်က cooler white ကာလာနဲ့ Beam Performace က 150% ပိုကောင်းတဲ့ မီးဆံ
စသဖြင့် အကြမ်းဖြင်း သိထားလို့ရပါတယ် . . .

နောက်တစ်ခုက မတူညီတဲ့ ကားအမျိုးအစားတွေနဲ့ ကား model တွေအတွက် မတူညီတဲ့ အထိုင်လေးတွေလည်းရှိပါတယ် . . .

Vision တစ်ခုစီမှာ အထိုင်(base)က အစုံနီးပါး ထွက်ရှိပါတယ်နော် . . .

ကိုယ့်အနေနဲ့ အထိုင်ကို ဘာတပ်ရမလဲဆိုပြီး ခေါင်းစားစရာမလိုပါဘူး
ဆိုင်သွားတဲ့အခါ ဆိုင်က ကျွမ်းကျင်ဝန်ထမ်းတွေက ကိုယ့်ကားရဲ့ အထိုင်ကို ကြည့်ပြီး
ထွက်ရှိထားတဲ့ အထိုင်အစုံထဲကမှ သင့်လျော်တဲ့အထိုင်ကို ရွေးချယ်တပ်ဆင်ပေးမှာပဲဖြစ်ပါတယ် . . .

အခုပြောပြသွားခဲ့တာတွေက Performance Halogen Vision တွေကို အလွယ်ရှင်းပြပေးခဲ့တာဖြစ်ပြီး Vision တစ်ခုချင်းစီအလိုက် တိကျတဲ့ specs တွေရှိပါသေးတယ် . . .

အခြားသော LED Type နဲ့ Xenon အမျိုးအစားတွေလည်းထွက်ရှိထားပါသေးတယ်
ဒီမှာဆို စာရှည်သွားမှာစိုးတာကြောင့် post တစ်ခုနဲ့ သပ်သပ် ထပ်ရှင်းပါမယ်နော် . . .

ကဲ . . .
Halogen ထဲမှာမှ performace သုံးချင်သူလေးတို့ရော
မေးချင်တာရှိရင် comment မှာ မေးလို့ရပါတယ် . . .

ဒါမှမဟုတ်လည်း အခုဖော်ပြထားတဲ့ အကြောင်းအရာတွေထဲမှာ
ကိုယ်သိထားတာနဲ့ လွဲနေတဲ့ဟာမျိုးရှိနေရင် message box မှာ ဖြစ်ဖြစ် comment မှာပဲ ဖြစ်ဖြစ် ဝင်ဆွေးနွေးလို့ရပါတယ်နော် . . .



💙World No.1 Brand ဖြစ်တဲ့ Philips မှာ ရှေ့တစ်ပတ်က ပြောပြခဲ့တဲ့ Xtreme Vision G force အပြင် ဘယ်လိုအမျိုးအစား Halogen Type...
03/05/2022

💙World No.1 Brand ဖြစ်တဲ့ Philips မှာ ရှေ့တစ်ပတ်က ပြောပြခဲ့တဲ့
Xtreme Vision G force အပြင် ဘယ်လိုအမျိုးအစား Halogen Type တွေ ထပ်ရှိဦးမလဲဆိုတာ သိချင်နေပြီ မဟုတ်လား ??

💯ဒါကတော့ PHILIPS ရဲ့ Xtreme Vision ပဲ ဖြစ်ပါတယ် . . .💯

တခြားသော Halogen တွေထက် ဘာအားသာချက်ရှိမလဲဆိုရင်
မီးအား 100% ပိုလင်းမယ်

ကားရဲ့ Original Watt အတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ relay ခံစရာမလိုဘူးနော်
ဒါ့အပြင် မီးအလင်းရောင်ကြောင့် မီးခွက်ဝါတာကို သက်သာစေလို့ ဘတ်တိုက်ရတဲ့ ဒုက္ခတွေလည်း ကင်းဝေးတယ်လေ . . .

အထိုင်စုံရှိလို့ ကိုယ်ရဲ့ ကားလေးနဲ့ ကိုက်ညီတဲ့ အထိုင်ကို ရွေးချယ်တပ်ဆင်နိုင်ပါပြီ . . .

အခုပဲ တပ်ဆင်ချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးမှာ ကိုယ်နဲ့ အနီးစပ်ဆုံးမြို့နယ်ကဆိုင်တွေဆီမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်
https://rb.gy/4kcbxf




01/05/2022

Address

No. 71, Lay Daung Kan Road, Lay Daung Kan Quarter, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+951579115

Website

Alerts

Be the first to know and let us send you an email when Philips Amici Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Philips Amici Myanmar:

Share